← Chapters

အလိုရှိသူ၊ သတိပေးချက်

Vol. 32 Ch. 608

အလိုရှိသူ၊ သတိပေးချက်

Vol. 32 Ch. 608

“စီနီယာ ဒါက အပြင်လောကကို ထွက်ဖို့ ထွက်ပေါက်ပါ။”

နန်ကုန်းဟိုင်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အား ပြောပြလိုက်သည်။

ပြီးနောက်၊ သူနှင့် နန်ကုန်းယောင်တို့က ထိုဝင်ပေါက်ကို အရင်ဆုံးခြေလှမ်းလိုက်ကြသည်။

ထိုအရာကို မြင်လျှင် သူတို့၏နောက်မှလိုက်လာသော အခြားသူများကလည်း မတုံ့ဆိုင်းနေကြဘဲ ထိုဝင်ပေါက်ထဲသို့ တစ်ယောက်ပြီးတစ်ယောက်ဝင်သွားသည်။

ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကလည်း ထပ်မံ၍ တုံ့ဆိုင်းမနေတော့ပါ။ သူတို့သည် ဝင်ပေါက်ထဲသို့ ချက်ခြင်းခြေလှမ်းလိုက်ကြသည်။

ကျီ….

နေရာလပ်ပို့ဆောင်ရေးခံစားချက်က သူတို့အား ဖုံးလွှမ်းသွားခဲ့သည်။

ကံကောင်းစွာပင်၊ ထိုအာရုံခံမှုက ကြာကြာမခံလိုက်ပါ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ထပ်၍ ကြည့်လိုက်သည့်အခါတွင် သူတို့သည် နေဝင်လျို့ဝှက်နယ်ပယ်မှ ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

ထို့အပြင် သူတို့ပြန်ပေါ်လာသောနေရာက အနက်ရောင်မြေပြန့်မဟုတ်ပဲ ကျယ်ပြောသော ပင်လယ်၏အပေါ်တွင် ဖြစ်နေသည်။

ပတ်ပတ်လည်ကို ကြည့်လိုက်ကြသည်။

သူတို့သည် နေဝင်လျို့ဝှက်နယ်ပယ်မှ သူတို့ထပ်အရင်ထွက်ခွာလာခဲ့သော နန်ကုန်းဟိုင်နှင့် အခြားသူများသည်လည်း ထိုနေရာတွင်ပင် ရှိနေကြောင်းတွေ့လိုက်ရသည်။

ထိုအချိန်တွင် နန်ကုန်းယောင်က ပြောလိုက်သည်။

“ဒါက ကွမ်းယန်ပင်လယ်ပါ။ ကျွန်မတို့အခုနကရှိနေတဲ့ အနက်ရောင်မြေပြန့်နဲ့ဆို တော်တော်ဝေးပါတယ်။

စီနီယာနှစ်ယောက်၊ အကယ်၍ ရှင်တို့ အရှေ့ပိုင်းကနေ ထွက်သွားချင်ရင်၊ မှတ်ထားပါ၊ ဘယ်တော့မှ ဧရာမနေရာကျော်ဖြတ် ပို့ဆောင်ရေးအစီအရင်ကို မသုံးပါနဲ့။”

“မှန်တယ်။”

နန်ကုန်းဟိုင်က သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

“အကယ်၍ အရှေ့ပိုင်းကနေ တကယ်ထွက်သွားဖို့ အစီအစဉ်ရှိရင် အသံမဲ့တော၊ နတ်ဆိုးပင်လယ်နဲ့ သေခြင်းကန္တာရတို့ကို ဖြတ်သွားရင်တောင် ဧရာမနေရာကျော်ဖြတ်အစီအရင်ထပ် ကောင်းဦးမယ်။

အဲ့ဒီအစီအရင်တွေနားမှာ အဓိကအင်အားစုလေးခုက လူတွေရှိနေလိမ့်မယ်ဆိုတာ အာမခံနိုင်တယ်။

အမြင့်ဆုံးဖြစ်နိုင်ချေတစ်ခုက ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်ကတောင် အဲ့မှာ ချုံခိုနေနိုင်တယ်။”

နန်ကုန်းယောင်နှင့် နန်ကုန်းဟိုင်တို့၏ သတိပေးချက်များက အလွန်အားစိုက်ထားသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မနေနိုင်ဘဲပြုံးမိကြသည်။

ရှန်းရူယန်က သူတို့အား ခေါင်းညိတ်ပြလိုက်သည်။

“ရှင်တို့ရဲ့ ကြင်နာမှုနဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ စိတ်ချထားပါ။ ကျွန်မတို့ ဒီအချိန်မှာ ဧရာမနေရာဖြတ်ကျော်အစီအရင်တွေကို သွားဖို့အထိ အသိဉာဏ်မဲ့မှာ မဟုတ်ပါဘူး။”

နန်ကုန်းဟိုင်က ခေါင်းညိတ်သည်။

ခနလောက်တုံ့ဆိုင်းနေပြီးနောက်၊ သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ဆက်၍ မေးလိုက်သည်။

“အကယ်၍ စီနီယာနှစ်ဦးက ချက်ခြင်းသွားရမဲ့ ဦးတည်ချက်ခရီးမရှိသေးဘူးဆိုရင် ခင်ဗျားတို့ ကျွန်တော်တို့ရံ နေထွက်ရာခန်းမဆောင်ကို လိုက်လာခဲ့လို့ရပါတယ်။”

ဒါက သူ အစောကတည်းက ပြောချင်နေသောစကားဖြစ်သည်။

သို့ရာတွင် ထိုအချိန်၌ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နေထွက်ရာခန်းမဆောင်ကို သွားဖို့ရန် ရည်ရွှယ်ချက်မရှိပါ။

ကျန်းချန်ရွှမ်က ပြုံးလိုက်သည်။

“တာအိုရောင်းရင်းနန်းကုန်း၊ ကျုပ်နဲ့ ကျုပ်မိန်းမက ခင်ဗျားရဲ့ ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ပါတယ်။

ဒါပေမဲ့ ကျုပ်တို့က အခု ခင်ဗျားရဲ့ခန်းမဆောင်ကို လာဖို့ အစီအစဉ်မရှိသေးပါဘူး။ နောက်တစ်ကြိမ်လောက်မှ အခွင့်အရေးရရင်၊ ကျုပ်တို့ သေချာပေါက် လာလည်ပါ့မယ်။”

ထိုသို့ပြောကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က အချိန်ကြာကြာမနေတော့ပါ။

နန်ကုန်းဟိုင်နှင့် သူ့ညီမအား နှုတ်ဆက်ပြီးနောက် ဝေးသောကျွန်းတစ်ခုသို့ ဦးတည်ကာ ပျံသန်းသွားသည်။

ထိုအရာကိုမြင်လျှင် နန်ကုန်းမောင်နှမဘေးမှ စံသခင်ချင်းဖန်ဟုခေါ်သောသူက ပြောသည်။

“နန်ကုန်းအစ်ကို၊ အဲ့စီနီယာနှစ်ယောက်ကို နေထွက်ရာခန်းမဆောင်ကို ဝင်ဖို့ ဖိတ်ခေါ်ဖို့ကြိုးစားမလို့လား?”

“ငါ့မှာ အဲ့လိုအကြံရှိတယ်။”

နန်ကုန်းဟိုင်က မငြင်းပယ်ပါ။

“ကံမကောင်းစွာနဲ့၊ အရည်အချင်းရှိတဲ့စီနီယာတွေက ဒီလိုဖိတ်ခေါ်ရုံနဲ့ ကျုပ်တို့နဲ့ ပူးပေါင်းဖို့ ရွေးချယ်မှာမဟုတ်ဘူး။ခန်းမဆောင်ကအကြီးအကဲက သူကိုယ်တိုင်မေးကြည့်မှပဲ ငါတို့နဲ့ပူးပေါင်းဖို့ အခွင့်အရေးနည်းနည်းဆွဲဆောင်နိုင်မှာ။”

.......

ငါးရက်ကြာပြီးနောက်။

နေဝင်လျို့ဝှက်နယ်ပယ်၏ ထွက်ပေါက်တွင် ဖြစ်သည်။

စံသခင် မိုးကြိုးနိယာမနှင့် ချူးကွမ်းလီတို့က နေဝက်လျို့ဝှက်နယ်ပယ်မှ ထွက်လာသော ကျင့်ကြံသူများကိုကြည့်ကာ သူတို့၏ မျက်နှာများတွင် ပြင်းထန်သောသတ်ဖြတ်ခြင်း ရည်ရွယ်ချက်နှင့်ပြည့်နေသည်။

ပြီးနောက် စံသခင်မိုးကြိုးနိယာမက အမိန့်ပေးလိုက်သည်။

“လူတိုင်းပဲ နားထောင်ကြပါ။ ကီလိုမီတာ ၅၀၀၀အတွင်းက လမ်းတွေအကုန်လုံးကို ပိတ်ထားလိုက်။ ငါ့အမိန့်မရှိဘဲ ဘယ်သူမှ ဒီနေရာကနေထွက်ခွာခွင့်မရှိဘူး။

ဒီအမိန့်ကို မနာခံတဲ့သူရှိရင် ညာတာမှုမရှိဘဲ သတ်ဖြတ်ခြင်းခံရမယ်။”

“ဟုတ်ကဲ့ပါ။”

ပတ်ပတ်လည်တွင် တူညီသောတုံပြန်သံက အလွန်ကြီးမားသော တိုက်သင်္ဘောများပေါ်မှ ထွက်လာသည်။

ခနအကြာတွင် ထိုနေဝင်လျို့ဝှက်နယ်ပယ်မှ ထွက်လာသောသူများက သူတို့၏ပတ်ဝန်းကျင်ကို အဓိကအင်အားစုလေးခုမှ ကျင့်ကြံသူများက တိုက်သင်္ဘောများပေါ်တွင်ဝိညာဉ်ချီအမြောက်များနှင့် စည်းချထားလေသည်။

ထိုအချိန်တွင်၊ သူတို့သည် ထွက်သွားရန်မဆိုနှင့် လှုပ်ပင်မလှုပ်ရဲကြပေ။

သူတို့သည်လွတ်မြောက်ရန်ကြိုးစားလျှင် သူတို့ချေမှုန်းခံရမည်ကို ကြောက်ရွံ့ကြပေသည်။

“အခု ငါမေးမယ်။ မင်းတို့ဖြေကြ”

စံသခင်မိုးကြိုးနိယာမက လူအုပ်ထဲတွင် ရပ်နေကာ နေဝင်လျို့ဝှက်နယ်ပယ်မှထွက်လာသော လူတိုင်းကိုအေးစက်သောအကြည့်နှင့် ငုံကြည့်လိုက်လေသည်။

“ပြောစမ်း၊ နေသုံးစင်းဂိုဏ်း၊ ဆောင်းဦးရွက်ဝါဂိုဏ်း၊ ဓားအလင်းရောင်ဂိုဏ်းနဲ့ ချုးမိသားစုက ကျင့်ကြံသူတွေကို ဘယ်သူသတ်သွားတာလဲ? အမှန်တိုင်းဖြေတဲ့သူတွေက ငါတို့ဆီက ဆုတွေရမယ်။ ဒါပေမဲ့ သတင်းကိုလိမ်တဲ့သူ ဖုံးကွယ်တဲ့သူတွေက နောက်ဆက်တွဲအကျိုးဆက် ဘာဖြစ်မယ်ဆိုတာ သိကြလိမ့်မယ်လို့ ငါယုံပါတယ်။”

စံသခင်မိုးကြိုးနိယာမ၏စကားကိုကြားလျှင် လူအုပ်ကြီးက အစ၌ ငြိမ်ကျသွားသည်။ သို့သော်ခနကြာသော် လူအများစုက စတင်၍ ပြောလာကြကာ ထိုနေရာအား ဆူညံနေစေခဲ့သည်။

စံသခင်မိုးကြိုးနိယာမသည် ထေ့ငေါ့လိုက်သည်။

ချက်ခြင်းပင် သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသောအရောင်အဝါက ပေါ်ထွက်လာခဲ့သည်။

“မင်း၊ အသံပို့ဆောင်ရေးကတဆင့်ပြော။”

ရုတ်တရက် စံသခင် မိုးကြိုးနိယာမက အခြေတည်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကို လက်ညိုးထိုးကာ ပြောလိုက်သည်။

ထိုကျင့်ကြံသူက စိတ်လှုပ်ရှားကာ တုန်နေသည်။

သူက တုံ့ဆိုင်းနေခြင်းမရှိဘဲ နေဝင်လျို့ဝှက်နယ်ပယ်တွင် ဖြစ်ပျက်ခဲ့သော သူသိသမျှကိစ္စများကို စံသခင်မိုးကြိုးနိယာမအား အသံပို့ဆောင်ရေးသုံးကာ ပြောလိုက်တော့သည်။

***

All Chapters