အခန်း (၁၃၆၇)
Vol. 92 Ch. 1367
ဖန်းကွေ့ချန်သည် ထုံးစံအတိုင်း မြို့ထဲသို့ မဝင်ခင်မှာ သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ခဲ့၏။ သူ့အနေနှင့် ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့ ရှိသည့်နေရာကို လိုက်လံကာ အတည်ပြုရှာဖွေနေခြင်းပင်ဖြစ်၏။
ယခု ရှာဖွေတွေ့ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကုန်းရှန့်သည် အားနည်းသည့် လူငယ်လေး တစ်ယောက်ကဲ့သို့ ထပ်မံကာ ဟန်ဆောင်ထားပြီး နှင်းဆီဧကရီမှာတော့ ဖျက်ဆီး၍ မရနိုင်သည့် အမဲရောင်ဝတ်ရုံကို ထပ်မံခြုံထား၏။ သူမ၏ မျက်နှာတစ်ခုလုံးသည် အမဲရောင်ဝတ်စုံနှင့် လွှမ်းခြုံထားသည်။
ဖန်းကွေ့ချန်သည် စိတ်ပိုင်းဆိုင်ရာအရ အလွန်တရာ ပင်ပန်းနေပြီ ဖြစ်သောကြောင့် ဤနှစ်ယောက်အား မျှော်လင့်ချက် သိပ်မရှိခဲ့ချေ။ မြို့ထဲသို့ ဝင်ရောက်ပြီးသည့်နောက် သူသည် ကောင်းကောင်း အနားယူပြီး ဆေးဟောခန်းဆီသို့ ပြန်ကာ ဆေးလုံးများကို လေ့လာရန်ပင် ဆုံးဖြတ်ခဲ့၏။ သူတို့ နှစ်ယောက်သည် အကြိမ်ပေါင်းများစွာ ဖြတ်သွားဖြတ်လာ တွေ့ခဲ့သည်ဆိုသော်လည်း သူရှာဖွေနေသည့်လူမှာ ဤစုံတွဲဖြစ်လိမ့်မည် ဟု မထင်မှတ်ခဲ့ချေ။
သို့ပေမဲ့ ဖန်းကွေ့ချန်သည် နားနေရာမှ အပြင်သို့ ထွက်လိုက်သည့်အချိန်မှာပဲ သူ၏ မျက်နှာတစ်ခုလုံး ပြောင်းလဲ သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူရှာဖွေနေသည့် ဆေးပင်၏ အော်ရာများသည် ဤနေရာတွင် ထပ်မံကာ ရှာဖွေတွေ့ရှိခဲ့၏။ ထို့ကြောင့် ထိုနေရာဆီသို့ လျင်လျင်မြန်မြန် ရောက်ရှိလာသည့်အချိန်မှာတော့ ဆေးဆိုင်အတွင်း တွင် အားနည်းလှသည့် လူတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့၏။
သူသည် လူများကြားထဲတွင် အကြိမ်ပေါင်း ထောင်ချီ ရှာဖွေခဲ့သည်ဆိုသော်လည်း တစ်ခါမှ မတွေ့ခဲ့ချေ။ သို့ပေမဲ့ မရှာဖွေတော့ဘူးဟု ဆုံးဖြတ်လိုက်သည့် အချိန်မှာတော့ ဆိုင်တစ်ခု၏ ကောင်တာရှေ့တွင် ရပ်နေသည့် လူငယ်ကို မြင်လိုက်ရသည်။
ရွှီး
ဖန်းကွေ့ချန်သည် အထဲသို့ လျှောက်ဝင်လိုက်သည့်အချိန်မှာတော့ တစ်ဖက်လူသည် သဘောတူညီမှုများကို ပြုလုပ်လျက်ရှိ၏။ ထို့ကြောင့်ပင်လျှင် သူသည် သိုလှောင်လက်စွပ်ကို ပစ်ပေးကာဖြင့် ဆေးပင်များ သူ့ကို ရောင်းချပေးရန် လှမ်းကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။ “ကျုပ်... ဒီဆေးပင်တွေ အကုန်လုံးကို ရွှမ်စိတ်ဝိညာဉ်ကျောက်တုံး ငါးသန်းတိတိပေးမယ်”
ဤစကားသည် ရိုးရှင်းလွန်းလှ၏။
ဆိုင်ရှင်၏ မျက်နှာသည် ပြောင်းလဲသွားတော့၏။ အရောင်းအဝယ်သည် ပြည့်စုံတော့မှာဖြစ်၏။ သို့ပေမဲ့ တစ်စုံ တစ်ယောက်သည့် အထဲသို့ ဝင်ရောက်လာပြီးသည့်နောက် သူဝယ်သည့်ဈေးထက် ပိုမို၍ပေးကာ ဝယ်ယူချင်နေ၏။ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ခြင်းဖြစ်၏။ ထို့ကြောင့် သူသည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်သည်။ “ရောင်းရင်း... ခင်ဗျား ပြုလုပ်နေတဲ့ကိစ္စက ကျိုးကြောင်း မဆီလျော်ဘူးနော်”
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က ဆိုင်ရှင်နဲ့ အစောကြီးကတည်းက ပြောပြီးသွားပြီ။ ဒီတော့ ခင်ဗျား …”
“ခြောက်သန်း” ဖန်းကွေ့ချန်သည် သူ၏ ဈေးနှုန်းကို ထပ်မံကာ တိုးမြှင့်လိုက်၏။ လေသံသည် တည်နေရာ တစ်ခုလုံးကို လွှမ်းခြုံသွားစေ၏။
ကျွင်းချောင်ရှောင်းသည် ထိုအသံကို နားထောင်လိုက်သည်နှင့်တပြိုင်နက် ရွှေပေါင်ကြီးကို သွား၍ ဖက်ချင်စိတ်ပင် ပေါက်မိနေသည်။
“ဆိုင်ရှင်”
ကုန်းရှန့်သည် ကြောင်အအဖြင့် ပြောလိုက်၏။ “ခင်ဗျားတွေ့တဲ့အတိုင်းပဲ”
သူသည် ခဏရပ်တန့်ကာဖြင့် ပြောလိုက်တော့သည်။ “ခင်ဗျား ဘာလို့ ဈေးတိုးမပေးတာလဲ”
ဆိုင်ရှင်သည် ဖြူလျော်နေသည့် မျက်နှာဖြင့် ပြောလိုက်၏။ “ရောင်းရင်း... ကျုပ် ပထမကတည်းက ဒီကိစ္စကို သေသေချာချာ ပြောထားပြီးသားလေ။ စီးပွားရေးကိစ္စဆိုတာ ပြောပြီးသားစကားကို တည်ရတယ်။ ရုတ်တရက်ကြီး ဈေးတိုးပေးတဲ့ကိစ္စက မကောင်းဘူး။ များလွန်းတယ်”
“များလွန်းတယ် ဟုတ်လား”
ဖန်းကွေ့ချန်သည် စားပွဲပေါ်တွင်ရှိနေသည့် သိုလှောင်လက်စွပ်ကို အသာရိုက်ပုတ်ကာ ပြောလိုက်၏။ “ညီငယ်လေး... ရော့ ဒီမှာ စိတ်ဝိညာဉ်ကျောက်တုံး ခုနှစ်သန်းပဲ။ မင်းရဲ့ ဆေးပင်တွေ အားလုံးကို ငါယူမယ်”
နောက်ထပ် ပိုက်ဆံတစ်သန်းတိုးလာခဲ့၏။ ဤလူသည် ချမ်းသာလွန်းသည့်လူပင် ဖြစ်ရမည်။ ကျွင်းချောင်ရှောင်း၏ မျက်နှာပြင်သည် တည်ငြိမ်နေသည်ဆိုသော်လည်း စိတ်ထဲတွင် ကြိတ်၍ ကခုန်ချင်စိတ်များပင် ပေါက်လျက် ရှိ၏။ သူသည် ဆေးပင်များကို ရောင်းချသည့်အချိန်တွင် ငွေနှစ်သန်းလောက်သာ ရရှိမည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ လက်ရှိ အချိန်မှာတော့ အဆပေါင်းများစွာ တိုးတက်လျက်ရှိသည်။
ဤလူသည် ငွေကြေးလိုအပ်သည့် ပုံစံမပေါ်ချေ။ သူ၏ ဆေးပင်များအား နှစ်သက်လွန်းသောကြောင့် ဝယ်ယူချင် သည့် ပုံစံပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကုန်းရှန့် သည် ဆေးပင်များ ပါဝင်နေသည့် သိုလှောင်လက်စွပ်ကို အသာလှမ်းယူကာ အကူအညီမဲ့သလို ပြောလိုက်မိ၏။ “ဆိုင်ရှင်... ခင်ဗျားနဲ့ အရောင်းအဝယ်ဖြစ်ဖို့ပဲ မျှော်လင့်ခဲ့ တာပါ။ ဒါပေမဲ့ သူပေးတဲ့ဈေးက နည်းနည်း ပိုပြီးများနေတယ်လေ။ ဒီတော့ ခင်ဗျားအနေနဲ့ လိုချင်တယ်ဆိုရင် ဘာလို့ ….”
သူဆက်မပြောတော့ချေ။ ပြောချင်သည့်အကြောင်းအရာကို တစ်ဖက်လူ နားလည်ပြီး ဖြစ်ပေလိမ့်မည်။
ဆိုင်ရှင်သည် သူပြောသည့်အတိုင်း လိုက်လံ မလုပ်ခဲ့ချေ။ ခပ်တည်တည် မျက်နှာဖြင့် ဘယ်က ပေါ်လာမှန်း မသိသည့် အမဲရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူကို လှမ်းကြည့်လိုက်၏။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “ရောင်းရင်း... ကျုပ်တို့ လင်းမိသားစုဆေးဆိုင်က အထက်နယ်မြေမှာ နှစ်ပေါင်းထောင်ချီအောင် လည်ပတ်နေခဲ့တာလေ။ ကျုပ်တို့ စီးပွားရေးကို လာရောက်လုယူချင်နေတဲ့ တစ်စုံတစ်ယောက်ကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး”
ကျွင်းချောင်ရှောင်းသည် ထိုအချက်ကို နားလည်၏။ တစ်ဖက်လူသည် သူ့အား ဘာတစ်ခုမှ မပြောသော်လည်း လာရောက်ကာ ဈေးပေးနေသည့်လူကိုတော့ ဆိုင်ထဲမှ မောင်းထုတ်ချင်စိတ် ပေါက်နေ၏။
“စီးပွားရေး လုပ်တယ် ဆိုတာက ပစ္စည်းကိုယူပြီးတော့ ပိုက်ဆံကို ပေးရတာပဲ မဟုတ်လား။ ကျုပ်က ဘာတွေ ထူးခြားတာ လုပ်နေလို့လဲ” ဖန်းကွေ့ချန်သည် ထူးမခြားနားသလို ပြောလိုက်၏။ ယုတ္တိဗေဒအရ ပြောမည်ဆိုလျှင် သူသည်လည်း အမှန်ပင်ဖြစ်သည်။
သို့ပေမဲ့ ဤအရာသည် လင်းမိသားစု ဆေးဆိုင်ဖြစ်၏။ သူတို့သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခြင်းသည် သူတို့အား စော်ကားခြင်းပင်ဖြစ်၏။ သို့ပေမဲ့ သိုင်းပညာရှင်များကိုသာ လေးစားသည့် လောက ကြီးတွင် ကျိုးကြောင်းဆီလျော်မှု၊ မဆီလျော်မှုများကို အဘယ်ကြောင့် ပြောနေရမည်နည်း။
“ခင်မင်ရပါတဲ့ ဖောက်သည်ကြီး”
ဆိုင်ရှင်သည် စိတ်ဝိညာဉ်ကျောက်တုံးများပါသည့် သိုလှောင်လက်စွပ်ကို စားပွဲပေါ်သို့ တင်ကာ ပြောလိုက်၏။ “ဒီမှာ စိတ်ဝိညာဉ်ကျောက်တုံးနှစ်သန်းပါ။ ကျေးဇူးပြုပြီး ကျုပ်နဲ့ အရင်က သဘောတူညီထားချက်ကို ဆက်ပြီးလုပ်ပါ”
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် လက်ကို ဖြန့်ကားကာ ပြောလိုက်သည်။ “ကျုပ် အားနာပါတယ်။ ကျုပ်ရောင်းဖို့ အစီအစဉ် မရှိတော့ဘူး”
တစ်ယောက်သည် နှစ်သန်းပေး၍ တစ်ယောက်သည် ခုနှစ်သန်း ပေးလျက်ရှိသည်။ ကျွင်းချောင်ရှောင်း၏ ဦးနှောက် သည် မြင်းကန် ခံထားရသည် မတုတ်သောကြောင့် ခုနှစ်သန်းပေးသည့်သမား ကိုသာ ရောင်းပေလိမ့်မည်။
“ခင်ဗျားကြားလား”
ဖန်းကွေ့ချန်က ပြောလိုက်သည်။ “သူ ခင်ဗျားနဲ့ စီးပွားရေး မလုပ်ချင်ဘူး။ သူက ကျုပ်နဲ့ပဲ လုပ်ချင်တာ”
ဆိုင်ရှင်၏ မျက်လုံးများသည် အေးစက်သွား၏။ ပြီးသည့်နောက် သူသည် လက်ကိုမြှောက်ကာ လက်ခုပ် အနည်းငယ် တီးလိုက်၏။ ရုတ်တရက် အမြူတေပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူနှစ်ယောက်တို့သည် တံခါးရှေ့တွင် ပေါ်ပေါက်လာခဲ့၏။
“..........”
ကျွင်းချောင်ရှောင်းသည် ပြိုလဲလုမတတ် ဖြစ်နေတော့သည်။ ထင်မှတ်ထားသည့်အတိုင်းပင် သူသည် သိုသိုသိပ်သိပ် နေထိုင်သည်ဆိုသော်လည်း ပြဿနာသည် သူ့အား တံခါးလာခေါက်လျက် ရှိနေသည်။
ဆိုင်ရှင်က အေးစက်စက် ပြောလိုက်၏။ “ဖောက်သည်ကြီး... စီးပွားရေးကို ယုံယုံကြည်ကြည်နဲ့ လုပ်တာပဲ ကောင်းတယ်။ ခင်ဗျားအနေနဲ့ လမ်းမလွှဲသွားသင့်ဘူး”
ပြောပြီးသည့်နောက် သူသည် ဖန်းကွေ့ချန်ကို ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားဒီကို ပြဿနာ လာရှာနေတာလား”
“ပြဿနာရှာတယ် ဟုတ်လား”
ဆေးဟောခန်း၏ အကြီးအကဲတစ်ယောက် ဖြစ်သည်မို့ သူသည် နှာခေါင်းကို ကုတ်ကာ ပြုံးပြုံး၊ ပြုံးပြုံးနှင့် ပြောလိုက်၏။ “ခင်ဗျား ဒီလိုထင်တယ်ဆိုရင်လည်း ကျုပ်က ရှင်းပြမှာ မဟုတ်ဘူး”
“ခင်ဗျားက လင်းမိသားစု ဆေးဆိုင်ထဲကိုလာပြီး ပြဿနာ လာရှာရဲတယ်ဆိုတော့ တကယ့်ကို မလျော်ညီတဲ့လူ တစ်ယောက်ပဲ”
ပြောပြီးသည့်နောက် သူသည် အမြူတေအသွင်ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူနှစ်ယောက် အား လှမ်းကာ ကြည့်ရှုလိုက်၏။
ရွှီး ရွှီး
အားကောင်းလွန်းလှသော ချီလှိုင်းများသည် တည်နေရာထဲတွင် ဖြစ်တည်လာ၏။ ၎င်းတို့သည် ကျွင်းချောင်ရှောင်း ကို ပစ်မှတ်မထားချေ။ ထို့အပြင် တစ်ဖက်လူသည် ရောင်းမည့်လူတစ်ယောက်ဖြစ်၏။ သူတို့၏ ပစ်မှတ်သည် ဖန်းကွေ့ချန်ပင် ဖြစ်တော့သည်။
သို့ပေမဲ့ သူတို့၏ စွမ်းအင်များကို စုစည်းကာ တိုက်ခိုက်ရန် ပြင်နေသည့်အချိန်မှာပဲ ရုတ်တရက် ရပ်တန့်လိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် လက်ကို အသာမြှောက်ထား၏။ လက်ထဲတွင်တော့ ထူးဆန်းလှသည့် သတ္တုပြားတစ်ခု ဖြစ်တည်နေသည်။ ထိုသတ္တုပြားပေါ်မှာတော့ ဆေးဟောခန်းဟု ရေးထိုးထားခဲ့၏။
“ဆေး.... ဆေးဟောခန်း အကြီးအကဲ”
အမြူတေ အသွင်ပြောင်းခြင်းအဆင့် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက် တို့၏ အသံများသည် တုန်ယင်လျက် ရှိနေသည်။
ဖောက်
“ဟုတ်တယ်။ ဖန်းကွေ့ချန်ပဲ”
ဖန်းကွေ့ချန်သည် ထိုသတ္တုပြားအား စားပွဲပေါ်သို့ တင်ကာဖြင့် သူ၏ အမဲရောင်ဝတ်စုံကို အသာပြုပြင်ကာ ပြုံးလိုက်၏။ “လင်းကျန်းတန်ကို ပြောလိုက်။ ဆေးဟောခန်း ဌာနချုပ်က လင်းမိသားစုရဲ့ ဆေးဆိုင်ကို လာပြီး စစ်ဆေးမယ်လို့”
ဘုတ်
ဆိုင်ရှင်သည် မြေပေါ်သို့ လဲပြိုသွားခဲ့၏။ သူ၏ မျက်လုံးထဲတွင် တုန်လှုပ်မှုများနှင့် ပြည့်နှက်နေတော့သည်။ ဤတံဆိပ်ပြားသည် ဆေးဟောခန်း၏ အလုံးစုံသော ကြီးမြတ်မှုကို ဖော်ညွှန်း၏။ အတုပြုလုပ်၍ ရနိုင်သည့် အရာမျိုးလည်း မဟုတ်ချေ။ ထို့အပြင် တစ်ဖက်လူသည် သူကိုယ်သူ ဖန်းကွေ့ချန်ဟု ပြောဆိုနေ၏။ ထိုလူသည် ဆေးဟောခန်း၏ ကျော်ကြားလှသော ဆေးပညာရှင် ရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်နေသည် မဟုတ်ပါလား။
ဘေးတစ်ဖက်တွင် ရပ်နေသော ကျွင်းချောင်ရှောင်းသည်လည်း အနည်းငယ် ဆွံ့အလျက် ရှိနေ၏။ ထိုတံဆိပ်ပြား လေးကို ထုတ်လိုက်သည်နှင့်တပြိုင်နက် ဆိုင်ရှင်နှင့် အမြူတေ အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက် တို့သည် တည်နေရာထဲတွင် ကြက်သေသေလျက် ရှိ၏။
တစ်ဖက်လူ၏ ဂုဏ်ပုဒ်သည် ရိုးရှင်းလှသည် မဟုတ်ချေ။ ချမ်းသာသည့်အပြင် ကြီးမားသည့်ဂုဏ်ဒြပ်ကိုလည်း ပိုင်ဆိုင်လို့နေ၏။ ထိုအရာသည် ထိုက်ရွှမ်အဘိုးအိုထက်ပင် ပိုမို၍ ဖက်လို့ကောင်းမည့် ပေါင်ကြီးပင် ဖြစ်ပေလိမ့်မည်။
“ညီငယ်လေး”
ဖန်းကွေ့ချန်က ပြောလိုက်သည်။ “သွားကြရအောင်”
“ကောင်းပါပြီ အစ်ကိုကြီး”
သူတို့နှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် မြေပေါ်တွင် လဲလျက်ရှိနေသည့် ဆိုင်ရှင်သည် စိတ်ထဲ တွင်တော့ အကြီးအကျယ် ရေရွတ်လျက် ရှိနေ၏။ “သွားပြီ။ သွားပြီပဲ”
..........
စားသောက်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံးနှစ်သန်းပါဝင်သည့် သိုလှောင် လက်စွပ်ကို ကမ်းပေးကာ ပြောလိုက်တော့၏။ “အစ်ကိုကြီး... နောက်ကျမှ တွေ့တယ်ဆိုပေမယ့် ဒီလိုမျိုး ယူလိုက်ရရင် သိပ်ပြီး အဆင်ပြေမှာ မဟုတ်ဘူးလေ။ ဒီထပ်ပေးတဲ့ နှစ်သန်းကို မယူပါရစေနဲ့”
“ညီငယ်လေးက တကယ့်ကို သဘောကောင်းတဲ့လူတစ်ယောက်ပဲ” ဖန်းကွေ့ချန်သည် စိတ်ဝိညာဉ်ကျောက်တုံးများ ပါဝင်သည့် သိုလှောင်လက်စွပ်ကို သိမ်းဆည်းကာ လက်သီးဆုပ်၍ ပြောလိုက်၏။ “ဒီဖန်းက ငြင်းငယ်မှာ မဟုတ်တော့ပါဘူး”
ချီးတဲ့မှ... ငါ ဒါတွေကို တကယ်လိုချင်တာ။
ကျွင်းချောင်ရှောင်းသည် လျှာရှည်မိသော သူ၏ပါးစပ်ကို ပိတ်ရိုက်လု မတတ်ပင် ဖြစ်သွားသည်။
ဖန်းကွေ့ချန်သည် လိုရင်းကို ပြန်လည်ပြောဆိုလိုက်သည်။ “ညီငယ်လေး... အခု ကောင်းကင်ရတနာအဆင့်ကို ရောက်ရှိနေတဲ့ ဆေးပင်တွေကို ဘယ်လိုမျိုး စိုက်ပျိုးခဲ့တာလဲ”
“ဒါက”
ကျွင်းချောင်ရှောင်း တွန့်ဆုတ်နေမိ၏။ တစ်ဖက်လူသည် ချမ်းသာပြီး ကြီးမားလှသည့် ဂုဏ်ဒြပ်ကို ပိုင်ဆိုင် သည်ဆိုသော်လည်း အပြင်လောကထဲသို့ လှည့်လည်သွားလာရာတွင် တစ်ယောက်နှင့်တစ်ယောက် သတိထားမှ ဖြစ်ပေလိမ့်မည်။
ဖန်းကွေ့ချန်က ပြောလိုက်သည်။ “ညီငယ်လေး… မင်းဆီမှ ပြောဖို့ အခက်အခဲ ရှိနေတယ်ဆိုရင် ဒီဖန်းက ဘယ်တော့မှ မမေးခဲ့ဘူးလို့ သဘောထားလိုက်ပါ”
“အစ်ကိုကြီး... ကျုပ် ဖုံးကွယ်မနေတော့ပါဘူး”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် ရုတ်တရက် လေးနက်သွား ခဲ့၏။ “ဒီဆေးပင်တွေက ကျုပ်ရဲ့ ဂုဏ်ယူရလောက်တဲ့ဆရာ စိုက်ပျိုးခဲ့တဲ့ အရာတွေပါ။ သူက တံခါးပိတ် ကျင့်ကြံ တာကို နှစ်သက်တယ်လေ။ ဒါကြောင့် လောကကြီးကို ဂရုမစိုက်ဘူး။ ဒါတွေကို ရောင်းပေးရတဲ့လူကတော့ ကျုပ်ပေါ့”