← Chapters

အခန်း (၁၃၆၅)

Vol. 92 Ch. 1365

အခန်း (၁၃၆၅)

Vol. 92 Ch. 1365

လင်းယွမ်မြို့၏ မြို့တော်ဝန်ကို ငွေညှစ်ခဲ့သောကြောင့် ကျွင်းချောင်ရှောင်းသည် သူမည်သူ ဖြစ်ကြောင်း ပေါ်ပြီး ပြဿနာများမည်ကို စိုးရိမ်နေမိ၏။ ထို့ကြောင့် ခပ်ဝေးဝေး တခြားမြို့များဆီသို့ သွားရောက်ကာ ဆေးပင်များကို ရှာဖွေတော့၏။ ဤတစ်ကြိမ်မှာတော့ သူသည် သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့၏။ မည်သည့်ပြဿနာမှ မရှာခဲ့ချေ။ ရွှမ်စိတ်ဝိညာဉ်ကျောက်တုံး သုံးသန်းကို အသုံးပြုပြီး မျိုးစေ့ပေါင်းများစွာကို ဝယ်ယူခဲ့၏။

“အင်း… ဒီသုံးသန်းကို ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင် ရွှမ်စိတ်ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်တောင် ရမှာ မဟုတ်လား”

ဂိုဏ်းဆီသို့ ပြန်ရာလမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် တွေးကြည့်လေ၊ ပျော်ရွှင်လေဖြစ်၏။ ထို့အတူ စိတ်လှုပ်ရှားမှုလည်း ပြည့်နှက်လျက်ရှိသည်။

ကောင်းကင်ယံထက်တွင် အလင်းတန်းတစ်ခုသည် ပျံသန်းသွား၏။ အလွန်တရာ အားကောင်းလှသောစွမ်းအင် များသည် ထိုသူ့ဆီမှ ထွက်ပေါ်လျက်ရှိ၏။ ကောင်းကင်ယံထက်တွင် ကျန်းချီများသည် လွင့်မျောကာ ကျန်ရှိခဲ့၏။ သူသည် အံ့အားတသင့်ဖြင့် ထအော်လိုက်မိ၏။ “ဒါက ကျွမ်းကျင်သူတစ်ယောက်ပဲ”

တစ်ဖက်လူ ပျံသန်းသွားသည့်နှုန်းသည် အလွန် မြန်ဆန်ပြီး တည်ငြိမ်လွန်းလှ၏။ ထို့ကြောင့် တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်သည် အမြူတေအသွင်ပြောင်းခြင်းအဆင့်ထက် ပိုမိုကာ မြင့်မားမှာ သေချာသည်။။ အထက်နယ်မြေတွင် ကျွမ်းကျင်လှသည့်လူများ အများအပြား တည်ရှိနေ၏။ သို့ပေမဲ့ ကျယ်ပြောလှသော ထိုမြေတည်နေရာကြီးထဲတွင် သူတို့ရှိနေသည်မှာ အရှေ့တောင်ဘက် အစွန်ဆုံး တည်နေရာ ဖြစ်သောကြောင့် ကျွမ်းကျင်သူများသည် ပျံသန်းနိုင်သည့် ရတနာများကို အသုံးပြု၍ ပျံသန်းသည်မှလွဲ၍ ကိုယ်ကိုယ်တိုင် ပျံသန်းမှုဆိုသည်မှာ ရှားရှားပါးပါးပင် ဖြစ်၏။

ဝှစ်

အလင်းတန်းများသည် တောင်တစ်ခုရှေ့တွင် ရပ်တန့်သွားခဲ့၏။ ပြီးသည့်နောက် အမဲရောင်ဝတ်စုံနှင့် ဖန်းကွေ့ချန် ပေါ်လာခဲ့၏။ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ တောင်နှင့်အနီးနားတဝိုက်ကို သေသေချာချာ ကြည့်ရှုလိုက်၏။ သူသည် ရင်ထဲတွင် နာကျင်စွာ တွေးလိုက်မိ၏။ “အဲစုံတွဲ ဘယ်နေရာကို ရောက်နေပါလိမ့်”

သူသည် တစ်လနီးပါးကို ရှာဖွေခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ ပတ်ဝန်းကျင် တည်နေရာရှိ တောင်တန်းများ အားလုံးကို ရှာဖွေခဲ့သည်ဆိုသော်လည်း မြို့တော်ဝန်လု ပြောဆိုလိုက်သည့် ပုံပန်းသွင်ပြင်နှင့် စုံတွဲကို ရှာဖွေ မတွေ့ရှိခဲ့ချေ။

“ရှေ့မှာရှိတဲ့ မြို့တစ်ခုခုကို သွားပြီးကြည့်ရမယ်”

ဖန်းကွေ့ချန်သည် အရှုံးမပေးချေ။ ရှေ့သို့ ဆက်ကာ ရှာလျက် ရှိ၏။

ကျွင်းချောင်ရှောင်းမှာတော့ သူ၏အကြည့်များကို ပြန်လည်ရုတ်သိမ်းကာ ရှေ့ဆီသို့ ဆက်လက်ကာ ခရီးသွားလိုက်၏။ ဤလောကကြီးထဲတွင် ဝေးမလိုလိုနှင့် နီးပြီး နီးမလိုလိုနှင့် ဝေးကွာသွားကြသည့်လူများ များပြားစွာ တည်ရှိနေလေ၏။

………….

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်း ပြန်လာပြီးသည့်နောက် သူသည် ဆေးမျိုးစေ့များကို ဆေးဟောခန်းဆီသို့ ကမ်းပေးလိုက်၏။ သူသည် ဆေးပင်များ စိုက်ပျိုးရန် စတင်ကာ ကြိုးစားစေ၏။ တစ်ရက်တည်းမှာပဲ စွန်းပုကုံးသည် သူ၏ ဂိုဏ်းတူ ရောင်းရင်းများကို ဦးဆောင်ကာ အပင်များကို သေသေချာချာ စိုက်ပျိုးသည်။

ယခုနှစ်ပိုင်းအတွင်း အကြီးအကဲဝေ သည် ဆေးဟောခန်းမ၏ အကြီးအကဲအဖြစ် တည်ရှိနေသည်ဆိုသော်လည်း များပြားလှသည့် အလုပ်များကို မလုပ်တော့ချေ။ သူ့အနေနှင့် တပည့်များကိုသာ အလုံးစုံ လွှဲအပ်ထားခဲ့ပြီး သူက စောင့်ကြည့်စစ်ဆေးခြင်း အလုပ်ကိုသာ ပြုလုပ်တော့၏။

မည်သို့ပင် ဆိုစေကာမူ အနာဂတ်သည် လူငယ်များသာ ပိုင်ဆိုင်သည့်အရာ ဖြစ်နေသည် မဟုတ်ပါလား။ ဂိုဏ်းတစ်ခု ပိုမိုကာ ဖွံ့ဖြိုးတိုးတက်လာမလား၊ မလာဘူးလား ဆိုသည်ကို လူငယ်မျိုးဆက်များ မည်မျှ အားကောင်းသည်ကို ကြည့်ရှုကာ သိရှိနိုင်သည်။

တောဝက်ရိုင်းလေးသည် ဒုတိယအကြိမ်မြောက် ဆေးဥယျာဉ်ကြီးတစ်ခုလုံးကို စတင်ကာ အဆင့်မြှင့်တင်လျက် ရှိနေ၏။ ဤတစ်ကြိမ် စိုက်ပျိုးရသည့် မျိုးစေ့သည် ပထမအကြိမ်ထက် ပိုမိုကာ များပြားလွန်း၏။

“အင်း… ဒီအပင်တွေ ရင့်မှည့်လာတဲ့အထိ စောင့်ရတော့မှာပဲ”

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲရှိ စားပွဲ ပေါ်တွင် သက်တောင့်သက်သာ လှဲလိုက်၏။ ပြီးသည့်နောက် အချိန်အတော်ကြာ သူမေ့လျော့နေသည့် နဂါးလေးရှိရာသို့ လှမ်းကြည့်လိုက်၏။ “အင်း… ဒီကောင်လေးက ဘယ်ချိန်မှများ နိုးလာမှာလဲ”

သူ့အနေနှင့် ဤတစ်ကြိမ်မှာ သေသေချာချာ မခန့်မှန်းနိုင်ဘူးဆိုသော်လည်း နဂါးလေးသည် နိုးထလာပြီးနောက် ကြီးမားလှသည့် ပြောင်းလဲမှုများ ဖြစ်လာမည်ဟု သူကျိန်းသေပေါက် ယုံကြည်နေမိသည်။

…………

ကျွင်းချောင်ရှောင်းသည် သိုင်းပညာများကို လေ့ကျင့်ရင်း ဂိုဏ်းကိုစီမံခန့်ခွဲရင်း နေ့ရက်တိုင်းကို ကျော်ဖြတ်လျက် ရှိနေ၏။ တခါတရံ သူသည် ဆေးဥယျာဉ်ဆီသို့ သွားရောက်ကာ ကြည့်ရှုခြင်းကို ပြုလုပ်၏။

သူ့အနေနှင့် ပျော်ပျော်ရွှင်ရွှင်နှင့်ဘဝကို ဖြတ်သန်းနေသည့် ပုံစံမျိုး ရှိသည်ဆိုသော်လည်း အလွန်တရာ စိတ်ဓာတ်ကျလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် စတိုးတွင် VIP အကောင့် အသုံးပြုသူအဖြစ် အကောင့် ဖွင့်ပြီးသော်လည်း သူ့တွင် အသုံးပြုစရာ ဂိုဏ်းစုဆောင်းမှတ်များ မရှိခဲ့ချေ။ ထို့ကြောင့် ဝယ်ချင်သည်များကို ဝယ်ယူ၍ မရနိုင်သလို ဖြစ်နေသည်။

“ဒီလအတွက် ကျန်နေတဲ့ Refresh လုပ်ခွင့်တွေကို နောက်လဆီ ခေါ်သွားလို့ရလား”

“အားနာပါတယ်။ ဒီလိုကိစ္စရပ်မျိုး မရှိဘူး”

“….……”

ကျွင်းချောင်ရှောင်းသည် စနစ်အား ခေါ်ထုတ်၍ ရိုက်နှက်ချင်စိတ်များ ပေါက်မိနေ၏။ လက်ရှိအခြေအနေမှာတော့ တင်းရှင်းဝမ်သည် သိုင်းနယ်မြေ ပြည့်စုံသည့်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီး ကုန်းစွန်းဟောင်းဟိုင်သည် လည်း သိုင်းနယ်မြေ ထိပ်ဆုံးအဆင့်ဆီသို့ ရောက်ရှိသွားသည်။ ကျန့်ရာနှင့် တခြားသော အထက်ပိုင်း အကြီးအကဲများသည် သိုင်းနယ်မြေ အဆင့်ကိုးဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီး ဖြစ်၏။

အထက်နယ်မြေဆီသို့ ရောက်ရှိလာသည်မှာ နှစ်လမှ သုံးလလောက်သာ ကြာမြင့်သေးသည်ဆိုသော်လည်း အားလုံးသောသူတို့သည် အဆင့်ကြီးနှင့် အဆင့်သေး များ တိုးတက်လျက်ရှိ၏။ နှလုံးသားအလင်းကျမ်းစာကို ပိုမို၍ လေ့ကျင့်ခဲ့သည့်အပြင် ပတ်ဝန်းကျင် တည်နေရာ၏ ပြောင်းလဲမှုများကြောင့်လည်း ဖြစ်ပေလိမ့်မည်။

ဟူး ဟူး

ယနေ့ နဂါးဦးခေါင်းတောင်ထွတ်၏ လွတ်လပ်သော ခြံဝန်းလေးဆီမှာတော့ အဆင့်တက်သည့် အော်ရာများသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ဆေးဥယျာဉ်ဆီသို့ သွားရောက်လေ့လာ၍ ပြန်ရောက်လာခဲ့သည့် ကျွင်းချောင်ရှောင်း သည် ရုတ်တရက် ဆွံ့အသွားမိသည်။ “ဒီမိန်းမကတော့ တည်နေရာချိုးဖြတ်ခြင်းအဆင့်ကို ဝင်ရောက်ခဲ့တယ်နဲ့တူတယ်”

မှန်ပေ၏။ ယခုအဆင့်တိုးတတ်သည့်လူမှာ နှင်းဆီဧကရီဖြစ်တော့သည်။ အချက်အလက်အားဖြင့် သူမသည် ကျွင်းချောင်ရှောင်းနှင့် တွေ့ဆုံစဉ်ကတည်းက တည်နေရာချိုးဖြတ်ခြင်းအဆင့်နှင့် နီးကပ်သည့် အခြေအနေဆီသို့ ရောက်ရှိနေပြီဖြစ်၏။ သို့ပေမဲ့ ဤအဆင့်သေးလေးကို ချိုးဖြတ်နိုင်ရန် ခက်ခဲနေ၏။

ယခု လောကအသစ် နှင့် ပတ်ဝန်းကျင်အသစ်ကို ကြုံရပြီးသည့်နောက် နှင်းဆီဧကရီသည် ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူရာတွင် ပိုမိုကာ အားကောင်းလာသောကြောင့် အချိန်အတိုင်းအတာ အတွင်း အဆင့်ချိုးဖြတ် နိုင်ခဲ့သည်။

ဟူး ဟူး …။

များပြားပြီး ဆန်းကျယ်လွန်းလှသည့် ဓာတ်သဘာဝများ ပါဝင်လျက်ရှိနေသည့် အဆင့်တက်သည့် အော်ရာများ သည် ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွား၏။ တပည့်များသည် ထိုအချင်းအရာနှင့်ပတ်သက်၍ ပိုမိုကာ အကျိုးကျေးဇူးများ ရရှိလာခဲ့၏။ အဆင့်တက်မှုနှုန်းသည် တစ်နာရီခန့် ကြာမြင့်၏။

အရာအားလုံး ပုံမှန်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည့်အချိန်မှာတော့ နှင်းဆီဧကရီသည် အခန်းထဲမှ လမ်းလျှောက်ထွက်လာ၏။ သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ပိုမိုအားကောင်းသည့် အော်ရာများ ဖြစ်တည်လျက်ရှိသည်။

ဂြိုဟ်တစ်ခုလုံးကို ထိန်းချုပ်ခဲ့သည့် ဧကရီရှင်မတစ်ပါးဖြစ်သည်မို့ သူမ၏ ကိုယ်ဟန်အမူအရာသည် ပြောနေစရာ ပင် မလိုအပ်ချေ။ သို့ပေမဲ့ အပြင်ဘက် ခြံဝန်းတွင်ရှိနေသည့် ကျွင်းချောင်ရှောင်းကို မြင်ရသည့်အချိန်မှာတော့ ဧကရီ တစ်ပါးကဲ့သို့ တော်ဝင်ဆန်လှသည့် ခမ်းနားကြီးကျယ်လှသည့် အော်ရာများသည် ရုတ်တရက် ပျောက်ကွယ် သွားခဲ့၏။ သူမ၏ မျက်နှာပေါ်တွင်တော့ ချစ်စဖွယ်ကောင်းလှသော မိန်းမလှတစ်ဦး၏ အပြုံးသာ ကျန်ရှိနေတော့သည်။ သူမက ပြောလိုက်မိ၏။ “ယောက်ျား… ကျွန်မက အဆင့်ချိုးဖြတ်ခဲ့ပြီ”

“ကျွတ်”

ကုန်းရှန့်သည် ချက်ချင်းလှည့်ကာဖြင့် သူ၏အိမ်ရှိရာဆီသို့ ပြန်သွားခဲ့၏။ လက်ခံသူ၏ အမူအကျင့်ကို အသားကျနေပြီဖြစ်သော စနစ်သည် ဘာတစ်ခုမှ ပြောချင်စိတ်ပင် မရှိချေ။ ဖြစ်နိုင်မည်ဆိုပါက သူသည် အပြင်ဘက်သို့ထွက်၍ လက်ခံသူ၏ မျက်ခွက်ကို ခြေထောက်ဖြင့် ဘန်း ဘန်း ဘန်း ဆိုပြီး ကန်ကျောက်မိနေမှာ သေချာသည်။

အထက်နယ်မြေမှ ဆဋ္ဌမအဆင့် အသွင်ပြောင်းလဲခြင်းအဆင့်ဖြစ်သည့် ဖြူမဲညီနောင်တို့မှလွဲလျှင် နှင်းဆီဧကရီ သည် ဂိုဏ်းချုပ်ပြီးသည့်နောက် တည်နေရာ ချိုးဖြတ်ခြင်းအဆင့်သို့ ဝင်ရောက်ခဲ့သည် ဒုတိယလူသာဖြစ်၏။ ဟုတ်ပေသည်။ ဤအရာမှာ အစသာဖြစ်သေး၏။ လက်ရှိအဆင့်တိုးတက်မှုနှုန်းအရဆိုလျှင် အားကောင်းလွန်း လှသည့် လောကဓာတ်သဘာဝများနှင့် ကောင်းမွန်သည့် ကျင့်ကြံခြင်းနည်းစနစ်၏ ထောက်ပံ့မှုနှင့်အတူ တစ်နှစ်အတွင်း အရာအားလုံးသည် ပြောင်းလဲသွားမှာ သေချာ၏။

အဘယ်ကြောင့် ဤမျှသေချာနေရသနည်း။ အဘယ်ကြောင့် ဆိုသော် နှင်းဆီဧကရီ အဆင့်ချိုးဖြတ်ပြီးနောက် နှလုံးသားအလင်းကျမ်းစာကို နက်နက်နဲနဲ နားလည်ခဲ့ပြီဖြစ်သော ရီရှင်းချန်သည် အဆင့်ခုနှစ် သိုင်းနယ်မြေ အဆင့်မှ အဆင့်ရှစ် သိုင်းနယ်မြေအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့၏။ ဤအရာမှာ အလွန်ပင် မြန်ဆန်လွန်းလှပြီး ရက်သုံးဆယ်၊ လေးဆယ်အတွင်း အဆင့်တစ်ခု တိုးတက်သည်ဟု ဆိုရမည်။ ‌‌

လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ ယခုမှ အဆင့်တက်ထားသည့် အားညိုသည် ဂုဏ်ယူစွာပြောလိုက်၏။ “လာ... တိုက်ခိုက်ကြရအောင်”

“..........”

စွန်းမူချန်သည် လေ့ကျင့်ရာတွင်သာ အာရုံစိုက်ချင်သည်ဆိုသော်လည်း သူ၏ စီနီယာအစ်ကိုက တိုက်ခိုက်ရန် လာရောက်ပြောဆိုနေသည်ဆိုသောကြောင့် လေးလေးစားစားနှင့် တိုက်ခိုက်ရပေတော့မည်။

ဘုန်း ဘုန်း ဘုန်း

ကြမ်းတမ်းလှသော လေလှိုင်းများသည် လေ့ကျင့်ရေးကွင်းပြင်၌ ဖြစ်တည်လာ၏။ ခုနှစ်မိနှစ်မှ ရှစ်မိနစ်ကြာ တိုက်ခိုက်ပြီးနောက် ရီရှင်းချန်သည် မျက်နှာတစ်ခုလုံး ရောင်ကိုင်းလျက်ရှိပြီး နှာခေါင်းမှ သွေးများကျကာ မြေပေါ်တွင် လဲလျောင်းလျက်ရှိ၏။

“စီနီယာအစ်ကိုကြီး”

စွန်းမူချန်သည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်သည်။ “အနိုင်ပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်”

“...........”

စုရှောင်မို၊ လီဖေးနှင့် တခြားသောသူများသည် စိတ်ဓာတ်တကျဖြင့် ဤတိုက်ပွဲကို ကြည့်ရှုခဲ့၏။ ဂျူနီယာညီလေးရီ သည် အတွင်းစည်းတပည့်များထဲတွင် အားအကောင်းဆုံးလူများထဲမှ တစ်ယောက်ဖြစ်သည်။ လက်ရှိအချိန် မှာတော့ အဆင့်ရှစ် သိုင်းနယ်မြေအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့သည်ဆိုလျှင်တောင်မှ စွန်းမူချန်ကို အနိုင်မယူနိုင်ခဲ့ချေ။

“ငါရှုံးပြီ။ ငါရှုံးပြန်ပြီ” ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သို့ပေမဲ့ သူ့တွင် ဒေါသတရား၊ စိတ်ပျက်မှု၊ နာကျည်းမှု မည်သည့်အရာမှ မရှိချေ။ သူ့အနေနှင့် အရှုံးမပေးဘဲ ဆက်လက်ကာ ကြိုးစားမည်ဆိုသော စိတ်ဆန္ဒများသာလျှင် တည်ရှိ၏။

ညအင်ပါယာသည် သေဆုံးသွားခဲ့ပြီဖြစ်၏။ အထက်နယ်မြေသို့ ရောက်ရှိလာသူ သည် လက်ရှိတွင် သာမန်လူတစ်ယောက်သာဖြစ်ပြီး ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းသားလည်း ဖြစ်သည်။

“ငါ... ငါရှုံးနိုင်တယ်။ ဒါပေမဲ့ ဘယ်တော့မှ အရှုံးထဲမှာ နစ်မွန်းနေမှာ မဟုတ်ဘူး” ရီရှင်းချန်သည် မနည်းရုန်းကန် ထပြီးသည့်နောက် လေ့ကျင့်ရေးကွင်းပြင်ထဲမှ ထွက်ခွာလိုက်သည်။ သူသည် စွန်းမူချန်ကို လှမ်းကြည့်၏။ ပြီးနောက် အော်လိုက်၏။ “အရက် သွားသောက်ရအောင်”

ဘုတ် …..။

စားသောက်ခန်းအတွင်းမှာတော့ အရက်မူးအိမ်မက်ဝိုင်ကို အနည်းငယ်သာ သောက်ပြီးသော စွန်းမူချန်သည် စားပွဲ ပေါ်သို့ တစ်ခါတည်းလဲပြိုကာဖြင့် သတိလစ်သွားခဲ့တော့သည်။

ရီရှင်းချန်သည် ကလေးငယ်လေးအား ခေါ်ယူ၍ အရက် သောက်ရန် စေခိုင်းလျက် ရှိနေတော့၏။ ရီရှင်းချန်သည် အရက်မရှိတော့သော ခွက်ကြီးကို စားပွဲပေါ်သို့ အသာချကာ ခပ်တည်တည် အမူအရာဖြင့် ပြောလိုက်၏။ “အမှိုက်”

“..........” စုရှောင်မိုနှင့် လီဖေး။

ဒွီ ….။

ရက်အနည်းငယ်ကြာပြီးသည့်နောက် …..

ပြိုင်စံရှားဂိုဏ်းကို ဗဟိုပြုပြီးနောက် ကြီးမားလှသည့် အစီအရင်ကြီးသည် ဖြစ်တည်လာခဲ့သည်။ ထိုအရာသည် အင်မော်တယ်တောင်တန်းကြီးတစ်ခုလုံးကို လွှမ်းခြုံလျက်ရှိ၏။ ထိုအရာမှာ ခရမ်းရောင်ကြယ်အစီအရင်ပင် ဖြစ်တော့သည်။ ဒုတိယအသုတ် ဆေးပင်များ ကြီးထွားရင့်မှည့်လာရန် နီးကပ်လာသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်နှင့် သုတေသန ပြုလုပ်ထားသည့် အစီအရင်ကြီးအား စတင်ကာ ဖန်တီးခဲ့သည်။ “ဒီအရာနဲ့ဆိုရင် ငါ ပိုပြီးတော့ စိတ်သက်တောင့်သက်သာ ခံစားရတာပဲ”

စနစ်က ဆွံ့အသွားမိ၏။ “အင်း... ကောင်းကင်နဲ့ မြေကြီး ဖန်တီးခြင်းအစီအရင်ကို လေ့လာခဲ့တုန်းက ဦးနှောက်ကို အသုံးပြုလွန်းသောကြောင့် ခေါင်းတုံးတောင်ဖြစ်သွားခဲ့တယ်လေ။ အခု အစီအရင်ကို လေ့လာပြီးတဲ့အချိန်မှာ တစ်ခါ ခေါင်းတုံးထပ်ဖြစ်သွားပြန်ပြီ။ မင်းက ဘေးထွက်ဆိုးကျိုးရှိတာ မဟုတ်တော့ဘူး။ ခေါင်းတုံးဖြစ်ရတာကို အလေ့အကျင့် ဖြစ်သွားတာပဲ နေမယ်”

ဝှစ်

ခရမ်းရောင်ကြယ် အစီအရင်သည် မမြင်ရဘဲ ပျောက်ကွယ်လျက် ရှိနေ၏။ တစ်စုံတစ်ယောက်သည် ထိုအရာကို ဝင်တိုက်မှသာလျှင် ထိုအရာ တည်ရှိကြောင်း သိရှိနိုင်ပေလိမ့်မည်။ ရှိနေသော အစီအရင်ကြီးသည် ပျောက်ကွယ် မသွားသည်ကို သိရှိပြီးသည့်နောက် သူသည် အပြင်ကိုဘက်ထွက်ပြီး လုပ်ချင်တာ လုပ်ချင်စိတ်များပင် ပေါက်လျက် ရှိ၏။

ပြီးနောက် ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေ၌ မည်ကဲ့သို့ သေလမ်းရှာရမည်နည်းဆိုသော နည်းလမ်းများကို စတင်ကာ စဉ်းစားလျက် ရှိနေတော့သည်။

All Chapters