← Chapters

နှင်းလိုဆံပင်ဖြူ

Vol. 98 Ch. 1367

နှင်းလိုဆံပင်ဖြူ

Vol. 98 Ch. 1367

ဝူမန်ပြောလိုက်သည်နှင့် ဝေ့မင်တျဲသည် ရှီမျိုးနွယ်အထက် မိုးပေါ်တွင် ပေါ်လာလေသည်။

ကြည့်ရတာ သူမ မစောင့်နိုင်တော့ဘူးထင်တယ်။

သူမ ပေါ်လာသည်နှင့် ဝူမန်သည် ဆက်ပြောမည့်စကားများကို မျိုချ လိုက်တော့လေသည်။

“မြို့ဝန်ကို နှုတ်ဆက်ပါတယ်” အားလုံးသည် သူမကို ဦးညွှတ်ကြလေ သည်။

“မလိုပါဘူး” ဝေ့မင်တျဲသည် လက်ကိုဝှေ့ယမ်းကာ ရှီမာယူယူကို ကြည့် ပြီး ‌မေးလေသည် “ပြင်ဆင်တာတွေ ပြီးပြီလား”

“ပြီးပါပြီ” ရှီမာယူယူ ပြောလိုက်သည် “မြို့ဝန် သွားကြတာပေါ့”

“ညီမလေး” ရှီယူသည် စိုးရိမ်တကြီးခေါ်လိုက်လေသည်။

“ငါပြန်လာရင် အမည်းလေးက ဘယ်လောက်တောင်လွှမ်းမိုးနိုင်လဲ ဆိုတာ ပြမယ်” ရှီမာယူယူသည် ရှီယူကိုလက်ဝှေ့ယမ်းပြပြီးနောက် ဝေ့မင်တျဲ ဘေးသို့ ဝူလင်းယူနှင့်အတူ ပျံသန်းသွားလေသည်။

ဝေ့မင်တျဲသည် လေဟာပြင်ဝင်ပေါက်ဖွင့်လိုက်ရာ သူတို့နှစ်ယောက် ဖြတ်ဝင်သွားလိုက်သည်။ သူတို့ပြန်ပေါ်လာသည်နှင့် အဆုံးမရှိသော တောင်တန်းများကို တွေ့ရလေသည်။

“မြို့ဝန် ဒီနေရာကဘယ်နေရာလဲ” ရှီမာယူယူသည် အဖြေကိုသိပြီးသား ဖြစ်သော်လည်း မေးလိုက်သည်။

“ဒါကဆည်းဆာတောင်တန်းပဲ၊ ဒီမှာစွမ်းအားက အရမ်းကောင်းတယ်၊ အချိန်ကျရင် မင်းအဲဒါကိုပြန်တွန်းပို့ရမယ်၊ ငါ ဘေးကနေ ကျောက်တုံးနဲ့ မှတ်တမ်းတင်ထားပေးမယ်” ဝေ့မင်တျဲ ပြောလိုက်သည်။

“တကယ်ကြီးလား ကျေးဇူးတင်ပါတယ် မြို့ဝန်”

“ကောင်းပြီ ငါ့မှာ တကယ့်ကိစ္စမဟုတ်တဲ့ ကိစ္စတစ်ခုရှိတယ်၊ အထဲမှာ ပိတ်မိနေတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်၊ မင်း သူ့ကိုမြင်ရင် အဲဒီကနေ ထုတ်လာပေးပါ” ဝေ့မင်တျဲ ပြောလိုက်သည်။

“မြို့ဝန်ရဲ့ မိတ်ဆွေဆိုမှတော့ သူ့ကိုတွေ့ရင် သေချာပေါက်ခေါ်ထုတ်လာ မှာပါ” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပြီလေ ဒါဆိုရင် မင်းသွားလို့ရပြီ”

ရှီမာယူယူသည် အမည်းလေးကိုခေါ်ထုတ်ကာ ချီသွားလိုက်သည်။ ထို့နောက်တွင် ဝေ့မင်တျဲပြောသော ဦးတည်ရာဘက်သို့ လျှောက်သွားလိုက် သည်။ ဝူလင်းယူသည် သူမနောက်မှ ခပ်ခွာခွာလိုက်လာသည်။

သူမ လက်ရှိ ရှိနေသည့်နေရာသည် ထူထဲသောမြူခိုး၏ အစွန်အဖျားဖြစ် သည်။ ဝေ့မင်တျဲသည် ထိုနေရာတွင် ဆယ်စုနှစ်များစွာ လမ်းပိတ်နေခဲ့သည်။ သူမသည် ရံဖန်ရံခါတွင် နီးကပ်သွားလိုက်သော်လည်း အနည်းငယ်လျှောက် ပြီးနောက်တွင် အနောက်သို့ပြန်ရောက်လာသည်။

သို့သော် သူမသည် ခုခံရန်မဖြစ်နိုင်ပေ။ သူမ တိုက်ခိုက်သည်နှင့် ပြန်တုံ့ပြန်ရုံတင်သာမကဘဲ တစ္ဆေမြို့တော်ပါ မငြိမ်မသက်ဖြစ်ရသည်။ ထိုနှစ် များတွင် သူမသည် ထိုနေရာကို ရှင်းရှင်းလင်းလင်းသိထားသော်လည်း အနီးကပ်သွား မရခဲ့ပေ။ ထိုအကြောင်းမှာ သူမကို အမှန်တကယ်ပင် ရူးသွပ်စေ သည်။

ယခုအချိန်တွင်တော့ သူမသည် အနီးအနားတွင် ရပ်နေသည်။ သူမသည် ရှီမာယူယူနှင့် ဝူလင်းယူတို့ အလွယ်တကူဝင်သွားသည်ကို မြင်သည်နှင့် လက်မှာ မသိစိတ်မှ တင်းတင်းဆုပ်ကျစ်မိတော့သည်။

ဒီကောင်မလေးက တကယ်ပဲ ဝင်နိုင်တာပဲ။

ရှီမာယူယူနှင့် ဝူလင်းယူတို့ ဝင်ပြီးနောက်တွင် မြူခိုးမည်းသည် သူမ အနောက်မှလိုက်ပြီး ပြန်ခဲသွားကာ သူတို့နောက်မှလိုက်ရန်ပြင်နေသော ဝေ့မင်တျဲကို ပိတ်သွားတော့လေသည်။

“ရှီချင်း ဘာဖြစ်သွားတာလဲ” ဝေ့မင်တျဲသည် အထဲမှလူများကို တားရန် အော်လိုက်သည်။

ရှီမာယူယူသည် နောက်ပြန်မလှည့်ပေ။ မည်သို့ပင်ဖြစ်စေကာမူ ဝေ့မင်တျဲ မမြင်နိုင်ပေ။

“မြို့ဝန် ဒီနေရာက တားမြစ်ဧရိယာနဲ့ မတူဘူး၊ တားမြစ်ဧရိယာက ဟာ ထက်ပိုပြီး အားကောင်းတဲ့ပုံပဲ၊ သူ့ကို ကိုင်တွယ်နိုင်မလား မကိုင်တွယ်နိုင်ဘူး လားဆိုတာ မသိသေးဘူး၊ မြို့ဝန်ဘေးကင်းဖို့အတွက် အပြင်မှာစောင့်တာ ပို ကောင်းလိမ့်မယ်”

“ဒါဆိုရင် မင်းက အဆင်ပြေလား” ရှီမာယူယူ လိမ်နေသည်ဟု ဝေ့မင်တျဲ မခံစားရသေးပေ။

“အဆင်ပြေသေးတယ်” ရှီမာယူယူသည် ပတ်ပတ်လည်ကို ကြည့်လိုက် သည်။ ထူထဲသော မြိူခိုးများပြည့်နှက်ကာ လူတစ်ယောက်ကို ရှာရန်မပြောနှင့် အရှေ့အနောက်တောင်မြောက်ကို ပင် မသိနိုင်တော့ပေ။ “မြို့ဝန် ဒီအထဲမှာ မိတ်ဆွေတစ်ယောက် ပိတ်မိနေတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား၊ ဘယ် ဘက်လဲဆိုတာကို ဘာလို့မပြောတာလဲ ကျွန်မ လူအရင်ကယ်ရအောင်လို့လေ”

အခြေအနေကွာခြားမှုကြောင့် သူမ၏ မိတ်ဆွေကယ်ရန် ရှီမာယူယူ လက်လျော့သွားမည်ကို ဝေ့မင်တျဲသည် စိုးရိမ်မိသေးသည်။ သူမသာ ဆုံးဖြတ် လိုက်လျှင် ရှီမာယူယူသည် လက်လျော့သွားပါကလည်း ဖိအားပေးရန် စိတ်မကူးထားပေ။

အခု သူမက အရင်မေးလာသဖြင့် ရှုပ်ထွေးမှုများကို ရှောင်ရန် ကူညီပေး လေသည်။

“ငါ မင်းရဲ့နေရာကို အာရုံခံလို့ရတယ် အဲဒီကို ဦးဆောင်သွားပေးမယ်”

“ကောင်းပါပြီ”

အစပိုင်းတွင် ထူထဲသောြမူခိုးသည် ကျောက်ချမနေပေ။ မြိူခိုးများသည် ရှီမာလျူရွှမ်နောက်သို့ နည်းနည်းချင်းစီ လိုက်နေကြသည်။ ထို့်ကြောင့်ပင် ဝေ့မင်တျဲသည် ရှီမာလျူရွှမ်၏ တိကျသောနေရာအမှန်ကို မသိသော်လည်း ယေဘုယျဧရိယာကိုတော့ ခန့်မှန်းနိုင်သည်။

အနှစ် ၅၀ ကြာမြင့်ခဲ့လေပြီ။ သူသည် အနှစ် ၅၀ ကြာအောင် တစ်ကိုယ် တည်းပိတ်မိနေခဲ့သည်။

သူမ နောက်လိုက်မယ့်အစား ဘာလို့ ပိတ်မိဖို့ကိုပဲ ရွေးလိုက်တာလဲ။ အဲမိန်းမက အဲလောက်တောင်ကောင်းလို့လား။

ရှီမာယူယူသည် အပြင်မှ အမျိုးသမီး၏ ခံစားချက်များ အပြောင်းအလဲ ဖြစ်နေသည်ကို မသိပေ။ သူမသည် ပြောထားသော ဦးတည်ဘက်ကိုသာ လမ်းလျှောက်သွားလေသည်။ အမည်းလေးရှိသဖြင့် သူမသည် အတားအဆီးမဲ့ လှည့်ပတ်သွားနိုင်လေသည်။

ကီလိုမီတာ ရာဂဏန်းလောက်လျှောက်ပြီးနောက်တွင် မြူခိုးမှာ စတင် ပါးလာသည်။ မြင်နိုင်စွမ်းမှာလည်း အနည်းငယ်တိုးလာသည်။ သူမသည် အပြင် တွင်ရှိနေသော ဝေ့မင်တျဲကို လက်ရှိအခြေအနေကို ပြောပြလိုက်သည်။ သူမ သည် ဧရိယာ၏ ဗဟိုချက်သို့ ရောက်နေပြီဖြစ်ကြောင်း ဝေ့မင်တျဲ ပြန်ပြောလာ သည်။ ပိတ်မိနေသောလူမှာ အနီးအနားတွင်ရှိကာ နေရာအတိအကျကိုတော့ သူမ ဘာသာရှာရမည်။

“ဘယ်နေရာလဲဆိုတာ ကိုယ်သိတယ်” ဝူလင်းယူသည် သူမလက်ကို ဆွဲကာ အရှေ့မှ ဦးဆောင်သွားလေသည်။

သူမ၏ ဖခင်သည် သူမအရှေ့ သိပ်မဝေးသော နေရာတွင်ရှိသည်။ သူမ ထိုအကြောင်းကိုတွေးလိုက်သောအခါ လွန်စွာပင် စိတ်လှုပ်ရှားလာကာ လက်ဖဝါးတွင် ချွေးများပြန်လာတော့သည်။

“မစိုးရိမ်ပါနဲ့ မင်း ဘယ်လောက်တော်လဲဆိုတာကို မင်းအဖေမြင်ရင် သေချာပေါက်ဂုဏ်ယူမှာပဲ” ဝူလင်းယူသည် သူမကို နှစ်သိမ့်လေသည်။

“ညီမ အဲဒါကို အရင်ကတစ်ခါမှ မစဉ်းစားဖူးဘူး၊ အဖေနဲ့တွေ့ရမယ့် အခြေအနေအကြောင်းကိုလေ” ရှီမာယူယူ ပြောလိုက်သည်။

“ကိုယ်လည်း အရင်ကတစ်ခါမှမစဉ်းစားဖူးဘူး၊ ကိုယ့်ယောက္ခထီးကို ဘယ်လိုအခြေအနေမှာ တွေ့ရမလဲဆိုတာကိုလေ၊ သူ ကိုယ့်ကိုကျေနပ်ပါ့မလား ဆိုတာကို သိချင်နေပြီ” ဝူလင်းယူသည် နောက်မှ နူးညံ့စွာပင် လိုက်ပြောပေး လေသည်။

“ဟား”

ရှီမာယူယူသည် သူ၏ တုံ့ပြန်မှုကြောင့် လှည့်စားခံလိုက်ရကာ စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်းငြိမ်ကျသွားတော့သည်။

“ရောက်ပြီ”

ဝူလင်းယူသည် ထူထဲသောမြူခိုးကြားမှ သူမကို ဆွဲခေါ်ထုတ်ကာ လုံးဝ ကိုရှင်းလင်းနေသော နေရာသို့လာလိုက်သည်။

ထိုနေရာ အလယ်တွင် စွမ်းအင်များ စက်ဝိုင်းပုံသဏ္ဍာန်ဝန်းရံသည့် အလယ်တွင် တစ်ခေါင်းလုံးဖြူစွတ်နေသော ချောမောသည့် လူ တစ်ဦးထိုင်နေ လေသည်။ သူ့မျက်လုံးများသည် တင်းကြပ်စွာပိတ်ထားကာ အနှစ် ၅၀ ကျော် လွန်သွားသော်လည်း ဖုန်မှုန့်များရှိမနေပေ။

ဆံပင်အဖြူကိုမြင်သည်နှင့် ရှီမာယူယူ၏ မျက်ရည်များ စတင်ကျလာ တော့သည်။ သူ့အသက်က ဘယ်လောက်ပဲရှိသေးလို့ ဆံပင်အနက်တွေမရှိ တော့ဘဲ အဖြူရောင်ဖြစ်သွားရတာလဲ။

“အဖေ….”

သူမ၏ တိုးညင်းသောအော်သံသည် ရှီမာလျူရွှမ်ကြားရန် မဖြစ်နိုင်ပေ။ သို့သော် တစ်ဖက်လူသည် တစ်စုံတရာကို အာရုံခံမိသည့်အလား သူ၏ မျက်လုံး များသည် လှုပ်ခတ်ကာ ချက်ချင်းပင်ဖွင့်လာသည်။

သူ့အကြည့်များသည် ဗလာကျင်းနေကာ သူ၏အတွင်းဒဏ်ရာများသည် စိတ်ကို ပြည့်နေပြီဖြစ်သည်။ သို့သော် သူလွမ်းသော လူတစ်ယောက်ကို အာရုံခံ မိလာသည်။

“အဖေ”

နောက်ဆုံးတွင် ရှီမာယူယူသည် ငိုချင်စိတ်ကို မထိန်းနိုင်တော့ပေ။ ဘာကြောင့်များ သူ့မျက်လုံးတွေက ခံစားချက်မဲ့နေတာလဲ။ သူ့မျက်လုံးဖွင့် လိုက်တဲ့ အပြုအမူက ဘာလို့များ အတင်းလုပ်ယူသလိုဖြစ်နေတာလဲ။

သူမသည် အပြေးသွားလိုက်ချင်သော်လည်း ဝူလင်းယူမှ ဆွဲထားလေ သည်။

“မလောနဲ့ မင်း မစဉ်းစားဘဲပြေးသွားလိုက်တဲ့ အမြန်နှုန်းကို အမည်းလေး အားနဲ့မလိုက်နိုင်ဘူး၊ အခုပြေးသွားလိုက်ရင် မင်းအဖေကို မကယ်နိုင်ရုံတင်မက ဘဲ သူ့ကိုသေသွားစေမယ့် ရှုပ်ထွေးမှုပါ ဖြစ်စေနိုင်တယ်”

“ဒါဆိုရင် ဘာလုပ်ရမှာလဲ အဖေ့ကိုကြည့်လိုက်လေ သူ ထပ်ပြီးတောင့် မခံနိုင်တော့ဘူး” ရှီမာယူယူ၏ မျက်ရည်များသည် မထိန်းနိုင်မသိမ်းနိုင် ကျလာ တော့သည်။

“မိုဒိဆန်း သူက ဒီနေရာရဲ့လမ်းကို ရှင်းပေးနိုင်လောက်တယ်” ဝူလင်းယူ အကြံပေးလိုက်သည်။

“သူ့ကိုရှာ သူ့ကိုရှာ”

ရှီမာယူယူသည် တံခါးလေးကိုထုတ်ကာ လောကအသေးလေဟာပြင်ကို ဖွင့်လိုက်သည်။ မိုဒိဆန်း၊ ဒိဝူနှင့် တခြားသူများအားလုံး ထွက်လာကြသည်။

“ရွှမ်အာ” ဟွမ်ရင်ရင်သည် ထွက်လာသည်နှင့် အလယ်တွင်ရှိနေသော ရှီမာလျူရွှမ်ကို မြင်လိုက်ရသည်။ သူမသည် ပြေးသွားချင်သော်လည်း ရှီမာရှုံ့ချီ မှတားထားလေသည်။

“လက်လွတ်စပယ်မလုပ်နဲ့၊ အခြေအနေကို သေချာမစစ်ကြည့်ရင် သွား ရင်လည်း သူ့ကိုထိခိုက်သွားစေမယ်”

“လျူရွှမ် သူ ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ” ရှီမာလျူဖန်နှင့် တခြား သူများသည် သူ့ကိုမြင်သောအခါ အံ့ဩကြလေသည်။ သူထိုသို့ဖြစ်သွားလိမ့် မည်ဟု သူတို့ထင်မထားကြပေ။

ထိုအခိုက်တွင် ရှီမာယူယူသည် စိတ်ငြိမ်သွားပြီဖြစ်သည်။ သူမသည် ဟွမ်ရင်ရင်နှင့် တခြားသူများကို ပြောလိုက်သည် “အဘိုး အဘွား စိတ်ငြိမ်ငြိမ် ထားပါ၊ အဖေက ပိတ်မိနေတာ၊ သူ့နားကိုကပ်သွားဖို့ဆိုရင် ဒါကိုအရင်ရှင်းရ မယ်”

***

All Chapters