← Chapters

ခရမ်းရင့်ကောင်းကင်နန်းတော်မှ မဟာအခမ်းအနား

Vol. 015 Ch. 1417

ခရမ်းရင့်ကောင်းကင်နန်းတော်မှ မဟာအခမ်းအနား

Vol. 015 Ch. 1417

ကောင်းကင်အာဏာစက်ဘုံ၏ အနောက်မြောက်ဘက် အပိုင်းသည် ဒေသ၏ အဓိကအင်အားစု ဖြစ်သော ခရမ်းရင့်ကောင်းကင် နန်းတော်၏ နယ်မြေဖြစ်သည်။ ကောင်းကင်အာဏာစက်ဘုံ၏ ဒဏ္ဍာရီအင်အားစု ရှစ်ခုကို ထိုနေရာ၌ အားလုံး တွေ့နိုင်ပေသည်။

ခရမ်းရင့်ကောင်းကင်နန်းတော် ရှိရာ နေရာဖြစ်သော မိုးကြိုးပြစ်ဒဏ်မြို့သည် ထိုဒေသအတွင်း အကျော်ကြားဆုံးမြို့ ဖြစ်ပေသည်။

ထိုမြို့သည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ လက်အောက်တွင် ရှိကာ မြို့တစ်မြို့လုံးကို မိုးကြိုးများဖြင့် လွှမ်းခြုံထားပြီး ထိုနေရာ၌ မိုးကြိုးလမ်းစဥ် စွမ်းအားများက အလွန် ထူထဲလှပေသည်။

ထိုမြို့၏ မည်သည့် နေရာတွင်မဆို မော့ကြည့်လိုက်ပါက လျှပ်စီးများ လက်နေသည်ကို မြင်တွေ့နိုင်ပေသည်။ မိုးကြိုးပြစ်ဒဏ်မြို့သည် ကောင်းကင်ထက်တွင် လျှပ်စီးများ အမြဲ လင်းလက် နေသည့်အတွက် အမည်တွင်ခဲ့ခြင်း ဖြစ်သည်။

တစ်စုံတစ်ယောက်က အဝေးသို့ ကြည့်လိုက်မည် ဆိုလျှင် သူတို့သည် မိုး​ကြိုးပြစ်ဒဏ်မြို့၏ ကောင်းကင်အထက်၌ လွင့်မျောနေသော မြို့တစ်ခုကို မြင်တွေ့နိုင်ပေသည်။

ထိုမျောလွင့်မြို့သည် အဆုံးမဲ့ မိုးကြိုးစွမ်းအားများနှင့် ဝန်းရံခံထားရသည်။ မိုးကြိုးပြစ်ဒဏ်မြို့ တစ်ခုလုံးကို ထိုနေရာမှလာသည့် မဟာလမ်းစဥ် မိုးကြိုးစွမ်းအားများ လွှမ်းခြုံထားသကဲ့သို့ ဖြစ်ပြီး မျောလွင့်မြို့သည် နတ်ခန်းဆောင် တစ်ခုလို ​ကောင်းကင်တွင် တည်ရှိနေသည်။

တစ်စုံတစ်ယောက်သည် ထိုမျောလွင့်မြို့၏ အစွန်းကို မြင်နိုင်စွမ်းရှိလိမ့်မည် ဖြစ်ကာ ထိုနေရာတွင် အကန့်အသတ်မဲ့ ကြီးမားသည့် လျှောက်လမ်းကြီးကို မြင်တွေ့နိုင်ပြီး များပြားလှသည့် လူများမှာ ထိုပေါ်တွင် စုစည်းနေကြသည်။

ထိုသည်က ကောင်းကင် အာဏာစက်ဘုံ၏ ထိပ်သီးအင်အားစု ဖြစ်သော ခရမ်းရင့်ကောင်းကင် နန်းတော်ကို တည်ထောင်ထားရာ နေရာဖြစ်လေသည်။

များပြားလှသည့် တန်ခိုးရှင်များသည် အခမ်းအနား၌ ပါဝင်ရန် ခရမ်းရင့်ကောင်းကင် နန်းတော်အနီးတွင် စုဝေးရောက်ရှိ နေကြသည်။ ယခုရက်များအတွင်း အလွန် အစွမ်းထက်သော တန်ခိုးရှင် အများအပြားကို ဤနေရာ၌ တွေ့ရှိနိုင်ပေသည်။ သူတို့သည် ကောင်းကင် အာဏာစက်ဘုံတွင် နေရာအနှံ့အပြား၌ ကျင့်ကြံနေကြသူများ ဖြစ်ကာ သူတို့သည် ဤအခမ်းအနားကြီး၌ သူတို့၏ ကြောက်မက်ဖွယ် ပါရမီ အရည်အချင်းတို့ကို ပြသနိုင်ကြမည် ဖြစ်သည်။

“ဒီအခမ်းအနားမှာ ခရမ်းရင့်ကောင်းကင် နန်းတော်က တပည့် ဘယ်လောက်များများ လက်ခံမလဲ သိချင်မိတယ်။ ဒဏ္ဍာရီရှစ်ခု အင်အားစုတွေက ထူးချွန်တဲ့ ကျောင်းသားတွေ နန်းတော်ကို ဝင်ခွင့်ရဖို့ ဒီတစ်ခေါက် အခမ်းအနားမှာ ပါဝင်မယ်လို့ ကြားတယ်။ ပြီးတော့ မိုးကြိုးလမ်းစဥ် ကျင့်ကြံတဲ့ တခြားတန်ခိုးရှင်တွေလည်း လာကြမယ်တဲ့”

“ကျုပ်က အဲဒီအကြောင်းတွေ တစ်ခုမှ ဂရုမစိုက်ပါဘူး။ ကျုပ် စိတ်ထဲမှာ တွေးနေတာ တစ်ခုက နန်းတော်သခင်ရဲ့ တိုက်ရိုက် တပည့်ခေါ်မှာ ဆိုတော့ ဘယ်လိုလူကများ ကျန်းယွမ်နဲ့ ယှဥ်နိုင်လိမ့်မလဲလို့ပါ”

“အဲဒီအကြောင်းကို နေရာအနှံ့မှာ ​​ပြောနေကြပေမဲ့ ကျန်းယွမ်မှာက မဟာလမ်းစဥ် ထူးခြားခန္ဓာ ရှိတယ်လေ။ သူက မိုးကြိုးလမ်းစဥ် ထူးခြားတဲ့ ပါရမီနဲ့ မွေးဖွားလာခဲ့တာ။ သူက ကောင်းကင်အာဏာစက်ဘုံ အထွတ်အထိပ်မှာ ရပ်တည်မယ့် တစ်စုံတစ်ယောက် ဖြစ်လာရမဲ့ ကံတရားရှိတယ်။ ဘယ်သူကများ သူနဲ့ ယှဥ်နိုင်ပါ့မလဲ။ သူနဲ့ နီးကပ်ဖို့တောင် အတော်လေး ခက်လိမ့်မယ်”

လူများက ပြောရင်း လူအများ၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် မယုံကြည်နိုင်ဖွယ် တောက်ပနေသော မဟာလမ်းစဥ် ထူးခြားခန္ဓာကိုယ်ပိုင်ရှင်ကို ချီးမြှောက်ပြောဆို နေကြသည်။ ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်တန်းအင်အားစုများ အားလုံးထဲတွင် သူနှင့် ယှဥ်နိုင်သူမှာ အနည်းငယ်သာ ရှိပေလိမ့်မည်။

ထိပ်သီးအင်အားစု တစ်ခုသည် ထိုသို့သော လူမျိုး တစ်ယောက် နှစ်ယောက်ကိုသာလျှင် ပြုစုပျိုးထောင်နိုင်သည်။ ထိုကဲ့သို့ ထူးခြားလှသည့် အရည်အချင်းနှင့် နောက်ထပ်တစ်ယောက်အား ပြုစုပျိုးထောင်ရန်မှာ အလွန် ရှုပ်ထွေးပြီး မဖြစ်နိုင်လုနီးပါးဖြစ်သည်ဟု သတ်မှတ်နိုင်ပေသည်။

သို့သော် ထိပ်တန်း အင်အားစု၏ ပါရမီရှင်များနှင့် နှိုင်းယှဥ်နိုင်စွမ်း ရှိသူတို့မှာ အခမ်းအနားကို မျက်မြင်တွေ့ရရန် ရောက်လာကြပေသည်။

“ဒါပေမဲ့လည်း အဲဒီ တခြား အင်အားစုတွေက ပါရမီရှင်တွေက ဒီလိုထွက်ပေါ်လာဖို့ ဆိုတာ တော်တော်ရှားတယ်။ အတော်လေး နှမြောဖို့ကောင်းတာက သူတို့တွေ အချင်းချင်း မတိုက်ခိုက်ကြတာပဲ”

ကျန်းယွမ် ဋီကာသီကျူးနေသည့် ထိုသူက ထိုကဲ့သို့ အခြေအနေကို နှမြောစရာကောင်းသည်ဟု ခံစားရကာ ဆက်ပြောလိုက်သည်။

“ကျုပ် အတော်လေး သိချင်မိတာက ဂူထျန်းရှင်း ဖန်တီးခဲ့တဲ့ မကောင်းဆိုးဝါး ပါရမီရှင်နဲ့ နှစ်ပေါင်းများစွာ ပြိုင်ဘက်ကင်း ကျော်ကြားလာခဲ့တဲ့ တစ်စုံတစ်ယောက် ယှဥ်ပြိုင်မယ်ဆို ဘယ်လိုဖြစ်လိမ့်မလဲ။ သူက အရမ်း အစွမ်းထက်နေလို့ အဲဒီ ထိပ်သီး အင်အားစုတွေက နောက်လာမယ့် ကိစ္စရပ်တွေအတွက် အနာဂတ် မျိုးဆက်သစ်တွေ စပြီး စုဆောင်းနေတာလား”

“ဂူထျန်းရှင်းက နှစ်တစ်ထောင်မှာ တစ်ယောက်ပဲ ထွက်ပေါ်လာနိုင်မဲ့ သူမျိုးပဲ။ မူလတောင်တန်းမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ဂူကလန်ရဲ့ မျိုးဆက်ဖြစ်တဲ့ ဂူကျန်းနန် သား လူငယ်လေးကြောင့် ချက်ချင်းပဲ ဂူကလန်က ကောင်းကင်ကို ကိုင်လှုပ်နိုင်လိမ့်မယ်”

“အဲဒီလိုဆိုရင်တောင် သူက မဟာလမ်းစဥ် ထူးခြားခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ ကျန်းယွမ်နဲ့တော့ မယှဥ်နိုင်လောက်သေးဘူးလို့ ကျုပ်ထင်တယ်”

ခရမ်းရင့် ကောင်းကင် နန်းတော်ကို အလွန် လေးစားသည့် တစ်ယောက်က ပြောလိုက်သည်။

“အဲဒါကတော့ ဆက်ပြီး စောင့်ကြည့်ရမှာပဲ။ မူလတောင်တန်းက သတင်းတွေ ကျုပ် ကြားထားသေးတယ်။ အင်ပါယာကျီမင် နယ်မြေမှာ ရှုပ်ထွေးအောင် လုပ်ခဲ့ပြီး ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဝင်ဖို့ ငြင်းခဲ့တဲ့ လူငယ်လေး ရီဖူရှင်းက မယုံနိုင်စရာ အရည်အချင်းကို ပြသခဲ့တယ်တဲ့။ သူက နတ်ဆင်တွေရဲ့ ထိပ်သီး တန်ခိုးရှင်တွေနဲ့တောင် တိုက်ခိုက်နိုင်တယ်။ သူက နတ်ဆင်တွေရဲ့ အစွမ်းထက်ဆုံး နည်းစနစ်တစ်ခု​ဖြစ်တဲ့ နတ်ဆင်ခြေလှမ်း ကောင်းကင်ချနင်း ကိုတောင် အသုံးပြုနိုင်စွမ်း ရှိတယ်။ သူက အခု နတ်ဆင်အင်ပါယာနဲ့ အတူ ရှိနေတယ်တဲ့”

“ခရမ်းရင့်ကောင်းကင်နန်းတော်နဲ့ ပြဿနာတက်ခဲ့တဲ့ အဲဒီတစ်ယောက်လား”

တစ်ယောက်က မပြောသင့်သည့် စကားကို ပြောမိသလိုမျိုး ပတ်ဝန်းကျင်ကို အလျင်အမြန် ဝေ့ဝဲအကဲခတ်ရင်းမှ မေးလိုက်သည်။

ခရမ်းရင့်ကောင်းကင်နန်းတော်သည် စိန်ခေါ်မှုတွင် သူတို့သည် ရှန့်ထိုအဆင့် လေးဆင့်မှ မည်သူ့ကိုမဆို ရွေးချယ်၍ တူညီသည့် အဆင့်မှ လူများကို တိုက်ခိုက်စေခဲ့သော်လည်း အရိုက်နှက်ခံ ရှုံးနိမ့်ခဲ့ရသည်။ ထိုသည်မှာ ဂုဏ်ယူဝံ့ကြွားရမည့် ကိစ္စတော့မဟုတ်ပေ။

“ဟုတ်တယ်။ အင်ပါယာကျီမင် နယ်မြေမှာ အင်ပါယာကျီမင်ကို တွေ့ရဖို့အတွက် နတ်တောင်ကို စိန်ခေါ်ခဲ့တဲ့ အဲဒီလူငယ်လေးက အဲဒီလောက် ကြီးမားတဲ့ အရည်အချင်း ရှိလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ အခုဆို သူ့အပြင်ကို ကောင်းကင် အာဏာစက်ဘုံ တစ်ခုလုံးကို လှည့်လည် သွားလာနေတဲ့ ကောင်းကင်အာဏာစက် ပြည်ထောင်က အိမ်ရှေ့စံ မင်းသားလည်း ရှိသေးတယ်။ နောက်ပြီးတော့ ​ထောင်ချီန​တ်တောင်က တစ်ယောက်ရယ်၊ ဗြဟ္မာ့သန့်စင် ကောင်းကင်က နံပါတ်တစ် သမီးတော်ရယ်၊ ကောင်းကင် နတ်တံခါးဂိုဏ်းက ဟိုမျိုးဆက်ရယ်။ အဆုံးမှာ သူတို့ထဲက ဘယ်သူကများ ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်ဆုံးမှာ ရှိနေနိုင်မယ် ဆိုတာ ဘယ်သူသိပါ့မလဲ”

သူတို့သာလျှင် ပြောဆို ဆွေးနွေးနေကြခြင်း မဟုတ်ပေ။

အခမ်းအနား တက်ရောက်ရန်အတွက် မိုးကြိုးပြစ်ဒဏ်မြို့သို့ ရောက်လာကြသည့် များပြားလှသော တန်ခိုးရှင်များအပြင် မိုးကြိုးပြစ်ဒဏ်မြို့ အောက်ဘက်ရှိ မြို့များတွင်လည်း ပြောဆို ဆွေးနွေး နေကြပေသည်။

မိုးကြိုးပြစ်ဒဏ်မြို့သည် ခရမ်းရင့် ကောင်းကင်နန်းတော် တည်ရှိရာနေရာ ဖြစ်ပြီး နန်းတော်အောက်ရှိ မြို့မှာ ထိုကျယ်ပြောလှသည့် ဒေသအတွင်း နံပါတ်တစ်မြို့ ဖြစ်လာသည်။

ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဗဟိုပြုကာ ​မိုးကြိုးပြစ်ဒဏ်မြို့ကို မြို့ပေါင်းများစွာက ဝန်းရံရစ်ပတ်ထားသည်။ ထိုမြို့များမှ လူများသည် ခရမ်းရင့်ကောင်းကင် နန်းတော်၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်၌ တည်ရှိပေသည်။

ဤနေရာဒေသ တစ်ခုလုံးကို ခရမ်းရင့်ကောင်းကင် နန်းတော်က အာဏာလွှမ်းမိုး​လေသည်။

အနီးအဝေး မြို့များဆီမှ လူများသည် မိုးကြိုးပြစ်ဒဏ်မြို့နှင့် ခရမ်းရင့်ကောင်းကင် နန်းတော်ဆီသို့ တဖွဲဖွဲ ရောက်လာနေသည်ကို မြင်တွေ့နိုင်ပေသည်။

ထိုအချိန်တွင် လူတစ်စုသည် လေဟာနယ်ကို ဖြတ်ကာ မိုးကြိုးပြစ်ဒဏ်မြို့သို့ တိုက်ရိုက် ဝင်ရောက်လာသည်။ သူတို့သည် တန်ခိုးရှင်တစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရပြီးနောက် အမေးမြန်း ခံလိုက်ရသည်။

“နတ်ဆိုးတန်ခိုးရှင်တွေလား”

“ကောင်းကင်နတ်ဆိုး နန်းတော်က ခရမ်းရင့်ကောင်းကင် နန်းတော်က ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ဖို့ ရောက်လာတာပါ”

လေထဲမှ အလွန် ထက်ရှသည့်အသံ ထွက်ပေါ်လာသည်။ ထို့နောက် ထိုသူများသည် အတားအဆီးကို ဖယ်ရှားပေးလိုက်ကာ သူတို့၏ လမ်းခရီးကို မနှောင့်ယှက်တော့ဘဲ မိုးကြိုးပြစ်ဒဏ်မြို့သို့ ဝင်ခွင့်ပေးလိုက်သည်။

အချိန်ခဏ အတွင်းမှာပင် များပြားလှသည့် တန်ခိုးရှင်များက တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကာ လူတိုင်းသည် ထိုမြင်ကွင်းနှင့် အသားကျသွားခဲ့လေသည်။

ခရမ်းရင့် ကောင်းကင်နန်းတော်မှ ကျင်းပသော ထိုအခမ်းအနားသည် နေရာအနှံ့မှ ထိပ်သီး အင်အားစုများကို စုစည်းရာ အကြောင်းပြချက် ဖြစ်လာပုံရလေသည်။ မူလတောင်တန်းတွင် ဖြစ်ပျက်ခဲ့မှုများ အပြီးတွင် သူတို့သည် အခြားသော ဒေသ၌ တစ်ဖန် စု​ဝေးလာကြပြန်သည်။

ကောင်းကင်နတ်ဆိုး နန်းတော်သည် နတ်ဆိုးဘုံတွင် ထိပ်သီး အင်အားစုတစ်ခု ဖြစ်ပြီး သူတို့၏ လမ်း၌ ပိတ်ပင်ရဲသူ မည်သူမှ မရှိပေ။ သူတို့သည် ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဦးတည်ကာ ရှေ့သို့ ဆက်လက် သွားနေကြသည်။ မြို့အတွင်းသို့ ဝင်ပြီးသည့်အခါ  ကောင်းကင်ထက်တွင် မျောလွင့်နေသည့် ခမ်းနားထည်ဝါသော မြို့တစ်မြို့ကို မြင်တွေ့လိုက် ကြရသည်။

ကောင်းကင် နတ်ဆိုးနန်းတော် ရောက်ရှိလာသည့် သတင်းမှာ နေရာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ နတ်ဆိုးဘုံ၏ ထိပ်သီး အင်အားစုများမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိ လာကြပေသည်။ ကြည့်ရသည်မှာ ကိစ္စများက ပိုမို၍ အုတ်အော်သောင်းနင်း ဖြစ်လာပုံရသည်။

ပို၍ ​များပြားသော တန်ခိုးရှင်များ ရောက်ရှိလာပြီး ကောလာဟလ မျိုးစုံလည်း မိုးကြိုးပြစ်ဒဏ်မြို့၏ နေရာအနှံ့တွင် ပျံ့နှံ့နေတော့သည်။

နတ်ဆင်များလည်း ထိုနေရာသို့ ရောက်ရှိလာသည်ဟု ပြောကြသည်။ သို့သော် ရီဖူရှင်းက သူတို့နှင့်အတူ ရှိမနေပေ။ အချို့က ပြောကြသည်မှာ ရီဖူရှင်း ပိုင်ဆိုင်ထားသည့် နတ်ဆင်အင်ပါယာ ဘိုးဘေး၏ အရိုးကို လက်ရှိ နတ်ဆင် အင်ပါယာက ထုတ်ယူလိုက်ပြီး သူ့ကို အကျဥ်းချ ထားလိုက်သည်ဟူ၍ ဖြစ်သည်။

တစ်ဖန် အချို့သော သူများက ပြောကြသည်မှာ နတ်ဆင်အင်ပါယာက ရီဖူရှင်းအား သတ်ပစ်လိုက်ပြီဟူ၍ ဖြစ်သည်။

သို့သော်လည်း လူတိုင်းသည် အမှန်တကယ်၌ ရီဖူရှင်းနှင့် ပတ်သက်၍ အရေးတယူ မရှိလှပေ။ သူတို့ ပို၍ အရေးစိုက်သည်မှာ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံ၊ ဗြဟ္မာ့သန့်စင် ကောင်းကင်၏ နံပါတ်တစ် သမီးတော်နှင့် ဂူကလန်၏ နောက်ဆုံး မျိုးဆက်ကိုသာ ဖြစ်လေသည်။

သို့သော် ရီဖူရှင်းသည် ထိုသို့သော ကောလာဟလမျိုးကို ဂရုစိုက်ခြင်း အလျင်းမရှိပေ။

ထိုအချိန်၌ မိုးကြိုးပြစ်ဒဏ်မြို့၏ အပြင်ဘက်တွင် တန်ခိုးရှင်တစ်ခု ပေါ်ပေါက်လာသည်။ ထိုနေရာသည် မြို့ဝင်ပေါက် နေရာတွင် ဖြစ်ကာ မိုးကြိုးလမ်းစဥ် ကျင့်ကြံထား သူများကိုသာ အထဲသို့ ဝင်ခွင့်ပြုရန် စစ်ဆေးသည့် နေရာလည်း ဖြစ်သည်။

ထိုနေရာတွင် အင်အားတောင့်တင်းသော မြို့စောင့်တပ်ရှိသည်။ လူအများသည် ထိုနေရာသို့ လာကာ သူတို့၏ သရုပ်မှန်ကို တင်ပြရသည်။ ထို့နောက် သူတို့သည် မြို့ထဲသို့ ဝင်ခွင့်မရခင် စစ်ဆေးခံရသည်။ ထိုသည်က မည်သည်နှင့် တူနေသည်ဖြစ်စေ အတော်လေး သက်ညှာထားသည်ဟု သတ်မှတ်နိုင်ပေသည်။ အတိတ်တွင် မိုးကြိုးပြစ်ဒဏ်မြို့သို့ ဝင်ရောက်လိုပါက အလွန် ခက်ခဲသည်မှာကို လုပ်ဆောင်ရသည်။

“သတ္တမဓားက ​မိုးကြိုးပြစ်ဒဏ်မြို့မှာ အခမ်းအနား တက်ရောက်ဖို့ လာပါတယ်”

အဖြူရောင်ဝတ်စုံနှင့် ချောမောလှသည့် ဓားသမားတစ်ယောက်က ပြောလိုက်သည်။ သူ၏ မျက်လုံးထဲမှာ နတ်ဆိုးအရှိန်အဝါများ တောက်ပနေပြီး ကျောတွင် ဓားတစ်လက် လွယ်ထားသည်။

အစောင့်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။ မရေတွက်နိုင်သည့် လူများက အခမ်းအနားကို တက်ရောက်ရန် မြို့တွင်းသို့ ဝင်လိုကြပြီး ထိုအကြောင်းပြချက် တစ်ခုတည်းက လုံလောက်မှု မရှိပေ။

ရီဖူရှင်းက သူ၏ အရှိန်အဝါကို ထုတ်လွှတ်ထားသည်။ တစ်ချိန်တည်းမှာပင် မိုးကြိုးစွမ်းအားက သူ့ထံမှ တောက်ပလာနေပြီး ထိုသည်က ပြိုင်ဘက်ကင်း ဝူထူမိုးကြိုးလမ်းစဥ် ဖြစ်သည်။

“ကျုပ်က အင်ပါယာကျီမင် နယ်မြေ လက်အောက် တစ်နေရာမှာ ကျင့်ကြံနေတယ်။ ကျုပ်က နတ်တောင်ကို ဝင်ရောက်ပြီး ပြိုင်ဘက်ကင်း ဝူထူမိုးကြိုး လမ်းစဥ်ကို ရရှိခဲ့တယ်”

ထို့နောက် အစောင့်က သူ့ကို ဝင်ခွင့်ပြုလိုက်သည်။

ရီဖူရှင်းသည် မြို့အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားခဲ့၏။

“ဒါဆို မင်းက အင်ပါယာကျီမင်နယ်မြေမှာ ကျင့်ကြံနေတာပေါ့”

ထိုအချိန်၌ လူတစ်စုက သူ့ကို ပြောလိုက်သည်။ သူတို့သည် သရုပ်မှန်ကို စစ်ဆေးခံခဲ့ရသော်လည်း အတည်ပြုပြီးသည်နှင့် လမ်းဖွင့်ပေးခဲ့ကြပေသည်။

“ဟုတ်တယ်”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“ကျုပ်တို့က အင်ပါယာကျီမင် နယ်မြေကပဲ။ မင်းက နတ်တောင်ကို ဝင်ပြီး ပြိုင်ဘက်ကင်း ဝူထူမိုးကြိုးလမ်းစဥ်ကို ရရှိခဲ့တယ်ဆိုရင် ဘာကြောင့် ကျုပ်တို့ဆီမှာ လာမကျင့်ကြံတာလဲ” လူငယ်တစ်ယောက်က မေးလိုက်သည်။

“ကျုပ်ရဲ့ ကျင့်ကြံခြင်းက ပြောဖို့တောင် မထိုက်တန်ပါဘူး။ အဲဒါဆို ကျုပ်က အင်ပါယာကျီမင်ကို စော်ကားသလို ဖြစ်လိမ့်မယ်” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“ကျုပ်မြင်တာတော့ မင်းရဲ့ ​ဝူထူမိုးကြိုးလမ်းစဥ်က အတော်လေး ကောင်းပါတယ်။ စော်ကားသလို မဖြစ်နိုင်ပါဘူး”

အဖွဲ့ထဲမှ အခြားတစ်ယောက်က ပြောလိုက်သည်။

“ကျုပ်တို့ ဒီမှာ တွေ့ကြတယ် ဆိုတော့ အတူတူ သွားကြရအောင်”

“ကောင်းပြီလေ။ ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူက အင်ပါယာကျီမင် လက်အောက်မှ တန်ခိုးရှင်များနှင့်အတူ သွားရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထိုသည်က အတော်လေး မထင်မှတ်စရာ မတော်တဆပင် ဖြစ်သည်။

“ဒါဆို မင်းနာမည်က ‘သတ္တမဓား’ ပေါ့။ မင်းလည်း ဒီမှာ အခမ်းအနား တက်ရောက်ဖို့ လာတာလား”

အင်ပါယာကျီမင် နယ်မြေမှ လူငယ်တစ်ယောက်က ပြောလိုက်သည်။ သူတို့က စကားပြောရင်း မိုးကြိုးများဖြင့် လွှမ်းခြုံထားသော မိုးကြိုးပြစ်ဒဏ်မြို့သို့ ဦးတည်၍ ဆက်လက် လျှောက်လာနေသည်။

“ဟုတ်တယ်။ ဒါက ခရမ်းရင့်ကောင်းကင် နန်းတော်က ကျင်းပတဲ့ အခမ်းအနားပဲလေ။ ကျုပ်က လက်လွှတ်လိုက်စရာ ဘယ်ရှိပါ့မလဲ” ရီဖူရှင်းက ပြုံးကာ ပြန်ဖြေလိုက်သည်။

“အပြောကောင်းတယ်။ ဒီလို အခမ်းအနားမျိုးက အရမ်းရှားပါးတဲ့ အခွင့််အရေးပဲ။ ကျုပ်တို့ ဆရာတွေက ကျုပ်တို့ကို အခမ်းအနားမှာ ပါဝင်ဖို့ မတောင်းဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လာချင်ခဲ့ကြတယ်”

တစ်ဖက်မှ လူတစ်ယောက်က ပြောလိုက်သည်။ သူတို့သည် အင်ပါယာကျီမင် နယ်မြေ၏ အဓိကကျောင်းသားများ မဟုတ်ပေ။ သူတို့သည် သူတို့ဆရာများနှင့် လာရမည့်အစား ကိုယ်တိုင် ရောက်လာကြခြင်း ဖြစ်လေသည်။

“အစ်ကိုချန်ချင်က ဒီတစ်ခေါက် ခရမ်းရင့်ကောင်းကင်နန်းတော်မှာ ကျင့်ကြံနိုင်လိမ့်မယ်။ သူ ဘယ်လောက် စွမ်းဆောင်ပြနိုင်မလဲ ဆိုတာ ကိုယ်တိုင် ကြည့်ဖို့ အခွင့်အရေး ရချင်တယ်”

အမျိုးသမီးတန်ခိုးရှင် တစ်ဦးက ပြုံးကာ ​ပြောလိုက်သည်။

“ကျန်းချန်ချင်လား” ရီဖူရှင်းက သူမကို ကြည့်ကာ မေးလိုက်သည်။

“အင်ပါယာကျီမင်နယ်မြေမှာ နောက်ထပ် အစ်ကိုချန်ချင် ရှိသေးလို့လား”

အမျိုးသမီးက လှောင်ကာ ဆက်ပြောလိုက်သည်။

“ကြည့်ရတာ ရှင်လည်း အစ်ကိုချန်ချင်အကြောင်း ကြားဖူးပုံပဲ”

“ကြားဖူးပါတယ်။ သူက မိုးကြိုးရိုက်ချက် ကိုးရာကို ခံနိုင်ရည် ရှိခဲ့တယ်လေ” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“ရှင် အရင်က ဝူထူနတ်တောင်ကို ဝင်ဖူးတယ်ဆိုတော့ အဲဒီက ဖိအား ဘယ်လောက်တောင် ကြီးလဲ ရှင်သိမှာပေါ့။ ကျွန်မ မြင်တာတော့ ရှင့်ရဲ့ ဝူထူလမ်းစဥ်ကလည်း အားမနည်းပါဘူး။ အဲဒီမှာတုန်းက ဘယ်နှချက်များ ခံနိုင်ရည် ရှိခဲ့လဲ” အမျိုးသမီးက ပြုံးကာ မေးလိုက်သည်။

“တစ်ထောင်” ရီဖူရှင်းက အသံကို နှိမ့်ကာ ပြောလိုက်သည်။ အင်ပါယာကျီမင် နယ်မြေမှ လူများ ဇဝေဇဝါ ဖြစ်သွားကြသည်။

တစ်ထောင်လား။

ကောင်းကင်မိုးကြိုး အချက်တစ်ထောင် ဟူသည်မှာ သူက မူလစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီး တစ်ဦး တစ်ယောက်သာလျှင် စွမ်းဆောင်နိုင်ခဲ့ပေသည်။ ထိုသူက ကောင်းကင်အာဏာစက်ဘုံ တစ်ခွင်၌ အတော်လေး ကျော်ကြားခဲ့ပေသည်။ သူတို့သည် အင်ပါယာကျီမင် နယ်မြေ၌ မည်သည်တို့ ဖြစ်ခဲ့သည်အား အမှတ်ရလိုက်သည်။ ထိုသူက နှိမ့်ချသည် ထင်ရသော်လည်း အလွန် မောက်မာကာ ခရမ်းရင့်ကောင်းကင် နန်းတော်မှ ဖိတ်ကြားချက်ကိုပင် ငြင်းပယ်ခဲ့သည်။

ထိုသူက နောက်ပိုင်း၌ ခရမ်းရင့်ကောင်းကင် နန်းတော်မှ လူများနှင့် ပြဿနာ ဖြစ်ခဲ့သည်ဟု ကောလာဟလများ ရှိလေသည်။

“နောက်နေတာပါ။ တစ်ရာလောက်ပါပဲ”

ရီဖူရှင်းက ထိုသူများ မည်မျှ တွေဝေသွားသည်ကို မြင်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

သူတို့ အားလုံးက ရယ်သွမ်းသွေးလိုက်ကြသည်။ သူတို့က သူ့ထံမှ ပြင်းထန်သည့် စွမ်းအားကို ခံစားမိ၍ အင်ပါယာကျီမင် လက်အောက်မှ တန်ခိုးရှင်တစ်ယောက်ဟု ထင်မိလိုက်ပြီး သတ္တမဓားက အလွန် အစွမ်းထက်သည်ဟု ထင်မှတ်ရသော်လည်း အားနည်းသည်ဟု ယူဆရပေသည်။

အချက်တစ်ထောင် ခံနိုင်ရည်ရှိခဲ့သည့် ထိုသူအတွက်ကတော့ သူက နတ်ဆင်နယ်မြေမှ အသက်ရှင်လျက် ထွက်လာနိုင်လျှင်ပင် အံ့အားသင့်ဖွယ် ကောင်းနေပြီ ဖြစ်သည်။

***

All Chapters