လမ်းပိတ်ထားခြင်း (၄)
Vol. 32 Ch. 607
အခြေတည်ဝိညာဉ်ကျင့်ကြံသူ အယောက် ၂၀ ခန့်ပျောက်ဆုံးနေခြင်းမှာ ကြောက်လန့်စရာကိစ္စ တစ်ခုဖြစ်သည်။
ထိုအချိန်တွင်၊ နေဝင်လျို့ဝှက်နယ်ပယ်ထဲတွင်ရှိနေသော အဓိကအင်အားစုလေးခုမှ ကျင့်ကြံသူများသည် ကြက်သီးထကာကြောက်ရွှံ့ခြင်းကို ခံစားနေရသည်။
ထိုအဓိကအင်အားစုလေးခု၏ အာဏာအား စိန်ခေါ်ရဲသည့်သူ မည်သူမှ မရှိသည်မှာ ကြာပြီဖြစ်သည်။
သူတို့ထဲတွင် လက်စားချေလိုစိတ်များတောက်လောင်နေကာ အရှက်ခွဲခံရသည့်ခံစားချက်လည်း ရောနေသည်။
သို့ရာတွင် သူတို့ထဲမှ အချို့မှာ ပျာယာခတ်မနေကြပေ။
လျန်ပေါ်ယွမ် ဟုခေါ်သည့် ကျင့်ကြံသူတစ်ဦးက ပြောသည်။
“ကျင့်ကြံသူမိတ်ဆွေတို့၊ ကျွန်တော်တို့ အရေးကြီးတာတစ်ခုခုကိုများ ကျော်ကြည့်မိသေးလား?”
လူတိုင်းမှ မတုံ့ပြန်ခင်တွင် လျန်ပေါ်ယွမ်က ဆက်ပြောသည်။
“အကယ်၍ စီနီယာအစ်ကို အစ်မ အယောက် ၂၀ ကိုတောင် အဲ့လူနှစ်ယောက်ထဲက သတ်ခဲ့တာဆိုရင် ကျွန်တော်တို့ရဲ့အခု နေဝင်လျှို့ဝှက်နယ်ပယ်ထဲက လူအင်အားနဲ့စွမ်းအားတွေ ပေါင်းလိုက်ရင်တောင် သူတို့နောက်လိုက်သွားတာက သေဖို့လိုက်သွားတာနဲ့မတူနေဘူးလား?”
သူ၏စကားများက အစောက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နောက်လိုက်ရန် လှုံ့ဆော်နေသော သူများအား တိတ်ဆိတ်သွားစေသည်။
သူတို့သည် အရူးများမဟုတ်ကြပဲ နှစ်ဖက်စလုံးမှ စွမ်းအား ခြားနားချက်များကို သတိပြုမိကြပါသည်။
အကယ်၍ သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ရှာမတွေ့ခဲ့လျှင် ပြသနာမဟုတ်ပါ။
သို့သော် အကယ်၍ သူတို့က “ကံကောင်းစွာ” ရှာတွေ့ခဲ့လျှင်၊ တကယ်ပင် လျန်ပေါ်ယန်ပြောသလိုပင် သေလမ်းရှာနေသည်နှင့် မကွာခြားပါ။
“ဒါကြောင့် ကျွန်တော်တို့ ဒီတိုင်းပဲလွှတ်ထားရတော့မှာလား? တစ်စုံတစ်ယောက်က ထိုကိစ္စအား လွှတ်ချလိုက်ရန် စိတ်မပါသလိုပုံစံနှင့် ပြောလိုက်သည်။
လျန်ပေါ်ယန်ကခေါင်းခါလိုက်ကာတုံ့ပြန်လိုက်သည်။
“ဒါကတော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အခုကျွန်တော်တို့ရဲ့ဦးစားပေးက သူတို့ကိုလိုက်ဖို့မဟုတ်ဘဲ ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေကို ထိန်းသိမ်းထားဖို့ပဲ။ ကျွန်တော်တို့ဒီကထွက်သွားရင် ကျဆုံးသွားတဲ့ စီနီယာအစ်မနဲ့အစ်ကိုတွေအတွက် သူတို့နဲ့ရင်ဆိုင်ပြီးကလဲ့စားချေမဲ့သူရှိမှာပါ။”
........
အခြားတစ်ဖက်၌။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နန်ကုန်းဟိုင်နှင့် သဘောတူထားသည့် နေရာသို့ ဦးတည်၍ သွားနေကြသည်။
နေဝင်လျှို့ဝှက်နယ်ပယ်မှ ထွက်လာပြီး ၆ရက် သို့ ၇ ရက်ဝန်းကျင်ကြာခဲ့ပြီဖြစ်သည်။
ထိုနေရာသို့သွားရန်ဆုံးဖြတ်လိုက်ခြင်းမှာ လျို့ဝှက်နယ်ပယ်မှထွက်မလာနိုင်မည်ကို စိုးရိမ်ခြင်း (သို့) ထွက်ခွာလာပြီး ချောမွေ့စွာလွတ်မြောက်နိုင်ခြင်းမရှိမည်ကို စိုးရိမ်ခြင်းမဟုတ်ဘဲ နန်ကုန်းဟိုင် ပိုင်ဆိုင်သည့် နေထွက်ရာခန်းမ၏ နည်းလမ်းများ၊ လုပ်နိုင်စွမ်းအားကို သိချင်စိတ်ကြောင့် ဖြစ်ပြီး သူတို့ နေဝင်လျို့ဝှက်နယ်ပယ်မှ အချိန်စောစီးစွာထွက်နိုင်သောစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ သူတို့သည် ကျင့်ကြံရေးလောက၏ အရှေ့ပိုင်းတွင် ထိုသို့သောစွမ်းအားရှိသည်ကို သိုလိုစိတ်ကြောင့်ပင်ဖြစ်သည်။
သူတို့သည် နေထွက်ရာခန်းမ၏ အကြောင်းကို အကြမ်းဖျင်းနားလည်ချင်ပေသည်။
အချိန်သိပ်မကြာသေးခင်တွင်ပင်။
သူတို့သည် ဦးတည်ရာနေရာကို ရောက်သွားခဲ့သည်။ တစ်ရက်ခန့်စောင့်ပြီးနောက် သူတို့သည် များစွာသောအရောင်အဝါများသည် လေဟာနယ်ထဲမှ သူတို့နေရာသို့ ချဉ်းကပ်လာနေသည်ကို သတိပြုမိလိုက်သည်။
ထိုအုပ်စုကိုဦးဆောင်လာသောသူမှာ အစောကတွေ့ခဲ့သော နန်ကုန်းဟိုင်နှင့် သူ့ညီမတို့ဖြစ်ကြသည်။ အခြေတည်ဝိညာဉ်ကျင့်ကြံသူသုံးဦးနှင့် ရွှေအမြုတေကျင့်ကြံသူအချို့နှင့် အတူလာနေခြင်းဖြစ်သည်။
၎င်းသည် နေဝင်လျှို့ဝှက်နယ်ပယ်ထဲရှိ နေထွက်ရာခန်းမတွင် အဖွဲ့ဝင်တော်တော်များများ ရှိကြောင်း ဖော်ပြနေသည်။
အနည်းဆုံး အခြားသေးငယ်သောဂိုဏ်းများ၊ မိသားစုများနှင့် ယှဉ်လျှင် နေထွက်ရာခန်းမ၏ လူအင်အားက အတော်လေးကောင်းမွန်ပါသည်။
“စီနီယာတို့”
ထိုအချိန်တွင် နန်ကုန်းဟိုင် နှင့် သူ၏ညီမသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူဟိုင်တို့ကိုတွေ့က နှုတ်ဆက်လိုက်သည်။
သူတို့ အံ့အားသင့်နေပုံများက ပေါ်နေသည်။
အထူးသဖြင့် ကျန်းချန်ရွှမ်၏ အမှတ်ရစရာဖြစ်သော အခြေတည်ဝိညာဉ်ကျင့်ကြံသူလေးဦးကို အင်အားပင်မသုံးဘဲ သတ်ဖြတ်လိုက်သည်ကို မြင်တွေ့ထားရပြီးနောက်ဖြစ်သည်။
ထိုမောင်နှမသည် နေထွက်ရာခန်းမရှိ အခြားကျင့်ကြံသူများနှင့် လာကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အဆင့်အတန်းတူသူကဲ့သို့ မဆက်ဆံရဲတော့ပေ။
အခြားတစ်ဖက်တွင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ထိုကိစ္စအား ဂရုမစိုက်ကြပါ။
ကျန်းချန်ရွှမ်က ပြောသည်။
“တာအိုရောင်းရင်းနန်ကုန်း၊ အချိန်ကျပြီ။ ကျုပ်တို့ဘယ်ချိန်ထွက်ခွာသင့်လဲ?”
“ကျွန်တော်တို့ အခုထွက်ခွာလို့ရပါပြီ။ စီနီယာကျန်း၊ ဒီမှာလုပ်စရာကိစ္စတစ်ခုခုများရှိသေးလား? အကယ်၍ မရှိတော့ရင် အခုပဲ ထွက်ခွာလို့ရပါပြီ။”
“ကောင်းပြီ။ အခုပဲထွက်ခွာကြတာပေါ့။”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
ထိုစကားကိုကြားလျှင် နန်ကုန်းဟိုင်က အခြားအရာများကို မပြောတော့ပါ။
သူသည် လက်ကိုမြောက်ကာ များစွာသော အစီအရင်အလံများကို ထုတ်လာသည်။
ပြီးနောက်၊ သူ၏ ခန္ဓကိုယ်မှ အစီအရင်ချပ်ပြားဝိုင်းတစ်ခုကိုလည်းထုတ်လာသည်။
သူသည် ထိုအစီအရင်ချပ်ပြားဝိုင်းကို ဓမ္မစွမ်းအင်များ ထည့်သွင်းလိုက်သည်နှင့်၊
ထူးဆန်းသော လှိုင်းတစ်ခုက ထိုအစီအရင်ချပ်ပြားဝိုင်း၏မျက်နှာပြင်ပေါ်တွင် ရုတ်တရက် ပြန့်နှံ့သွားလေသည်။
ကျန်းချန်ရွှမ်အပါအဝင် ရှိနေသောသူများက လေဟာနယ်ထဲတွင် ရေဗွေဝိုင်းများက ပြန့်နှံ့လာနေကြောင်းကို တွေ့ခဲ့ရသည်။
ကျီဟူသောမြည်သံနှင့်အတူ၊ အပြင်ကမ္ဘာ၏ဝင်ပေါက်က လူတိုင်း၏ရှေ့တွင် ပေါ်လာတော့သည်။
***