← Chapters

ချိုးဖောက်ခြင်း၊ အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်

Vol. 32 Ch. 614

ချိုးဖောက်ခြင်း၊ အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်

Vol. 32 Ch. 614

ကျုန်းရွှမ်၏စကားများကိုကြားလျင် မဟာလင်းအင်ပါယာနန်းတော်က မိန်းမစိုး ယန်ကျန်းရင်က ဖျော့ဖျော့ပြုံးလိုက်သည်။

သူသည်ကျုန်းရွှမ်ကို ခေါင်းညိတ်ပြကာ သူ၏ကူညီရန်အဆင့်သင့်ဖြစ်နေပုံကို ပြလိုက်သည်။

“စိတ်ချပါ။ တာအိုရောင်းရင်းကျုန်းရွှမ်။ ဒီလူက ခင်ဗျားရဲ့ဂိုဏ်းကလူတွေကို သတ်နိုင်မှတော့ ခင်ဗျားရဲ့ဂိုဏ်းကိုစိန်ခေါ်လိုက်တာတင်မကဘူး။ ကျုပ်တို့မဟာလင်းအင်ပါယာနန်းတော်တစ်ခုလုံးကိုပါ စိန်ခေါ်လိုက်တာပဲ။

ကျုပ်ကလည်း လူသတ်သမားကိုမြင်နိုင်ဖို့ ဒီမြင်ကွင်းကို ပြန်လည်တည်ဆောက်ပေးပါ့မယ်။”

ယန်ကျန်းရင်သည် အထွတ်အမြတ်အသုံးအဆောင်ဖြစ်သည့် အဖြူရောင်ရူယီကိုထုတ်လိုက်ကာ အမှုအခင်းဖြစ်သည့်နေရာတွင် နေရာချလိုက်သည်။

သူ၏ဓမ္မစွမ်းအင်ကို ထည့်သွင်းလိုက်ကာ ထိုရူယီက နို့နှစ်ရောင်အလင်းကို ထုတ်လွတ်လာကာ မရေရာသည့်ပုံရိပ်များက စတင်၍ ထွက်ပေါ်လာသည်။

ကျီ…ကျီ…ကျီ…

သို့ရာတွင် ထိုအချိန်၌ ပြင်းထန်သောအင်အားက ရူယီကိုဖြတ်သွားသည့်ပုံပေါ်ကာ ထိုအလင်းကို မှေးမှိန်ကာ တုန်လှုပ်သွားစေပုံပေါ်သည်။

ပြီးနောက် ယန်ကျန်းရင်၊ ကျုန်းရွှမ်နှင့် ဝူချန်းတို့က ထိတ်လန့်စရာတစ်ခုခုကို မြင်လိုက်ရသည့်။

အက်ကွဲကြောင်းများကရုတ်တရက် ရူယီ၏ မျက်နှာပြင်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

ခွပ်…

ထိုနေရာတွင် နားထဲစူးရှသွားသည့် အသံကြီးတစ်ခု ပေါ်လာခဲ့သည်။

ဖြူဆွတ်နေသည့် ရူယီက ယန်ကျန်းရင်၏ရှေ့တွင် အမှုန့်အဖြစ် ပြောင်းလဲသွားလေသည်။

“ငါ့ရဲ့ မိုးကြိုးပန်းပွင့်ဝိညာဉ်ကျောက်စိမ်း..”

ယန်ကျန်းရင်က နာကျင်စွာအော်လိုက်သည်။ ရူယီက မဟာလင်းအင်ပါယာနန်းတော်၏ ဧကရာဇ်ဆီမှ တန်ဖိုးရှိသည့်ရတနာဖြစ်သည်။

၎င်းသည် အတိတ်ကဖြစ်ရပ်များကို ထင်ဟပ်ပြသနိုင်သည်။

သို့သော်ယခုမူ ထိုရတနာက ဤကဲ့သို့ ပျက်စီးသွားခဲ့ရသည်။

ထိုဖြစ်ရပ်က ယန်ကျန်းရင်၏နှလုံးကို နာကျင်စေကာ အသက်ရူ၍မရအောင်ပင်လုပ်နေသည်။

ကောင်းကင်ဂိတ်ဝဂိုဏ်း၏ ကျုန်းရွှမ်နှင့် ဝူချန်းတို့ကလည်း ရူယီပျက်စီးသွားသည်ကိုတူညီစွာ အံ့ဩသွားကြသည်။

သူတို့သည် ယန်ကျန်းရင်၏ရတနာကိုပင် ပျက်စီးအောင်လုပ်စေနိုင်သောစွမ်းအင်ရှိသူက မည်သူဖြစ်မည့်အကြောင်းကို သိချင်နေကြပေသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ထိုတိုးတက်မှုများကို သတိမထားမိဘဲ သူတို့၏ခရီးကိုသာဆက်သွားနေခဲ့သည့်။

........

လဝက်အကြာတွင်၊ သူတို့သည် နောက်ဆုံး၌တောင်ပိုင်းကန္တာရ၏ တောက်နတ်ဘုရားနိုင်ငံသို့ ရောက်သွားကြသည်။

လက်ရှိတောင်ပိုင်းကန္တာရသည် တကယ်ပင် ကျဆင်းနေကာ ပျက်စီးသောအခြေအနေသို့ ကျရောက်နေလေသည်။

လမ်းတစ်လျှောက်လုံးတွင်၊ ကျင့်ကြံသူအားလုံးသည် သူတို့ပထမအကြိမ်က မြင်ခဲ့ဖူးသည့် အတိုင်းပင်ဖြစ်သည်။

သူတို့သည် အသက်မဲ့ကာထုံအနေကြသည်။

မိုင်းခွဲကာ အသုံးအဆောင်ပစ္စည်းများသန့်စင်သည်ကလွဲ၍ သူတို့ခွင့်ပြုချက်ရသည့်အလုပ်မရှိပေ။

အမှန်မှာမူ ကျင့်ကြံခြင်းသည်ပင် လွန်ကဲသောအရာဖြစ်နေသည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် မဟာလင်းအင်ပါယာနန်းတော်နှင့် အခြားဝိညာဉ်ဖွဲ့စည်းခြင်း အင်အားစုများက ထိုကဲ့သို့လုပ်ရပ်မျိုးလုပ်ထားသည်ကို တွေးမိရန်ပင်ခက်ခဲသည်။

လူများအား လူသားကဲ့သို့ မဆက်ဆံသည့် နတ်ဆိုးကျင့်ကြံသူများနှင့် မည်သို့ကွာခြားပါတော့မည်နည်း?

ထို့အပြင် ဤအရာများသည် အသေးစားပင်ဖြစ်သည်။

အမှောင်ထဲတွင် မည်ကဲ့သို့ဆိုးရွားသည့်အရာများထပ်ရှိနေမည်ကို မပြောနိုင်ပါ။

ကံကောင်းစွာပင်၊ သူတို့သည် တောက်နတ်ဘုရားနိုင်ငံသို့ရောက်ရှိနေပြီဖြစ်သည်။

လေထုနှင့်ပတ်ဝန်းကျင်က သူတို့ဖြတ်လာသည့်နေရာများထပ် သာပါသည်။

ဤလောက၏ ဝိညာဉ်ချီသိပ်သည်းမှုသည်လည်း အခြားနေရာများထပ် သာလွန်သည်။

မကြာမီတွင် ထိုစုံတွဲက မသေမျိုးများနေထိုင်ရာမြို့တစ်မြို့ဖြစ်သည့် အမွှာနှင်းပွင့်မြို့တွင် နေလိုက်ကြသည်။

ထိုမသေမျိုးမြို့သည်တောက်နတ်ဘုရားနိုင်ငံတစ်ခုလုံးတွင် အကြီးဆုံးမသေမျိုးမြို့များထဲမှ တစ်ခုဖြစ်သည်။

အခြေတည်ဝိညာဉ်ဂိုဏ်းတစ်ခုဖြစ်သည့် ရေခဲကျောက်စိမ်းနန်းတော်၏ အထောက်အပံကိုလည်း ရထားသည်။

ရေခဲကျောက်စိမ်းနန်းတော်၏ပထမအကြီးအကဲဖြစ်သည့် ရေခဲပင်လယ်စံသခင်ကြီးက အခြေတည်ဝိညာဉ်နောက်ပိုင်းအဆင့်တွင်ဖြစ်သည်ဟု ပြောကြသည်။

၎င်းသည် ကောင်းကင်သခင် အသူရာကျမ်းနောက်လိုက်သည့် အနည်းငယ်သော ကြီးမားသော ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အမွှာနှင်းပွင့်မြို့တွင် တည်ငြိမ်သောပတ်ဝန်းကျင်ကိုရှာပြီး အခြေတည်ဝိညာဉ် နဝမအဆင့်ကို ချိုးဖောက်ရန် လာခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ သူတို့သည် တောင်ပိုင်းကန္တာရတွင် အဆင့် ၅ သစ်နွယ်ချပ်ဝတ်တန်ဆာကို လာရှာခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်ပိုင်ဆိုင်ခဲ့ဖူးသော သစ်သားမြေဓာတ် ချပ်ဝတ်ကဲ့သို့ ၎င်းသည် အရှေ့ပိုင်းအစိမ်းရောင်နဂါးအလံကို သန့်စင်ရန်အရေးကြီးလိုအပ်သည့် ပစ္စည်းပင်ဖြစ်သည်။

.......

အချိန်က တဖြည်းဖြည်းနှင့် ကုန်ဆုံးသွားသည်။

မျက်စိတမှိတ်အတွင်းတွင်ပင်၊ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သည်။

ထိုနေ့တွင်၊

အမွှာနှင်းပွင့်မြို့၏ဂူတွင် ကျန်းချန်ရွှမ်က ဝိညာဉ်စမ်းရေခြင်ဆီမှ ထုတ်လာသည့် မြူများနှင့် ဖုံးလွှမ်းနေသည်။

သူသည် သူ၏နည်းစနစ်အား လည့်ပတ်လိုက်ကာ ဝိညာဉ်စမ်းရေခြင်ဆီက စွမ်းအားတစ်ချို့ကဆွဲငင်သွားသည့် ပုံရပြီး သူ၏ခန္တာကိုယ်ထဲလိမ့်တက်သွားတော့သည်။

ဝိညာဉ်စမ်းရေ၏ခြင်ဆီများအကုန်စုပ်ယူပြီးသည်နှင့် ကျန်းချန်ရွှမ်က သူ၏နားထဲတွင် ကွဲအက်သွားသောအသံကိုကြားလိုက်ရသည်။

ဓမ္မစွမ်းအင်များလိမ့်တက်လာခြင်းသည် ယခင်ထပ်ပို၍ အင်အားကောင်းလာပြီး သူ၏ခန္ဓာကိုယ်တွင် ပေါက်ကွဲနေကာ သူ၏အရောင်အဝါကို တိုးမြင့်ပေးနေသည်။

တစ်ချိန်တည်းမှာပင်။

သူ၏ခန္ဓာကိုယ်တွင် အနက်ရောင်နှင့် အဖြူရောင်လေများက လှည့်ပတ်နေသည်။

၎င်းသည် သူ၏ခန္ဓာကိုယ်ကို ရုတ်တရက် ရှည်မျောသွားစေသည်။

ပေ ၃၀၊ ပေ ၅၀၊ ပေ ၇၀၊ ပေ ၈၀….

ပေ ၈၀ သို့ရောက်သောအခါ ၎င်းသည် ရပ်သွားခဲ့သည်။

သူသည်လက်သီးကိုဆုပ်ကြည့်လိုက်သည်။

ကျန်းချန်ရွှမ်က သူ၏ကာယစွမ်းအင်သည် အဆပေါင်းများစွာ ပို၍ သန်မာလာခဲ့သည်ကို ခံစားလိုက်ရသည်။

အထူးသဖြင့် သူ၏ခုခံမှုဖြစ်သည်။

ထိုအချိန်တွင် သာမန် အဆင့် ၅ စစ်မှန်ရတနာသည်ပင် သူ၏ခန္ဓာကိုယ်ကို ထိခိုက်နိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

ဤဂူပိတ်ကျင့်ကြံခြင်းက တကယ်ပင် သူ၏ကျင့်ကြံခြင်းနှင့် ခန္တာကိုယ်ကို ချိုးဖောက်သွားစေသည်။

သူတို့၏ခန္ဓာကိုယ်က အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့် သို့ရောက်ရှိသွားသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်က နောက်ဆုံးတွင် ယုံကြည်ချက်အချို့ရရှိသွားသည်။

ယခင်က ဆယ်ဆဆေးလုံးကို မသုံးဘဲနှင့် သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်အား ဆန့်ကျင်၍ ရှင်သန်နိုင်ရုံသာရှိသည်။

သို့သော် ယခုမူ သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်ကိုရင်ဆိုင်တိုက်ခိုက်နိုင်သည့် စွမ်းရည်ရှိကြောင်းခံစားခဲ့ရသည်။

ဆယ်ဆဆေးလုံးနှင့် ဆိုလျှင် သူသည် တစ်ဦးကိုပင် ရှုံးနိမ့်စေနိုင်လိမ့်မည်ဖြစ်သည်။

ကျန်းချန်ရွှမ်သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မရောက်သေးဘဲနှင့် ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင်ကို ရင်ဆိုင်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်နိုင်ခဲ့ပေသည်။

သူသည် ဂူပိတ်ကျင့်ကြံခြင်းမှ ထွက်လာသည့်အချိန်တွင် ရှန်းရူယန်က ဂူပိတ်ကျင့်ကြံခြင်းမှ မထွက်လာသေးသည်ကို တွေ့လိုက်ရသည်။ သူသည် အလျှင်မလိုဘဲ အပြင်၌သာ စောင့်နေလိုက်သည်။

.......

နှစ်တစ်ဝက်ခန့်ကြာလျှင်။

တင်ပျဉ်ခွေထိုင်နေသာ ကျန်းချန်ရွှမ်က ရှန်းရူယန်၏ဖက်သို့ ရုတ်တရက်ကြည့်လိုက်သည်။

ဂူ၏တံခါးက တဖြည်းဖြည်းနှင့် ပွင့်လာခဲ့သည်။

အစိမ်းနုရောင်ဝတ်ဆုံဝတ်ထားသည့် ရှန်းရူယန်က ထွက်လာလေသည်။

ကျန်းချန်ရွှမ်က ချက်ခြင်း သူမထံမှ နက်နဲသိမ်မွေ့ကာ တိုင်းတာ၍ မရနိုင်သော အရောင်အဝါတစ်ခု ထွက်နေသည်ကို ခံစားလိုက်ရကာ ယခင်ထပ်ပိုမို၍ ကြံခိုင်သန်မာနေသည်ကိုတွေ့လိုက်ရသည်။

သူသည် မနေနိုင်ဘဲပြုံးကာ သူမအားနှုတ်ဆက်လိုက်သည်။ “ဂုဏ်ယူပါတယ်၊ မိန်းမ။”

“ကျေးဇူးတင်ပါတယ်။”

ရှန်းရူယန်ကလည်းအပြုံးနှင့် ပြန်ဖြေလိုက်သည်။ “ရှင့်အတွက်လည်း ဂုဏ်ယူပါတယ်။” သူတို့နှစ်ဦးသည် အတူထိုင်လိုက်ပြီး ဂူပိတ်ကျင့်ကြံသည့်နှစ်များအတွင် အသေးစိတ်ကို မျှဝေနေကြလေသည်။

ကျန်းချန်ရွှမ်က ရှန်းရူယန်သည် အခြေတည်ဝိညာဉ်ကျင့်ကြံခြင်း နဝမအဆင့်ကိုပင် ရောက်ခဲ့သည် သာမကဘဲ သူမသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၏ အဝကိုပင် ရောက်နိုင်ခဲ့ကြောင်းကို သိရှိခဲ့ရသည်။

ဆိုလိုသည်မှာ သူမသည် မှန်ကန်သောပစ္စည်းကိုရသည်နှင့် သူမသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဖြစ်သည်။

၎င်းသည် ကျန်းချန်ရွှမ်မမျှော်လင့်ထားမိသောအရာဖြစ်သည်။

သူ၏ကျင့်ကြံဆင့်နှင့် ကာယခွန်အားက အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်သို့ ရောက်ခဲ့ပြီ ဖြစ်သော်လည်း၊ သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့တက်လှမ်းနိုင်ရန် ယုံကြည်ချက်မရှိသေးပါ။

အဓိကအကြောင်းအရင်းမှာ သူလက်ရှိကျင့်ကြံနေသော ကျင့်ကြံရေးနည်းစနစ်ကြောင့်ဖြစ်သည်။

စစ်မှန်သော ဓာတ်ငါးပါးနည်းစနစ် ဖြစ်သည်။

သူ၌ လက်ရှိတွင် စစ်မှန်သောဓာတ်ငါးပါးနည်းစနစ်၏ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အကြောင်း မရှိသေးပေ။

ယခင်ကမူ သူသည် စစ်မှန်သောဓာတ်ငါးပါးနည်းစနစ်၏ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အကြောင်းကို အကောင်းဆုံးကြိုးစားရှာဖွေခဲ့သည်။

သို့ရာတွင် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် တစ်ခုကိုမှ မတွေ့ခဲ့ရပေ။

စစ်မှန်သောဓာတ်ငါးပါးနည်းစနစ်၏ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်က မတည်ရှိဖူးသကဲ့သို့ပင်ဖြစ်သည်။

သူသည်ယခုထိရှာမတွေ့သေးသည့်အတွက် သူကိုယ်တိုင် စစ်မှန်သောဓာတ်ငါးပါးနည်းစနစ်၏ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို သူကိုယ်တိုင်သာ ကျိုးကြောင်းဆင်ခြင်နိုင်ပေသည်။

ကံကောင်းစွာပင် သူ၌ ဆင်ခြင်ကောက်ချက်ချနိုင်သည့် ပုတီးစေ့က လက်ထဲတွင်ရှိနေသဖြင့် သူ၏ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အတွက် အထောက်အကူဖြစ်နိုင်ပေသည်။

ထိုစုံတွဲက စကားပြော၍ ပြီးကာ ထွက်ခွာတော့မည့် အချိန်တွင် ဂူဝ၏ အကာအရံက ရုတ်တရက် လှုပ်ခါလာခဲ့သည်။

ပြီးနောက် ဂူဝရှိအကာအရံဆီမှ ပို့ဆောင်လာသည့်အသံတစ်ခုရောက်ရှိလာသည်။

“ကျွန်မက ရေခဲကျောက်စိမ်းဂိုဏ်းက ဝူပင်းယွင်ပါ။ တာအိုရောင်းရင်းကျန်းချူအန်းနဲ့ တာအိုရောင်းရင်း ရှန်းယန်တို့ ရှိပါသလား?

ဖြစ်နိုင်ရင် ကျွန်မ ရှင်တို့ဆီကို လာလည်ချင်လို့ပါ။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူသယန်တို့က ထိုအသံကိုကြားလျှင် ကြောင်သွားကြသည်။

ဝူပင်းယွင်သည် ရေခဲကျောက်စိမ်းဂိုဏ်း၏ပထမအကြီးအကဲ ဖြစ်သော ရေခဲပင်လယ်စံသခင်ဖြစ်ကာ အခြေတည်ဝိညာဉ်နောက်ပိုင်းအဆင့်ဖြစ်သော သူမဟုတ်ပါလား?

သူမက အဘယ်ကြောင့် ဤနေရာသို့ရောက်နေရပါသနည်း?

သူတို့နှစ်ဦးသည် အချင်းချင်းကြည့်လိုက်ကြကာ နားလည်သွားခဲ့သည်။

မှန်ပါသည်။

သူတို့သည် ရေခဲကျောက်စိမ်းဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးတစ်ခုမှ ပုန်းကွယ်နေနိုင်ရန် မဖြစ်နိုင်ပါ။

အထူးသဖြင့် သူတို့သည် ထိုသူတို့၏ပိုင်နက်တွင် လာရောက် ကျင့်ကြံနေခြင်းမဟုတ်ပါလား။

သူတို့၏နတ်ဘုရားအာရုံမှ ပုန်းကွယ်နေနိုင်ရန် ခက်ခဲပါသည်။

သို့ရာတွင်၊ ရေခဲကျောက်စိမ်းနန်းတော်၏ပထမအကြီးအကဲက ယဉ်ကျေးမှုရှိပေသည်။

သူသည် အကာအရံကို အစပြုမိသော်လည်း သူတို့အားသက်ရောက်မှုမရှိစေပါ။

အသံပို့ဆောင်ရေးမှတဆင့် သတင်းစကားကိုပါ ပါးလိုက်သေးသည်။

ဆိုလိုနေသည်မှာ……

အကယ်၍ သူတို့နှစ်ဦးက ဂူပိတ်ကျင့်ကြံနေဆဲဆိုလျှင် ရေခဲကျောက်စိမ်းနန်းတော်၏ ပထမအကြီးအကဲ လုပ်ရပ်က သူတို့၏ကျင့်ကြံခြင်းကို သက်ရောက်မှုမရှိနိုင်ပါ။

ထိုကဲ့သို့စဉ်းစားလိုက်ပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အပြင်သို့ထွက်ကာ ရေခဲပင်လယ်စံသခင်အား ထွက်တွေ့ရန် ဆုံးဖြတ်လိုက်သည်။

ပထမအချက်မှာ ယဉ်ကျေးမှုအရဖြစ်သည်။

ဒုတိယမှာ သူတို့သည် ထိုတောင်ပိုင်းကန္တာရ၏မဟာကျင့်ကြံသူထံမှ သူတို့လိုချင်သည့်အရာများ တွေ့နိုင်မည်လားဟူ၍ သိချင်နေကြသည်။

ချက်ခြင်းပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က အကာအရံကို ဖွင့်လိုက်လေသည်။

ဂူအပြင်ဖက်၌အဇူရာဝတ်စုံဝတ်ထားသော လှပသည့် အမျိုးသမီးကျင့်ကြံသူ တစ်ဦးကို တွေ့လိုက်ရသည်။

သူသည် ရေခဲကျောက်စိမ်းနန်းတော်မှ ပထမအကြီးအကဲ ရေခဲပင်လယ်စံသခင် ဝူပင်းယွင်ပင်ဖြစ်သည်။

“တာအိုရောင်းရင်းဝူ ကိုယ်တိုင်ရောက်လာလိမ့်မယ်လို့ကျွန်တော်မထင်ထားဘူး။”

ကျန်းချန်ရွှမ်က ချက်ခြင်းပြုံးကာ စကားစလိုက်သည်။ “တာအိုရောင်းရင်းဝူ၊ ဒီတစ်ကြိမ်မှာ လျစ်လျူရှုမိလို့ စိတ်ထဲမထားဘူးလို့ မျှော်လင့်ပါတယ်။”

ထို့သို့ပြောကာ ကျန်းချန်ရွှမ်က ပြုံးလျှက် ဝူပင်းယွင်အားအထဲဝင်ရန် ညွှန်ပြလိုက်သည်။

***

All Chapters