← Chapters

အလိုရှိသူ၊ သတိပေးချက် (၃)

Vol. 32 Ch. 610

အလိုရှိသူ၊ သတိပေးချက် (၃)

Vol. 32 Ch. 610

ကျန်းချန်ရွှမ်က ထိုခေါင်းစဉ်ကို ပြောလိုက်သည်ကို ကြားလျှင် ရှန်းရူယန်၏မျက်လုံးက ညှင်သာသွားသည်။

သူမသည် ကျန်းချန်ရွှမ်အား ပြုံးပြလိုက်ကာ ခေါင်းညိတ်လိုက်သည်။

“အကယ်၍ ရှင်ဒါကိုလိုချင်ရင် ကျွန်မ အတူလုပ်ပေးမှာပါ။

ရှင်ဘယ်သွားသွား၊ ဘာလုပ်လုပ်၊ ကျွန်မက အမြဲဘေးမှာ ရှိနေမှာပါ။”

“ကျေးဇူးတင်ပါတယ်။”

ကျန်းချန်ရွှမ်က ပြန်လည်၍ ပြုံးပြလိုက်ကာ ခေါင်းညိတ်လိုက်သည်။

“စကားမစပ်၊ ကျွန်မရှင်ပြောတာကြားရတာ တောင်ပိုင်းကန္တာရနဲ့ အနောက်ပိုင်းသဲကန္တာရတွေနား သွားမယ်ဆိုတော့ အလယ်ပိုင်းဒေသကိုရောသွားဖို့ မစီစဉ်ထားဘူးလား?”

“မသွားဘူး။”

ကျန်းချန်ရွှမ်က ခေါင်းခါလိုက်သည်။

“အလယ်ပိုင်းဒေသမှာက လိုချင်စရာဘာမှ မရှိဘူး။

အဲ့ဒီမှာ ကောင်းကင်နှင့် မြေကြီးက ဝိညာဉ်ချီ က ကြွယ်ဝပေမဲ့၊ အဲ့မှာ ကောင်းကင်သခင်တွေရှိတဲ့ ဂိုဏ်းတွေလည်းပေါပြီး မိသားစုတွေလဲများတယ်။ အရှေ့ပိုင်းမှာထပ်ပတ်ဝန်းကျင်ကပိုပြီး ဆိုးရွားနိုင်တယ်။

အရှေ့ပိုင်းက ဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစုတွေက အလယ်ပိုင်းမြေပြန့်ဒေသတွေနဲ့ ဆက်စပ်မှု ရှိနေတာကိုလည်း မင်းသိထားသင့်တယ်။ ဒီနယ်မြေနှစ်ခုက ဆက်ဆံရေးကလည်း အနီးဆုံးပဲ။

ဒါကြောင့်။

အရှေ့ပိုင်းနယ်မြေက ဒီလိုပုံစံဆိုတာသိပြီးရင် အလယ်ပိုင်းနယ်မြေရဲ့ ကျင့်ကြံရေးလောက ကလည်းဒီလိုပုံစံဆိုတာ အကြမ်းဖျင်းသိနိုင်တယ်။”

ခနရပ်လိုက်ပြီးနောက် ကျန်းချန်ရွှမ်က ရုတ်တရက် ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ အရှေ့ပိုင်းကထွက်ခွာတဲ့အချိန်ကျရင် တစ်ခုလုပ်စရာလိုတာရှိသေးတယ်။”

“ဟမ်။”

ရှန်းရူယန်က သူ့အား သိချင်စိတ်ဖြင့် ကြည့်နေသည်။

ကျန်းချန်ရွှမ်က တခစ်ခစ်ရယ်လိုက်သည်။

“ကိုယ်တို့ နေဝင်လျှို့ဝှက်နယ်ပယ်ကို မဝင်ခင်က ဘယ်လိုလှည့်ကွက်လုပ်ခဲ့လဲဆိုတာ မေ့သွားပြီလား?”

“အိုး.. ရှင်ဆိုလိုတာက…”

ရှန်းရူယန်၏ မျက်လုံး၌ သဘောပေါက်သွားသည့်ပုံစံပေါ်သွားသည်။

“ဟုတ်တယ်။ သူပဲ..။”

ကျန်းချန်ရွှမ်က ခေါင်းထပ်၍ ညိတ်လိုက်ကာ ပြုံးလိုက်သည်။

စကားပြောပြီးနောက် ပုံရိပ်များက ကျင့်ကြံရေးမြို့၏ကောင်းကင်မှ ပျောက်ကွယ်သွားခဲ့သည်။

သူတို့ပြန်ပေါ်လာသည့်အချိန်တွင်၊ ပိုင်ဟောက်နိုင်ငံ၏အပေါ်တွင် ရောက်နေကာ အထူးသဖြင့် တိမ်တိုက်ပင်လယ်ဧည့်ရိပ်သာတွင်ဖြစ်သည်။

သူတို့သည် မလိုအပ်သည့် လှုပ်ရှားမှုကို မလုပ်ခဲ့ပါ။

ကျန်းချန်ရွှမ်က သူ၏လက်ချောင်းများဖြင် ဓားကိုဖွဲ့စည်းကာ အောက်မှ အစီအရင်ကို ထိုးခွဲလိုက်ပေသည်။

ခွပ်…

ချက်ခြင်းပင်၊ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက ကောင်းကင်ပေါ်တွင် ပေါ်လာကာ တိမ်တိုက်ပင်လယ်ဧည့်ရိပ်သာ၏ ကာကွယ်ရေးအစီအရင်ကို ဖျက်စီးလိုက်သည်။

မည်သူမှ ထိုကဲ့သို့ ရုတ်တရက်ဖြစ်ရပ်ကို မမျှော်လင့်ထားကြပါ။

အထူးသဖြင့် တိမ်တိုက်ပင်လယ်ဧည့်ရိပ်သာ၏ ဆိုင်ရှင်ယန်ပင်ဖြစ်ကာ သူ၏မျက်လုံးများက ချက်ခြင်းပင်ပြူးကျယ်နေကာ သူ၏မျက်နှာမှာ ကြောက်ရွံ့မှုဖြင့် ပြည့်နေသည်။

“ဘာ…ဒါက ဘာလဲ?”

ဘွန်း….

သူက ထိတ်လန့်နေစဉ်ပင်၊ ကြောက်စရာကောင်းသောဓားအလင်းက ကာကွယ်ရေးအဆောင်ကို လုံးဝ ဆုတ်ဖြဲလိုက်ပြီဖြစ်သည်။

ပြီးနောက် ကောင်းကင်နှင့် နေကိုပင်ဖုံးကွယ်ထားသော ကြီးမားသောလက်ကြီးက ရုတ်တရက် ကျဆင်းလာကာ ဧည့်ရိပ်သာတစ်ခုလုံးကို ဖမ်းဆုပ်လိုက်သည်။

အင်အားနှင့် ဆွဲလိုက်ခြင်းဖြင့် အရုပ်တစ်ခုကိုကောက်ယူလိုက်သကဲ့သို့ အဆောက်အဦးတစ်ခုလုံးကို မလိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်းတွင် လေထဲတွင် မီတာထောင်ကျော်ထိရောက်သွားသည်။

ပြီးနောက် ညှင်သာစွာ လွှဲလိုက်လေသည်။

ဂျုန်း….

တိမ်တိုက်ပင်လယ်ဧည့်ရိပ်သာထဲက သူများက သဲများကဲ့သို့ ခါချခံလိုက်ရသည်။

သို့သော် လူတစ်ဦးမှ လွဲ၍ ဖြစ်သည်။

၎င်းသည် ဆိုင်ပိုင်ရှင်ယန်ဖြစ်သည်။

ထို့အချိန်တွင်၊ သူသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား ရှင်းလင်းစွာ မြင်လိုက်ရသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား မှတ်မိသွားသဖြင့် သူ၏မျက်လုံးက ကြောက်ရွံမှု၊ မယုံကြည်မှုများဖြင့် ပြူးကျယ်သွားသည်။

“ဒါ..ဒါမင်းတို့ပဲ။”

“ဟုတ်တယ်။ ငါတို့ပဲ။” ကျန်းချန်ရွှမ်က အပြုံးဖြင့် ဖြေလိုက်သည်။

“ဘာလို့လဲ? မင်း အံ့ဩသွားတာလား? ဒါမှမဟုတ် လန့်သွားတာလား?”

ဆိုင်ရှင်ယန်က မျက်ရည်ပင်ကျတော့မလို ဖြစ်နေသည်။

အံ့ဩမှုနှင့် ထိတ်လန့်မှုကိုမေ့လိုက်ပါ။ သူသည် ထိုရှိန်လောက်သောပုံရိပ်နှစ်ခုကို စည်းကျော်ခဲ့မိသည်ကိုသာ နောင်တရနေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ သတင်းများက အင်အားစုလေးခုမှ ဖြန့်ထားကာ သူတို့အားဖမ်းဆီးရန် ပစ်မှတ်အဖြစ်သတ်မှတ်ထားသည်။

ထိုနှစ်ဦးသည် အလိုရှိနေသူများဖြစ်ရာ သူ့ထံသို့ ရဲတင်းစွာ ရောက်လာလိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း?

“အရင်က အထင်လွဲထားတာအတွက် ..ကျွန်တော်…” ဆိုင်ပိုင်ရှင်ယန်က ရှင်းပြရန် ကြိုးစားလိုက်သည်။

ကံမကောင်းစွာပင်၊ ကျန်းချန်ရွှမ်က နားထောင်ရန် ရည်ရွယ်ချက်မရှိပါ။

သူသည် တုံ့ပြန်မှုကိုကျေနပ်စေရန် ဆိုင်ပိုင်ရှင်ယန်ကို ရှေ့သို့ ဆွဲလိုက်သည်။

ကျန်းချန်ရွှမ်က ရုတ်တရက်သူ၏လက်ကို မြောက်ကာ လက်သီးဆုပ်လိုက်သည်။

ဂျုန်းဟူသောအသံမြည်သွားခဲ့သည်။

ဆိုင်ပိုင်ရှင်ယန်က ချက်ခြင်းပင် သွေးမြူအဖြစ်သို့ ပြောင်းလဲသွားကာ တလက်လက်ဖြစ်နေသော ဆက်သွယ်ရေးကျောက်စိမ်းအဆောင်သာကျန်ခဲ့လေသည်။

ကျန်းချန်ရွှမ်က ကောက်ယူလိုက်ကာ အခြားတစ်ဖက်မှလူအား အပြုံးနှင့် ပြောလိုက်သည်။

“တောင်းပန်ပါတယ်။ ကျုပ်အခုပဲ ခင်ဗျားရဲ့ လူနောက်တစ်ယောက်ကို သတ်လိုက်ပြီ။ အံ့ဩသွားလား? ထိတ်လန့်သွားလား?”

စကားပြောပြီးနောက် သူသည် ထိုကျောက်စိမ်းအဆောင်အားတုံ့ဆိုင်းခြင်းမရှိဘဲ ဖျက်စီးပစ်လိုက်သည်။

အဆုံးမဲ့လျှပ်စီးများနှင့် တစ်လက်လက်ထနေသော ဆန်းကြယ်သောနန်းတော်ထဲတွင် စံသခင်မိုးကြိုးနိယာမက မျက်နှာက မဲမှောင်နေကာ အေးစက်စွာဖြင့် သူ၏လက်ထဲမှဆက်သွယ်ရေးအဆောင်အား ဖျက်စီးလိုက်လေသည်။

“ကျန်းချူအန်း၊ ရှန်းယန်။”

သူက စကားပြောပြီးနောက်၊ တစ်လက်လက်ထနေသည့် လျှပ်စီးများအဖြစ်သို့ပြောင်းလဲသွားပြီး ပိုင်ဟောက်နိုင်ငံသို့ ပျံသန်းသွားသည်။

........

ခနအကြာတွင်၊ တိမ်တိုက်ပင်လယ်မှ ရတနာများကို ရှာပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ပျက်စီးသွားသောအဆောက်အဦးကိုမူလနေရာတွင် ချခဲ့ကာ အဝေးမှ ကောင်းကင်တွင် ပျောက်ကွယ်သွားခဲ့သည်။

စံသခင်မိုးကြိုးနိယာမနှင့် သူ၏အုပ်စုတို့ရောက်သွားသည့်အချိန်တွင် သူတို့သည် ပျက်စီးနေသောအဆောက်အဦးနှင့် ထိတ်လန့်နေသောကျင့်ကြံသူများကိုသာ တွေ့ရှိခဲ့ရသည်။

ရုတ်တရက် စံသခင်မိုးကြိုးနိယာမ၏ပတ်ပတ်လည်တွင် လျှပ်စီးများစတင်၍ တက်လာခဲ့သည်။

ကောင်းကင်က တိမ်တိုက်များဖြင့် မဲမှောင်နေကာ ကောင်းကင်ဘုံမှ အပြစ်ဒဏ်က ကျရောက်လာတော့မည့်ပုံစံဖြစ်နေသည်။

အခြားတစ်ဖက်၌ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ပိုင်ဟောက်နိုင်ငံမှ ထွက်ခွာကာ တောင်ပိုင်းကန္တာရသို့ ဦးတည်ကာ ပျံသန်းသွားပြီဖြစ်သည်။

***

All Chapters