← Chapters

တောင်ပိုင်းကန္တာရ၏အခြေအနေ

Vol. 32 Ch. 613

တောင်ပိုင်းကန္တာရ၏အခြေအနေ

Vol. 32 Ch. 613

ဟမ်?

ပိုးသားဝတ်ရုံနှင့်လူ၏စကားများကို ကြားလျှင်၊ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က အံ့အားသင့်သွားပုံရသည်။

ဘာတွေဖြစ်နေတာလဲ?

ပိုက်ကွန်ထဲက လွတ်သွားတဲ့လူနှစ်ယောက်ဆိုတာ ဘာကိုဆိုလိုတာလဲ?

သူတို့ နေရာအမှားကိုလာမိလေသလား?

နှစ်ဦးစလုံး ထိုအချိန်တွင် ပဟေဠိဖြစ်နေကြသည်။

သို့ရာတွင် ပိုးသားဝတ်ရုံနှင့်လူ၏ဘေးမှ ကျင့်ကြံသူများက တုံ့ဆိုင်းမနေကြပေ။

ချက်ခြင်းပင်ဦ သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား တိုက်ခိုက်ရန် ချိန်ရွယ်လိုက်ကြသည်။

ကျန်းချန်ရွှမ် ဆွံ့အသွားလေသည်။

ရှန်းရူယန်လည်းထိုအတိုင်းပင်ဖြစ်သည်။

နားလည်မှုလွဲနေသည်များရှိနိုင်မည်လား?

မည်သည့်အချိန်ကပင် အခြေခံတည်ဆောက်ခြင်းအဆင့်မှကျင့်ကြံသူများက သူတို့အား စိန်ခေါ်ရဲပါသနည်း?

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က လှုပ်ရှားမှုမရှိပေ။

သို့သော် သူတို့အားလာဖမ်းမည်သူများက နေရာတွင်ပင် ရုတ်တရက်တောင့်သွားကာ လှုပ်မရတော့ဘဲ သူတို့၏မျက်လုံးများသည်သာ ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေကြသည်။

ပိုးသားဝတ်ရုံနှင့်လူက ကျီဖုအဆင့်ဖြစ်ကာ တစ်ခုခုလွဲမှားနေသည်ကို သတိပြုမိသွားသည်။

သူ၏မျက်စိသူငယ်အိမ်များက ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား စိုက်ကြည့်နေကာ သူ၏အမူအရာက မထီမဲ့မြင်ပြုမှုမှ လေးနက်မှုသို့ ပြောင်းလဲသွားခဲ့သည်။

သူသည် သတိထား၍ မေးလိုက်သည်။ “မင်းတို့နှစ်ယောက်က ဘယ်သူတွေလဲ? မင်းတို့ဘာလုပ်နေမှန်းကော သတိထားမိရဲ့လား?”

ကျန်းချန်ရွှမ် ဆွံ့အသွားရသည်။

ရှန်းရူယန်သည်လည်း ထိုအတိုင်းပင်။

သူသည်ပင် သူတို့အားစ၍ တိုက်ခိုက်ခဲ့ခြင်းမဟုတ်ပါလား ပြီးနောက် ယခု သူက သူတို့အား အပြစ်တင်နေခြင်းဖြစ်ပါသလား?

သို့သော် သူတို့သည် ထိုကဲ့သို့အရေးမပါသောသူများနှင့် အချိန်ဖြုန်းနေရန် စိတ်ဝင်စားမှုမရှိပေ။

ကျန်းချန်ရွှမ်က မေးလိုက်သည်။ “မင်းကငါတို့ကို ပိုက်ကွန်ကလွတ်သွားတဲ့ သူတွေလို့ခေါ်လိုက်တယ်။

အဲ့တာက ဘာကိုဆိုလိုတာလဲ? မင်းကဘယ်သူလဲ? ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ? ဒီနေရာမှာ တကယ်ပဲ ဘာတွေဖြစ်ပျက်နေတာလဲ?”

“အာ…

မင်းတို့က တောင်ပိုင်းကန္တာရက ကျင့်ကြံသူတွေမဟုတ်ဘူးလား?”

ထိုအချိန်မှသာ ပိုးသားဝတ်ရုံနှင့် လူကြီးက ရုတ်တရက် တုံ့ပြန်လိုက်သည်။

သူ၏အရှေ့မှ လူနှစ်ယောက်သည် တောင်ပိုင်းကန္တာရမှ ကျင့်ကြံသူများမဖြစ်နိုင်ပါ။

“ဒါဆို ငါတို့မဟုတ်ရင်ဘယ်လိုလုပ်မာလဲ?”

ကျန်းချန်ရွှမ်က ချက်ခြင်းပင် မျက်မှောင်ကုပ်လိုက်သည်။

ခွပ်….

ရုတ်တရက်၊ ထိုသူ၏ဆက်သွယ်ရေး ကျောက်စီမ်းအဆောင်က အစိတ်အပိုင်းအဖြစ် ကွဲကြေသွားသည်။

၎င်းသည် သူ၏အမူအရာကိုချက်ခြင်းပြောင်းလဲသွားစေသည်။

ကျန်းချန်ရွှမ်၏အမူအရာကလည်း အေးစက်နေသည်။

သူသည် ပိုးသားဝတ်ရုံနှင့် လူကိုသာစိုက်ကြည့်နေကာ အေးစက်သောလေသံဖြင့် တစ်လုံးချင်း ပြောလိုက်သည်။

“ငါ့ရှေ့မှာ အဲ့လိုအသေးစားလှည့်ကွက်လေးတွေလာမသုံးနဲ့။

အဓိပ္ပာယ်မရှိဘူး၊ အခု ငါမေးတဲ့မေးခွန်းကိုဖြေပါ။”

ပိုးသားဝတ်ရုံနှင့် လူ၏မျက်နှာမှာ နီရဲပြီးနောက် ဖြူဖျော့သွားသည်။

သူသည် သူ၏ဘဝတွင် ထိုကဲ့သို့ အရှက်ကွဲမှုမျိုးကိုမခံစားခဲ့ရဖူးသဖြင့် သူ၏အမူအရာသည် ထိတ်ပြာနေသည်။

ထိုအရာကိုမြင်လျှင် ရှန်းရူယန်၏မျက်လုံးများကလည်း အေးစက်သွားသည်။

“ထားလိုက်တော့၊ ယောက်ျား၊ သူမပြောချင်ရင် ကိုယ့်ဟာကိုယ်ပဲ ရှာဖွေကြတာပေါ့။”

ထိုပိုးသားနှင့်လူက မတုံ့ပြန်မီ၌ပင် ရှန်းရူယန်သည် သူ၏လက်ကို ထိုသူ၏ခေါင်းပေါ်တွင် ဖိထားလိုက်သည်။

သူသည်လွတ်မြောက်ရန်မည်မျှကြိုးစားပါစေ၊ သူမ၏ဖမ်းချုပ်မှုမှ မလွတ်မြောက်နိုင်ပေ။

ထိုအချိန်မှသာ သူသည် ထိုစုံတွဲနှင့် မယှဉ်နိုင်ကြောင်းသတိပြုမိသွားသည်။

သူ၏အထောက်အထားကို ပြောချင်သော်လည်း ရှန်းရူယန်က သူ့အား အခွင့်အရေးမပေးပေ။

စွမ်းအားတစ်ခုက ထိုသူ၏အသိစိတ်ပင်လယ်ကို လိမ့်တက်လာသည်ကို မခုခံနိုင်ဘဲ သူ၏စိတ်အား ဖရိုဖရဲအခြေအနေသို့ ရောက်သွားစေသည်။

သူ့တွင်ရှိသော နောက်ဆုံးအတွေးမှာ “ဝိညာဉ်ရှာဖွေခြင်း”ပင်ဖြစ်သည်။

မှန်ပါသည်။

ရှန်းရူယန်က သူ့အပေါ် “ဝိညာဉ်ရှာဖွေခြင်းနည်းလမ်း” ကို သုံးထားခြင်းဖြစ်သည်။

သင့်လျော်သော သို့ မသင့်လျော်သော အချက်အလက်များ နှစ်ခုစလုံးသည် အမြန်ရစ်ထားသည့် ရုပ်ရှင်ကဲ့သို့ ဖြစ်ကာ သူမအတွက် လက်ရှိအခြေအနေကို နားလည်စေသည့် အသေးစိတ် အချက်အလက်နှင့် ထိုသူနှင့် သူ့အဖော်များ၏ အထောက်အထားကိုသိရန် စီစဉ်ပေးလေသည်။

ရှန်ရူယန်က သူ၏လက်ကိုလွတ်လိုက်သည့်အချိန်တွင် ပိုးဝတ်ရုံနှင့် လူက လဲကျသွားလေကာ သူ၏ဒွါရာခုနှစ်ပေါက်မှ သွေးထွက်လာကာ အသက်မရှိတော့ပေ။

ကျန်းချန်ရွှမ်သည် ရှန်းရူယန်ဖက်သို့လှည့်ကာ မေးလိုက်သည်။ “ဘယ်လိုလဲ?”

ရှန်းရူယန်၏အမူအရာက အနည်းငယ်တင်းမာနေသည်။

သူမသည် ပတ်ပတ်လည်ကိုကြည့်လိုက်ပြီးမှ ပြောလိုက်သည်။ “ဒီလူတွေက၊ ကျွန်မတို့လိုပဲ တောင်ပိုင်းကန္တာရကလူတွေမဟုတ်ကြဘူး။”

“ဟမ်?”

ကျန်းချန်ရွှမ် အံ့ဩသွားသည်။

ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ သူတို့က အလယ်ပိုင်းမြေပြန့်ဒေသက ကျင့်ကြံသူတွေပဲ။”

နတ်ဆိုးကပ်ဘေးပေါ်ပေါက်လာသည့် အချိန်တွင်၊ တောင်ပိုင်းကန္တာရမှ ကောင်းကင်သခင် အသူရာကျမ်းစာ နှင့် ကောင်းကင်သခင် မိုးကြိုးတိမ် တို့က သူတို့၏အင်အားနှင့် နတ်ဆိုးကပ်ဘေးကို မခံနိုင်ကြောင်းကို သိကြသည်။

ထို့ကြောင့်။

သူတို့သည် အလယ်ပိုင်းမြေပြန့်ဒေသကို စိုးရိမ်သောကရောက်နေသည့်သတင်းကို ပေးပို့ခဲ့သည်။

မဟာလင်းအင်ပါယာနန်းတော်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစုများမှ ဦးဆောင်သည့် အလယ်ပိုင်းမြေပြန့်ဒေသသည် သူတို့၏အကူအညီအတွက် တောင်ပိုင်းကန္တာရ၏ ပိုင်နက်တစ်ဝက်ကို ပြန်လည်တောင်းဆိုခဲ့သည်။

၎င်းတွင် ဝိညာဉ်သွေးကြောများ၊ မိုင်းတွင်းများနှင့် မထိရသေးသည့် ကျန်နေကာ နေရာပြန်မချရသေးသော ကျင့်ကြံသူများသည်ပင် ပါသွားလေသည်။

ထိုမှသာ သူတို့သည် တောင်ပိုင်းကန္တာရကို ခုခံကာကွယ်နိုင်မည်ဖြစ်သည်။

သူတို့၏ အဆင့်ကွာဟမှုနှင့် ငြင်းပယ်ရန်အင်အားမရှိမှုတို့ကြောင့် ကောင်းကင်သခင် အသူရာကျမ်းစာ နှင့် ကောင်းကင်သခင် မိုးကြိုးတိမ်တို့က သဘောတူလိုက်ကြရသည်။

သို့ရာတွင်၊ သူတို့ကြိုတင်မမျှော်လင့်ထားခဲ့သည်မှာ ထိုအလယ်ပိုင်းမြေပြန့်မှ အင်အားစုများက ကြီးမားသည့် နယ်မြေဖြတ်ကျော်ပို့ဆောင်ရေးအစီအရင်များနှင့် ရောက်ရှိလာခဲ့ပြီး သူတို့သည် တစ်နည်းအားဖြင့် ကျမ်းသစ္စာဆိုထားသော နေရာအစိတ်အပိုင်းများကိုကျော်လာခဲ့ကာ လူအများတုံ့ပြန်မှုကို ရှောင်ကွင်းလာခဲ့လေသည်။

ယခင်က သဘောတူထားသည်မှာ၊ သူတို့သည် တစ်ကြိမ်တည်းနှင့်အကူအညီပေးရန်ဖြစ်သော်လည်း သူတို့သည် မကူညီခဲ့ပေ။

ကောင်းကင်သခင်မိုးကြိုးတိမ်ကျဆုံးသွားကာ ကောင်းကင်သခင်အသူရာကျမ်းစာက ကြီးမားစွာ ဒဏ်ရာရသွားသည့်အချိန်မှသာ မဟာလင်းအင်ပါယာနန်းတော်က နတ်ဆိုးကပ်ဘေးကို ကူညီရင်ဆိုင်ပေးခဲ့သည်။

နတ်ဆိုးကပ်ဘေးပြီးဆုံးသောအခါ၊ ဒဏ်ရာပြင်းထန်သော ကောင်းကင်သခင်အသူရာကျမ်းသာ ကျန်ရှိတော့သည်။ သူသည် မဟာလင်းအင်ပါယာနန်းတော်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစုများမှ ဦးဆောင်သည့် အလယ်ပိုင်းမြေပြန့်ဒေသအား ခုခံနိုင်ရန် စွမ်းအားမရှိတော့ပေ။ သူသည် အကူအညီမဲ့စွာနှင့် သူတို့၏တောင်ပိုင်းကန္တာရအား သုံးပုံနှစ်ပုံထိနယ်ချဲ့လာသည်ကို ကြည့်နေခဲ့ရသည်။ ထိုနယ်ချဲ့မှုက သူတို့၏ကြားမှ ကျမ်းသစ္စာဆိုထားသောကြောင့်သာ ယာယီရပ်တန့်နေရခြင်းဖြစ်သည်။

မဟုတ်လျှင် ယခု တောင်ပိုင်းကန္တာရတစ်ခုလုံးက အလယ်ပိုင်းမြေပြန့်၏အင်အားစုများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေခဲ့လောက်ပြီဖြစ်သည်။

ကျန်းချန်ရွှမ်သည် အခြေအနေအမှန်က ဤသို့ဖြစ်နေမည်ကိုလုံးဝမထင်ထားခဲ့ပါ။

အနှစ်သာရကိုးပါးကျင့်ကြံရေးလောက၏ အထင်ရှားဆုံးလောကဖြစ်သော်လည်း သူတို့သည် အင်အားစုများကိုပူးပေါင်းကာ နတ်ဆိုးကပ်ဘေးကို ဆန့်ကျင်ရန် အရင်မတွေးကြပေ။ ထိုအစား သူတို့သည် ကျင့်ကြံသူမိတ်ဆွေများကို လျို့ဝှက်ကြံစည်ကာ ထိုနတ်ဆိုးကပ်ဘေးမှ ရရှိမည့်အကျိုးအမြတ်များကို တွက်ချက်နေခဲ့ကြသည်။

နိုင်ငံအဝှမ်းအရေးကိစ္စမှ အမြတ်ထုတ်ရန် ကြိုးစားနေသူများနှင့် ဆင်တူပြီး စက်ဆုပ်ဖွယ်ဖြစ်ကာ ရွံရှာမုန်းတီးဖွယ် ဖြစ်ပေသည်။

ထို့ကြောင့် ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် မြောက်ပိုင်းနယ်နိမိတ်မှ အခြားသူများက အလယ်ပိုင်းမြေပြန့်ဒေသ၏ကောင်းကင်သခင်များက သူတို့၏အရေးကိစ္စများ၌ ကြားဝင်ရန် ငြင်းပယ်ခဲ့ကာ သူတို့၏အကူအညီကို မယူခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်တော့ပါ။

ထိုအင်အားစုများ၏အလိုဆန္ဒမှာ အလွန်ကြီးလွန်းကာ ကျိုးကြောင့်သင့်သောလူတစ်ယောက်က လက်ခံပေးရန် ကျော်လွန်နေပေသည်။

“ပြီးတော့ သူတို့ တောင်ပိုင်းကန္တာရရဲ့ ပိုင်နက်တွေကိုရပြီးသွားတော့ ဒီနယ်မြေတွေကို ဖွံ့ဖြိုးတိုးတက်အောင်မကြိုးစားပဲ အဲ့ဒီအစား အဲ့နေရာက သယံဇာတတွေကို အများကြီး ခေါင်းပုံဖြတ်ခဲ့တယ်။

သူတို့က ဒီနေရာက ကျင့်ကြံသူတွေကိုတောင် ကျွန်အဖြစ်ဆက်ဆံကြသေးတယ်။”

ရှန်းရူယန်က ထိုသတင်းအချက်အလက်ကို ပြောပြလိုက်မှသာ ကျန်းချန်ရွှမ်က နောက်ဆုံး၌ သူတို့တောင်ပိုင်းကန္တာရသို့ရောက်သည့်နှင့် ရင်ဆိုင်နေရသည့် မြင်ကွင်းက အလွန်ယိုယွင်းပျက်စီးနေရသည့် အကြောင်းအရင်းကိုသိရတော့သည်။

အထူးသဖြင့် သူတို့မြင်တွေ့ခဲ့ရသည့် ကျင့်ကြံသူများသည် အသက်မဲ့နေသည့် မျက်လုံးများနှင့် မျက်နှာများရှိကာ ဖြတ်လတ်တက်ကြွခြင်းမရှိဘဲ အားလုံး ထုံအနေကြခြင်းဖြစ်သည်။

ထိုကဲ့သို့သော ဆက်ဆံမှုမျိုးကို ခံစားရပြီးနောက် စိတ်ဓာတ်ကျနေကြသည်မှာ အံ့ဩစရာမရှိတော့ပါ။

“ကိုယ်တို့အခုဘယ်မှာရောက်နေလဲဆိုတာမင်းသိလား?

ဒီနေရာနဲ့ ကောင်းကင်သခင်အသူရာကျမ်းတို့ ရှိနေတဲ့နေရာနဲ့က ဘယ်လောက်ဝေးလဲ?”

ကျန်းချန်ရွှမ်က ရှန်းရူယန်အား ကြည့်လိုက်သည်။

အချိန်အနည်းငယ်ခန့် တွေးကြည့်ပြီးနောက်၊ ရှန်းရူယန်က ပြန်ဖြေလိုက်သည်။

“ကျွန်မတို့လက်ရှိမှာ မဟာယန်နိုင်ငံကို ရောက်နေတာ။ ကောင်းကင်သခင်အသူရာကျမ်းတို့ ရှိတဲ့နေရာက တောက်နတ်ဘုရားနယ်မြေမှာဖြစ်လို့ ဝေးနေသေးတယ်လို့ ဆုံးဖြတ်လို့ရတယ်။

ကျွန်မတို့ရဲ့အမြန်နှုန်းနဲ့တောင် အဲ့ဒီကိုပျံသွားရင် ဆယ်ရက်လောက်ကြာမယ်။”

“ဆယ်ရက်လား? ဒါဆို သွားပြီး ကြည့်ကြတာပေါ့။”

ကျန်းချန်ရွှမ်က ပြုံးကာပြောလိုက်သည်။

ရှန်းရူယန်ကလည်းခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ၊ သွားပြီး ကြည့်ကြတာပေါ့။”

စကားပြောရင်းနှင့်ပင် ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများသည် လေထဲတွင်ပင် ဖုန်မှုန့်အဖြစ်ပြောင်းသွားလေတော့သည်။

“မင်းတို့ ငါ့ ကောင်းကင်ဂိတ်ဝဂိုဏ်းက ကျင့်ကြံသူတွေကို ဘယ်လိုလုပ် သတ်ရဲရတာလဲ?

မင်းတို့ သေချင်နေတာပဲ။”

ထိုအချိန်တွင် ဒေါသထွက်နေသော အော်သံတစ်ခုက ရုတ်တရက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ နောက်မှ ထွက်ပေါ်လာခဲ့သည်။

ရှည်သောဝတ်ရုံကိုဝတ်ဆင်ထားကာ သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူက များစွာသော ရွှေအမြုတေကျင့်ကြံသူများနှင့်အတူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီဦးတည်၍ လာနေလေသည်။

သို့ရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က လှည့်ပင်မကြည့်ပါ။

ရုတ်တရက် လေထဲတွင် ဟိန်းသံတစ်ခုထွက်လာခဲ့သည်။

ချက်ခြင်းပင် ခန၌ မယှဉ်နိုင်သော ကြီးမားသည့် မြေနဂါးကြီးတစ်ကောင်က ကျင့်ကြံသူများ၏ရှေ့တွင် ပေါ်လာခဲ့သည်။

ဘန်း…..

သို့ရာတွင် သံသယဝင်နေစရာပင်မလိုအောင် မြေနဂါးထံမှ ဓားတစ်ချက်က ထိုကျင့်ကြံသူများကို သွေးမှုန်များဖြစ်စေခဲ့သည်။

ထိုနဂါးက စိတ်လှုပ်ရှားစွာ ဟိန်းလိုက်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား သယ်ဆောင်ကာ တောက်နတ်ဘုရားနိုင်ငံကို ခေါ်ဆောင်သွားလေတော့သည်။

....

ခနအကြာတွင်၊ အလင်းတန်းသုံးခုက မြင်ကွင်းမှ ပေါ်ထွက်လာသည်။

ဦးဆောင်သူက ဖြူဖျော့ကာ မှုတ်ဆိတ်မွေးမရှိသောသူဖြစ်ပြီး မျက်လုံးကျဉ်းကာ အေးစက်သော အရောင်အဝါရှိသည်။

ထိုသူမှာ ယန်ကျန်းရင်ဖြစ်ကာ မဟာလင်းအင်ပါယာနန်းတော်မှလွတ်ထားသော မိန်းမစိုးတစ်ယောက်ဖြစ်၍ အခြေတည်ဝိညာဉ်အစောပိုင်းအဆင့် ရှိလေသည်။

သူနှင့်အတူ ကောင်းကင်ဂိတ်ဝဂိုဏ်းမှ အခြေတည်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးဖြစ်သည့် ကျုန်းရွှမ်နှင့် ဝူချန်း လည်း ပါလေသည်။

သူတို့သုံးဦးသည် အထူးသဖြင့် ကျုန်းရွှမ်နှင့် ဝူချန်းတို့က သူတို့ရှေ့မှ မြင်ကွင်းကို တင်းမာစွာကြည့်နေကြသည်။

ကျဆုံးသွားသူများမှာ သူတို့၏ကောင်းကင်ဂိတ်ဝဂိုဏ်းမှ အဖွဲ့ဝင်များဖြစ်ကြကာ သူတို့အား နေလည်ခင်းကြီးတွင်ပင် သတ်သွားသည့်အပြုအမူမှာ ကောင်းကင်ဂိတ်ဝဂိုဏ်းအပေါ် လေးစားမှုမရှိခြင်းပင်ဖြစ်သည်။

“မိန်းမစိုးယန်….”

ကျုန်းရွှမ်က ယန်ကျန်းရီဖက်လှည့်ကာပြောလိုက်သည်။

“ကျွန်တော်တို့ကောင်းကင်ဘုံဂိတ်ဝဂိုဏ်းက ကျင့်ကြံသူတွေကို ဒီလိုသတ်သွားရဲတဲ့ တရားခံဟာ အရမ်း ရက်စက်တာပဲ။

ကျွန်တော်တို့ လျှို့ဝှက်အသုံးအဆောင်ကို သုံးပြီး တရားခံရဲ့ပုံစံကိုဖော်နိုင်တယ်။ ကျွန်တော်တို့ ကောင်းကင်ဂိတ်ဝဂိုဏ်းက လူတွေက ခင်ဗျားရဲ့အကူအညီအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။”

***

All Chapters