သစ်နွယ်ချပ်ဝတ်နှင့် လဲလှယ်ခြင်း
Vol. 32 Ch. 616
“ဟားဟားဟား။
နတ်သမီးဝူ၊ ဒီလိုစုဝေးပွဲကြီးကျင်းပတာကို ကျုပ်တို့ကိုဘာလို့ အကြောင်းမကြားရတာလဲ?
အခုတော့ ကျုပ်တို့က မဖိတ်ခေါ်ဘဲရောက်လာရပြီ။ ဒီကကျင့်ကြံသူရောင်းရင်းတို့ ကျုပ်တို့ရောက်လာတာကို စိတ်မရှိပါနဲ့နော်။”
အသံကပုံရိပ်ထပ်အရင်ရောက်လာကာ လူတိုင်း၏အမူအရာကို အနည်းငယ်တင်းမာသွားစေသည်။
အထက်စီးဆန်သည်။ မည်မျှအထက်စီးဆန်လိုက်သနည်း။
ရှိနေသောသူများ၏မျက်လုံးများထဲတွင် ဒေါသများပေါ်လွင်နေကြောင်း မည်သူမဆို ပြောနိုင်ပေသည်။
ဝူပင်းယွင်သည်လည်း ခြွင်းချက်မရှိပါ။
သို့ရာတွင် မဟာကျင့်ကြံသူများလဲလှယ်ရေး ပွဲလက်ခံကျင်းပသူအနေဖြင့် သူမသည် ခံစားချက်များကို အမြန်ပင်စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။
သူမ၏မျက်နှာသည်ခံစားချက်မရှိတော့ဘဲ တည်ငြိမ်စွာပြောလိုက်သည်။
“ဘယ်လိုလုပ် ရှင်တို့လို လေးစားစရာကောင်းတဲ့ ဧည့်သည်တော်တွေကို မဖိတ်ကြားရမှာလဲ?
ကျွန်မတို့က ရှင်တို့ရဲ့ မအားလပ်တဲ့အချိန်ဇယားကိုသတိပြုမိလို့ မနှောက်ယှက်ချင်လို့ အသိမပေးတော့တာပါ။
အခုရှင်တို့လည်းရောက်နေပြီဆိုတော့ ကျွန်မတို့နဲ့ ပါဝင်ပါဦး။”
သူမက သူတို့အားဖိတ်ခေါ်လိုက်သော်လည်း ထိုမဟာကျင့်ကြံသူများအတွက် ချန်ထားသော နေရာတွင် ထိုင်ခုံမရှိတော့ပေ။
၎င်းသည် အစကပင်ဒေါသထွက်နေသောသူများအား လှောင်ပြောင်သည့်အပြုံးများထွက်လာစေသည်။
သို့ရာတွင် ထျန်းဖူနှင့် ထျန်းဟယ်တို့က ဂရုမစိုက်ပေ။ သူတို့သည် ပျော်ရွှင်စွာဖြင့် သိုလှောင်လက်စွပ်ထဲမှထိုင်ခုံများကိုထုတ်လာပြီး အခြားသူများကြားတွင် ဝင်ထိုင်လိုက်ကြသည်။
ထျန်းဖူက စနောက်လိုက်သေးသည်။
“နတ်သမီးဝူ၊ ကျုပ်ထင်တာ ခင်ဗျားရဲ့နောက်လိုက်တွေကို စည်းကမ်းတွေ သင်ပေးဖို့ လိုအပ်နေသေးပုံရတယ်။
သူတို့က စီနီယာတွေကို နေရာဖယ်ပေးရကောင်းမှန်းတောင် သိပုံမရဘူး။ တော်တော်လေး ယဉ်ကျေးမှုမရှိတာဘဲ။”
ဝူပင်းယွင်၏လှပသောမျက်နှာက ချက်ခြင်းမဲမှောင်သွားသည်။
“ကျွန်မတပည့်တွေကိုသင်ကြားဖို့က ကျွန်မကိစ္စပါ။ ရှင်စိတ်ပူနေဖို့မလိုပါဘူး။”
ပြန်လည်ပြောလိုက်ပြီးနောက်၊ သူမသည် သူမ၏အာရုံကိုအခြားကျင့်ကြံသူများထံပြန်လည်၍ ထားလိုက်သည်။
“အားလုံးပဲ၊ အချိန်ရောက်ပြီနော်။ အကယ်၍ အခြားကိစ္စမရှိတော့ရင် စကြတာပေါ့။”
သူမကစကားပြောရင်း ကျောက်စိမ်းသေတ္တာနှစ်ခုကို ထုတ်လာသည်။
ကျောက်စိမ်းသေတ္တာများကို ဖွင့်လိုက်သည်နှင့် အထဲတွင် ပစ္စည်းနှစ်ခုရှိနေသည်။
တစ်ခုမှ အဝါရောင်ဝိညာဉ်သစ်သီး ဖြစ်သည်။
စားသုံးပြီးနောက်၊ ၎င်းသည် မဟာကျင့်ကြံသူ၏ ဓမ္မစွမ်းအင်ကို နှစ်ပေါင်း ၈၀ထိ တိုးမြင့်ပေးနိုင်သည်။
အခြားပစ္စည်းတစ်ခုမှာ လက်ဖဝါးဆိုဒ်အနီရောင် သလင်းကျောက်ဖြစ်သည်။
၎င်းသည် အနီရောင်နဂါးကျောက်စိမ်း ဟုခေါ်သည်။ ၎င်းသည် တန်ဖိုးရှိသောပစ္စည်းဖြစ်ပြီး အဆင့် ၅ စစ်မှန်ရတနာ (သို့) အဆင့် ၅ မီးဓာတ်စစ်မှန်ရတနာ၏စွမ်းအားကို မြင့်တင်ပေးနိုင်သည်။
“ဒီပစ္စည်းတွေရဲ့တန်ဖိုးကို ကိုယ်တိုင်မြင်နိုင်ပါတယ်။
ကျွန်မ ဒီပစ္စည်းတွေကို တူညီတဲ့အရည်အသွေးရှိ ရေခဲနဲ့သက်ဆိုင်တဲ့ပစ္စည်းနဲ့ မဟုတ်ရင် သက်ဆိုင်တဲ့ အဆင့် (၅)ဆေး သို့ ဝိညာဉ်ပစ္စည်းတွေနဲ့လဲချင်ပါတယ်။”
ဝူပင်းယွင်ထုတ်လာသော ပစ္စည်းနှစ်ခုသည် များစွာသော မဟာကျင့်ကြံသူများကို ဆွဲဆောင်နေကာ မငြင်းနိုင်စရာကောင်းလောက်အောင်ဖြစ်နေသည်။
အထူးသဖြင့် အဝါရောင်ဝိညာဉ်သစ်သီးဖြစ်သည်။
သူတို့၏ကျင့်ကြံအဆင့်သည် ဓမ္မစွမ်းအင်တိုးမြင့်ရန်မှာ အချိန်များစွာလိုအပ်သည်။
အကယ်၍ သူတို့သည် အဝါရောင်ဝိညာဉ်သစ်သီးကို ရရှိလျှင် သူတို့၏ဓမ္မစွမ်းအင်ကိုများစွာ တိုးမြင်နိုင်လိမ့်မည်ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် ထိုပစ္စည်းနှစ်ခုကိုများစွာစိတ်မဝင်စားပါ။
အမှန်မှာ။
သူတို့၏လက်ရှိအခြေခံအဆင့်နှင့်ဆိုလျှင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုချိုးဖောက်ရန် အထူးပစ္စည်းများနှင့် အချို့ ဝိညာဉ်ပစ္စည်းများမှလွှဲ၍ အခြားပစ္စည်းများကို စိတ်ဝင်စားနေရန်ပင် ခက်ခဲသည်။
သို့ရာတွင်၊ အခြားရှိနေသော သူများမှာမူ ကွာခြားသည်။
မကြာမီ ဝူပင်းယွင်အား သူတို့ထုတ်ယူလာသည့်ပစ္စည်းနှင့် ကမ်းလှမ်းကာ အောင်မြင်စွာ လဲလှယ်လိုက်သည်။
“ကျွန်တော့်မှာ အဆင့် ၅ မြေနှလုံးသားကြာပွင့်မီးရှိပါတယ်။”
စံသခင်ဝမ်ကန်းက ကြေညာလိုက်ကာအပြင်ဘက်၌ အဝါရောင်ရှိကာ အတွင်း၌ စိမ်းသောမီးတောက်ကို ထုတ်လိုက်သည်။
ထိုမြေနှလုံးသားကြာပွင့်မီးက ကောင်းကင်ဘုံမီးများထဲတွင် အဆင့် ၄၃ တွင်ရှိပြီး ရှန်းရူယန်၏ အာရုံကိုဖမ်းစားလိုက်သည်။ သူမကကျန်းချန်ရွှမ်ကို ကြည့်လိုက်ကာ သူတို့ ထိုရှားပါးကာ အင်အားကောင်းသောမီးတောက်ကို ရယူလိုခြင်းရှိမရှိ မေးလိုက်သည်။
သို့ရာတွင် ကျန်းချန်ရွှမ်က ရှန်းရူယန်အားခေါင်းခါပြလိုက်ကာ သူတို့ ထိုမြေနှလုံးသားကြာပွင့်မီးကို ယူမည်မဟုတ်ကြောင်းပြလိုက်သည်။
ထိုအချိန်တွင် သူက ပတ္တမြားမီးတောက်နှင့် သန့်စင်သောယန်စစ်မှန်မီးတို့ရှိနေပြီးဖြစ်သည်။
အကယ်၍ ထာဝရလောင်မြိုက်နေမီးဖိုမှ စစ်မှန်နေမီးပါ,ပါလျှင် အမျိုးအစားသုံးခုရှိနေပြီဖြစ်သည်။
မြေနှလုံးသားကြာပွင့်မီးတောက်သည် ကောင်းကင်ဘုံမီးတောက်ဖြစ်သော်လည်း ၎င်းသည် ကျန်းချန်ရွှမ်အတွက်အသုံးမဝင်ပါ။
သန့်စင်သောယင်စစ်မှန်မီးကဲ့သို့ ကောင်းကင်မီးတောက်မဟုတ်လျှင် ကျန်းချန်ရွှမ်က ဂရုစိုက်လိမ့်မည်မဟုတ်ပါ။
ဝမ်ကန်းသည် သူ့လဲလှယ်ခြင်းအောင်မြင်သွားပြီးနောက် ကြယ်စံသခင်၏အလှည့်ဖြစ်သည်။
သူသည် တောက်ပသည့် အစိမ်းရောင်အလင်းကို ထုတ်လွတ်နေကာ ဖြတ်လတ်သောအာရုံပြည့်နေသည့် နွယ်ပင်တစ်ခုကို ထုတ်ပြလာသည်။
၎င်း၏ထိပ်တွင် မြစိမ်းရောင်သလင်းကျောက် တစ်ခုရှိကာ မယှဉ်နိုင်သော သစ်သားစွမ်းအင်ကို ထုတ်လွတ်နေသည်။
ဒါက?
ကျန်းချန်ရွှမ်၏မျက်လုံးများကျဉ်းသွားသည်။
ကြယ်စံသခင်က ပြောသည်။ “ဒါက အဆင့် ၅ သစ်နွယ်ချပ်ဝတ်ဖြစ်ပါတယ်။ ဒါကိုကျွန်တော် ရှေးဟောင်းဝိညာဉ်စွမ်းအားရှိတဲ့ ပစ္စည်းတစ်ခုနဲ့လဲချင်ပါတယ်။”
သူ၏ကြေငြာချက်ကချက်ခြင်းပင် ထျန်းဖူနှင့် ထျန်းဟယ်အပါအဝင် လူတိုင်း၏အာရုံကို ဖမ်းစားလိုက်သည်။
သူသည် ရုတ်တရက် အဖြူရောင်သစ်သီးတစ်ခုကိုယူထုတ်လာကာ ကြယ်စံသခင်အားပြောလိုက်သည်။
“တာအိုရောင်းရင်းကြယ်၊ ဒီအဖြူရောင်ကျောက်စိမ်းပုံရိပ်ယောင်သစ်သီးက ကျင့်ကြံသူရဲ့မူလဝိညာဉ် ကို သက်တမ်းရှည်စေနိုင်တယ်။ အဲ့ဒီသစ်နွယ်ချပ်ဝတ်နဲ့လဲလို့ရမလားလို့ ကျုပ်သိချင်တယ်။”
သူသည် အဖြူရောင်ကျောက်စိမ်းပုံရိပ်ယောင်သစ်သီးကိုမြင်လျှင် ရန်သူများဖြစ်ကြောင်းသိလျှင်ပင် ကြယ်စံသခင်၏မျက်လုံးကမြင့်သွားသည်။
သို့သော် မကြာမီ သူ၏အမူအရာက မဲမှောင်သွားသည်။
၎င်းသည် ထျန်းဟယ်ထုတ်လာသော ထိုအဖြူရောင်ကျောက်စိမ်းပုံရိပ်ယောင်သစ်သီးက မသန့်စင်နေပေ။
၎င်းသည် စွန်းထင်းထားကာ အပေါ်ယံတွင်ပင် သန့်စင်ထားခြင်းဖြစ်သည်။
၎င်းသည် အသုံးဝင်သေးသော်လည်း ၎င်း၏အသုံးဝင်မှုနှင့် တန်ဖိုးက လျော့ကျသွားပြီဖြစ်သည်။ “ဒီသစ်နွယ်ချပ်ဝတ်တန်ဆာအတွက် အဲ့ဒီမသန့်စင်တဲ့အဖြူရောင်ကျောက်စိမ်းပုံရိပ်ယောင်သစ်သီးနဲ့ လဲဖို့ဆိုတာ ကျိုးကြောင်းမသင့်ဘူးလို့များမထင်မိဘူးလား?”
ကြယ်စံသခင်၏တုံ့ပြန်မေးခွန်းကိုကြားလျှင် ထျန်းဖူနှင့် ထျန်းဟယ်တို့က အားနာသည့်ပုံမပေါ်ပေ။
ထျန်းဖူက ရယ်ကာ ပြောလိုက်သည်။ “တာအိုရောင်းရင်းကြယ်၊ ခင်ဗျားရဲ့စကားလုံးတွေက သိပ်တော့မမှန်ဘူး။
ကျုပ်ထင်တာ ခင်ဗျားရဲ့သစ်နွယ်ချပ်ဝတ်ကို မူလဝိညာဉ်စွမ်းအားတိုးစေတဲ့ပစ္စည်းနဲ့ လဲချင်တာက ခင်ဗျားဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုချိုးဖောက်ဖို့ ပြင်ဆင်ချင်လို့မလား?
ခင်ဗျားသိသင့်တာက ခင်ဗျားအတွက်အသုံးဝင်တဲ့ ဝိညာဉ်ပစ္စည်းများများစားစားမရှိဘူး။
ကျုပ်တို့ရဲ့အဖြူရောင်ဝိညာဉ်ပုံရိပ်ယောင်သစ်သီးက အဲ့ဒီထဲက တစ်ခုပဲ။ ဒါက တစ်ခါက နတ်ဆိုးအဆိပ်အတောက် စွန်းထင်းဖူးပေမဲ့ ကျုပ်တို့ပြန်သန့်စင်ထားပြီးပြီ။
ဒါက ခင်ဗျားနဲ့ ရှိတဲ့လူတိုင်းမြင်မှာ သေချာပါတယ်။
အရောင်အဝါက အရမ်းမသန့်စင်တာတော့ ကျုပ်လည်းမတတ်နိုင်ဘူး။
နတ်ဆိုးချီတစ်ခါစွန်းထင်းထားဖူးတော့ ဝိညာဉ်သဘောသဘာဝတွေက ပျောက်ကွယ်သွားတာက သာမန်ပါပဲ။
တစ်နည်းအားဖြင့်၊ ဒီအဖြူရောင်ကျောက်စိမ်း ပုံရိပ်ယောင်သစ်သီးက အကောင်းပဲ ရှိနေပါသေးတယ်။ ခင်ဗျားရဲ့ သစ်နွယ်ချပ်ဝတ်နဲ့ တန်ဖိုးတူတူလောက်ပဲဖြစ်မှာပါ။”
မငြင်းနိုင်အောင်၊ ထျန်းဖူ၏စကားများက အချို့မှန်နေသည်။
အခြေတည်ဝိညာဉ်အထွတ်အထိပ်ကျင့်ကြံသူများအနေဖြင့် သူတို့၏ မူလဝိညာဉ်ကိုစွမ်းအား တိုးစေဖို့ရန် ရတနာများများစားစားမရှိပါ။
သစ်နွယ်ချပ်ဝတ်သည်ပင် တန်ဖိုးရှိကာ အဆုံးမရှိအသုံးပြုနိုင်သော်လည်း နှိုင်းယှဉ်ကြည့်လိုက်လျှင် တကယ်ပင် အနည်းငယ်ကွာခြားနေပါသေးသည်။
သို့ရာတွင် နတ်ဆိုးချီစွန်းထင်းထားဖူးကာ ဝိညာဉ်စွမ်းအားကျနေသော အဖြူရောင်ကျောက်စိမ်း ပုံရိပ်ယောင်သစ်သီးက အခြေတည်ဝိညာဉ်အထွတ်အထိပ်ကျင့်ကြံသူအတွက် မည်မျှအသုံးဝင်မည် ကိုလည်း ပြောရခက်နေသည်။
ကြယ်စံသခင်က အခက်အခဲဖြစ်နေသည်။
ရိုးရိုးသားသားပြောရလျှင် သူသည် တကယ်ပင် သူ၏မူလဝိညာဉ်စွမ်းအားကို တိုးမြင့်ပေးနိုင်သော ပစ္စည်းတစ်ခုကို အရေးပေါ်လိုအပ်နေသည်။
အကယ်၍ ထိုအဖြူရောင်ကျောက်စိမ်းပုံရိပ်ယောင်သစ်သီးက နတ်ဆိုးချီစွန်းထင်းကာ အဆိပ်အတောက်ပစ္စည်းမဖြစ်ထားလျှင် သူသည် လဲလှယ်ရန် တုံ့ဆိုင်းနေလိမ့်မည်မဟုတ်ပါ။
သို့သော်ယခုမူ…
ကြယ်စံသခင်က တုံ့ဆိုင်းနေသည့်အချိန်တွင် အသံတစ်ခုက သူ့အား အသိပြန်ဝင်သွားစေသည်။
“တာအိုရောင်းရင်းကြယ်၊ အကယ်၍ ခင်ဗျားရဲ့ သစ်နွယ်ချပ်ဝတ်တန်ဆာကို မူလဝိညာဉ်စွမ်းအား တိုးမြင့်ပေးနိုင်တဲ့ ရတနာတစ်ခုနဲ့လဲချင်တယ်ဆိုတော့ ကျုပ်ရဲ့ ဗလာနယ်ကြည်လင်ကြွေပန်း ကိုကြည့်ကြည့်ပါလား?”
စကားပြောလိုက်သည့်ပုဂ္ဂိုလ်မှာ ကျန်းချန်ရွှမ်ဖြစ်သည်။
သူသည် အခြားတစ်ဖက်မှ သစ်နွယ်ချပ်ဝတ်ကိုထုတ်လာကတည်းကပင် ကျန်းချန်ရွှမ်က မည်သို့ပင်ဖြစ်ပါစေ ရအောင်လဲမည်ဟုဆုံးဖြတ်ထားပြီးဖြစ်သည်။
သူသည် အရှေ့ပိုင်းအစိမ်းရောင်နဂါးအလံကို အောင်မြင်စွာသန့်စင်နိုင်ရန်မှာ အရေးကြီးသော ကိစ္စဖြစ်ပြီး ဂရုမစိုက်၍မရပါ။
ကြယ်စံသခင်က ထိုကဲ့သို့သောကိစ္စကို မမျှော်လင့်ထားပါ။ သူသည် ကျန်းချန်ရွှမ်အား ကြည့်ကာ စိတ်မရှည်စွာအမြန်ပြောလိုက်သည်။
“တာအိုရောင်းရင်းကျန်း၊ ကျွန်တော့ကို အဲ့ဒီ ဗလာနယ်ကြည်လင်ကြွေပန်းကို အရင်ပြနိုင်မလား?”
“သေချာတာပေါ့။”
ကျန်းချန်ရွှမ်က ခပ်မှိန်မှိန်ပြုံးလိုက်သည်။ ပြီးနောက် သူသည် သွားကာ ကြယ်စံသခင်ကို ကျောက်စိမ်းသေတ္တာကို ပေးလိုက်သည်။
ကြယ်စံသခင်က ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲဝင်လာသည့်အရာမှာ အမှန်ပင် အကောင်းပကတိရှိနေသည့် ဗလာနယ်ကြည်လင်ကြွေပန်းဖြစ်သည်။ ၎င်းသည်သူ့အားအလွန်ပျော်ရွှင်သွားစေသည်။
တုံ့ဆိုင်းခြင်းမရှိဘဲ သူသည် ကျန်းချန်ရွှမ်ကို ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ တာအိုရောင်းရင်းကျန်း ကျွန်တော်ခင်ဗျားနဲ့လဲပါ့မယ်။”
သူပြောပြီးသည်နှင့် သူသည် သစ်နွယ်ချပ်ဝတ်တန်ဆာပါသည့် ကျောက်စိမ်းသေတ္တာကို ကျန်းချန်ရွှမ်အား ပေးလိုက်သည်။
ခနအကြာတွင်၊ ကြယ်စံသခင်က ထပ်ပြောလိုက်သည်။
“ပြောရရင် ဒီသစ်နွယ်ချပ်ဝတ်နဲ့ ခင်ဗျားရဲ့ ဗလာနယ်ကြည်လင်ကြွေပန်းနဲ့ လဲရတာ တကယ်ပဲ ခင်ဗျားနားက အကျိုးအမြတ်ပိုယူသလိုဖြစ်နေတယ်။
ဒီလိုဆိုဘယ်လိုလဲ? ကျွန်တော်ပစ္စည်းတစ်ချို့ထုတ်လိုက်မယ်။ အဲ့ထဲက တစ်ခုရွေးလိုက်ပါ။”
သူသည်စကားပြောသည်နှင့် ကြယ်စံသခင်က သူ၏ခန္ဓာကိုယ်မှ များစွာသောပစ္စည်းများကို ထုတ်လာသည်။ ပစ္စည်းများ၊ ဆေးလုံးများ၊ အဆောင်များ အားလုံးရှိပေသည်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်က အချင်းချင်း ကြည့်လိုက်ကြသည်။
ထိုနေရာတွင် သူတို့တွက်အသုံးဝင်သည့်အရာမရှိနေပါ။
ကျန်းချန်ရွှမ်က ပစ္စည်းတစ်ခုကို ကျပန်းရွေးတော့မည့်အချိန်တွင်၊ သူ၏သားရဲထိန်းချုပ်အိတ်ထဲတွင် ဝိညာဉ်ဝါးမြိုခြင်းပိုးတောင်မာဘုရင်က သူ့အားသတင်းစကားပို့လာခဲ့သည်။ ချက်ခြင်းပင် ကျန်းချန်ရွှမ် ၏အကြည့်က ချက်ခြင်းပင်မီးခိုရောင်ကျောက်တုံးနားသို့ရောက်သွားသည်။ ကျန်းချန်ရွှမ်သည် ချက်ခြင်းပင် ထိုကျောက်တုံးကိုကောက်ကိုင်လိုက်ကာ ကြယ်စံသခင်ကိုပြုံးပြလိုက်သည်။
“တာအိုရောင်းရင်းကြယ်၊ ကျွန်တော်ဒီပစ္စည်းကိုယူလိုက်ပါမယ်။”
***