← Chapters

မဟာကျင့်ကြံသူများ လဲလှယ်ရေးပွဲ၊ မဖိတ်ခေါ်ထားသည့် ဧည့်သည်

Vol. 32 Ch. 615

မဟာကျင့်ကြံသူများ လဲလှယ်ရေးပွဲ၊ မဖိတ်ခေါ်ထားသည့် ဧည့်သည်

Vol. 32 Ch. 615

“ဘာတွေပြောနေတာလဲ၊ တာအိုရောင်းရင်းကျန်း?

ဒီတစ်ကြိမ်က ကျွန်မကသာ မဖိတ်ခေါ်ဘဲလာမိတာမို့ ကျွန်မကသာ ရှင်တို့ကို အလုပ်ရှုပ်စေမိတာပါ။”

ဝူပင်းယွင်က ပြုံးသည်။

သူသည် ရေခဲကျောက်စိမ်းနန်းတော်မှ ရေခဲပင်လယ်စံသခင်ဖြစ်ကာ သူမ၏နာမည်၌ပင် “ရေခဲ” ပါသော်လည်း သူမ၏ အမူအကျင့်က မအေးစက်နေပါ။

ထိုအစား၊ သူမသည် နွေးထွေးကာ ကြိုဆိုတတ်သည့်ခံစားချက်ကိုပေးနေသည်။

ထိုအချိန်တွင် သူမသည် ကျန်းချန်ရွှမ်၊ ရှန်းရူယန်တို့နှင့် အတူ ဂူထဲဝင်လာခဲ့သည်။

သူတို့ထိုင်လိုက်သည်နှင့် ကျန်းချန်ရွှမ်၏ဘေးတွင်ထိုင်သော ရှန်းရူယန်က ပြောလိုက်သည်။ “တာအိုရောင်းရင်းဝူ၊ ကျွန်မတို့ဆီလာလည်တာ အရေးကြီးကိစ္စတစ်ခုခုများရှိလို့လား?”

“ အရေးကြီးကိစ္စတော့မဟုတ်ပါဘူး။ ဖိတ်ခေါ်ချက်တစ်ခုလာလုပ်တာပါပဲ။”

ဝူပင်းယွင်က သူမ၏ကိုယ်မှ ဖိတ်စာတစ်ခုကိုထုတ်လိုက်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ရှေ့တွင် ချလိုက်သည်။

“ရက်အနည်းငယ်အတွင်းမှာ ကျွန်မတို့ရေခဲကျောက်စိမ်းနန်းတော်ကနေပြီး လက်ခံကျင်းပတဲ့ မဟာကျင့်ကြံသူများကုန်သွယ်ရေးပွဲရှိတယ်။

အန္တိမကောင်းကင်ဘုံဂိုဏ်းအောက်က မဟာကျင့်ကြံသူတွေအားလုံးတက်ရောက်ကြမှာ။

အကယ်၍ တာအိုရောင်းရင်းကျန်းနဲ့ ရှန်းတို့ အချိန်ရရင်၊ လာပြီး ကြည့်လို့ရပါတယ်။ ရှင်တို့စိတ်ဝင်စားတာ တစ်ခုခုတွေ့နိုင်တာပေါ့။”

ဝူပင်းယွင်ပြောသော အန္တိမကောင်းကင်ဘုံဂိုဏ်းက ကောင်းကင်သခင်အသူရာကျမ်းပိုင်သည့် ဂိုဏ်းဖြစ်သည်။

ရှင်းလင်းစွာပင်၊ ထိုလဲလှယ်ရေးပွဲသည် အဓိကအားဖြင့် အန္တိမကောင်းကင်ဘုံဂိုဏ်းနှင့် ၎င်း၏လက်အောက်ခံအင်အားစုများမှ ကျင့်ကြံသူများအဖွဲ့အစည်းအတွက်ပင်ဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က တနည်းအားဖြင့် စိတ်ဝင်စားနေကြသည်။

ထိုကဲ့သို့ ကြီးမားသောကုန်သွယ်ရေးပွဲက သူတို့လိုအပ်သည့်အရာများ ရှိနေနိုင်ပေသည်။

ထိုကဲသို့တွေးကာ ကျန်းချန်ရွှမ်က ဝူပင်းယွင်အားချက်ခြင်းပင်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ တာအိုရောင်းရင်းဝူ။

အချိန်ရောက်လို့ ကျွန်တော်တို့ဘာမှလုပ်စရာမရှိရင် အဲ့ဒီကိုလာခဲ့ပါ့မယ်။”

“ကောင်းပါပြီ။ ကျွန်မ ရှင်တို့ရဲ့တက်ရောက်မှုကို စောင့်နေပါ့မယ်။”

ဝူပင်းယွင်က ပြုံးကာ မတ်တပ်ရပ်လိုက်သည်။

သူမသည် အချိန်ကြာကြာနေရန် ရည်ရွယ်ချက်မရှိပေ၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား နှုတ်ဆက်ပြီးသည်နှင့် သူမကထွက်ခွာသွားသည်။

ဝူပင်းယွင်၏ထွက်ခွာသွားသောပုံရိပ်ကိုကြည့်ကာ ကျန်းချန်ရွှမ်က အတွေးထဲနစ်ဝင်သွားလေသည်။

ထိုအချိန်တွင် ရှန်းရူယန်ကပြောလိုက်သည်။

“ယောက်ျား၊ တာအိုရောင်းရင်းဝူက ကောင်းကင်သခင်အသူရာကျမ်းရဲ့ ညွှန်ကြားချက်နဲ့လာတယ်လို့ တွေးနေတာလား?”

“ဟုတ်တယ်။”

ကျန်းချန်ရွှမ်က ခေါင်းညိတ်သည်။

“နောက်ဆုံး တောင်ပိုင်းကန္တာရရဲ့ လက်ရှိအခြေအနေအရ ကောင်းကင်သခင်အသူရာကျမ်းက ကိုယ်တို့လိုကျင့်ကြံသူတွေရောက်နေတာကိုမသိဘူးပြီးတော့ တစ်နည်းနည်းနဲ့မတုံ့ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

“ဒါကြောင့် တာအိုရောင်းရင်းဝူရဲ့ဖိတ်စာက ဖိတ်ခေါ်မှုလည်းဟုတ်သလို စစ်ဆေးမှုလည်း ဖြစ်နိုင်တယ်ပေါ့။”

“အဲ့တာမှန်နိုင်တယ်။”

ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ အခုအတွက်တော့၊ အနည်းဆုံးတစ်ဖက်က အန္တရာယ်ရှိတဲ့ရည်ရွယ်ချက်ရှိပုံမရဘူး။

ထပ်ပြီးတော့၊ ကိုယ်တို့ ရေခဲကျောက်စိမ်းနန်းတော်ကိုသွားရင် အရာအားလုံးရှင်းလင်းသွားမှာပါ။”

......

တစ်ချိန်တည်းမှာပင်။

ဝူပင်းယွင်က ရေခဲကျောက်စိမ်းနန်းတော်သို့ ပြန်ရောက်သည်နှင့် သူမ၏ဂျူနီယာဖြစ်သူ အခြေတည်ဝိညာဉ်အလယ်ဆင့် အန်းချင်ယောင်ကို ခေါ်လိုက်သည်။

“ဘယ်လိုလဲ ဂျူနီယာညီမအန်း? ကျန်းချူအန်းနဲ့ ရှန်းယန်တို့ရဲ့ နောက်ခံကိုသိရပြီလား?”

အပန်းရောင်ဝတ်စုံဝတ်ထားသည့် အန်းချင်းယောင်က ခေါင်းကိုခါလိုက်သည်။

“တောင်းပန်ပါတယ် စီနီယာအစ်မ၊ ကျွန်မသူတို့ရဲ့နောက်ခံကို သေချာမသိရသေးပါဘူး။

ဒါပေမဲ့ ကျွန်မသေချာတာ သူတို့က အရှေ့ပိုင်းနဲ့ အလယ်ပိုင်းမြေပြန့်ဒေသတို့နဲ့ ပက်သက်တဲ့ပုံတော့ မပေါက်ဘူး။”

သူက စကားပြောပြီးသည်နှင့် သူသယ်ဆောင်လာသည့်ဆက်သွယ်ရေးအဆောင်က ပွင့်လာခဲ့သည်။

ထိုဆက်သွယ်ရေးအဆောင်ကိုစစ်ဆေးပြီးသည်နှင့် အန်းချင်းယောင်၏မျက်နှာက ချက်ခြင်းပင် အံ့ဩသွားခဲ့သည်။

“ဘာဖြစ်လို့လဲ၊ ဂျူနီယာညီမ အန်း?”

ဝူပင်းယွင်က အန်းချင်းယောင်၏ပုံမှန်မဟုတ်သည်ကို သတိပြုမီပြီး ချက်ခြင်း သိချင်စိတ်နှင့် မေးလိုက်သည်။

အန်းချင်းယောင်ကချက်ခြင်းပြုံးကာပြောလိုက်သည်။

“စီနီယာအစ်မ ဝူ၊ ကျွန်မထင်တာ ကျန်းချူအန်းနဲ့ရှန်းယန်တို့ရဲ့ အထောက်အထားအတွက် စိတ်ပူစရာ မလိုတော့ဘူးထင်ပါတယ်။”

“အို? ဘာလို့လဲ?” ဝူပင်းယွင်က အံ့ဩသွားသည်။

အန်းချင်းယောင်က ကျောက်စိမ်းအဆောင်ကို ဝူပင်းယွင်ဆီသို့ ပေးလိုက်သည်။

“ဒီသတင်းက ကျွန်မရဲ့ အခြားတစ်ဖက်က အတွင်းလူဆီကသတင်းပါ။ ပြောထားတာက ကောင်းကင်ဂိတ်ဝဂိုဏ်းနဲ့ မဟာလင်းအင်ပါယာနန်းတော်ကလူတွေက ကောင်းကင်ဂိတ်ဝဂိုဏ်းက ကျင့်ကြံသူတွေကိုသတ်သွားတဲ့ လူနှစ်ယောက်ကို လိုက်ရှာနေပါတယ်တဲ့။

စိတ်ဝင်စားစရာက အဲ့ဒီအဖြစ်အပျက်က လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဖြစ်ခဲ့တာပဲ။

အပေါ်ယံကြည့်ရင်တော့ မဆိုင်သလိုထင်ရပေမဲ့ ဒီလိုလောကမှာ အဲ့လိုတိုက်ဆိုင်တယ်ဆိုတာကို ကျွန်မတော့မယုံဘူး။

စီနီယာအစ်မ၊ ကိုယ်တိုင်ကြည့်ကြည့်ပါ။”

အန်းချင်းယောင်ဆီမှကျောက်စိမ်းအဆောင်ကိုယူလိုက်ပြီး ဝူပင်းယွင်က တစ်ချက်ပင်ကြည့်ကာ ပြုံးလိုက်သည်။

“အကယ်၍ ငါမမှားရင် ကောင်းကင်ဂိတ်ဝဂိုဏ်းက လူတွေကိုသတ်သွားတာက အစ်ကိုကျန်းနဲ့ အစ်မရှန်းတို့ဖြစ်မယ်။

ငါတို့ရဲ့ အတွင်းလူက မဟာလင်းအင်ပါယာနန်းတော်က လူက သူတို့ရဲ့ အထောက်အထားကိုသိနိုင်ဖို့ တွက်ချက်ခြင်းနည်းစနစ်ကိုသုံးခဲ့ပေမဲ့ ဘာမှမရခဲ့ဘူးတဲ့။

အဲ့တာတင်မကသေးဘူး၊ ဒါမဲ့ သူတို့က တုံ့ပြန်မှုကိုပါရခဲ့သေးတယ်တဲ့။

စိတ်ဝင်စားစရာက၊ တာအိုရောင်းရင်း ကြယ်ကိုလည်း သူတို့ရဲ့ အထောက်အထားကို အရင်နှစ်က နတ်ဘုရားအာရုံနဲ့ စစ်ဆေးကြည့်ဖို့ မေးထားတယ်။ သူပြောတာ အဲ့ဒီနှစ်ယောက်က အာရုံခံနိုင်တာကိုကျော်လွန်နေပြီး အဲ့တာကိုစုံစမ်းရင်တုံ့ပြန်တယ်လို့ပြောတယ်။ ဒါကြောင့်။

ငါသံသယဝင်နေရတဲ့အကြောင်းအရင်းတွေကမဟာလင်းအင်ပါယာနန်းတော်က ရှာနေတဲ့လူတွေဟာ အစ်ကိုကျန်းနဲ့အစ်မရှန်းတို့ပဲဖြစ်ရမယ်။”

ထိုအချိန်တွင် ဝူပင်းယွင်က ခနရပ်လိုက်ပြီး ဆက်ပြောလေသည်။

“အကယ်၍ ဒီအတိုင်းသာဆိုရင် အစ်ကိုကျန်းနဲ့အစ်မရှန်းတို့ရဲ့ အထောက်အထားက ပြသနာမရှိလောက်ဘူး။

ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲလေ။

ပြီးတော့လည်း၊ ငါတို့ သူတို့နဲ့တကယ့်မိတ်ဆွေတွေဖြစ်သွားနိုင်သေးတယ်။”

.......

ရက်အနည်းငယ်အကြာတွင်။

ရေခဲကျောက်စိမ်းနန်းတော်တွင်ဖြစ်သည်။

အင်အားကြီးသော အလင်းတန်းများက ရေခဲကျောက်စိမ်းနန်းတော်၏အပေါ်မှ နတ်ဘုရားရေခဲတောင် ထိပ်တွင် သက်ဆင်းနေကြသည်။

ပတ်ပတ်လည်သို့ကြည့်လိုက်လျှင်၊ ရှိနေသောသူများသည် အခြေတည်ကျင့်ကြံသူများဖြစ်ကြပြီး ၆ဦး ၇ဦးခန့်က သာမန်အခြေတည်ဝိညာဉ်ကျင့်ကြံသူထပ်သာလွန်သော နက်ရှိုင်းကာ ကျယ်ပြန့်သည့် အရောင်အဝါများကို ထုတ်လွတ်နေသည်။

ရှင်းလင်းစွာပင် ထို ၆ဦး ၇ဦးခန့်က အခြေတည်ဝိညာဉ် နောက်ပိုင်းအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။

ထိုကုန်သွယ်ရေးပွဲက မဟာကျင့်ကြံသူများအတွက်ရည်ရွယ်သော်လည်း စည်းမျဉ်များမကြပ်ဘဲ လူများက သက်တောင့်သက်သာဖြစ်နေကြသည်။

မဟာကျင့်ကြံသူများသည် သူတို့၏လူများကိုခေါ်လာကာ ကြည့်စေပြီး မိတ်ဆွေအသစ်များ ပြုလုပ်ရန်လည်း တားမြစ်ထားသည့် စည်းမျဉ်းများမရှိပေ။

လူအုပ်ကြီးက တစ်ဦးနှင့် တစ်ဦး နှုတ်ဆက်နေကာ စကားစမြည်များပြောနေကြချိန်တွင်၊ မယုံကြည်နိုင်လောက်အောင်ပင် အင်အားကောင်းသော အရောင်အဝါနှစ်ခုက ရုတ်တရက် အဝေးမှ ချည်းကပ်လာနေသည်။

လူတိုင်းက မနေနိုင်ဘဲ ခေါင်းများလှည့်ကာ ကြည့်ကြသည်။

အရောင်အဝါတစ်ခုတည်းနှင့်ပင် အသစ်လာသည့်သူများသည် အခြေတည်ဝိညာဉ်မဟာကျင့်ကြံသူများ ဖြစ်ကြောင်း ရှင်းလင်းနေသည်။

ကုန်သွယ်ရေးပွဲ၏လက်ခံကျင်းပသူ ဝူပင်းယွင်က ပြုံးကာ ရှေ့သို့လှမ်းပြီး ထိုသူနှစ်ဦးကို ကြိုဆိုလိုက်သည်။

“အစ်ကိုကျန်း၊ အစ်မရှန်း ရှင်တို့ရောက်လာပြီပေါ့။”

နှစ်ဖက်စလုံးကစကားစမြည်များပြောနေကြချိန်တွင် လူအုပ်ကြီးက ပို၍ သိချင်စိတ်ဖြင့် ကြည့်နေကြသည်။

ရှင်းလင်းစွာပင် ထိုပွဲ၌ ရှိနေသောသူများသည် ကျန်းချန်ရွှမ်၊ ရှန်းရူယန်တို့နှင့် မရင်းနှီးပါ။

သို့ရာတွင် သူတို့အံဩနေသည်မှာ ထိုသူနှစ်ယောက်အပေါ် ဝူပင်းယွင်၏ဆက်ဆံပုံပင်ဖြစ်သည်။

“နတ်သမီးအန်း၊ အဲ့နှစ်ယောက်က ဘယ်သူတွေလဲဆိုတာသိလား?”

ထိုအချိန်တွင်၊ အနက်ရောင်တာအိုဆရာဝတ်စုံနှင့် လူငယ်တစ်ဦးက အန်းချင်းယောင်၏ဘေးတွင် ပေါ်လာကာ သူမကို အပြုံးနှင့်မေးလိုက်သည်။

“တာအိုရောင်းရင်း ကြယ်….”

အန်းချင်ယောင်က အစ၌ ရုတ်တရက်ပေါ်လာသည့် ထိုလူငယ်အားတွေ့စဉ်က လန့်သွားလေသည်။

အချိန်ခနလောက်စူးစမ်းပြီးနောက်၊ သူမက ကြယ်စံသခင်အား ထိုလူနှစ်ဦး၏အကြောင်းကို အကျဉ်းချုပ်ပြောပြလိုက်သည်။

“ငါသိပြီ။”

ကြယ်စံသခင်က တွေးကာ ခေါင်းညိတ်နေသည်။

ခနအကြာတွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်တို့နှင့် အတူ ဝူပင်းယွင်က ပွဲရှိလူအုပ်ထဲသို့သွားကာ စတင်၍ မိတ်ဆက်ပေးနေသည်။

သူမသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား ကြယ်စံသခင်နှင့် မိတ်ဆက်ပေးမည့်အချိန်တွင် သူက စတင်၍ အပြုံးနှင့် နှုတ်ဆက်စကားဆိုလာသည်။

“ကျွန်တော်က အန္တိမကောင်းကင်ဘုံဂိုဏ်းက ကြယ်ပါ။ ခင်ဗျားတို့နှစ်ယောက်နဲ့တွေ့ရတာ အလွန် ဝမ်းသာပါတယ်။”

ပြီးနောက် ကြယ်စံသခင်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အား လက်များကိုဆုပ်ကာ နှုတ်ဆက်လိုက်သည်။

“ဆိုတော့ ခင်ဗျားက တာအိုရောင်းရင်းကြယ်ပေါ့၊ တွေ့ရတာဝမ်းသာပါတယ်။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ယဉ်ကျေးစွာပြန်လည်နှုတ်ဆက်လိုက်ကြသည်။

ကြယ်စံသခင်သည် ကောင်းကင်သခင် အသူရာကျမ်း၏ အမွေခံတပည့်ဖြစ်ကာ ကျင့်ကြံဆင့်ကလည်း အခြေတည်ဝိညာဉ် နဝမအဆင့်တွင်ရှိသည်ဟု ဝူပင်းယွင်မှ တဆင့် ကြားထားပြီးဖြစ်သည်။

စကားစမြည်များပြောကြပြီးနောက်၊ သူတို့သည် ဝူပင်းယွင်စီစဉ်ထားပေးသော ပွဲ၏အဓိကနေရာတွင် နေရာယူကြလေသည်။

များစွာသောကျင့်ကြံသူများက ထပ်၍ ရောက်လာနေကြသည်။

သို့သော် မဟာကျင့်ကြံသူများမပါတော့ဘဲ များသောအားဖြင့် အခြေတည်ဝိညာဉ် အစောပိုင်းနှင့် အလယ်အဆင့်များဖြစ်ကြသည်။

သူတို့လာရသည့်အကြောင်းအရင်းမှာအလွန်ရိုးရှင်းပါသည်။ ရေခဲကျောက်စိမ်းနန်းတော်သို့ လာလည်ခြင်းပင် ဖြစ်သည်။

လူတိုင်းက ထိုအကြောင်းကိုသတိပြုမိကြသည်။

ဝူပင်းယွင်၊ အန်းချင်းယောင်နှင့် အခြားသူများအနေဖြင့် သူတို့အားမောင်းထုတ်၍ရိုင်းစိုင်းစွာပြုမူရန်မှာ မဖြစ်နိုင်ပါ။

မည်သို့ပင်ဖြစ်ပါစေ၊ သူတို့သည် အဝေးမှ ဧည့်သည်များပင်ဖြစ်ကြသည်။

သူတို့ရောက်လာပြီဖြစ်၍ ရေခဲကျောက်စိမ်းနန်းတော်ကလည်း သူတို့အား ယဉ်ကျေးစွာ ဆက်ဆံရမည်။

သို့ရာတွင် ထိုသူများသည် အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်များအတွက်စီစဉ်ထားပေးသော ပွဲ၏အဓိကနေရာတွင် ထိုင်ရန်မစီစဉ်ထားပေ၊ ထိုအစားသူတို့သည် အခြားနေရာများတွင် ပြောဆိုဆက်ဆံ၍ ထိုင်နိုင်ရန်စီစဉ်ထားပေးလေသည်။

လေထုကအသက်ဝင်လာပြီး ကျန်းချန်ရွှမ်အပါအဝင် မဟာကျင့်ကြံသူများက လဲလှယ်ခြင်း အစီအစဉ်ကို စတင်တော့မည့်အချိန်တွင် မယုံနိုင်စရာကောင်းလောက်အောင် သန်မာသည့် အရောင်အဝါနှစ်ခုက အဝေးရှိကောင်းကင်ယံမှ ချည်းကပ်လာနေသည်၊ သူတို့၏အရောင်အဝါများက ရှိနေသည့်မဟာကျင့်ကြံသူများထပ် သာလွန်ပေသည်။

အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်။

ချက်ခြင်းနီးပါးပင်၊ ကျန်းချန်ရွှမ်နှင့်အခြားသူများက အသစ်လာသူများ၏ကျင့်ကြံဆင့်နှင့် သန်မာမှုကို အကဲဖြတ်လိုက်ကြသည်။

သို့ရာတွင်၊ အသစ်ရောက်လာသောသူများက မည်သူဖြစ်နိုင်သနည်း?

ဝူပင်းယွင်က ထိုကဲ့သို့စွမ်းအားကြီးမားသော အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကို မဖိတ်ခေါ်ထားပါ။

“မဟုတ်ဘူး၊ ဒီနှစ်ယောက်က၊ သူတို့က….”

ရုတ်တရက် ဝမ်ကန်းဟုခေါ်သည့်ကျင့်ကြံသူက မျက်နှာအမူအရာပြောင်းလဲသွားကာ နာမည်နှစ်ခုကို ရေရွတ်လိုက်သည်။

“သူတို့က ကောင်းကင်ဂိတ်ဝဂိုဏ်းက ထျန်းဖူ စံသခင်နဲ့ ထျန်းဟယ် စံသခင်ပဲ။”

“ဘာ။ အဲ့တာသူတို့လား?”

လူတိုင်း၏အမူအရာက သိသာစွာပြောင်းလဲသွားခဲ့သည်။

ရှင်းလင်းစွာပင်၊ မည်သူမှ ကောင်းကင်ဂိတ်ဝဂိုဏ်းမှ ကျင့်ကြံသူများက ကုန်သွယ်ရေးပွဲတွင် ပါဝင်လာကြမည်ဟု မထင်ထားကြပါ။

ဝူပင်းယွင်၏မျက်နှာက အလွန်မဲမှောင်နေသည်။

ထျန်းဖူနှင့် ထျန်းဟယ်တို့ ပွဲသို့ ရောက်လာခြင်းက ကောင်းသည့်ရည်ရွယ်ချက်နှင့် မဟုတ်မှန်း အရူးပင်ပြောနိုင်ပါလိမ့်မည်။

မေးခွန်းထုတ်စရာမလိုအောင်ပင် သူတို့သည် မကြိုဆိုသည့်ဧည့်သည်များဖြစ်သည်။

***

All Chapters