ကယ်တင်ရန် ပူးပေါင်းလုပ်ဆောင်ခြင်း
Vol. 98 Ch. 1368
ရှီမာယူယူ ပြောပြီးသည်နှင့် မိုဒိဆန်းကိုကြည့်ပြီး မေးလိုက်သည် “ဒါကို ဖွင့်ဖို့နည်းလမ်းရှိလား”
မိုဒိဆန်းသည် ရှီမာလျူရွှမ်ဘေးတွင် ပျံဝဲနေသာ စွမ်းအားကိုမြင်သော အခါ သက်ပြင်းချလိုက်သည် “မင်းအဖေက သူ့ကိုယ်သူ တကယ်ကိုအညှာတာ မဲ့တာပဲ ဒါကကိုယ့်ကိုယ်ကို သေကြောင်းကြံတာပဲ”
သူ ပြောလိုက်သည့်စကားကို ကြားသည်နှင့် အားလုံး၏ မျက်နှာမှာ ဖြူဖျော့သွားလေသည်။
“သေကြောင်းကြံတယ်ဟုတ်လား နည်းလမ်းမရှိဘူးလို့ဆိုလိုတာလား” ဟွမ်ရင်ရင် အော်မိလေသည်။
“အဲလိုပြောတာမဟုတ်ဘူး” မိုဒိဆန်းသည် သူတို့နားလည်မှုလွဲသွားသည် ကိုမြင်သောအခါ အမြန်ပင် ရှင်းပြလေသည် “ကျွန်တော်ပြောချင်တာက သူက သူ့ကိုယ်သူ သေတဲ့အခြေအနေဖြစ်အောင် လုပ်လိုက်တာပဲ၊ ဘေးကနေ သူ့ကို တိုက်ခိုက်ရင် သူက အဲဒါနဲ့အတူသေသွားတော့မှာ”
“ဒါဆိုရင် အကြံရှိလား” ရှီမာယူယူ မေးလိုက်သည်။
“အကြံရှိတယ် ဒါပေမဲ့ အစီအစဉ်ဆွဲရမယ်” မိုဒိဆန်း ပြောလိုက်သည် “ငါတို့ အဲဒီစွမ်းအားကို ရှင်းထုတ်ရုံပဲ”
“ဒါဆိုလည်း မင်းကိုပဲဒုက္ခပေးရတော့မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို ငါ့ကိုကူပေး၊ ဒီအချိန်ကို မင်းအကူအညီလိုတယ်” မိုဒိဆန်း တောင်းဆိုလေသည်။
“ကောင်းပြီလေ”
ရှီမာယူယူသည် ထိုစွမ်းအား မည်မျှသန်မာကြောင်းကို သိသည်။ မိုဒိဆန်း သည် တစ်ယောက်တည်းဖြေရှင်းရန် မဖြစ်နိုင်သဖြင့် သူမပါ အတူလုပ်ပေးရ မည်။
သူတို့သည် ထိုစွမ်းအား မည်သည့်နေရာကလာသည်ကို တစ်နေ့လုံး ရှာဖွေစိစစ်လေသည်။ သူတို့ ထိုအရာကို ရှင်းလင်းအောင်လုပ်ပြီးမှပင် လမ်း ကြောင်းမှန်ကို လျှောက်ရန်လွယ်ကူမည်ဖြစ်သည်။
ဟွမ်ရင်ရင်နှင့် တခြားသူများသည် ရှီမာလျူရွှမ်ဆီမှ အကြည့်မခွာကြပေ။ ရှီမာယူယူနှင့် မိုဒိဆန်း ပြန်လာချိန်မှပင် သူတို့အာရုံများ ပြန်ကပ်နိုင်ကြသည်။
“ဘယ်လိုလဲ”
“နည်းလမ်းကိုတော့ စဉ်းစားမိပြီ ဒါပေမဲ့ အကုန်လုံးရဲ့အကူအညီလိုတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ငါတို့ ဘာလုပ်ရမလဲ”
“မိုဒိဆန်း လင်းယူ အဘိုး အဘွား ဦးလေးလျူဖန် ဦးလေးလျူယွင်၊ လက် ထောက်လေး ကျွန်မ၊ အကုန်လုံး စွမ်းအားကိုတစ်ဖက်ကိုဆွဲရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“သခင်မလေး လက်ထောက်လေးက အားမကောင်းဘူး သူ့နေရာကို ကျွန်တော်ယူမယ်” ဒိဝူ ပြောလိုက်သည်။
“လက်ထောက်လေးက အားနည်းတဲ့နေရာပဲ၊ သူ ဝိညာဉ်စွမ်းအင် နည်းနည်းပဲလိုတယ် မင်းက တခြားလုပ်စရာရှိတယ်”
“ဒါဆိုရင် ဘာလုပ်ရမှာလဲ” ဒိဝူသည်လည်း ပါဝင်ချင်နေသည်။
“ဒိဝူ မင်းအလုပ်က အရေးကြီးဆုံးပဲ” ရှီမာယူယူ ပြောလိုက်သည် “အဖေ့ နားမှာဝိုင်းနေတဲ့ သေမင်းရောင်ဝါကို တွေ့လား”
“အင်း” ဒိဝူ အာရုံစိုက်လိုက်ရာ ရှီမာလျူရွှမ်ကို ဝန်းရံနေသည့် သေမင်း ရောင်ဝါ ခပ်ဖျော့ဖျော့ကိုတွေ့လိုက်ရသည်။
“မင်းက လွဲပြီး ဘယ်သူမှမမြင်ရဘူး၊ ငါတို့ စွမ်းအားကိုဖွင့်ဖို့ကြိုးစားမယ် အဲချိန်ကျရင် မင်းကို သေမင်းရောင်ဝါကို အပ်ထားမယ်” ရှီမာယူယူ ပြောလိုက် သည် “ငါ့အဖေရဲ့ ဝိညာဉ်စွမ်းအင်က ကုန်ခမ်းနေတာ ကြာပြီ၊ ပြီးတော့ သူက သေမင်းရောင်ဝါကို စွမ်းအင်အဖြစ်သုံးပြီးတော့ သူ့ကိုယ်သူ တောင့်ခံထားတာ၊ အဲဒါကြောင့် ဘယ်နနှစ်ကြာကြာ သူ့ဒဏ်ရာတွေက မပျောက်သွားတာ”
“အဲဒါကြောင့် သူ့အသက်ကျောက်စိမ်းကလည်း ဒီအခြေအနေကို ပြပေး နေတာကိုး၊ သေမင်းရောင်ဝါက သူ့ကိုစွမ်းအားတွေပေးနေတာပဲ၊ ဒါပေမဲ့ အဲဒါ က လုံးဝသဟဇာတမဖြစ်ဘူး၊ သေမင်းရောင်ဝါဘယ်လောက်နည်းနည်း သူ့ ခန္ဓာကိုယ်ကို ထိခိုက်စေမှာပဲ”
“အမှန်ပဲ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒီလိုတည်ဆောက်မှုက ထောက်ပံ့ပေးထားတဲ့ စွမ်းအားပေါ်မှာမူတည်တယ်၊ တကယ်တော့ စွမ်းအင် နည်းနည်းပဲ သုံးရတာ၊ အဲဒါကြောင့် သူက ဝိညာဉ်စွမ်းအားနဲ့ဆေးကိုသုံးပြီး တောင့်ခံနိုင်တာပဲ၊ ဒါပေမဲ့ နောက်ပိုင်းအဆင့်တွေကတော့ သေမင်းရောင်ဝါ ဘယ်လောက်ပဲ နည်းနည်း သူ့ခန္ဓာကိုယ်ကိုတော့ ထိခိုက်တာပဲ”
“ငါ့ကလေး…” ရှီမာလျူရွှမ် မည်မျှလောက်ခံစားရမည်ကို တွေးမိသည် နှင့် ဟွမ်ရင်ရင်သည် ငိုတော့သည်။
“ဒိဝူ အဲအချိန်ကျရင် ငါတို့အားနဲ့ဖွင့်လိုက်တာနဲ့ မင်းဘာလုပ်ရမှာလဲဆို တော့… အဖေ့နားက သေမင်းရောင်ဝါတွေအကုန်လုံးကို စုပ်ယူရမယ်” ရှီမာယူယူ ပြောလိုက်သည် “အဲအချိန်ကျရင် သေမင်းရောင်ဝါက ပြန်ကန်ထွက် ပြီး ငါ့အဖေကို ဖျက်ဆီးလိမ့်မယ်၊ မင်း ဒဏ်ရာရကောင်းရနိုင်တယ် ဒါပေမဲ့ သေတဲ့အထိတော့ မဟုတ်ဘူး”
“ကောင်းပါပြီ အဲလိုလုပ်ပါမယ်” ဒိဝူ ပြောလိုက်သည်။
“ကောင်းပြီ ဒါဆိုရင် မင်းတစ်ယောက်တည်းလုပ်ရမှာကို ပြောပြမယ်၊ အားလုံးပေါင်း ရှစ်နေရာရှိတယ်၊ ပြီးတော့ ငါတို့လည်း ရှစ်ယောက်ရှိတယ်…”
သူမ ရှင်းပြသည်နှင့် အားလုံးသည် သက်ဆိုင်ရာနေရာတွင် မည်သို့လုပ်ရ မည်ကို နားလည်သွားကြသည်။
“အားလုံးပဲ လေ့ကျင့်ဖို့ အခွင့်အရေးမရှီဘူး၊ အဲဒါကိုတစ်ခါတည်းလုပ်ရ မယ်” ရှီမာယူယူသည် အားလုံး၏ မျက်လုံးကိုကြည့်လိုက်သည်။ အထူးသဖြင့် လက်ထောက်လေးကို ကြည့်လိုက်သည်။
လက်ထောက်လေးသည် အားမကောင်းလှပေ။ သူ့အပိုင်းသည် အလွယ် ဆုံးဆိုသော်လည်း သူမသည် စိုးရိမ်နေတုန်းပင်။
သို့သော် အားကိုလိုသည်ထက် နားလည်မှုကိုပိုလိုသည်။ သွေးမိစ္ဆာမြို့မှ လူများသည် လက်ထောက်လေးထက် အားပိုကောင်းနိုင်သည်။ သို့သော် သူတို့ သည် သူမနှင့်ရင်းနှီးကျွမ်းဝင်မှုမရှိသဖြင့် လက်ထောက်လေးကို ကူညီခိုင်းသည် ထက်မသာနိုင်ပေ။
သူမ သက်ပြင်းချပြီး သူမကိုယ်သူမ စိတ်ငြိမ်အောင်လုပ်ပြီး ပြောလိုက် သည် “စလိုက်ရအောင်”
မိုဒိဆန်းသည် ဝိညာဉ်စွမ်းအင်ကိုစုစည်းကာ စွမ်းအားအချင်းချင်း ထိမိ သည့်အခိုက်တွင် ချက်ချင်းပင် ပေါင်းစပ်ပြီး ဝင်သွားလေသည်။ လေဟာပြင် နေရာကိုဖွင့်ရန် ကြိုးစားသော်လည်း ခုခံမှုနှင့်ရင်ဆိုင်ရလေသည်။
“ဖူး”
မိုဒိဆန်းသည် လတ်ဆတ်သောသွေးများကို ပါးစပ်အပြည့် အန်ထုတ် လိုက်လေသည်။ သူသည် မသုပ်နိုင်ဘဲ အားကိုမြင့်ကာ အားလုံးကို ပေါင်းရန် ကြိုးစားလိုက်သည်။
ရှီမာယူယူသည် သူ့ကို အနည်းငယ်စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။ ပထမ အဆင့်သည် အခက်ဆုံးဖြစ်သည်ကို သူမ သိသည်။ ထိုစွမ်းအားများကို နားလည်သည့် ထူးခြားသည်စွမ်းရည်ရှိသော မိုဒိဆန်းသာမဟုတ်ဘဲ သာမန်လူ သာဆိုပါက စမ်းကြည့်ရဲမည်မဟုတ်ပေ။
“ဟား”
မိုဒိဆန်း သုံးကြိမ်မြောက်အော်ပြီးနောက်တွင် ထိုစွမ်းအားသည် နောက်ဆုံးတွင် လှုပ်ရှားလာကာ သူ၏ မူလနေရာသို့ သွားလေသည်။
ထိုစွမ်းအားများသည် ထိုနေရာ၏ မြေကြီးထဲမှထွက်လာခြင်းဖြစ်သည်။ သူတို့နှင့် မျက်နှာချင်းဆိုင်တွင် မြေအောက်ထဲမှ ပြန်ထွက်လာသည်။ စက်ဝိုင်း ခြမ်းရှစ်ခု၊ နေရာရှစ်ခု… သူတို့သည် အပြန်အလှန် ဆွဲငင်မှုများရှိသော်လည်း တစ်ယောက်နှင့်တစ်ယောက် ဝေးကွာနေကြသည်။
ပထမဆုံးစွမ်းအားသည် မူလနေရာမှ ထွက်သွားသောအခါ ရှီမာယူယူ သည် ချက်ချင်းပင် သူမတာဝန်ယူထားသော တစ်ခုကိုလှုပ်လိုက်သည်။
တတိယနှင့် စတုတ္ထအားများ လိုက်လာသည်….
“ဒိဝူ” ရှီမာယူယူသည် ဒိဝူကိုအော်လိုက်သည်။
ဒိဝူသည် ချက်ချင်းပင် ကွဲအက်မှုကိုညှစ်ပြီး ရှီမာလျူရွှမ်၏ ဘေးသို့ လာ လိုက်သည်။
သူသည် တရားထိုင်သည့်အလား တင်ပျဉ်ခွေထိုင်ကာ သူ့ခန္ဓာကိုယ်မှ သေမင်းရောင်ဝါတစ်ခုချင်းစီကို စုပ်ယူလေသည်။ သို့သော် သေမင်းရောင်ဝါကို အတင်း အဆက်မပြတ်စုပ်ယူခြင်းကြောင့် ခန္ဓာကိုယ်အတွင်းသို့ရောက်သော အခါ ထိုစွမ်းအား၏ ပြန်ကန်မှုကို ခံစားရပြီး သူ၏ သွေးကြောများ ပြင်းထန်စွာ ထိခိုက်မိလေသည်။
သို့သော် သူ လက်မလျော့ဘဲ ဆက်စုပ်ယူလေသည်။ သူ စွမ်းအားအဖြစ် သို့ မပြောင်းလဲနိုင်မည်ကို ကြောက်ရွံ့မိသော်လည်း အားလုံးကိုစုပ်ယူကာ သခင်မလေး၏ ဖခင် မထိခိုက်စေရန် အားလုံးကိုစုပ်ယူလိုက်သည်။
သူ ထိခိုက်မိပါက ပြန်ကုသ၍ရသည်။ သို့သော် သူမ၏ ဖခင် နောက်တစ် ကြိမ်တိုက်ခိုက်မှုခံရပါက အသက်ဆုံးရှုံးသွားနိုင်သည်။
သူသာ ကျရှုံးသွားပါက တစ်သက်လုံး အပြစ်ကိုခံစားသွားရမည်ဖြစ် သည်။
သူ ထိုအကြောင်းကိုတွေးမိသောအခါ အားပိုထုတ်ပြီး စုပ်ယူလိုက်သည်။ သူသည် သေချာပေါက် အားလုံးကိုစုပ်ယူရမည်။
ရှီမာယူယူသည် အသက်ကိုဂရုမစိုက်ဘဲ သေမင်းရောင်ဝါကို အဆက် မပြတ်စုပ်ယူနေသော ဒိဝူကိုမြင်သောအခါ ကျေးဇူးတင်မိသည်။
သူသည် အမြဲအဆော့မက်သော်လည်း အချိန်တန်လျှင်တော့ အားကိုးရ သည်။
နောက်ကို သူ့ကို အနိုင်မကျင့်တော့ဟု သူမ ဆုံးဖြတ်လိုက်သည်။
နေရာရှစ်ခုရှိ စွမ်းအားများကို ကနဦးပတ်လမ်းမှ ဆွဲထုတ်ပြီးနောက် ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ချက်ချင်းပင် အချက်ပြကာ ရှီမာလျူရွှမ်နှင့် ဒိဝူတို့ရှိရာဘက်သို့ ရောက်အောင်သွားလိုက်ကြသည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက်ဖက်ပြီး မူလနေရာမှ ခေါ်ထွက်လာကြသည်။
တခြားသူများလည်း နောက်ပြန်ဆုတ်ကြသည်။ ရှီမာလျူယွင်သည် လက်ထောက်လေးဘေးသို့သွားကာ သူနှင့်အတူ နောက်ဆုတ်သည်။ မိုဒိဆန်း နှင့် တခြားနှစ်ယောက်သာ ကျန်တော့လေသည်။
ထိုစွမ်းအားများသည် ခေတ္တမျှလှုပ်ရှားပြီး ပြန်ကန်ထွက်သောစွမ်းအား များသည် ပို၍ပင် အားကောင်းလေသည်။ ထို့ကြောင့်ပင် မိုဒိဆန်းသည် သူတို့ အတွက် ခွဲခြားပေးလေသည်။
“မီအာ သူ့ကိုကူလိုက်ဦး” ရှီမာယူယူသည် မီအာကိုခေါ်ထုတ်လိုက်သည်။
မီအာသည် တစ်ချိန်လုံး အခြေအနေကို မျက်ခြေမပြတ်ကြည့်လာခဲ့ သည်။ သူသည် ထိုအရာများကို ဖြေရှင်းရာတွင် အတော်ဆုံးဖြစ်သည်။
သူသည် မိုဒိဆန်းဘေးသို့လာကာ ရှီမာလျူဖန်အား မြှောက်ပြီး သူ့ဘာသာ ထိုစွမ်းအားကိုရင်ဆိုင်လေသည်။
“မီအာ သူတို့အတွက် လမ်းဖွင့်ပေးလိုက် မတိုက်ခိုက်နဲ့” ရှီမာယူယူသည် တစ္ဆေမြို့တော်ကို သက်ရောက်နိုင်ကြောင်းကို တွေးပြီး အော်လိုက်သည်။
သို့သော် သူမသည် ခြေတစ်လှမ်းနောက်ကျသွားကာ မီအာသည် ပထမဆုံး တိုက်ကွက်ကို ပစ်လွှတ်လိုက်လေပြီ.
ဆည်းဆာတောင်မှာ အဆက်မပြတ်တုန်ခါသွားလေသည်။ တစ္ဆေ မြို့တော်တွင်လည်း ထိုအတိုင်းပင်ဖြစ်ကာ လမ်းများအိမ်များသည် ပြိုအက်ကြလေသည်။
***