နှစ်ရက်လိုတယ်
Vol. 98 Ch. 1365
ရှီမာယူယူ၏ တုံ့ပြန်မှုသည် အားလုံးကိုလန့်သွားစေသည်။ သူမ ဝေ့မင်တျဲကို သဘောတူလိုက်ခြင်း၏ နောက်ဆက်တွဲကို သူမ သိရောသိရဲ့ လား။
“မြို့ဝန် အဲနေရာကိုဘယ်သူမှမသွားဖူးဘူး၊ ပြီးတော့ သူမက အပြင်လူ လေ” ဝူမန် သဘောမတူပေ။
“ငါဆုံးဖြတ်ချက်ချပြီးပြီ၊ ထပ်ပြီးပြောဖို့မလိုဘူး” ဝေ့မင်တျဲသည် ခိုင်မာ နေသည်။
“ဘယ်တော့သွားကြမလဲ” ရှီမာယူယူ မေးလိုက်သည်။
“ပွဲပြီးတာနဲ့ သွားကြတာပေါ့ ဘယ်လိုလဲ”
“ပွဲပြီးရင်သွားမှာလား” ရှီမာယူယူသည် ရှက်ရွံ့ဟန်ပြုလိုက်သည် “နှစ်ရက်နေရင်သွားလို့ရမလား၊ ကျွန်မရှီယူ့ကိုပြောချင်လို့ပါ”
ဝေ့မင်တျဲသည် စိုးရိမ်ပူပန်သော်လည်း ရှင်းမပြချင်ပေ။ သူမ ခေါင်းညိတ် လိုက်သည် “ဒါဆိုရင် နှစ်ရက်နေရင်သွားကြတာပေါ့ နောက်နှစ်ရက်ကျရင် မင်း ကိုလူလွှတ်ခေါ်ခိုင်းလိုက်မယ်”
“မြို့ဝန်က ဆုံးဖြတ်ပြီးပြီဆိုတော့ ကျွန်မလည်းအတူလိုက်တာပေါ့၊ သူမကို အဲဒီမှာစောင့်ရှောက်ပေးလို့ရတယ်” ဝူမန် အကြံပြုလေသည်။
“မလိုပါဘူး ငါ သူမကိုခေါ်သွားလိုက်မယ်၊ မင်းက မြို့ကိစ္စတွေကို တာဝန် ယူပေးရမယ်” ဝေ့မင်တျဲ ငြင်းဆန်လေသည်။
“အဒေါ်မန် မြို့ထဲမှာ နေ့တိုင်းကိစ္စတွေ အများကြီးဖြစ်နေတာ၊ အဲတော့ အဒေါ်သွားဖို့မလိုဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အမည်းလေး အဲဒါကိုဖိအားပေးပြီး ပြန်ပို့ပေးတာကို မှတ်တမ်းတင်ပြီးရင် ပြန်လာမှာပဲ” ရှီမာယူယူ ပြောလိုက် သည်။
“ဒါဆိုလည်း… ကောင်းပါပြီ” ဝူမန် ခေါင်းညိတ်လိုက်သည်။
“မြို့ဝန် အဲအချိန်ကျရင် ကျွန်မလာရှာလို့ရမလား” ရှီမာယူယူ မေးလိုက် သည် “ကျွန်မ ရှီမိသားစုကနေ ထွက်လိုက်တာနဲ့ ဒီကိုအသက်ရှင်လျက်ပြန်လာ နိုင်မလားဆိုတာ မသိလို့ပါ”
သူမနှင့် ကျန်းမိသားစုများ ပဋိပက္ခဖြစ်ခဲ့သည့်အကြောင်းကို အစေခံများ ပြောသည်ကို ဝေ့မင်တျဲ ပြန်စဉ်းစားမိသွားသည်။ သူမသည် ချက်ချင်းပင် ဆိုလို ရင်းကို နားလည်သွားသည်။ “မစိုးရိမ်ပါနဲ့ မင်းကိုဘယ်သူမှမထိရဲပါဘူး”
“ကျေးဇူးတင်ပါတယ် မြို့ဝန်” ရှီမာယူယူ ထပြီး ဝေ့မင်တျဲကို အားတက် သရော် အရိုအသေပေးလေသည်။
“ဟီးဟီး တကယ်ပဲ မြင်တတ်တဲ့ကလေးပဲ” ဝေ့မင်တျဲ ချီးကျူးလေသည်။
ရှီမာယူယူသည် အေးစိမ့်မှုကိုခံစားမိသွားလေသည်။ သူမသည် ကြင်နာ ပြီး နားလည်ပေးတတ်သည့်ပုံပေါ်သည်။ သူမ အဖေကို ဖိအားပေးလက်ထပ် ခိုင်းပြီး သူမအဖေကို အာဏာသုံးနှင်ထုတ်ခဲ့သည့် အကြောင်းသာ ရှီမာယူယူ မသိခဲ့ပါက သူမသည် လူကောင်းတစ်ယောက်ဖြစ်မည်ဟု ထင်သွားမည်ဖြစ် သည်။
သူတို့သည် အတန်ကြာအောင် စကားပြောကြလေသည်။ လျန်ရှန့် ဝင်လာပြီး အားလုံးကိုအရိုအသေပေးလေသည် “သခင်မ ပွဲစပါတော့မယ်”
“အချိန်ရောက်ပြီကိုး၊ လျန်ရှန့်၊ သူတို့ကို ပွဲခန်းမကိုခေါ်သွားလိုက်ပါ ငါ အဝတ်အသစ်လဲလိုက်ဦးမယ်” ဝေ့မင်တျဲ အမိန့်ပေးလိုက်သည်။
ဧည့်ခန်းမှလူအားလုံး မတ်တတ်ရပ်ပြီး ဝေ့မင်တျဲကို အရိုအသေပေးကာ လျန်ရှန့်နောက်လိုက်သွားကြလေသည်။
ဝေ့မင်တျဲသည် သူမနေရာတွင်ပင် ထိုင်မလာမလှုပ်ပေ။ သည်တစ်ကြိမ် တွင် အနောက်မှ တခြားအစေခံမိန်းကလေးရောက်လာကာ သူမ အဝတ်များကို လဲလှယ်ပေးလေသည်။
“ရှိယွဲ့ အဲဒီရှီမာယူယူကို ဘယ်လိုထင်လဲ” ဝေ့မင်တျဲ မေးလိုက်သည်။
“သူမက တခြားသခင်မလေးတွေလိုပဲလို့ ဒီအစေခံထင်ပါတယ်” ရှိယွဲ့ ပြန်ဖြေလေသည်။
“ဟုတ်လား ဒါပေမဲ့ သူမက မတူဘူးလို့ ဘာလို့ခံစားမိနေတာလဲ၊ အနီးကပ် ကြည့်လိုက်ရင် သူမကတူတယ်” ဝေ့မင်တျဲသည် ပဟေဠိဆန်စွာ ပြောလေသည်။
“သူမက သခင်မကို ကူညီနေသေးသရွေ့ သူမဘယ်လိုနေလဲဆိုတာ ကိစ္စ မရှိပါဘူး” ရှိယွဲ့ ပြန်ဖြေလေသည်။
“ဟုတ်တယ်၊ သူမ အဲဒါကိုဖိအားပေးပြီး ပြန်ပို့တဲ့အချိန်ကျရင် သူ့ကိုယ်သူ ဘယ်လိုကာကွယ်လဲဆိုတာ ကြည့်ချင်တယ်”
ရှီမာလျူရွှမ်ကို ဝေ့မင်တျဲသည် မတင်မကျဖြစ်နေသည်။ သူတို့ နှစ်ယောက်သည် မတိုးသာမဆုတ်သာအခြေအနေဖြစ်နေကာ သူမ သူ့ကို ချစ်သလား မုန်းသလားဆိုသည်ကို မပြောနိုင်တော့ပေ။
သို့သော် သူမသည် သူ့ကိုဖိအားပေးရမည်ဆိုသည်ကို သိသည်။ သူတို့သာ အတူမရှိနိုင်ပါက သူ့ကိုဖျက်ဆီးပစ်ပြီး သူမနှလုံးသားတွင် တစ်သက်လုံးနေ သွားခိုင်းမည်။
“သွားမယ် အင်္ကျီသွားလဲကြမယ်”
တစ်ဖက်တွင် လျန်ရှန့်သည် အားလုံးကို ခန်းမဆောင်ထဲသို့ ဦးဆောင်ခေါ် သွားသည်။ သူတို့ ခြံဝန်းမှထွက်သည့်အချိန်တွင် ဝူမန်သည် လျန်ရှန့်ကို ပြောလိုက်သည်။ “ဟုတ်သားပဲ လျန်ရှန့် ငါတို့က ပွဲခန်းမကိုဘယ်လိုသွားရမလဲ ဆိုတာသိတယ် မင်းတခြားအလုပ်တွေသွားလုပ်လိုက်ပါ”
ထိုသည်မှာ အရင်ကဖြစ်နေကျဖြစ်သဖြင့် လျန်ရှန့်သည် များများစားစား မစဉ်းစားတော့ဘဲ ထွက်သွားလေသည်။
လျန်ရှန့်ထွက်သွားပြီးနောက်တွင် ဝူမန်သည် အသံလုံဝိညာဉ် အတားအဆီးတစ်ခုလုပ်ပြီး ရှီမာယူယူအား လေးနက်စွာကြည့်လေသည် “မင်း အခုဘာကို သဘောတူလိုက်တာလဲဆိုတာ သိရဲ့လား သူမနဲ့သွားလိုက်ရင် ဘာနောက်ဆက်တွဲတွေဖြစ်လာမလဲဆိုတာ သိရဲ့လား”
“သိပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒါပေမဲ့ သူမနဲ့ ပူးပေါင်းတာ ကလွဲရင် တခြားရွေးချယ်ဖို့ရှိဦးမှာလား”
“ဒါဆိုရင်လည်း အဲလောက်အလောတကြီး သဘောတူဖို့မလိုပါဘူး” ဝူမန် သည် အမှန်တကယ်ပင် ဒေါသထွက်နေသည် “တကယ်လို့ ဒီဒါကြောင့်နဲ့ မင်း အသက်ဆုံးရှုံးလိုက်ရရင် နောက်ကို မင်းအဖေကို ငါဘယ်လိုမျက်နှာပြရတော့ မှာလဲ”
“အဒေါ်မန် မစိုးရိမ်ပါနဲ့ အဆင်ပြေမှာပါ” ရှီမာယူယူ ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူမသည် ကာကွယ်ပေးနေသေးသည်။ ရှီမာယူယူ သည် သူမကို ကျေးဇူးတင်မိသည်။
“မင်း သူမနဲ့သွားရင်တောင် မင်းအဖေကိုတွေ့ရင် သူမလက်ထဲကနေ ဘယ်လိုလွတ်နိုင်မှာလဲ” ဝူမန်သည် စိတ်မချသေးပေ။
“လင်းယူရှိတယ်လေ” ရှီမာယူယူသည် ဝူလင်းယူ၏ လက်ကိုဆုပ်ကိုင် လိုက်သည် “သူက အရမ်းအားကောင်းတယ် သူသာရှိရင် ဝေ့မင်တျဲကို စိတ်ပူ စရာမလိုဘူး၊ အဖေ့ကိုတောင် ကယ်လို့ရနိုင်တယ်”
ထိုသည်မှာ သူမ လမ်းတွင် ချလာသော ဆုံးဖြတ်ချက်ဖြစ်သည်။ မည်သည့် ပြဿနာမှမရှိဟု ဝူလင်းယူ ပြောသဖြင့် တကယ်ပင် ပြဿနာမရှိနိုင် ပေ။
“သူလား” ဝူမန်သည် မယုံနိုင်စွာဖြင့် မျက်မှောင်ကြုတ်လေသည်။
ဝူလင်းယူသည် အသက် နှစ်ရာ သုံးရာသာရှိသေးသည့်ပုံပေါက်သည်။ သူ ကဘယ်လောက် အားကောင်းနိုင်မှာမို့လို့လဲ။
“မင်းတို့နဲ့ ငါလိုက်ခွင့်ပေးဖို့ မြို့ဝန်ကို ပြောလိုက်ရင်ရော” သူမ ပြော လိုက်သည် “ငါ အချိန်ဆွဲပေးနိုင်တယ်”
“အဒေါ်မန် အဒေါ်သွားရင် မြို့မှာဘယ်လိုနေလို့ရတော့မှာလဲ၊ အဒေါ်မန် က ဝေ့မင်တျဲ လွှတ်မပေးတဲ့ ပထမဆုံးလူဖြစ်မှာကြောက်တယ်” ရှီမာယူယူ ပြောလိုက်သည် “မစိုးရိမ်ပါနဲ့ ကျွန်မက အဖေ့ကိုကယ်ဖို့လာတာပါ သေဖို့လာ တာမဟုတ်ဘူး”
“မန်အာ ယူယူ ပြောတာမှန်တယ် သူမက မြို့ဝန်ကိုကတိပေးပြီးမှတော့ သူမ သေချာလို့နေမှာပါ မစိုးရိမ်ပါနဲ့” ရှီကုန်း ဖျောင်းဖျလေသည်။
ရှီကုန်း၏ အကြောင်းပြချက်ကို ဝူမန်လည်းနားလည်သည်။
“အဓိပ္ပာယ်မရှိလိုက်တာ”
“အဒေါ်မန် စိတ်မဆိုးပါနဲ့ ပွဲကိုမြန်မြန်သွားရအောင် ဒီထက်ကြာရင် သူများတွေ အာရုံစိုက်မိကြလိမ့်မယ်” ရှီမာယူယူ ပြုံးလိုက်သည်။
“အင်း သွားကြမယ်”
ဝူမန်သည် ဝိညာဉ်အတားအဆီးဖယ်ပြီး သူတို့ကို ပွဲခန်းမဆီသို့ ခေါ်သွား လိုက်သည်။
သူတို့ရောက်သည်နှင့် ကျန်းဟောက် မောင့်ရှားနှင့် လော့ချီတို့လည်း ရောက်နေကြပြီဖြစ်သည်။ သူတို့အနောက်မှခုံများတွင် သက်ဆိုင်ရာ အကြီးအကဲများရှိနေကြသည်။
“ဘာလို့ ဒီလောက်နှေးနေတာလဲ” မောင့်ရှားသည် သူတို့ကို မစောင့်ဘဲ ထိုင်လိုက်သည်။
“ဒီကိုမလာခင် မြို့ဝန်နဲ့ စကားပြောနေကြလို့လေ” ဝူမန် ပြန်ဖြေလိုက် သည်။
“မြို့ဝန်အခန်းကို ဘာကိစ္စရှိလို့လဲ” ကျန်းဟောက်သည် ထူးဆန်းစွာ မေး လေသည် “မင်းတို့က စောဒကတက်နေကြတာလား”
“လူတိုင်းက မင်းလို သဘောထားသေးတယ်ထင်နေတာလား” ဝူမန်သည် မျက်လုံးလှိမ့်လိုက်သည်။ “မြို့ဝန်ကရှီချင်းကို တားမြစ်ဧရိယာကိစ္စနဲ့ပတ်သတ် ပြီး ကျေးဇူးတင်ချင်နေတာ ပြီးတော့ မင်းတို့ လက်ဆောင်တွေလည်းပေးလိုက် တယ်”
“ဟင်း ဘယ်လောက် မာန်တက်နိုင်မလဲကြည့်ကြတာပေါ့” ကျန်းဟောက် သည် အေးစက်စွာနှာမှုတ်လေသည်။
ဝူမန်သည် ရှုပ်ထွေးစွာပြုံးလိုက်ပြီး ဘာမှမပြောပေ။
ခဏအကြာတွင် ဝေ့မင်တျဲနှင့်အတူ လျန်ရှန့်နှင့် ရှိယွဲ့တို့ ဝင်လာကြ သည်။ အားလုံးသည် မတ်တတ်ရပ်ပြီး သူတို့ကိုနှုတ်ဆက်ကြလေသည်။
“လုပ်ထုံးလုပ်နည်းတွေ မေ့လိုက်ပါ” ဝေ့မင်တျဲသည် ပင်မနေရာတွင် ထိုင် လိုက်သည်။ သူမသည် ရှီမာယူယူဘက်ကြည့်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည် “ကလေး လာခဲ့ ငါ့ဘေးမှာလာထိုင်”
လျန်ရှန့်နှင့် ရှိယွဲ့တို့သည် ပုလ္လင်ဘေးနေရာကို စီစဉ်ပေးလေသည်။ ထိုအပြုအမူသည် အောက်မှလူများကို အမြင်ပြောင်းသွားစေသည်။
***