အဖေ့ကိုကူညီ ပြင်ဆင်ပေးခြင်း
Vol. 98 Ch. 1366
ရှီမာယူယူသည် အားလုံး၏ တုံ့ပြန်မှုကို သတိထားမိသည်။ အဲဒါက သူမ ဘေးကနေရာတစ်ခုပဲလေ၊ ဘာလို့ အဲလောက်တုံ့ပြန်မှုကြီးရတာလဲ။
“မြို့ဝန် အဲဒီနေရာက မြို့ဝန်အငယ်လေးအတွက် ပြင်ထားတာပါ၊ ဒီ ကလေးကိုထိုင်ခိုင်းတာ မသင့်တော်ဘူးထင်တယ်” ကျန်းဟောက်သည် ပထမ ဆုံးမေးလာသူဖြစ်သည်။
“အခုက ငါတို့မှာမြို့ဝန်အငယ်လေး မရှိဘူးမလား၊ ရှီချင်းက ငါတို့မြို့သူ မြို့သားတွေရဲ့ အသက်တွေကိုကယ်ပေးခဲ့တာ အဲဒီတော့ သူမ ဒီမှာထိုင်တော့ ဘာဖြစ်လဲ” ဝေ့မင်တျဲ ပြောလိုက်သည် “ကလေး ဒီကိုလာခဲ့”
ထိုအခါမှပင် ဝေ့မင်တျဲသည် သူမကို မြို့ဝန်အငယ်ဖြစ်စေချင်သည်ဟု အားလုံးတွေးနေကြောင်း ရှီမာယူယူ နားလည်လိုက်တော့သည်။
သူမသည် ကျန်းဟောက်၏ အမူအရာအကျည်းတန်သွားသည်ကို မြင် သောအခါ ပြုံးပြီး ဝေ့မင်တျဲကို ပြောလိုက်သည် “ကျေးဇူးတင်ပါတယ် မြို့ဝန် အဲလိုဆိုရင် ကျွန်မရှီချင်းက မြို့ဝန်ရဲ့တောင်းဆိုမှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်”
ထိုသို့ပြောပြီးနောက် သူမအတွက် ပြင်ဆင်ပေးသော စားပွဲခုံသွားရာတွင် ကျန်းဟောက်ရှိရာဘက်သို့ ဝင့်ကြွားစွာဖြင့် မေးမော့တင်လိုက်သည်။
“ရှီချင်းက တစ္ဆေမြို့တော်က လူမဟုတ်ဘူး၊ ရှီယူအပြင်ကခေါ်လာတဲ့သူပဲ သူမကို ဒီမှာထိုင်ခိုင်းရတာက ကျေးဇူးတင်ကြောင်းကိုပြချင်တာရယ် သူမက မင်းတို့အားလုံးကိုကယ်တင်ခဲ့တဲ့ ကယ်တင်ရှင်ဖြစ်ကြောင်းကို သတိပေးချင်လို့ ပဲ” ဝေ့မင်တျဲသည် သူမကို မြို့ဝန်အငယ်ရာထူးပေးရန် ရည်ရွယ်ချက်မရှိ ကြောင်းကို သာမန်ကာလျှံကာပင် ရှင်းပြလေသည်။ ထိုအခါမှပင် အားလုံး စိတ်အေးသွားကြလေသည်။
ပုံမှန်အားဖြင့် မြို့ဝန်ရာထူးကို တစ္ဆေမြို့တော်တစ်ခုလုံးမှ ရွေးချယ်သည်။ ထို့ကြောင့် ထိုနေရာသို့ ထိုင်လိုက်သောသူ မည်သူမဆို တခြားမြို့က ဆိုလျှင် တောင် မြို့ဝန်အငယ်ဖြစ်လာနိုင်သည်။ အကယ်၍ လူတစ်ဦးရုတ်တရက် ပေါ် လာပြီး သူ့ကိုယ်သူ မြို့ဝန်အငယ်အဖြစ် ကြေညာပါက အားလုံးဆီမှ အကျိုး အမြတ်ကို လုယူလိုက်သည်မဟုတ်ပါလား။
ဝေ့မင်တျဲရှင်းပြချက်ကို ကြားမှပင် အားလုံးသည် သတိပြန်ဝင်နိုင်တော့ သည်။
“အစပိုင်း တားမြစ်ဧရိယာမှာ အဲအခြေအနေဖြစ်တုန်းက ငါ အမြန်ပြန် လာဖို့ အချိန်မရှိခဲ့ဘူး၊ အကုန်လုံးကို ဒုက္ခပေးမိသွားပြီ အခု အားလုံးကို ဂုဏ်ပြု ချင်ပါတယ်” ဝေ့မင်တျဲသည် ခွက်မြှောက်လိုက်ရာ အားလုံးလိုက်လုပ်ကြသည်။ သူတို့အားလုံးသည် တစ်ခွက်လုံးမော့လိုက်လေသည်။
ထိုဝိုင်သည် သောက်ရသည်မှာ အရသာမရှိလှသဖြင့် ရှီမာယူယူသည် ခွက်မြှောက်ပြီး တစ်ငုံသောက်ရုံသာသောက်လိုက်သည်။ အချိန်အများစုကို ဝေ့မင်တျဲနှင့် စကားပြောနေသည်နှင့်သာ ကုန်ဆုံးလေသည်။
သူမသည် ဝေ့မင်တျဲနှင့် ပျော်ရွှင်စွာ စကားပြောဆိုသည်ကို အောက်မှလူ များမြင်သောအခါ စိတ်ထဲတွင် စတင်တွက်ချက်တော့သည်။ ကျန်းဟောက်ပင် လျှင် သူ၏ အမြင်ပြောင်းလာသည်။
အစပိုင်းတွင် သူသည် သူမကိုဖမ်းပြီး ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ် မည်။ ရှီကုန်းနှင့် တခြားသူများ သူမအတွက် တောင်းဆိုပေးလျှင်တောင် တောင် မြောက်ကြားမှ ပြဿနာကြီးလာရုံသာရှိမည်။
သို့သော် ယခုအချိန်တွင် သူမသည် ဝေ့မင်တျဲ၏ အာရုံစိုက်မှုကိုရထား သည်။ သူမသည်လည်း မည်သို့ခံစားရသည်ကို ပွင့်လင်းစွာ ဖော်ပြထားသည်။ အကယ်၍ အခုချိန်တွင် သူမသာ တစ်ခုခုဖြစ်သွားမည်ဆိုပါက သေချာပေါက် မိသွားနိုင်ပြီး ဝေ့မင်တျဲအပြစ်ပေးခြင်းကို ခံရနိုင်သည်။
ကိစ္စတော့မရှိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မြို့ဝန်က ဆည်းဆာတောင်ကို ပြန်တော့မှာပဲ။ အဲအချိန်ကျမှ လှုပ်ရှားလည်း နောက်မကျပါဘူး။ ပြီးတော့ အခု ချိန်မှာလုပ်ရမယ့်ကိစ္စတွေရှိသေးတယ်။
တချို့မျိုးနွယ်တွေရဲ့ သတ္တုတွင်းတွင်မှာ ပြဿနာတွေတက်နေကြတယ်။ အဲပြဿနာကို မဖြေရှင်းနိုင်ရင်….
အားလုံးသည် သတ္တုတွင်းကိစ္စဖြေရှင်းရန် ပြန်ရမည်ဖြစ်သဖြင့် ပွဲမှာ မကြာလိုက်ပေ။ ဝေ့မင်တျဲသည်လည်း ထိုအကြောင်းကိုသိထားသောကြောင့် ရှီမာယူယူကို ကျေးဇူးတင်ကြောင်း ပြသည့်သေးငယ်သောပွဲကိုသာ စီစဉ်လိုက် သဖြင့် အားလုံးကို ပြန်ခိုင်းလိုက်သည်။
“ရှီချင်း ငါတို့ နောက်နှစ်ရက်နေရင် လှုပ်ရှားကြမယ်” ဝေ့မင်တျဲသည် ရှီမာယူယူ ထွက်မသွားခင်ကို ပြောလိုက်သည်။
သူတို့ ရှီမျိုးနွယ်သို့ရောက်သောအခါ ရှီယူသည် သတင်းကြားသည်နှင့် အမြန်ရောက်လာသည် “ညီမလေး မင်း အဲဒီစုန်းမအိုကြီးနဲ့သွားဖို့ ကတိပေး လိုက်တယ်လို့ အဖေပြောတာကြားတယ်”
“ဟုတ်တယ်”
“ဘယ်လိုဖြစ်လို့ ကတိပေးလိုက်တာလဲ၊ သူမက ဆည်းဆာတောင်ကို တည်ငြိမ်အောင်လုပ်ခိုင်းပြီး မင်းအဖေကို ပြန်ပေးဆွဲတာလွယ်အောင်လုပ်ချင် တာလေ သေချာနေတာကို၊ အဲအချိန်ကျရင် မင်းက မင်းအဖေကိုကယ်ရမယ်၊ သူမ မျက်စိရှေ့မှာ ဘယ်လိုလုပ် လွတ်နိုင်မှာလဲ” ရှီယူသည် စိတ်ပူစွာဖြင့် ပြောဆိုလေသည် “ပြီးတော့ မင်းက မင်းအဖေရဲ့သမီးဆိုတာကို သူမ သိရင် သေချာပေါက် မင်းကိုသတ်မှာပဲ”
“နောက်ဆုံးမှာ ဘယ်သူကဘယ်သူ့ကိုသတ်မလဲဆိုတာ မသေချာသေး ဘူးလေ” ရှီမာယူယူသည် စိုးရိမ်ခြင်းမရှိပေ။
“ဟား မင်းကတော့ တကယ်ပဲယုံကြည်ချက်အပြည့်နဲ့” သူမ၏ လက်ရှိ သဘောထားကြောင့် ရှီယူသည် ငိုရမလား ရယ်ရမလားကို မသိတော့ပေ “အဲ စုန်းမကြီးက အဆင့်ဘယ်လောက်ရှိလဲဆိုတာ သိရဲ့လား”
“သူမက စံတင်အဆင့်မြင့်ပတ်ချာလည်လောက်ရှိမယ်လို့ထင်တယ်၊ ပြီးတော့ မကြာခင်ကို ဧကရာဇ်ဆင့်ဝင်တော့မှာမလား” ရှီမာယူယူ မေးလိုက် သည်။
“သူမက ဧကရာဇ်အဆင့်နီးတော့မလားဆိုတာတော့ မသိဘူး ဒါပေမဲ့ ဧကရာဇ်အဆင့် အလယ်အလတ်လောက်ရှိတဲ့သူက သူမကိုသွားစိန်ခေါ်တာ ဒီအတိုင်းပဲ သူမက အနိုင်ယူလိုက်တယ်” ရှီယူ ပြောပြလေသည် “အဲဒါကြောင့် သူမ ဘယ်လောက်အားကောင်းလဲဆိုတာကို တွေးကြည့်လို့ရတယ်”
“သူမက သန်မာပါတယ်၊ ဒါပေမဲ့ ပိုပြီးသန်မာတဲ့သူတွေ ရှိစမြဲပဲလေ” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် အဲတုန်းက အခြေအနေက သူမ ငါ့ကိုသွားစေချင်တယ်ဆိုတာကို ပြနေတယ်၊ ငါသာ ငြင်းလိုက်ရင် သူမ ပိုဆိုး သွားနိုင်ပြီး နောက်ပိုင်းအစီအစဉ်တွေကို ဆက်လုပ်ဖို့ခက်သွားလိမ့်မယ်၊ အဲလို ဆိုတော့ ငါ သဘောတူလိုက်ရင် အဲဒါကိုပြောနေစရာမလိုတော့ဘူး ဟုတ်ပြီ ငါ ပြင်ဆင်စရာတွေလုပဖို့ နှစ်ရက်လောက် တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ်”
ထိုသည်လည်း မှန်သည်ဟု ရှီယူ ခံစားရသည်။ ထိုအရာများပြောလိုက် ခြင်းသည် မည်သည့်အရာကိုမှ မပြောင်းလဲနိုင်ပေ။
“ဒါဆိုလည်း ကောင်းပြီလေ မင်းတရားထိုင်တာပြန်ထွက်လာတာနဲ့ ပြန် ပြောကြတာပေါ့၊ မင်းကိစ္စမင်းသွားလုပ်လိုက်ပါ ငါလည်းအခုသွားလိုက်ဦးမယ်”
ရှီမာယူယူ ပြုံးလိုက်ပြီး သူမကို ပို့ဆောင်ပြီးနောက် ဝူလင်းယူကို ခေါ်ကာ အပြင်မှဝင်မလာနိုင်စေရန် အတားအဆီးလုပ်လိုက်သည်။ ပြီးနောက်တွင် သူ့ကို သူမ၏ ဝိညာဉ်စေတီသို့ ခေါ်သွားလိုက်သည်။
“မင်း ဆေးဖော်မလို့လား” ဝူလင်းယူသည် သူမ၏ ဆေးဖော်သည့်အခန်း ကို မြင်သောအခါ သူမ လုပ်မည့်အရာကို ချက်ချင်းသိသွားသည်။
“အင်း” ရှီမာယူယူသည် ဒဏ်ရာများကုသပေးမည့် ဆေးနည်းအားလုံးကို ထုတ်ပြီး ပြောလိုက်သည် “ညီမတင်ဆို မလောက်ဘူး၊ ဒီဆေးနည်းတွေကို ညီမ မသိသေးဘူး အဲဒါကြောင့် အစ်ကို့အကူအညီလိုတယ်”
ဝူလင်းယူသည် ထိုဆေးနည်းများကိုလှန်လှောကြည့်ပြီး ပြောလိုက်သည် “ဒီဆေးတွေအကုန်လုံးက ကုသဖိုအတွက်ပဲ အဆင့်လည်းမြင့်သေးတယ်”
“အဖေက အဲဒီမှာ ဒဏ်ရာအပြင်းအထန်ရထားမှာပဲ သူ့အခြေအနေက ဘယ်လိုဖြစ်မလဲဆိုတာကို ညီမလည်းမသိဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် ကုသဆေးတချို့ယူသွားတာ ကောင်းမယ်လို့ထင်တယ်၊ တစ်ခုခု ကတော့ အသုံးဝင်မှာပဲ”
“ဒါပေမဲ့ ဒီမှာအရမ်းများလွန်းတယ် ငါလည်းမလုပ်နိုင်ဘူး၊ အဆင့် ၁၀နဲ့ အောက်ဆေးတွေပဲလုပ်နိုင်မှာ” ဝူလင်းယူ ပြောလိုက်သည်။
“ဒါဆိုလည်း အဲဒီအဆင့် ၁၀နဲ့အောက် ဆေးတွေကိုဖော်ပေးလေ” ရှီမာယူယူသည် ဖိအားမပေးပေ။
ဆေးသန့်စင်မှု နောက်ပိုင်းသည် ဆေးထဲသို့ ဝိညာဉ်စွမ်းအင်ထည့်ရန် လိုသည်။ ဝူလင်းယူသာ အမှောင်စွမ်းအင်ကို အသုံးပြုပါက အဆင့်မြင့်ဆေးများ ကို ဖော်နိုင်မည်။ သို့သော် အလင်းအရည်အချင်းဝိညာဉ်စွမ်းအင်နှင့် ပြုလုပ်၍ မရပေ။ သူ့တွင် ဝိညာဉ်စွမ်းအင် မလုံလောက်သဖြင့် သူဖော်သည့်ဆေးတွင် လည်း သက်ရောက်မှုရှိနိုင်သည်။
ရှီမာယူယူသည်လည်း အဂ္ဂိရတ်ပညာရှင်ဖြစ်သဖြင့် ထိုအချက်ကို နားလည်ထားသည်။
သူမသည် အဆင့် ၁၀ နှင့်အောက်ရှိသော ဆေးနည်းများကို ရှာဖွေလိုက် သည်။ ပြီးနောက် ဆေးညွှန်းရေးထားသည့်အတိုင်း ဝိညာဉ်လေးကို ပါဝင်ပစ္စည်း များပြင်ဆင်ခိုင်းလိုက်သည်။
ဝိညာဉ်လေးသည် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို လျင်မြန်စွာ ပင် ပြင်ဆင်ပြီးနောက် ဝူလင်းယူသည် ဆေးစတင်သန့်စင်တော့သည်။ ရက် နှစ်ဆယ်အတွင်းတွင် အဆင့် ၁၀ရှိ ဆေးအမျိုးအစားများစွာ ဖော်ပြီးလေသည်။ ဆေးဖော်ပြီးနောက်တွင် သူ၏ စွမ်းအင်လျင်မြန်စွာ ပြန်ပြည့်လာစေရန် ရှီမာယူယူသည် သူ့ကိုဝိညာဉ်ရည်ဖြင့် ကုသပေးသည်။
သို့သော် သူ၏ စိတ်စွမ်းအင်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းလှသည်။ အဆင့်မြင့်ဆေးများကို အချိန်ကြာမြင့်စွာ ဖော်ပြီးနောက် တွင်လည်း အနည်းငယ်သာ အားနည်းမှုကိုခံစားရလေသည်။ ဝိညာဉ်ရည်ကို သောက်ပြီးနောက်တွင် သူ အဆင်ပြေသွားလေသည်။
သာမန်လူသာဆိုလျှင် ပြန်ကောင်းလာရန် သုံးရက်မှ ငါးရက်အချိန်လိုဦး မည်။
အထက်တွင်ဆိုထားသော အချိန်မှာရောက်လာခဲ့လေပြီ။ ရှီမာယူယူသည် ဝိညာဉ်စေတီမှထွက်ကာ ရှီကုန်းနှင့်ရှီယူတို့ကိုရှာကာ နှုတ်ဆက်စကားပြော လေသည်။
ဝူမန်လည်း ထိုနေရာတွင်ရှိနေသဖြင့် သူမကို ကြည့်ပြီးပြောလေသည် “အခုပဲဖြစ်ဖြစ် စိတ်ပြောင်းသွားရင် မင်းကိုယ်စား မြို့ဝန်ကိုငါပြောပေးပါမယ်”
“မလိုတော့ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “မြို့ဝန်က ကျွန်မကို စောင့်နေပြီလို့ထင်ပါတယ်၊ ဒီရက်တွေမှာ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်၊ အပြင်ရောက်ရင် အသည်းကွဲတောင်ကြားကိုလာပြီး ကျွန်မကိုရှာလိုက် ပါ”
“မင်း…” ဝူမန်၏ မျက်နှာပျက်သွားသည် “မြို့ဝန်ဒီရောက်နေပြီ”
***