← Chapters

အခန်း (၁၃၆၃)

Vol. 92 Ch. 1363

အခန်း (၁၃၆၃)

Vol. 92 Ch. 1363

မြို့တော်ဝန်အိမ်တော် ……..။

မြို့တော်ဝန်လုသည် စားပွဲ၏ထိပ်တစ်နေရာတွင် စိတ်ဆိုးမာန်ဆိုးနှင့် ထိုင်လျက်ရှိ၏။ မြို့တော်ဝန်တစ်ယောက် အဟေင်း ………

မြို့တော်ဝန်လုသည် သက်ပြင်းချမိလိုက်၏။ လက်ရှိအချိန်မှာတော့ သူသည် တစ်ဖက်လူမည်သူဖြစ်ကြောင်း အမြန်ဆုံး ရှာဖွေတွေ့ရှိချင်မိ၏။ တစ်ဖက်လူတွင် မည်သည့်နောက်ခံမှ မရှိပါက သူ၏ဒေါသများကို အလုံးစုံ ဖြေလျော့ပေးတော့မှာ ဖြစ်သည်။

"မြို့တော်ဝန်"

နောက်တစ်ယောက်သည် အလျင်အမြန်ပဲ ဝင်ရောက်လာကာ ပြောလိုက်၏။ "ဆေးဟောခန်းက ကျွမ်းကျင်ဆရာကြီးတစ်ယောက် ရောက်လာတယ်"

"အမ်"

မြို့တော်ဝန်လုသည် ရုတ်တရက် မတ်တပ်ထလိုက်ပြီးနောက် ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဘယ်သူလာလည်တာ"

သူ၏စိတ်များသည် ရှုပ်ထွေးလျက် ရှိနေသောကြောင့် ဦးနှောက်၏ အလုပ်လုပ်ပုံသည် အနည်းငယ် နှောင့်နှေးနေခဲ့၏။

"ဆေးဟောခန်းက ဆရာကြီးပါ"

ဆွစ်

မြို့တော်ဝန်လုသည် ဖြစ်နိုင်သမျှအမြန်ဆုံး ဟောခန်း၏ရှေ့ဆီသို့ လှမ်းထွက်လိုက်သည်။ တံခါး၏ရှေ့တွင်တော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်ကို မြင်လိုက်ရပြီး သူ၏စိတ်မှ စိုးရိမ်ပူပန်နေသည့် မျက်နှာအသွင်အပြင်သည် ချက်ချင်းချိုသာသည့် အသွင်ဖြစ်တည်လာခဲ့၏။ သူသည် ရှေ့ကိုလှမ်းလျှောက်ပြီးနောက် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။

"ဆေးဟောခန်းက ဆရာကြီးရောက်လာတော့ ကျုပ်ရဲ့နိမ့်ကျတဲ့အိမ်တော်က ဂုဏ်တက်တော့မှာပေါ့"

"မြို့တော်ဝန်လု"

အမဲရောင်ဝတ်စုံနှင့် သက်လယ်ပိုင်းလူသည် ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်၏။ "ခင်ဗျားလူတွေက နည်းနည်းရိုင်းပြတယ်လေ"

သူ့အနေဖြင့် ဆေးဟောခန်းက ဆေးဆရာကြီး ဖြစ်သည်ဆိုသော်လည်း မြို့ထဲသို့ ဝင်ရောက်ချိန်တွင် ရာဇဝတ်သားကဲ့သို့ ဖမ်းဆီးခြင်းခံခဲ့ရ၏။ ထို့ကြောင့် စိတ်မပျော်မရွှင် ဖြစ်လို့နေသည်။

"ဘာတွေဖြစ်သွားတာလဲ"

မြို့တော်ဝန်လုသည် များပြားလှသော အတွေ့အကြုံများကို ဖြတ်သန်းလာသူဖြစ်သောကြောင့် ချက်ချင်းပဲ အခြေအနေကို ထိန်းချုပ်လိုက်နိုင်၏။ တစ်ဖက်လူ၏ စကားလုံးနှင့် အမူအရာကို ကြည့်ရှုလိုက်သည်နှင့် တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ကြောင်း နားလည်လိုက်မိ၏။ ထို့ကြောင့် သူ၏နောက်လိုက်တစ်ယောက်ကို အလောတကြီးဖြင့် လှမ်းကာမေးလိုက်၏။

အဖြစ်အပျက်အကြောင်းအရာများကို သိရှိပြီးနောက် သူသည် အလျင်အမြန်ဖြင့် တောင်ပန်လိုက်တော့သည်။ "နားလည်မှုလွဲတာပါ။ ဒါက ကြီးကြီးကျယ်ကျယ် နားလည်မှုလွဲတာပါ"

ဆေးဟောခန်းဆိုသည်မှာ သိုင်းပညာရှင်များလောက် အားမထေို့ကြောင့် များပြားလှသည့် ဂိုဏ်းကြီးများနှင့်လည်း နီးကပ်သည့်ဆက်ဆံရေးကို ပိုင်ဆိုင်လျက်ရှိနေ၏။ မြို့တော်ဝန်လုသည် မြို့တစ်ခု၏ မြို့တော်ဝန်ဖြစ်သည်ဆိုသော်လည်း ရွှမ်ဂိုဏ်းများနှင့် နှိုင်းယှဉ်၍ရနိုင်သည့် အဆင့်တော့မဟုတ်ချေ။

ထို့ကြောင့် ဆေးဟောခန်းမှလူများကို သွား၍အပြစ်ပြုလုပ်ခြင်းဆိုသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသော အရာတစ်ခုဖြစ်ပေ၏။ အမဲရောင်ဝတ်စုံနှင့် လူမှာတော့ တွက်ချက်တက်သူတစ်ယောက် မဟုတ်ပေ။ ဟောခန်းဆီသို့ ပင့်ဖိတ်ခံရပြီးနောက်မှာတော့ စားပွဲ၏ထိပ်တွင် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်လိုက်ပြီး သူ့လိုရင်းအကြောင်းအရာကို ပြောဆိုလိုက်တော့၏။ "မြို့တော်ဝန်လု ကျုပ်ဒီတစ်ကြိမ်ဖြတ်သွားတဲ့အချိန်မှာ အရမ်းကိုထူးခြားတဲ့ ဆေးပင်ရနံ့တွေကို ရရှိခဲ့တယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးဖို့ လာခဲ့တာပဲ"

"ထူးခြားတဲ့ဆေးပင်တွေ ဟုတ်လား"

မြို့တော်ဝန်လုသည် အနည်းငယ်ဇဝေဇဝါ ဖြစ်မိနေ၏။ လင်းရန်မြို့တွင် များပြားလှသော ဆေးဆိုင်များ တည်ရှိနေ၏။ သို့ပေမဲ့ တော်တော်များများမှာ သာမန်သာဖြစ်ပြီး ထူးခြားမှုမရှိချေ။

ဤကဲ့သို့သော ဆရာကြီးကို မည်သို့သောဆေးပင်က ဆွဲဆောင်ခဲ့သနည်း။ ဤဆေးဟေယခန်းဆီမှ ဆရာကြီး၏ အကြောင်းကိုပြောရမည်ဆိုလျှင် ဆေးပင်၊ ဆေးလုံးနှင့် ပတ်သက်လျှင် အလွန်ကျွမ်းကျင်လှခြင်းပင် ဖြစ်၏။ ထို့ကြောင့် မြို့တော်ဝန်လုအနေဖြင့် မြို့ထဲရှိ ဆေးပင်များအကြောင်းကို သေသေချာချာ စဉ်းစားနေခြင်းပင်။

"ပြီးတော့ "

အမဲရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူက ထပ်ပြောလိုက်၏။ "သေချာတဲ့ရနံ့ကို ရခဲ့တာပဲ"

"ဒါက" မြို့တော်ဝန်လုသည် ပိုပြီးတော့ ဇဝေဇဝါဖြစ်မိနေသည်။

အမဲရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူက ထပ်ပြီးတော့ ပြောလိုက်၏။ "မြို့တော်ဝန်လု … ခင်ဗျားစိတ်ပူစရာမလိုပါဘူး။ ခင်ဗျားမြို့က တစ်ကယ့်ကို ကောင်းမွန်တဲ့ ဆေးပင်တွေရှိပါတယ်။ ကျုပ်က လိုချင်တဲ့ဆေးပင်ကိုသာ ရမယ်ဆိုရင် သတ်မှတ်ထားတဲ့ ပေါက်ဈေးထက်ပိုပြီးတော့ ပေးနိုင်ပါတယ်။ ကျုပ်က ဖန်းမျိုးနွယ်ပါ"

မြို့တော်ဝန်လုသည် အံ့အားသင့်စွာဖြင့် ထိုင်ခုံမှ ပြုတ်ကျလုမတတ်ပင် ဖြစ်မိနေ၏။ "ဆေးဟောခန်းမဆောင်ရဲ့ အဓိကဆေးပညာရှင် ရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဖန်းကွေ့ချန်လား"

သူ့အေနဖြင့် ဆေးဟောခန်းမဆောင်အကြောင်းကို သေသေချာချာမသိချေ။ သို့ပေမဲ့ အထက်နယ်မြေတွင် ကျော်ကြားလှသည့် ဆေးပညာရှင် ရှစ်ယောက်ရှိကြောင်းကိုတော့ သိရှိ၏။ ထိုသူများထဲတွင် ပထမနေရာချိတ်နေသည်မှာ ဖန်းကွေ့ချန်ပင် ဖြစ်တော့သည်။

ဤလူသည် ဆေးပင်များ၏ အားအင်အဆင့်နှင့်ပတ်သက်၍ သေသေချာချာ အကဲဖြတ်နိုင်သူလည်း ဖြစ်၏။ ဆေးပင်များကို ထိကြည့်စရာပင် မလိုချေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုဆေးပင်များ၏ အရည်အသွေးကို ပြောဆိုနိုင်သည့် တစ်ဦးတည်းသောလူပင် ဖြစ်၏။ ထိုကဲ့သို့သော လူမျိုးကို ရရှိရန်အတွက် ဂိုဏ်းများအားလုံးသည် ငှားရမ်းချင်နေကြ၏ သို့သော် သူတို့သည် မတတ်နိုင်ကြချေ။

"အမှန်ပါပဲ" အမဲရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူက ဝန်ခံလိုက်၏။

"အင်း … စီနီယာဖန်းဆိုမှတော့ ကျုပ်ရဲ့ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါအုံး"

မြို့တော်ဝန်လု၏ မျက်လုံးထဲတွင်ရှိနေသော ရိုသေလေးစားမှုများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ဆေးဟောခန်း၏ ဆေးပညာရှင်ရှစ်ယောက်ထဲမှ တစ်ယောက်သည် အမှန်တကယ် ကျွမ်းကျင်သူဖြစ်ပြီး ဤကဲ့သို့သော မြို့ငယ်လေးဆီသို့ရောက်ရှိလာခြင်းကို သူ့အနေဖြင့် ပြဿနာသွားလုပ်၍ မရနိုင်တော့ချေ။ အကောင်းမွန်ဆုံး စိတ်ချမ်းသာအောင် ပြုလုပ်ပေးမှ ဖြစ်ပေလိမ့်မည်။

"မြို့တော်ဝန်လု စီးပွားရေးကိစ္စ ထပ်ပြောရအောင်" ဖန်းကွေ့ချန်က ပြောလိုက်၏။ သူ၏အစစ်အမှန်တည်ရှိမှုကို ထုတ်ဖော်ပြသပြီးနောက် သူသည်ကြွားဝါလိုခြင်း မဟုတ်ပေ။ သူ၏နှလုံးသားထဲတွင် ဖြစ်တည်နေသည်မှာ ဆေးပင်များအကြောင်းကို သိရှိလိုခြင်းပင် ဖြစ်တော့၏။

မြို့တော်ဝန်လု၏ အမူအရာသည် စိတ်ဝင်တစားနှင့် ဖြစ်လာခဲ့၏။ သူ့မိသားစုတွင် ပိုင်ဆိုင်သော ဆေးပင်များ အကြောင်းကို သူကောင်းကောင်းသိရှိပြီးဖြစ်၏။ ဆေးဟောခန်း၏ အကြီးအကဲတစ်ယောက်အနေဖြင့် ဆေးပင်များကို ကြည့်ရှုချင်သည်ဆိုပါက သူ့အနေဖြင့် ကျိန်းသေပေါက် ပြသရမှာဖြစ်၏။

"နေပါအုံး"

ထိုအချိန်မှာပဲ မြို့တော်ဝန်လုသည် သူ့သားကို ကယ်တင်ရန်အတွက် ငွေများသုံးကာ ဝယ်ယူခဲ့သည့် ဆေးပင်များအကြောင်းကို သတိရမိလိုက်၏။ ထို့ကြောင့် စိတ်ထဲမှ ကြိတ်ကာရေရွတ်လိုက်သည်။ စီနီယာဖန်းပြောနေတာ အဲဆေးပင်တွေတော့ မဟုတ်လောက်ပါဘူးနော်။

အနည်းငယ်နှောင့်နှေးနေတာမြင်တော့ ဖန်းကွေ့ချန်သည် စိတ်မသက်မသာဖြင့် ပြောလိုက်၏။ "မြို့တော်ဝန်လု ဒီဖန်းက ခင်ဗျားရဲ့ဆေးပင်တွေကို ပိုက်ဆံမပေးပဲနဲ့ ယူသွားမယ်လို့ စိုးရိမ်ပူပန်နေတာလား"

"မဟုတ်ပါဘူး။ မဟုတ်ပါဘူး"

မြို့တော်ဝန်လုသည် အလောတကြီးနှင့်ပြောလိုက်တော့၏။ "ဒီလူဆိုလိုချင်တာက အဲ့လိုမဟုတ်ပါဘူး။ ကျုပ်က "

သူသည် ခနလောက်စဉ်းစားပြီးနောက် သေသေချာချာ ပြောဆိုလိုက်သည်။ "ကျုပ်တို့ လင်းယွမ်မြို့က မြို့ငယ်လေးတစ်ခုပဲလေ။ ဆေးပင်နဲ့ ပတ်သက်ပြီး အဓိကထားလုပ်တယ်ဆိုပေမဲ့ ဆရာကြီးအကြိုက်မတွေ့မှာ စိုးရိမ်နေတာပါ"

အစောက သူဝယ်ယူခဲ့သော ဆေးပင်များသည် အထူးဆေးပင်များဖြစ်သည်ကို မသေချာပေ။ ထို့ကြောင့် ကြိုတင်ကာ စကားဦးကမ်းထားခြင်းပင် ဖြစ်၏။

"အဆင်ပြေတယ်"

ဖန်းကွေ့ချန်က ပြောလိုက်သည်။ "ဒီဖန်းက အကျိုးအကြောင်းမဆီလျော်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး"

မြို့တော်ဝန်လုသည် စိတ်သက်သောင့်သက်သာ ဖြစ်သွားမိ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းဆီမှ ဝယ်ယူထားသည့် သိုလှောင်လက်စွပ်များကို ထုတ်ယူလိုက်၏။ ပြီးသည့်နောက် ဆေးပင်အနည်းငယ်ကို ထုတ်ယူကာ စားပွဲပေါ်သို့တင်လိုက်၏။

"စီနီယာဖန်း ဒါတွေက မြို့ထဲမှာရောင်းတဲ့ သာမန်ဆေးပင်တွေပါပဲ။ ခင်ဗျားအနေနဲ့ ထူးခြားတဲ့ဆေးပင်တွေ မတွေ့ဘူးဆိုရင် …."

ဆွစ်

သူပြော၍မပြီးခင်မှာပဲ ဆေးပင်များသည် လေထဲသို့ ခုန်တက်လာခဲ့၏။ ဆေးခန်းမဆောင်၏ အကြီးအကဲဖြစ်သည်နှင့်အညီ လှုပ်ရှားမှုတစက်ကလေးမှ မရှိဘဲ ဆေးပင်များကို ဆွဲယူသွားခဲ့ခြင်း ဖြစ်၏။

တစ်ဖက်လူသည် ဆေးဟောခန်းမမှ ဆေးဆရာကြီးတစ်ယောက် ဖြစ်သည်ဆိုသော်လည်း သိုင်းတာအိုတွင်လည်း ကျွမ်းကျင်သည့် လူတစ်ယောက်ဖြစ်ကြောင်း သိရှိလိုက်ရသည်။

ဖန်းကွေ့ချန်သည် စားပွဲပေါ်ရှိဆေးပင်များကို အသာလှမ်းယူကြည့်လိုက်၏။ သို့ပေမဲ့ တစ်ချက်ကလေးမှ မထိခဲ့ချေ။ ထိုအစားသေသေချာချာ စူးစိုက်ကြည့်လျက်ရှိ၏။ သူ၏ အုံ့မှိုင်းနေသောမျက်နှာသည် ချက်ချင်းပဲ ဝင်းလက်လာခဲ့၏။ "ဒါက ဈေးထဲမှာအလွယ်တကူတွေ့နိုင်တဲ့ ကောင်းကင်အင်ပါယာမြက်ပင်တွေပဲ။ ဒါပေမဲ့ အရမ်းကိုထက်ရှလွန်းတဲ့ ဓာတ်သဘာဝတွေ ပါဝင်နေတယ်။ မယုံနိုင်စရာပဲ"

သူ့အား ပို၍အံ့အားသင့်တုန်လှုပ်စေသည်မှာ ကောင်းကင်ကျောက်စိမ်းမြစ်နှင့် ငါးသစ်သီးအပြင် အခြားဆေးပင်အများအပြားလည်း ပါဝင်လျက်ရှိ၏။ ထိုဆေးပင်များသည် သာမန်ဖြစ်သည်ဆိုသော်လည်း ထိုဆေးပင်များတွင် ပါဝင်လျက်ရှိနေသော စွမ်းအင်များမှာ အရမ်းကိုအားကောင်းလှပြီး လောက၏ရတနာတစ်ခုဟုပင် သတ်မှတ်နိုင်စွမ်းရှိနေသည်။

ဆေးဝါးခန်း၏ အကြီးအကဲတစ်ယောက် ဖြစ်သည်နှင့်အညီ ဖန်းကွေ့ချန်သည် ယခုထက်ပိုမိုအဆင့်မြင့်မားသည့် ဆေးပင်များကို မြင်ဖူးခဲ့ပြီဖြစ်၏။ သို့ပေမဲ့ သူ့အနေဖြင့် အဘယ့်ကြောင့်ဤမျှ စိတ်လှုပ်ရှားရသနည်းဆိုသော် သာမန်အဆင့် ဆေးပင်များသည် လောက၏ရတနာကဲ့သို့ သတ်မှတ်ခံနေရေသာကြောင့်ပင်။

တစ်ဖက်လူ၏ မျက်နှာပေါ်တွင်ရှိနေသော ဝင်းလက်တောက်ပမှုများကို မြင်ရသည့်အချိန်မှာတော့ မြို့တော်ဝန်လုသည် မနေနိုင်ဘဲ စိတ်ထဲမှ ကြိတ်ကာရေရွတ်လိုက်၏။

"ဒါက ထင်ထားတာထက်တောင် ပိုကောင်းနေတာလား"

မြို့တော်ဝန်လုသည် တေးပင်များအကြောင်းကို တစ်စက်မှ မသိရှိချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ ဆေးများသည် ဆေးလုံးသန့်စင်ရာတွင် မည်မျှအရေးကြီးကြောင်း မသိရှိသည်မှာ သဘာဝပင်ဖြစ်တော့၏။

"ကောင်းပြီ"

ဖန်းကွေ့ချန်က အလျင်အမြန်ပဲ မေးမြန်းလိုက်၏။ "မြို့တော်ဝန်လု ဒီဆေးပင်တွေကို ဘယ်လိုများ စိုက်ပျိုးခဲ့တာလဲ"

ကောင်းကင်အင်ပါယာမြက်ပင်နှင့် အခြားသောဆေးပင်များသည် စားပွဲပေါ်တွင် စီစီရီရီနှင့် တည်ရှိနေ၏။ ထိုအရာသည် ဆေးပင်ရိုင်းများ ဖြစ်သော်လည်း များပြားလှသည့်စွမ်းအင်များမပါဝင်သင့်ပေ။ ယခုဖြစ်နိုင်သည့် တစ်ခုမှာ သာမန်မဟုတ်သောနည်းလမ်းများဖြင့် စိုက်ပျိုးထားခြင်းသာ ဖြစ်ပေလိမ့်မည်။

မြို့တော်ဝန်လုသည် ကြောင်အအဖြင့် ပြောလိုက်သည်။ "စီနီယာဖန်းကို ဖုံးကွယ်မနေတော့ပါဘူး။ ဒီဆေးပင်တွေက ကျုပ်စိုက်ပျိုးထားတဲ့ ဆေးပင်တွေမဟုတ်ပါဘူး။ တစ်စုံတစ်ယောက်ဆီက ဝယ်ယူခဲ့တာပါ"

"ဘယ်သူ့ဆီကလဲ" ဖန်းကွေ့ချန်သည် အလျင်အမြန်ပဲ မေးလိုက်မိ၏။

သာမန်ဆေးပင်များကို လောကရတနာအဖြစ် ပြောင်းလဲအောင်စိုက်ပျိုးနိုင်သော တစ်စုံတစ်ယောက်သည် ထိပ်တန်းဆေးပညာရှင်တစ်ယောက်ပဲ ဖြစ်ရမည်။

"ဒီဆေးပင်တွေကို လာပြီးရောင်းတဲ့သူတွေက လူငယ်စုံတွဲတစ်ခုပဲ။ သူတို့က ဘယ်သူဖြစ်တယ်ဆိုတာတော့ ကျုပ်လည်း ကောင်းကောင်းမသိဘူး။ အခုမှ စပြီးတော့ စုံစမ်းတုန်းရှိပါသေးတယ်"

မြို့တော်ဝန်လုသည် ရိုးသားစွားပြောလိုက်၏။

"လူငယ်စုံတွဲဟုတ်လား"

ဖန်းကွေ့ချန်က အလျင်အမြန်ပဲ မေးလိုက်၏။ "ဒါဆိုရင် သူတို့မှာထူးခြားတဲ့အသွင်အပြင် ရှိသေးလား"

လောကရတနာများကို စိုက်ပျိုးနိုင်သည့်လူများ ဖြစ်သောကြောင့် သီးခြားနေထိုင်သည့်လူများ ဖြစ်ပေလိမ်မည်။ ထို့ကြောင့် ထိုလူများကို ရှာဖွေတွေ့ရှိသည်ဆိုပါက ကျိန်းသေပေါက် သွားရောက်လည်ပတ်ရပေလိမ့်မည်။

မြို့တော်ဝန်လုက ခနလောက်တွေးတောပြီးနောက် ပြောလိုက်သည်။ "ကောင်လေးက အသက်နှစ်ဆယ်၊ သုံးဆယ်ကြားဖြစ်ပြီး အရမ်းကိုအားကောင်းတဲ့ပုံပေါ်တယ်။ ဒါပေမဲ့ မိန်းကလေးကတော့ အရမ်းကိုလှပတယ်။ ဟုတ်ပြီ။ သူ့ကိုကြည့်ရတာ စီနီယာ့လို အမဲရောင်ဝတ်စုံဝတ်ထားတာပဲ"

ဖန်းကွေ့ချန်သည် ထိုပုံစံများကို သေသေချာချာမှတ်သားကာ မေးလိုက်၏။ "မြို့တော်ဝန်လု ခင်ဗျားဆီမှာ ရောင်းဖို့ဆေးပင်တွေ ဘယ်လောက်လောက်ရှိလဲ"

မြို့တော်ဝန်လုသည် သိုလှောင်လက်စွပ်ထဲမှ ဆေးပင်များကို ထုတ်ကာပြောလိုက်သည်။ "ဒါတွေ အကုန်ပါပဲ"

ဖန်းကွေ့ချန်သည် စိတိဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် တစ်ခုချင်းစီ သေချာကြည့်ရှုလိုက်သည်။ ဤဆေးပင်များသည် လောကရတနာအဖြစ်သို့ ပြောင်းလဲနေသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် တုန်လှုပ်စွာဖြင့် ပြောလိုက်မိ၏။ "ဒါတွေက များတာပဲ။ များများစားစားစိုက်ပျိုးနိုင်တဲ့ နည်းစနစ်တစ်ခု ရှိနေတာပဲ ဖြစ်ရမယ်။ မြို့တော်ဝန်လု ဒါတွေအတွက် ဘယ်လောက်သုံးခဲ့လဲ"

"ရွှမ်စိတ်ဝိညာဉ်ကျောက်တုံးသုံးသန်းပါ" ဖန်းကွေ့ချန်သည် ထိုအချင်းအရာကိုကြားတော့ မျက်မှောင်ကုတ်မိလိုက်သည်။

မြို့တော်ဝန်လုသည် စိတ်ထဲမှ ကြိတ်ကာရေရွတ်လိုက်မိ၏။ "ငါ ရူးတူးတူးပေါတောတောနဲ့ အများကြီးတောင်းလိုက်မိပြီလားမသိဘူး"

"ကျွမ်းပျင်သူတစ်ယောက် အမြင်အရပြောရရင် ဒီဆေးပင်တွေက ရွှမ်စိတ်ဝိညာဉ်သုံးသန်းတန်တယ်ဆိုတာ အရမ်းကိုဈေးပေါတာပဲ" ဖန်းကွေ့ချန်က ပြောလိုက်သည်။

ဟမ်

မြို့တော်ဝန်လုသည် ကြောင်အအနှင့် ဖြစ်သွားခဲ့၏။ ဖန်းကွေ့ချန်သည် သိုလှောင်လက်စွပ်အနည်းငယ်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်၏။ "ဒီဖန်းက စိတ်ဝိညာဉ်ကျောက်တုံး ငါးသန်းပေးဝယ်မယ်။ မြို့တော်ဝန်လုအနေနဲ့ သဘောတူရဲ့လား"

"ကျုပ် သဘောတူပါတယ်..."

All Chapters