အနောက်ပိုင်းသဲကန္တာရသို့ ရောက်ရှိခြင်း
Vol. 32 Ch. 618
“စီနီယာအစ်ကို၊ အခုဘာလုပ်ကြမလဲ?”
ထျန်းဟယ်၏အမူအရာက ရှုံ့မဲ့နေသည်။
သို့ရာတွင်၊ ပြင်းထန်သောအလင်းက ထျန်းဖူ၏မျက်လုံးတွင် ပေါ်လာခဲ့သည်။
“ငါတို့ရဲ့အရောင်အဝါကို ဖုံးကွယ်ထားပြီး ငါတို့ရှေ့ဖြတ်သွားတာကို စောင့်ကြတာပေါ့ ပြီးမှ သူတို့ကို အားကုန်သုံးပြီး တိုက်ခိုက်ကြမယ်။
အဲ့ဒီအခြေတည်ဝိညာဉ် နောက်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ထဲနဲ့ ငါတို့ အထွတ်အထိပ်အဆင့် နှစ်ယောက်ရဲ့ အားကုန်တိုက်ခိုက်မှုကို ခံနိုင်လိမ့်မယ်လို့ မထင်ဘူး။”
စကားပြောရင်း ထျန်းဖူသည် သူတို့၏တည်ရှိမှုကို ဖုံးကွယ်ထားနိုင်သည့် အဆောင်တစ်ခုကို ထုတ်လိုက်သည်။
၎င်းကိုဖွင့်လိုက်လျှင်၊ သူနှင့် ထျန်းဟယ်တို့သည် လေထဲတွင်ပျောက်ကွယ်သွားပုံရကာ ခြေရာခံမရအောင်ပင် ဖြစ်သွားသည်။
......
တစ်ချိန်တည်းမှာပင်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ထျန်းဖူနှင့် ထျန်းဟယ်တို့နှင့် မိုင်တစ်ထောင်လောက်အကွာတွင် ရောက်သောအခါ သူတို့၏တည်ရှိမှုကို အာရုံခံလိုက်မိသည်။
သူတို့၏ဖုံးကွယ်ထားသောအရောင်အဝါနှင့် အဆောင်သုံးထားသည်မှလွဲ၍ သူတို့သည် ထိုစုံတွဲဆီမှ ပုန်းကွယ်၍မရနိုင်ပါ။
ထိုစုံတွဲသည် ထျန်းဖူနှင့် ထျန်းဟယ်တို့စီစဉ်ထားသောအကြံအစည်ကို အကြမ်းဖျင်း နားလည်ထားကြသည်။
ထို့ကြောင့် ခနအကြာတွင်၊
သူတို့ကြားရှိအကွာအဝေးက မိုင်ခုနစ်ရာခန့်သာ ကျန်တော့သည့်အချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ရုတ်တရက်၊
ဓားအလင်းနှစ်ခုက အဆုံးမရှိသည့် ထက်ရှမှုများနှင့် ထျန်းဖူနှင့် ထျန်းဟယ်အား နှစ်ဖက်စလုံးမှ ထိုးခွဲလိုက်သည်။
ဘွန်း…
ကြောက်စရာကောင်းသည့် စွမ်းအားက ပေါက်ကွဲထွက်လာသည်။
ထျန်းဖူနှင့် ထျန်းဟယ်က သူတို့၏ဖုံးကွယ်ထားသောအရာမှ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရှာတွေ့သွားသည်ကို ထိတ်လန့်နေသည်။
အရေးကြီးသောအချက်မှာ ထိုစုံတွဲ၏တိုက်ခိုက်မှုမှာ လျှင်မြန်ကာအညှာတာကင်းမဲ့သည်။ ဓားတစ်ချက်နှင့်ပင် များစွာသောဒဏ်ရာများကို ရစေသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ထိုစုံတွဲ၏ကျင့်ကြံခြင်းနှင့် အင်အားသည် သာမန်အခြေတည်ဝိညာဉ် နောက်ပိုင်းအဆင့်ကျင့်ကြံသူနှင့်မတူပေ။
“မင်း..”
ထျန်းဖူနှင့် ထျန်းဟယ်တို့က စကားပြောတော့မည့်အချိန်တွင်၊ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ရုတ်တရက် ပြင်းထန်လာသည်။
ဂျုန်းဟူသောအသံမြည်သွားသည်။
ဓားအလင်းများက လည့်နေသောဂလက်ဆီကဲ့သို့ ထျန်းဖူနှင့် ထျန်းဟယ်၏ကာကွယ်ရေးရတနာများကို ထိုးဖောက်သွားခဲ့ကာ သူတို့၏ ရုပ်ခန္ဓာကို အစိတ်စိတ်ကွဲသွားစေသည်။
“အား…..”
ထိုကဲ့သို့ရက်စက်သော အဆုံးသတ်က ထျန်းဖူနှင့် ထျန်းဟယ်တို့ ကြိုတင်မှမျှော်လင့်ထားသော အရာဖြစ်သည်။
သူတို့၏အခြေတည်ဝိညာဉ်များက အခြားအရာများကိုမတွေးနိုင်တော့ဘဲ အစိတ်စိတ်အမွာမွာ ကွဲကြေသွားသောခန္ဓာကိုယ်မှ အမြန်လွတ်မြောက်သွားခဲ့သည်။
သူတို့၏ အခြေတည်ဝိညာဉ်များသည် စတင်၍ အဆီအနှစ်များကိုလောင်ကျွမ်းကာ အဝေးသို့ပျံသန်းရန်ကြိုးစားနေတော့သည်။
သို့ရာတွင် ထိုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအရိပ်နှင့် မိုးကြိုးတို့က ထျန်းဖူနှင့် ထျန်းဟယ်တို့၏ အခြေတည်ဝိညာဉ်များပေါ်သို့ ကျရောက်လာခဲ့သည်။
သူတို့၏အခြေတည်ဝိညာဉ်များက မိုင်ပေါင်း တစ်ရာခန့်အထိ ပျံသွားပြီးနောက် သူတို့သည် လေထဲ၌ပင် ဘာမှမရှိတော့သည်အထိ ပေါက်ကွဲသွားခဲ့သည်။
ပြင်းထန်သော ဝိညာဉ်ချီလိမ့်တက်မှုက ကောင်းကင်တစ်ခွင်ပျံ့နှံ့သွားလေသည်။
ရေခဲကျောက်စိမ်းနန်းတော်ထဲမှ ဝူပင်းယွင်နှင့် ကြယ်စံသခင်တို့က ထိုမြင်ကွင်းကိုကြည့်ကာ ပင့်သက်ရှိုက်လိုက်ကြသည်။
ထျန်းဖူနှင့် ထျန်းဟယ်နှစ်ဦးစလုံးက အခြေတည်ဝိညာဉ်အထွတ်အထိပ်များဖြစ်သည်ကို သိရမည်ဖြစ်သည်။
ပြီးနောက် မည်ကဲ့သို့ဖြစ်သွားရသနည်း?
သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လက်အောက်တွင် လှုပ်ရှားမှုအနည်းငယ်ကိုပင် ခံနိုင်ရည်မရှိခံကာ ချက်ခြင်းပင် ပျောက်ကွယ်သွားခဲ့ရသည်။
ထိုစွမ်းအင်နှင့် ကျင့်ကြံဆင့်က ရှင်းလင်းစွာပင် သာမန်အခြေတည်ဝိညာဉ်အဆင့်ကို ကျော်လွန်နေပါသည်။
ဝူပင်းယွင်က မနေနိုင်လဲ ကြယ်စံသခင်ကို မေးလိုက်လေသည်။
“တာအိုရောင်းရင်းကြယ်၊ တာအိုရောင်းရင်း ကျန်းနဲ့ ရှန်းတို့က အဲ့ဒီအဆင့်ကို ခြေလှမ်းလှမ်းပြီးတာ ဖြစ်နိုင်လား?”
ကြယ်စံသခင်က ခေါင်းညိတ်သည်။
“အဲ့လိုထင်တာပဲ။”
ခနရပ်လိုက်ပြီးနောက် ကြယ်စံသခင်က ဆက်ပြောသည်။
“ပြီးတော့ အဲ့အဆင့်ထပ်တောင် ကျော်လွန်နေတာဖြစ်နိုင်တယ်။”
..........
တစ်ချိန်တည်းမှာပင်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ထျန်းဖူနှင့် ထျန်းဟယ်တို့ဆီမှ သိုလှောင်လက်စွပ်များကို ယူပြီးနောက် ကောင်းကင်ဘုံသားရဲများချောက်နက်သို့ သွားသည့် နေရာရွေ့ပြောင်းခြင်းအစီအရင်ကို ဦးတည်သွားလိုက်သည်။
ထိုနေရာသို့ရောက်လျှင် ကြယ်စံသခင်ပေးထားသည့် ရွေ့ပြောင်းခြင်းစည်းတံဆိပ်အား သုံးလိုက်ရာ နေရာရွေ့ပြောင်းခြင်းအစီအရင်က ပွင့်လာခဲ့သည်။
ဝှစ်ဟူသောအသံကြားလိုက်ရသည်။
ချက်ခြင်းပင်၊ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က သူတို့၏မူလနေရာမှ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင်။
ရှိန်လောက်သည့် ပုံရိပ်နှစ်ခုက ထျန်းဖူနှင့် ထျန်းဟယ်ကျဆုံးသွားသောနေရာသို့ရောက်လာခဲ့ကာ သူတို့၏မျက်နှာက ထိတ်လန့်နေသည့်ပုံပေါ်နေသည်။
“ထျန်းဖူနဲ့ ထျန်းဟယ်က ကျသွားပြီလား?”
“ဘယ်သူကများလုပ်လိုက်တာလဲ?”
ခနအကြာတွင် သူတို့၏အမူအရာက မတည်ငြိမ်နေပေ။
သူတို့သည်ရေခဲကျောက်စိမ်းနန်းတော်ဘက်သို့ ကြောက်ရွံ့မှုဖြင့်ကြည့်လိုက်သည်။
သူတို့သည် အနည်းငယ်စူးစမ်းပြီးနောက် ထိုနေရာတွင် ကြာကြာမနေတော့ဘဲ မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
တစ်ချိန်တည်းမှာပင်။
ကျယ်ပြောသောပင်လယ်ပေါ်တွင် ပုံရိပ်နှစ်ုခုက လေထဲ၌ ပေါ်လာခဲ့သည်။
၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပင်ဖြစ်သည်။
သူတို့သည်ပတ်ပတ်လည်သို့ကြည့်လိုက်ကာ ထိုနေရာသည် တကယ်ပင် ကောင်းကင်ဘုံသားရဲများ ချောက်နက်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
ကြည့်ရသည်မှာ ကြယ်စံသခင်က သူတို့အား မလိမ်ညာပါ။ ထိုနေရာမှ အနောက်ပိုင်းသဲကန္တာရသို့ သွားရမည့်ခရီးက သူတို့၏အမြန်နှုန်းဖြင့်ပင် နှစ်ပေါင်းများစွာကြာဦးမည်ဖြစ်သည်။
ယခင်က ကောင်းကင်ဘုံသားရဲများချောက်နက်သည် များစွာသောရေအောက်နတ်ဆိုးများနှင့် ဆန်းကြယ်သည့်ပင်လယ် မကောင်းဆိုးဝါးများနှင့် ပြည့်နေကာ အန္တရာယ်ရှိသောနေရာအဖြစ် သတ်မှတ်ခံခဲ့ရသည်။
သို့သော်ယခုမူ နတ်ဆိုးကပ်ဘေးပြီးနောက် နောက်ဆက်တြွအနေနှင့် ရေအောက်မှ နတ်ဆိုးများက သူတို့အား ခြေရာခံမိလျှင်ပင် တိုက်ခိုက်ရဲမည်မဟုတ်ဘဲ သူတို့မခံနိုင်မည့်တုံ့ပြန်မှုအား ကြောက်ရွံနေလိမ့်မည်ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အသိဉာဏ်နည်းပါးသည့် ပင်လယ်မကောင်းဆိုးဝါးတစ်ချို့ကိုပင် သတိထားရမည်ဖြစ်သည်။
ဝှစ်..ဝှစ်….
ပင်လယ်ပေါ်တွင် လျှောစီးသွားကာ ကောင်းကင်ပေါ်တွင် အဖြူရောင်ခြေရာများကိုချန်ခဲ့ကာ ထွက်ခွာသွားကြသည်။ ပြီးနောက် ရာသီများပြောင်းလဲသွားကာ နှစ်များသည်လည်း မျက်စိတမှိတ်အတွင်း ကုန်လွန်သွားကြသည်။
ထိုနေ့တွင်။
ထိုစုံတွဲကကောင်းကင်ဘုံသားရဲများချောက်နက်မှ ထွက်ခွာတော့မည်အချိန်တွင် သူတို့သည် ရုတ်တရက်ဆန်းကြယ်သည့် နန်းတော်များကို နတ်ဘုရားအာရုံမှတစ်ဆင့် ခြေရာခံလိုက်မိသည်။
ထိုနန်းတော်များသည် တောက်ပသည့် ဝိညာဉ်အလင်းများကို ထုတ်လွတ်နေကာ အလွန်သိမ်မွေ့သော ကောင်းကင်ဘုံသီချင်းများအား သူတို့ပတ်ပတ်လည်တွင် မြည်နေသည်။
အကယ်၍ ၎င်းတို့သည် ရှေးဟောင်းကောင်းကင်ဘုံနန်းတော်မှ ကြွင်းကျန်သောအရာများ ကဲ့သို့ပင် ဖြစ်သည်။ သို့ရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ထိုနန်းတော်များကို မမြင်သကဲ့သို့ ရပ်တန့်ခြင်းမရှိဘဲ ထိုနေရာများသို့ ဦးတည်သွားရန် ရည်ရွယ်ချက်မရှိဘဲရှေ့သို့သာ ဆက်သွားနေခဲ့သည်။
နောက်ဆုံးတွင်။
ရက်ပေါင်းများစွာကြာပြီးနောက်၊ သူတို့သည် ကောင်းကင်ဘုံသားရဲများချောက်နက်မှထွက်လာကာ နယ်နိမိတ်သို့ ရောက်လာသည်။
“ဒီနေရာက မိုင်ပေါင်းသန်းချီဝေးတဲ့ အနောက်ပိုင်းမှာဖြစ်လို့ အနောက်ပိုင်းသဲကန္တာရရဲ့ နယ်နိမိတ် ဖြစ်ရမယ်။” ရှန်းရူယန်က လေ့လာကာ ပတ်ဝန်းကျင်ကိုကြည့်ပြီး ကျန်းချန်ရွှမ်ဘက်သို့ လှည့်လိုက်သည်။
“ဟုတ်တယ်။”
ကျန်းချန်ရွှမ်က ခေါင်းညိတ်သည်။
“ဒါဆို ရှေ့ကိုဆက်သွားကြတာပေါ့။”
စကားပြောရင်း ထိုစုံတွဲကအဝေးသို့ ဆက်လက်၍ ပျံသန်းသွားသည်။
သူတို့ရောက်ပြီး သိပ်မကြာမီပင် များစွာသော အင်အားကြီး၍ သန်မာသော ပုံရိပ်များက သူတို့ရောက်ရှိခဲ့သောနေရာသို့ ရောက်လာကြသည်။
၎င်းတို့ထဲတွင် ငွေရောင်နဂါးတစ်ကောင်က ပျောက်ကွယ်သွားသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဘက်သို့ ကြည့်နေခဲ့သည်။
“သူတို့ အဲ့ပုံရိပ်ယောင်ထဲမှာ လွမ်းမိုးမခံလိုက်ရတာ နှမြောစရာပဲ။
အကယ်၍ သူတို့ဆွဲဆောင်ခံလိုက်ရရင် သူတို့ဘယ်လောက်သန်မာပါစေ၊ အဲ့မှာပဲ တစ်သက်လုံး ပိတ်မိနေတော့မှာ။”
“နှမြောစရာပဲ။”
အခြားသော ကြီးမားသည့် သတ္တဝါများကလည်း ထိုလွတ်သွားသောအခွင့်အရေးအတွက် သက်ပြင်းများချနေကြသည်။
.....
တစ်ပတ်အကြာတွင်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် နောက်ဆုံး၌ အနောက်ပိုင်းသဲကန္တာရသို့ဝင်ရောက်လာခဲ့သည်။ ဤနေရာ၏ဝိညာဉ်ချီသိပ်သည်းဆသည် မြောက်ပိုင်းနယ်နိမိတ်နှင့် တောင်ပိုင်းကန္တာရများနှင့် ဆင်တူသည်။
ထင်ရှားသောကွာခြားချက်တစ်ခုမှာ ရာသီဥတုဖြစ်ကာ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင် ရှိသည့်အခြားဒေသများထပ်ပို၍ မြင့်ပြီး သဲကန္တာရဖြစ်ခြင်းက ပို၍ အားကောင်းသည်။
ပြောကြသည်မှာ တစ်ချိန်က ဤနေရာသည် ဗုဒ္ဓကျင့်ကြံသူများအတွက် မြင့်မြတ်သောနယ်ပယ်ဟု ခေါ်ကြသည်။
ဘုန်းတော်ကြီးများနှင့် ဗုဒ္ဓသမားတော်များ အများစု၏အိမ်ဖြစ်သည်ဟုဆိုသည်။
သို့ရာတွင် လွန်ခဲ့သောအချိန်များက အနှစ်သာရကိုးပါးကျင့်ကြံရေးလောက၏ အကာအရံများ ပျက်စီးသွားစဉ်က ပြင်ပမှ နတ်ဆိုးသတ္တဝါများသည် အနောက်ပိုင်းကန္တာရသို့ရောက်လာကြကာ ထိုလွမ်းမိုးနေသည့် ဗုဒ္ဓဂိုဏ်းဖြစ်သည့် ကြည်လင်ပွင့်လန်းခြင်းဘုရားကျောင်းဆောင် အားပစ်မှတ်ထားခဲ့လေသည်။
သို့ရာတွင် ကြည်လင်ပွင့်လန်းခြင်းဘုရားကျောင်းဆောင်နှင့် အနောက်ပိုင်းသဲကန္တာရ၏ ဗုဒ္ဓကျင့်ကြံသူများက ထိုတိုက်ပွဲသည် ဗုဒ္ဓကျင့်ကြံသူများအားလုံးအတွက် အလွန်ပြင်းထန်သော တိုက်ပွဲဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
နတ်ဆိုးသတ္တဝါများကြားတွင် များစွာသောနောက်ပိုင်းအဆင့် နတ်ဆိုးသခင်များရှိသည်။ ကြည်လင်ပွင့်လန်းခြင်းဘုရားကျောင်းဆောင်က ပတ်ဝန်းကျင် ဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစုများမှ စစ်ကူများခေါ်ကာ သူတို့၏အခြေခံကိုသုံးပြီး သဟဂတ ၏ ဓမ္မပုံရိပ်ကို ဆင့်ခေါ်ဖို့ရန် သုံးခဲ့သည်။
ကြီးမားသောဓမ္မစွမ်းအင်များ၊ အားကောင်းသောနတ်ဘုရားစွမ်းအင်များနှင့် အတူ သဟဂတသည် အင်အားအပြည့်ဖြင့် ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ပိုင်းအဆင့် နတ်ဆိုးအရှင် သုံးဦးအား အစွဲချွတ်ပေးခဲ့သည်။
သို့ရာတွင်၊ ကျန်နေသောနတ်ဆိုးအရှင်များက သူတို့၏အဆီအနှစ်များကို လောင်ကျွမ်းကာ နယ်ပယ်အလွန်မှ သတ္တဝါများအား ဆက်သွယ်ရန် စီမံခဲ့သည်။
နောက်ဆုံးသောတိုက်ခိုက်မှုတွင် ကြည်လင်ပွင့်လန်းခြင်းဘုရားကျောင်းဆောင်မှ ဗုဒ္ဓမျိုးနွယ်များ၏ ကံကြမ္မာကို အနစ်နာခံခဲ့ပြီး အနောက်ပိုင်းသဲကန္တာရ၏ နတ်ဆိုးသတ္တဝါများကို မြုပ်နှံရန် ဗုဒ္ဓကျင့်ကြံသူများအားလုံး၏မူလကို လောင်ကျွမ်းခဲ့ကြသည်။
အခြားနယ်မြေများမှ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များရောက်လာသောအခါ သူတို့ရှာတွေ့ခဲ့သည်မှ အပျက်အစီးများပင် ဖြစ်တော့သည်။
ကြည်လင်ပွင့်လန်းခြင်းဘုရားကျောင်းဆောင်က အနောက်ပိုင်းကန္တာရတွင် လွမ်းမိုးနိုင်ခဲ့သော်လည်း ထိုတိုက်ပွဲတွင် မြုပ်နှံခံလိုက်ရသည်။
ထိုအချိန်မှစ၍ ဗုဒ္ဓကျင့်ကြံသူမျိုးများက ၎င်းတို့၏အခြေခံပျောက်ဆုံးသွားပုံပေါ်သည်။
ဗုဒ္ဓနည်းစနစ် ကိုလေ့ကျင့်ခြင်းမှတပါး၊ လေ့ကျင့်သူများသည် မည်သည့် ဗုဒ္ဓစွမ်းအင်သို့ တိုးတက်မှုကိုမှ အာရုံခံ၍မရတော့ပါ။
အချိန်များကြာလာသောအခါ ကြီးမားသောတိုက်ပွဲက သမိုင်းမှပျောက်ကွယ်သွားသည်။
အနောက်ပိုင်းကန္တာရ၏ကျင့်ကြံခြင်းအမွေအနှစ်က ပြောင်းလဲသွားခဲ့ကာ ဗုဒ္ဓမျိုးဆက်များ ပျောက်ကွယ်သွားခဲ့သည်။
အနောက်ပိုင်းသဲကန္တာရတွင် လက်ရှိလွှမ်းမိုးနေသည့်စွမ်းအင်က ကြည်လင်ပွင့်လန်းခြင်း ဘုရားကျောင်းဆောင် မဟုတ်တော့ဘဲ ကောင်းကင်သခင်နှစ်ဦးရှိသော ကန့်သတ်ချက်မဲ့ဂိုဏ်းဟု ခေါ်သည့် ဂိုဏ်းတစ်ခုက ထိုဒေသတွင် စိန်မခေါ်နိုင်သည့်အာဏာနှင့် လွှမ်းမိုးထားသည်။
ထိုအချိန်တွင်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဝူပင်းယွင်ပေးထားသော ကျောက်စိမ်းပြားတွင် မှတ်တမ်းတင်ထားသည့် ဦးတည်ချက်အတိုင်းလိုက်ကာ လပေါင်းများစွာကြာပြီးနောက် နောက်ဆုံး၌ မီးခိုးနှင့်အဖြူရောင်ရှိသော တောင်ကြားသို့ရောက်ရှိသွားကာ သူတို့၏နောက်ဆုံးဦးတည်ရာ ကျဆုံးနဂါးတောင်ကြားသို့ ရောက်သွားလေတော့သည်။
ဤနေရာတွင် ဝိညာဉ်ချီက နည်းပါးကာ အလွန်နည်းသောကျင့်ကြံသူများသာလာကြကြောင်း ပြနေသည်။
သူတို့သည် ဝူပင်းယွင်၏သတင်းစကားများက တိကျမှုရှိကြောင်းမသိရသေးသော်လည်း၊ ထိုကဲ့သို့သောနေရာတွင် အခွင့်အလမ်းတစ်ခုခုရှိနိုင်မည်လားဟု သံသယဝင်နေကြသည်။
ထိုစုံတွဲသည် တောင်ကြားတစ်ခုလုံးကို ရက်ပေါင်းများစွာရှာဖွေခဲ့သော်လည်း ဘာမှမတွေ့ခဲ့ရပေ။
ရက်ပေါင်းများစွာထပ်ကြာပြီးနောက်မှ သူတို့သည် ထင်ရှားပေါ်လွင်ခြင်းမရှိသော တည်နေရာမှ အလွန်သိမ်မွေ့သောနေရာလပ်လှိုင်းတစ်ခုကို တွေ့ခဲ့ရသည်။
၎င်းသည် လျှို့ဝှက်နယ်ပယ်သို့ ဝင်ပေါက်တစ်ခုဖြစ်နိုင်ပါသလား?
ထိုစုံတွဲက အချင်းချင်းကြည့်လိုက်ကြသည်။
ခနအကြာတွင် ကျန်းချန်ရွှမ်၏လက်ထဲတွင် ရာနှင့်ချီသော အစီအရင်အလံများက ရုတ်တရက် ပေါ်လာခဲ့သည်။
သူသည် ထိုအစီအရင်အလံများကို မတူညီသော ဦးတည်ချက်များတွင် ထားခဲ့သည်။
ချက်ခြင်းပင်၊ ပုန်းကွယ်နေသော နေရာလပ်လှိုင်းများက ပို၍ ပို၍ သိသာလာခဲ့သည်။ အခြားစကားလုံးမရှိဘဲနှင့် ရှန်းရူယန်က များစွာသောအစီအရင်ချပ်ပြားဝိုင်းများကို ထုတ်လာကာ ထိုနေရာ၏အရောင်အဝါကို စည်းချထားလိုက်သည်။ ပြီးနောက် သူမသည် ကျန်းချန်ရွှမ်ဆီသို့လှည့်ကာ ပြောလိုက်သည်။
“ယောက်ျား၊ အကယ်၍ ကျွန်မ,မမှားရင် ဒီမှာသီးသန့်လျှို့ဝှက်နယ်ပယ်တစ်ခုရှိနေလောက်တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရ ကျွန်မတို့ကဒီဆန်းကြယ်တဲ့ နယ်ပယ်ကို ဘယ်လိုဖွင့်ရမလဲဆိုတာနဲ့ ဝင်ပေါက်ကိုရှာဖို့ လေ့လာဖို့အချိန်တစ်ချို့ ယူရဦးမယ်။
***