အလိုရှိသူ၊ သတိပေးချက် (၂)
Vol. 32 Ch. 609
၎င်းသည် အဓိကအင်အားစုကြီးလေးခုရှေ့တွင် မျက်နှာရနိုင်သော အခွင့်အရေးဖြစ်သည်။ ထို့ကြောင့် သူသည် လွတ်သွားစေလိမ့်မည်မဟုတ်ပေ။
ထိုလူ၏စကားကိုနားထောင်ပြီးနောက် စံသခင်မိုးကြိုးနိယာမ၏မျက်လုံးတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ပေါ်ထွက်လာသည်။ သို့ရာတွင် သူ၏မေးခွန်းများက မပြီးဆုံးသေးပါ။
သူသည် လူရာပေါင်းများစွာကိုထပ်၍ မေးနေပြီး ချူးကွမ်းလီကလည်း ကျန်နေသောသူ တစ်ယောက်ချင်းဆီကို လိုက်မေးနေသည်။
ရလဒ်များကို ပေါင်းစည်းလိုက်ရာတွင် ပထမလူပြောသည့်အတိုင်းဆင်တူနီးပါးပင် ဖြစ်သည်။
လူနှစ်ဦး၊ ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်၊ သူတို့၏စီးနင်းသည့်သားရဲ မြေနဂါးတစ်ကောင်နှင့် ရှိန်လောက်သောစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ အနည်းဆုံး အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့်ဖြစ်မည်။
သူတို့၏ မှန်းဆချက်အရ ထိုနှစ်ဦးသည် အရှေ့ပိုင်းမှမဟုတ်ဘဲ အခြားနယ်ပယ်မှဖြစ်နိုင်သည်။
ယခုထိ ထိုဆန်းကြယ်သည့် လူနှစ်ယောက်က ထိုလျို့ဝှက်နယ်ပယ်မှ ထွက်လာသည်ကို မျက်မြင်တွေ့သည့်သူမရှိသေးပါ။
ဘယ်လိုဖြစ်ရပါသနည်း?
ရှိနေသောသူအားလုံးက စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီအား လှည့်စားနေခြင်းဖြစ်ပါသလား?
၎င်းသည် ဖြစ်နိုင်ပုံမပေါ်ပါ။
ဖြစ်နိုင်ချေတစ်ခုမှာ ထိုလူနှစ်ဦးသည် နေဝင်လျို့ဝှက်နယ်ပယ်မပိတ်ခင်အချိန်တွင် လူတိုင်း၏ရှေ့မှ ထွက်လာခြင်း ဖြစ်လိမ့်မည်။
လက်ရှိတွင်၊ ထိုကဲ့သို့လုပ်နိုင်သောသူနှင့် လုပ်နိုင်စွမ်းရှိသောသူမှာ နေထွက်ရာခန်းမဆောင်မှ လူများ ဖြစ်နိုင်သည်။
ထိုအရာကို သတိပြုမိလျှင်၊ စံသခင်မိုးကြိုးနိယာမနှင့် ချူးကွမ်းလီတို့၏မျက်လံးများ၌ အေးစက်သည့်အလင်းတစ်ခုပေါ်သွားသည်။
ချူးကွမ်းလီက ရုတ်တရက်မေးလိုက်သည်။
“အစ်ကိုမိုးကြိုးနိယာမ၊ အဲ့လူနှစ်ယောက်က နေထွက်ရာခန်းမဆောင်က လူဖြစ်နိုင်တယ်လို့ ထင်လား?”
“အဲ့လိုဖြစ်နိုင်ချေတော့ရှိနေတယ်။”
စံသခင်မိုးကြိုးနိယာမက ခေါင်းညိတ်သည်။
“ဒါပေမဲ့ သူတို့က အခြားနယ်က ကျင့်ကြံသူတွေဆိုတာကို ပိုပြီး ယုံကြည်ချင်စရာကောင်းတယ်။ အကယ်၍ နေထွက်ရာခန်းမဆောင်မှာ ဒီလိုစွမ်းအားကြီးတဲ့လူတွေရှိရင် သူတို့က နှစ်ပေါင်းများစွာ ပုန်းကွယ်နေမှာ မဟုတ်လောက်ဘူး။
ဒါပေမဲ့၊ ရထားတဲ့သတင်းတွေအရ ဒီလူနှစ်ယောက်က နေထွက်ရာခန်းမဆောင်နဲ့ ပက်သက်နေလိမ့်မယ်လို့တော့ အကြမ်းဖျင်း အတည်ပြုလို့ရတယ်။”
စံသခင်မိုးကြိုးနိယာမက အဓိကအင်အားစု ၄ခုမှ ကျင့်ကြံသူများကိုကြည့်ကာ အေးစက်စွာ အမိန့်ပေးလိုက်သည်။
“ကျန်းချူအန်းနဲ့ ရှန်းယန်ကို ရှာဖွေဖို့ ငါ့အမိန့်ကိုဖြန့်လိုက်။ အကယ်၍ သူတို့ကိုတွေ့ရင် သတိသွားမပေးမိဖို့ သတိထားပါ။ ချက်ခြင်းသတင်းပဲပြန်လာပို့ရမယ်။
ပြီးတော့ နေထွက်ရာခန်းမဆောင်က ကျင့်ကြံသူတွေအားလုံးကို ဝရန်းထုတ်ပြီး ဖမ်းဖို့ ဆက်လုပ်လိုက်။အောင်မြင်တဲ့သူတွေအတွက် ထိုက်ထိုက်တန်တန်ဆုချမယ်။”
“ဟုတ်ကဲ့ပါ။
ကျင့်ကြံသူများက ခေါင်းညိတ်ကာ အမိန့်ကိုနာခံလိုက်ကြသည်။
.......
ရက်အနည်းငယ်တွင်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူတို့အား အလိုရှိသည့် သတိပေးစာများအား များစွာသော ကျင့်ကြံရေးမြို့များတွင် တွေ့လိုက်ရသဖြင့် ဒေါသနှင့် အရေးတကြီးဖြစ်သည့်ခံစားမှုများရလိုက်ကာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
မမျှော်လင့်ထားဘဲ အရှေ့ပိုင်းသို့ လာရောက်လည်ပတ်ခြင်းက သူတို့အား နယ်ပယ်အဆင့် ရာဇဝတ်သားများ ဖြစ်သွားစေသည်။
အချိန်အနည်းငယ်ခန့်ပင် မည်သူမှ မည်သို့ ပြောရမည်ကို မသိပေ။
အဓိကအင်အားစုလေးခု၏ ရှာဖွေရန်သုံးထားသည့်အင်အားက လျော့တွက်၍ မရကြောင်း သက်သေတစ်ခုပင်ဖြစ်သည်။
နေသုံးစင်းဂိုဏ်း၊ ခြူးမိသားစု၊ ဆောင်းဦးရွက်ဝါဂိုဏ်းနှင့် ဓားအလင်းရောင်ဂိုဏ်း တို့က ထင်ထားမည်မဟုတ်သည်မှာ သူတို့အင်အားများစုပေါင်းကာရှာဖွေမှုကို ရင်ဆိုင်နေရသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကစိုးရိမ်နေခြင်းမရှိကြောင်းကိုဖြစ်သည်။
အကြောင်းမှာ ကျန်းချန်ရွှမ်၌ နတ်ဘုရားစွမ်းအားဖြစ်သော “ပုံသဏ္ဍာန်မဲ့ခြင်း” ရှိသောကြောင့်ဖြစ်သည်။
သူ၏လက်ရှိနတ်ဘုရားစွမ်းအင်နှင့်ဆိုလျှင် သူ့ကိုယ်တိုင်ကိုပင် ဖုံးကွယ်နိုင်မည်သာမကပဲ ထိုစွမ်းအားကိုချဲ့ကာအခြားသူကိုပင်ဖုံးကွယ်ထားပေးနိုင်ပေသည်။
၎င်းသည် အရှေ့ပိုင်းတွင် သူတို့ မှီခိုနိုင်သည့် အကောင်းဆုံးအရာဖြစ်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင်များက ကိုယ်တိုင် ရှာဖွေခြင်းတွင် မပါဝင်လာခဲ့လျှင်၊ သူတို့ဖော်ထုတ်ခံရမည့်အခွင့်အရေးမှာ အလွန်နည်းပါသည်။
သို့ရာတွင်၊
အနည်းဆုံး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူတို့အန္တရာယ်အများဆုံးနေရာများကို ရှောင်နိုင်ခဲ့လျှင် ကောင်းကင်သခင်များပေါ်လာနိုင်မည်မှာ မဖြစ်နိုင်ပါ။
ထို့အပြင်၊
ကောင်းကင်သခင်များက ရှာဖွေခြင်းတွင် ပါဝင်လာလျှင်ပင်၊ သူတို့အားရှာနိုင်မည်ဟု မည်သူအာမခံနိုင်သနည်း? အရှေ့ပိုင်းကလည်း ကျယ်ပြောပါသည်။
ကောင်းကင်သခင်များ၏နတ်ဘုရားအာရုံက မည်မျှပင် ကျယ်ပါစေ၊ ကန့်သတ်ချက်ရှိပါသေးသည်။
ထို့ကြောင့်။
နေဝင်လျှို့ဝှက်နယ်ပယ်မှ ထွက်ခွာလာသောအချိန်မှ စ၍၊ အဓိကအင်အားစုလေးခုက သူတို့၏ခြေရာကို သဲလွန်စပြတ်သွားပြီဖြစ်သည်။
ထိုအချိန်တွင်၊
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ကျင့်ကြံရေးမြို့၏ကောင်းကင်ပေါ်တွင် ရပ်နေကြလေသည်။
ထိုအောက်တွင် သူတို့အား ရှာနေပုံရသည့်လူအချို့ကို တွေ့လျှင် ရှန်းရူယန်က မနေနိုင်ဘဲ ပြုံးလိုက်ကာ ကျန်းချန်ရွှမ်ကို ပြောလိုက်သည်။
“ယောက်ျား၊ အခုကျွန်မတို့တကယ် ပို့ဆောင်ရေးအစီအရင်ကိုသုံးပြီး မြောက်ပိုင်းကိုပြန်လို့ မရတော့ဘူးပဲ။ ကျွန်မတို့ ဘယ်သွားကြမလဲ? ဒါမှမဟုတ် ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ?”
ရှန်းရူယန်၏ မေးခွန်းကိုကြားလျှင်၊ ကျန်းချန်ရွှမ်က ပြုံး၍ တုံ့ပြန်လိုက်သည်။
“အကယ်၍ ကိုယ်တို့ ပို့ဆောင်ရေးအစီအရင်ကိုမသုံးနိုင်ခဲ့ရင် မသုံးဘူးပေါ့။ ကိုယ်တို့အခုအခြေအနေက ပြန်သွားဖို့အတွက်လည်း အလျှင်မလိုပါဘူး။
အရှေ့ပိုင်းကနေစပြီး တောင်ပိုင်းကန္တာရနဲ့ အနောက်ပိုင်းသဲကန္တာရကို စွန့်စားသွားလာပြီးတော့မှ မြောက်ပိုင်းနယ်နိမိတ်ကို ပြန်ကြတာပေါ့။
ဘယ်သူသိမလဲ၊ ကိုယ်တို့ လမ်းမှာ တခြားအခွင့်အလမ်းတွေနဲ့ တွေ့နိုင်သေးတယ်။”
“ဟမ်…. ဒါက ဒီတစ်ခေါက်ထွက်လာရခြင်းမှာ ရှင့်ရဲ့တကယ်ရည်ရွယ်ချက်ဖြစ်လိမ့်မယ် ဟုတ်လား?”
ရှန်းရူယန်က ရယ်သည်။
“အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတစ်ခွင် ခရီးထွက်ပြီး အခွင့်အလမ်းတွေ ယူကြဖို့ပေါ့။”
“အခြားဘာပြောနိုင်ဦးမှာလဲ?”
ကျန်းချန်ရွှမ်က အပြုံးဖြင့် မေးလိုက်သည်။
“ အကယ်၍အခုမဟုတ်ရင် သူတို့ နတ်ဆိုးသခင်တွေဂူထဲမှာ ပုန်းအောင်းနေတဲ့အချိန်မှာ ငါတို့ အနှစ်သာရကိုးပါးကျင့်ကြံရေးလောက,ကနေ ဘာကို ပေးနိုင်မလဲဆိုတာ ဘယ်အချိန် ကြည့်ဖို့ အခွင့်အရေးရနိုင်မှာလဲ?
ကိုယ်တို့နှစ်ယောက်အတူခရီးထွက်တဲ့အချိန်တွေကို ကော မှတ်မိသေးလား? ဒါက နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ။ မဟုတ်ဘူးလား?”
***