← Chapters

အဲဒီတော့ သူမက ဒါကိုစီစဉ်ထားတာပဲ

Vol. 98 Ch. 1364

အဲဒီတော့ သူမက ဒါကိုစီစဉ်ထားတာပဲ

Vol. 98 Ch. 1364

ဝေ့မင်တျဲသည် ရှီမာယူယူနှင့် ဝူမန်တို့ အပြန်အလှန် ဆက်ဆံပုံကို စောင့် ကြည့်နေသည်။ သူမ၏ မျက်လုံးများ တဖျပ်ဖျပ်ခတ်လိုက်သည် “မင်း တစ္ဆေ မြို့တော်ကိုရောက်မှတော့ ထပ်ပြီးလည်ဦးလေ၊ မင်းအဖေ အပြစ်ပေးမှာကို ကြောက်ရင် ငါ လူလွှတ်ပြီး ပြောပေးမယ် ငါ့ကိုတော့ မျက်နှာသာပေးမယ်လို့ ထင်တာပဲ”

ရှီမာယူယူ ထိုစကားများကို ကြားသောအခါ သူမ၏ မျက်နှာထားမှာ ပူပန်မှုများ ဖြစ်သွားလေသည။

“ဘာလို့လဲ အဲဒါလည်းမဖြစ်ဘူးလား၊ မင်းအဖေက ငါ့ကို မျက်နှာသာ မပေးနိုင်ဘူးလား” ဝေ့မင်တျဲသည် လေးနက်စွာ မေးလေသည်။

“မြို့ဝန်က အဖေ့ကိုသွားပြောမယ်ဆိုရင် သေချာပေါက် အဆင်ပြေမှာပါ ဒါပေမဲ့ ကျွန်မအမေရဲ့ မွေးနေ့ကရောက်တော့မယ်၊ ကျွန်မ အမြန်ပြန်ရတော့မှာ” ရှီမာယူယူသည် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။ သူမသည် ဝေ့မင်တျဲအား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ သူမသည် ဒေါသထွက်တော့မည်ဖြစ်သဖြင့် အမြန်ပင် ပြုံးလိုက်သည် “ဒါပေမဲ့ အမေ့မွေးနေ့ကလည်း နည်းနည်းတော့ လို ပါသေးတယ်၊ ရက်နည်းနည်းလောက် ကစားပြီးမှ ပြန်လို့ဖြစ်ပါတယ်၊ အဲအချိန် ကျရင် မြို့ဝန်ရဲ့ အကူအညီလိုတယ်”

ရှီမာယူယူ ထပ်ဖြည့်ပြောလိုက်သည်ကို မြင်သည်နှင့် ဝေ့မင်တျဲပြုံးသွား ပြန်သည် “ဒါကို မင်းရဲ့အဒေါ်မန်ကိုပဲ အပ်ထားလိုက်တော့မယ်၊ မင်း သေချာ ပေါက် အပြစ်ပေးမခံရနိုင်ပါဘူး”

“ကျေးဇူးတင်ပါတယ် မြို့ဝန် ကျေးဇူးတင်ပါတယ် အဒေါ်မန်” ရှီမာယူယူ သည် သူတို့နှစ်ယောက်ကို အရိုအသေပေးပြီးနောက် နေရာသို့ပြန်ထိုင်လိုက် သည်။

“ဝူမန်၊ ရှီချင်းက ငါတို့ တစ္ဆေမြို့တော်ရဲ့ ကျေးဇူးရှင်ပဲ၊ ဒီကိစ္စကို နင် ဖြေရှင်းရမယ်၊ သူမ အဲဒီကိုရောက်ရင် အပြစ်ပေးမခံရအောင်လုပ်ပေးလိုက်ပါ” ဝေ့မင်တျဲ တိုက်တွန်းလေသည်။

“အဲလိုလုပ်လိုက်ပါမယ် မြို့ဝန်၊ အဲအတွက် စိတ်မပူပါနဲ့ ဒီလို ကိစ္စ အသေးလေးကို ကိုင်တွယ်နိုင်ပါတယ်” ဝူမန် ပြုံးလိုက်သည်။

“အဲလိုကြားရတာ ကောင်းပါတယ်” ဝေ့မင်တျဲသည် ဝူမန်၏ လုပ်နိုင်စွမ်း ကို ယုံကြည်သည်။ သူမသည် ရှီမာယူယူဘက် အာရုံပြန်ရောက်သွားလေသည်  “ဒါနဲ့ တားမြစ်ဧရိယာက အဲဒီဟာကို မင်းရဲ့ဝိညာဉ်သားရဲနဲ့ မောင်းထုတ်လိုက် တယ်လို့ကြားတယ်၊ မင်းရဲ့ဝိညာဉ်သားရဲ ဘယ်လောက်အားကောင်းလဲဆိုတာ ပြပေးနိုင်မလား”

သူမ အမည်းလေးကိုမြင်လိုလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ အမည်းလေး၏ လက်ရှိပုံစံကို စဉ်းစားကြည့်လိုက်ရာ အမည်းလေး၏ မူလပုံစံ ကို မည်သူမှ သိနိုင်မည်မဟုတ်သည်ကို တွေးမိလိက်သည်။ ထို့ကြောင့် သူမ သူ့ကိုခေါ်ထုတ်လိုက်သည်။

“ဝုတ် ဝုတ် ဝုတ်…”

အမည်းလေးထွက်လာသည်နှင့် ရှီမာယူယူကို နှစ်ကြိမ်ဟောင်ပြီးနောက် ဝေ့မင်တျဲကို နှစ်ကြိမ်ဟောင်လေသည်။

“ဒါကခွေးလား” ဝေ့မင်တျဲသည် အံ့ဩသွားသည်။

ထိုနေ့က အမည်းလေး အသံပင်မထွက်လိုက်ရပေ။ သူမသည် တားမြစ် ဧရိယာသို့ရောက်သည်နှင့် အားလုံးကို မောင်းထုတ်ခဲ့သည်။ သူမသည် အမည်း လေးကို အာရုံမထားခဲ့ပေ။ သူမ၏ နောက်လိုက်များ အမည်းလေး မည်မျှ အားကောင်းပုံကို ချီးကျူးမှပြီးနောက်မှပင် ထိုအရာကို ကျိုးနွံစွာ ပြန်မောင်း ထုတ်နိုင်ကြောင်းကို သိလိုက်ရသည်။ သူသည် ထိုသို့ပုံစံဖြစ်လိမ့်မည်ဟု သူမ လုံးဝထင်မထားပေ။

ထို့ကြောင့် သူ၏ ဟောင်သံကိုကြားလိုက်ရချိန်တွင် သူမ အမှန် တကယ်ပင် အံ့ဩသွားလေသည်။

“အမည်းလေးက ခွေးမဟုတ်ပါဘူး သူက ခွေးနဲ့တူပေမဲ့ ခွေးထက် အများ ကြီးအားကောင်းပါတယ်” ရှီမာယူယူသည် လေးနက်စွာ ပြောလေသည်။

“အိုး ခွေးမဟုတ်ဘူးလား အဲဒါဘာလဲ”

“ကျွန်မလည်း မသေချာပါဘူး၊ သူ့ကိုတွေ့တုန်းက သူဒီလိုဖြစ်နေပြီ၊ ကျွန်မနဲ့ ဆယ်စုနှစ်တစ်ခုကျော်နေလာပြီးတော့ သူ ဒီလိုပုံစံကလွဲပြီး မမြင်ဖူး ဘူး ဒါပေမဲ့ အမည်းလေးက သေချာပေါက် ခွေးမဟုတ်ဘူး”

သူမ အမည်းလေးကို ထူးထူးခြားခြားလုပ်လိုက်လေ တစ်ဖက်လူ၏ သံသယကို ဖယ်ရှားနိုင်လေလေဖြစ်သည်။

“အင်း သူက ခွေးမဟုတ်တာကိုတော့ ငါလည်းယုံတယ်” ဝေ့မင်တျဲ ပြုံး လိုက်သည် “သာမန်ခွေးတစ်ကောင်က တားမြစ်ဧရိယာကထဲက ဟာကို တား နိုင်မှာမဟုတ်ဘူး”

“သူက အားကောင်းတယ်လို့ မြို့ဝန်လည်းထင်တယ်မလား မြို့ဝန်က မတူဘူးလို့ သိနေတယ်” ရှီမာယူယူသည် သူမကို ပျော်ရွှင်စွာ ကြည့်လေသည် “အမည်းလေးမှာ ဝိညာဉ်စွမ်းအင်မရှိဘဲ အများကြီးစားပေမဲ့ ကျွန်မက သူ့ကို တစ်ခါမှအထင်မသေးဘူး၊ သူက တစ်နေ့တော့ အချီကြီးလုပ်လိမ့်မယ်ဆိုတာ သိနေတယ်”

သူမသည် ရိုးရှင်းစွာနှင့် ချစ်စရာကောင်းအောင်လုပ်ရန် ကြိုးစားလေ သည်။ ထိုအခါမှပင် ဝေ့မင်တျဲသည် သူမကို သာမန်မိန်းကလေးတစ်ဦးအဖြစ် မြင်ပြီး သူမကို အာရုံမစိုက်တော့မည်ဖြစ်သည်။

သို့သော် သူမ စိတ်ထဲတွင်တော့ နိုးနိုးကြားကြားရှိရန် သဲလွန်စရှိနေသေး သည်။ ဝေ့မင်တျဲသည် သူမကို ထပ်ခါထပ်ခါကျေးဇူးတင်နေသည်။ အခု သူမကို အမည်းလေးအား တွေ့ရန် တောင်းဆိုခဲ့သည်။ သူမက ဘာကိုစိတ်ဝင်စားနေ တာလဲ။

မဟုတ်ရင် သူမ အဖေကိုဘယ်လိုကယ်နိုင်မလဲ။

“အမည်းလေးမှာ ဝိညာဉ်စွမ်းအားမရှိဘူးလား” ဝေ့မင်တျဲ၏ မျက်နှာထား မှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ နောက်မှပင် မျက်နှာကို ပြန်ပြုံးလိုက် သည် “သူက ဝိညာဉ်စွမ်းအင်မရှိဘဲနဲ့ကို ဒီလောက် အားကောင်းတယ်၊ သူက ကောင်းကင်နဲ့ မြေကြီးကဖန်တီးထားတဲ့ အားကောင်းတဲ့ဝိညာဉ်သားရဲဖြစ်ရ မယ်၊ သူသာ ဝိညာဉ်စွမ်းအားတွေ ပြန်ရသွားရင် ပိုပြီးအားကောင်းမှာကို စိုးရိမ် မိတယ်”

“အမည်းလေးက သူ့ဝိညာဉ်စွမ်းအားတွေ ပြန်ရနိုင်မှာလား၊ ဒီလောက် ကြာနေပြီ၊ သူက အမြဲတမ်းဒီလိုပဲဖြစ်နေတာ” ရှီမာယူယူသည် နားမလည်သလို ဟန်ဆောင်လေသည်။

“အဲလိုဖြစ်နိုင်တယ်”

“ကောင်းတာပေါ့” ရှီမာယူယူသည် လက်ခုတ်တီးကာ အမည်းလေးကို ဖက်လိုက်သည်။ သူမသည် သူ့ကိုလေသံဖြင့် ပြောလိုက်သည် “အမည်းလေး နင် ကြားလိုက်လား နင် အားတွေ ပြန်ရနိုင်တယ်လို့ မြို့ဝန်ပြောနေတယ်၊ နင်က အမှိုက်မဟုတ်ဘူးဆိုတာ ငါသိနေတယ်၊ ဘယ်လိုလဲ ပျော်လား”

“ဝုတ် ဝုတ်”

အမည်းလေး နှစ်ကြိမ်မျှ ဟောင်လိုက်သည်။ သူ ပျော်၍လား သူမ ပြော သည်ကို နားမလည်၍လားဆိုသည်ကိုတော့ တခြားသူများ မသိပေ။

“တကယ်တော့ အမည်းလေးက အမှိုက်ဟုတ်လားဆိုတာ စစ်ကြည့်ချင် ရင် လွယ်ပါတယ်၊ သူ့အားပြန်ရဖို့ကို စောင့်ဖို့မလိုပါဘူး” ဝေ့မင်တျဲ ကမ်းလှမ်း လေသည်။

“ဟုတ်လား” ရှီမာယူယူသည် ယုံကြည်ရခက်စွာဖြင့် သူမကိုကြည့်လိုက် သည်။ သူမမျက်လုံးထဲတွင် ပျော်ရွှင်မှုဖြစ်လာကာ သူမကို အလောတကြီး မေး လိုက်သည် “တကယ်လား သူ့အားပြန်ရလာတာကို မစောင့်ဘဲ သိနိုင်တယ်ပေါ့”

“ဟုတ်တယ်”

“ကောင်းလိုက်တာ” ရှီမာယူယူသည် စိတ်လှုပ်ရှားစွာဖြင့် အော်လေသည် “အမည်းလေးနဲ့ စာချုပ်တည်ထောင်ပြီးတော့ အဖေတို့ဆူတာကို အတော်လေး ခံလိုက်ရတယ်၊ ကျွန်မက အမှိုက်နဲ့ စာချုပ်တည်ထောင်မိပြီဆိုပြီး သူတို့ပြော ကြတယ်၊ အမည်းလေးက အမှိုက်မဟုတ်ကြောင်းကို သက်သေပြနိုင်ရင် လူတွေက ကျွန်မကို စောဒကတက်တော့မှာမဟုတ်ဘူး၊ မြို့ဝန် ဘာအစီအစဉ် ရှိတာလဲ”

“သူက တားမြစ်ဧရိယာကဟာကို တားနိုင်တာမဟုတ်ဘူးလား၊ အခု တော့ သူ့ကိုချိပ်ပိတ်ထားတာဆိုတော့ သက်သေပြစရာမရှိဘူး၊ ဒါပေမဲ့ အဲလိုမျိုး တစ်ခုခုကိုရှာပြီး အဲဒီဟာနဲ့ပတ်သတ်ပြီး ကိုင်တွယ်တဲ့မြင်ကွင်းကိုမှတ်တမ်း တင်ထားမယ်ဆိုရင် သူ့သက်သေကို တခြားသူတွေကိုပြလို့ရမလား” ဝေ့မင်တျဲ မြှောက်ပင့်လေသည်။

“တခြားနေရာမှာ အဲဒါနဲ့တူတာရှိသေးတာလား” ရှီမာယူယူ စိတ်ဝင်စား သွားသည် “အဲဒါဘယ်မှာလဲ”

“အရမ်းကိုလျှို့ဝှက်တဲ့နေရာမှာ” ဝေ့မင်တျဲ ပြန်ဖြေလေသည် “မင်း သွားချင်တယ်ဆိုရင် မင်းတစ်ယောက်တည်းကိုပဲ အဲဒီကိုခေါ်သွားပေးနိုင်မယ်”

“မြို့ဝန်” ဝူမန်သည် သဘောမတူစွာဖြင့် ခေါ်လိုက်သည်။ သူမသည် ဝေ့မင်တျဲ၏ မကျေနပ်သော အကြည့်ကိုသာ ရလိုက်လေသည်။

“ဘာလဲ မင်းကဆန့်ကျင်ချင်တာလား” ဝေ့မင်တျဲ၏ အသံမှာ တိုးညင်း နေသော်လည်း ဒေါသပါနေသည်။

“မြို့ဝန်၊ အမည်းလေးကို အဲဒီကိုခေါ်သွားချင်တာလား၊ အပြင်လူတွေက ဘယ်လိုလုပ် အဲဒီနေရာကို သွားလို့ရနိုင်မှာလဲ” ဝူမန် မျက်မှောင်ကြုတ်လိုက် သည်။ ဝေ့မင်တျဲလုပ်ချင်နေသည့်အရာကို သူမ ခန့်မှန်းမိပြီးသားဖြစ်သည်။

“ဘာလဲ ဒီမြို့ဝန်က ဆုံးဖြတ်ချက်ချဖို့ကို မင်းခွင့်ပြုချက်ကိုယူနေရဦးမှာ လား” ဝေ့မင်တျဲသည် အေးစက်စွာ မေးလိုက်သည်။

“ဒီနောက်လိုက်က မလုပ်ရဲပါဘူး” ဝူမန်သည် ခေါင်းငုံ့သွားလေသည်။ သူမသည် ရှီမာယူယူ ငြင်းရန် မည်သို့ကူညီရမလဲဆိုသည်ကို တွေးနေသည်။

သို့သော် ဝေ့မင်တျဲသည် နှစ်ခါပြန်မပြောပေ။ သူမ တိုက်တွန်းလွန်းလျှင် သံသယဖြစ်သွားနိုင်သည်။

သို့သော် ရှီမာယူယူသာ သူမနှင့်သွားလိုက်ပါက အရာအားလုံး ရှုပ်ကုန် မည်။

ရှီမာယူယူ၏ မျက်လုံးများ တောက်ပလာသည်။ သူမသည် ဝေ့မင်တျဲ၏ ဆိုလိုရင်းကို ခန့်မှန်းမိသည်။

သူမသည် အမည်းလေးကိုသုံးကာ ဆည်းဆာတောင်မှ အရာကို ပြန် တွန်းပို့ ချင်နေသည်။ ထိုကာကွယ်မှုမရှိလျှင် သူမအဖေကို ထိုစုန်းမအိုကြီး ပြန်ဖမ်းသွားနိုင်သည်။

ဒီစုန်းမအိုကြီးက အဲဒါကိုစီစဉ်နေတာကိုး။

သူမ စိတ်ထဲတွင်တွေးလိုက်ပြီး ဝေ့မင်တျဲကို ပြုံးပြလိုက်သည် “မြို့ဝန် အဲဒါက ဘယ်နေရာလဲ၊ ဘယ်အချိန်သွားရမှာလဲ၊ အမည်းလေးက အမှိုက် မဟုတ်တာကို သူတို့ကိုမြင်စေချင်တယ်”

***

All Chapters