အခန်း (၁၃၆၉)
Vol. 92 Ch. 1369
မူလအားဖြင့် သူ၏တည်နေရာထဲသို့ အခွင့်မရှိ ချိုးဖျက်ဝင်ရောက်လာသည့်သူကို မြင်ရသည့်အချိန်မှာတော့ ရုတ်တရက် လက်ညိုးငေါက်ငေါက်ထိုးကာ ဆဲဆိုချင်စိတ်ပေါက်နေသည့် ကျွင်းချောင်ရှောင်းသည် ဖန်းကွေ့ချန်၏ အလန့်တကြား ထ၍အော်သည့် အသံကို ကြားရသည့်အချိန်မှာတော့ အသွင်အပြင်နှင့် မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားခဲ့၏။ ပြီးသည့်နောက်မှာတော့ ဆရာကြီးဟု လှမ်းကာ အော်ဟစ်လိုက်သေး၏။
မည်မျှ နတ်ဘုရားဆန်လှသည့် ပြောင်းလဲမှုနည်း။
စနစ်သည် ပြောလိုက်မိသည်။ "လက်ခံသူကို ဒါကြောင့် အရှက်အကင်းမဲ့ဆုံး လူသားတစ်ယောက်လို့ ပြောခဲ့တာ"
သို့ပေမဲ့ ဆရာကြီးဟုခေါ်လိုက်ခြင်းသည် ကြီးမြတ်သူတုံကုအား အမှန်ပင် ဆွံ့အသွားစေခဲ့၏။ သူသည် ယခုမှ ရောက်ရှိလာခြင်း ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် သူ့အား ဆရာကြီးဟု ခေါ်ဆိုလျက် ရှိနေ၏။ ထို့ကြောင့်တွေးလိုက်မိ၏။ ဒီကောင်က ငါ တပည့်အဖြစ်ခေါ်ဖို့လာတယ် ဆိုတာ ကြိုသိနေတာပဲ ဖြစ်ရမယ်။ ဒါကြောင့် ဆရာကြီးလို့ ကြိုပြီးခေါ်တာလားမသိဘူး။
သူ့အနေဖြင့် ကုဟုန် နှင့် အလောင်းအစားပြုလုပ်ခဲ့၏။ သက်မှတ်ထားသည့် အချိန်ကာလအတွင်း တပည့် တစ်ယောက်ကို သင်ကြားပြသပေးရမှာ ဖြစ်ပြီး အနိုင်ရရှိသူအဖြစ် တပည့်နှစ်ယောက်အား ယှဥိပြိုင်တိုက်ခိုက် ခိုင်းမည် ဖြစ်သည်။
ကြီးမြတ်သူတုံးကုသည် အထီးကျန်ဆန်လှသူ ဖြစ်၏။ သူ့၌ မိန်းမနှင့်ကလေးမရှိရုံသာမက တပည့်ပင်မရှိချေ။ထို့ကြောင့် သူသည် တပည့်တစ်ယောက်ကို အလျင်အမြန် ရှာဖွေရမည်ဖြစ်၏။
ခနလောက်တွေးပြီးသည့်နောက် သူသည် ကျွင်းချောင်ရှောင်းအေပါ်တွင် အာရုံစိုက်ထားလိုက်၏။ အဘယ့်ကြောင့်ဆိုသော် အင်္သချေမိုးကြိုးတစ်သောင်း ကပ်ဘေးကြီးအား ချိုးဖျက်ပြီး ဂိုဏ်းတစ်ခုလုံးအား အထက်နယ်မြေသို့ ခေါ်ဆောင်လာသောသူ ဖြစ်သောကြောင့် ကျိန်းသေပေါက် စွမ်းဆောင်ရည်ပြည့်ဝမှာ သေချာသည်။
ရလာဒ်အားဖြင့် ကြီးမြတ်သူတုံးကုသည် အင်မော်တယ်တောင်တန်းဆီသို့ လာရောက်ပြီးနောက် ခရမ်းရောင်ကြယ် အစီအရင်အား လွယ်လွယ်ကူကူနှင့် ချိုးဖျက်ခဲ့၏။ သို့ပေမဲ့ ဘာတစ်ခုမှ မပြောသေးခင်မှာပဲ တစ်ဖက်လူသည် သူ့အား ဆရာကြီးဟု ခေါ်ဆိုလျက်ရှိ၏။
ဤအရာသည် မထင်မှတ်ထားသော အရာဖြစ်လို့နေ၏။ သို့ပေမဲ့ အံ့အားသင့်နေစရာ မဟုတ်ချေ။ ကုန်းရှန့်အနေဖြင့် တစ်ဖက်လူ မည်သူဖြစ်မှန်း သိရှိပြီးနောက် ကျိန်းသေပေါက် ရွှေပေါင်ကြီးကို ပြေးဖက်ရပေလိမ့်မည်။
ဟား ဟားဟား …..
ကြီးမြတ်သူတုံးကုသည် ရယ်မောလိုက်မိ၏။ "တပည့်ကောင်းလေးပဲ …. တပည့်ကောင်းလေးပဲ"
သူ့နေဖြင့် အစောကတည်းက တပည့်အဖြစ်ခေါ်ယူရန် စဉ်းစားထားပြီး ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူအနေဖြင့် သူ့အား စတွေ့ကတည်းက အသိအမှတ်ပြုလိုက်ပြီ ဖြစ်သောကြောင့် ရှုပ်ထွေးလှသည့် ဆရာတပည့်ဆက်ဆံရေး ကို ဖန်တီးရန်မလိုအပ်တော့ချေ။
ရွှေပေါင်ကြီးကို ဖက်ရန်အတွက် ဤမျှ ပေါ့ပေါ့ပဲပဲနိုင်သည့် ဆရာတပည့်ဆက်ဆံရေးကို တည်ဆောက်ခြင်းဖြင့် ကျွင်းချောင်ရှောင်းသည် မည်မျှအရှက်မဲ့သည့်လူဖြစ်ကြောင့် ခန့်မှန်းကြည့်နိုင်၏။ "ထင်မှတ်ထားတဲ့ အတိုင်းပဲကိုး … သူက ကြီးမြတ်သူတုံးကုရဲ့ တပည့်ပဲကိုး"
အစတုန်းက အနည်းငယ် သံသယဝင်လျက်ရှိသော ဖန်းကွေ့ချန်သည် တစ်ဖက်လူက ဆရာကြီးဟုခေါ်ပြီး တစ်ဖက်လူက တပည့်ကောင်းလေးပဲဟု ပြောဆိုနေသည့်အချိန်မှာတော့ သံသယများ ကင်းစင်သွားခဲ့သည်။
ဟမ်
ကြီးမြတ်သူတုံကု လှမ်းကြည့်ကာ အံ့ဩတကြီးဖြင့် ပြောလိုက်၏။ "မင်းက ဆေးဟောခန်းရဲ့ အကြီးအကဲရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဖန်းကွေ့ချန်မလား"
"အမှန်ပါပဲ"
ဖန်းကွေ့ချန်သည် ဂါဝရပြုကာ လေးလေးစားစားပြောလိုက်သည်။ "ဂျူနီယာပါ"
သူ့အနေဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် ကြီးမြတ်သူတုံးကုကို သိရှိနိုင်၏။ ကံကောင်းစွာဖြင့် ဆေးဟောခန်းမဆောင်အနေဖြင့် ပြုလုပ်သည့်ပွဲတစ်ခုတွင် ကြီးမြတ်သူတုံးကု တက်ရောက်သောကြောင့် အဝေးမှ မြင်ခဲ့ဖူး၏။
"ဆရာကြီး"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အစ်ကိုဖန်းက ဂိုဏ်းထဲကို ဝင်ချင်လို့တဲ့"
ဖန်းကွေ့ချန်သည် မျက်လုံးများ ပြူးထွက်သွားမိ၏။ ငါဘယ်တုန်းက ပြောလိုက်တာလဲ။
သို့ပေမဲ့ ကြီးမြတ်သူတုံးကုတည်ရှိနေသောကြောင့် သူသည် အလျင်အမြန်ပဲ ပြန်ပြောလိုက်ရသည်။ "ကျုပ်က အရည်အသွေးမပြည့်ဝမိမှာကို စိုးရိမ်မိပါတယ်"
ကြီးမြတ်သူတုံးကုသည် ပြိုင်စံရှားဂိုဏ်းဆီ တစ်ချက်လှည့်ကြည့်ပြီးနောက် ပြောလိုက်၏။ "သူတို့က အသေင်္ချမိုးကြိုးတစ်သောင်းအစီအရင်ကိုတောင် ခုခံပြီးတော့ အထက်နယ်မြေကို တက်လာနိုင်တာလေ။ တစ်ကယ့်ကို ကြီးမားတဲ့ အလားအလာတစ်ခုနဲ့ ဂိုဏ်းတစ်ခုပဲ"
"..."
ဖန်းကွေ့ချန်သည် တွေးလိုက်မိ၏။ "စီနီယာတုံကုက ငါ့ကိုဂိုဏ်းထဲကိုဝင်ပြီး သူ့တပည့်ကို တစ်ဖက်လှည့်နဲ့ ကူညီပေးဖို့ ပြောချင်နေတာလား"
"စီနီယာတုံးကုသာ စိတ်မရှိဘူးဆိုရင် ဒီဂျူနီယာက ပြိုင်စံရှားဂိုဏ်းကို ဝင်ပြီး ဂိုဏ်းချုပ်ကျွင်းကို လိုလိုချင်ချင်နဲ့ ကူညီပေးချင်ပါတယ်"
သူသည် အလျင်အမြန်ပဲ ဝင်ကာပြောဆိုလိုက်၏။ ဤကဲ့သို့သော ဆရာကြီးက ပြောဆိုခဲ့သည်ဆိုမှတော့ သူ့အနေဖြင့် မည်ကဲ့သို့ ငြင်းဆန်၍ ရနိုင်မည်နည်း။ ထို့ပြင် အရင်တုန်းကဆိုလျှင် ဤကဲ့သို့ ထိပ်တန်းကျွင်းကျင်သူများနှင့် တွေ့ဆုံရဖို့ဆိုမှာ မဖြစ်နိုင်ချေ။
"ဒီအဘိုးကြီးက ဘာလို့စိတ်ရှိရမှာလဲ" ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ သူ၏စကားဆိုလိုရင်းတွင် ပြိုင်စံရှားဂိုဏ်းသည် သူနှင့်ဘာမှသက်ဆိုင်သည်မဟုတ်ချေ။ ထို့ကြောင့် ဖန်းကွေ့ချန်အနေဖြင့် ဂိုဏ်းထဲသို့ ဝင်ခြင်း၊ မဝင်ခြင်းသည် သူနှင့်မသက်ဆိုင်ချေ။ အဘယ့်ကြောင့်စိတ်ရှိရမည်နည်း။
သို့ပေမဲ့ ဖန်းကွေ့ချန်၏ နားလည်မှုမှာတော့ တစ်မျိုးဖြစ်၏။ စီနီယာတုံးကုသည် ဂိုဏ်းထဲသု့ိဝင်ရန် သဘောတူသည်ဟု ယူဆမိ၏။ထို့ကြောင့် အလောတကြီးဖြင့် လက်သီးဆုပ်ကာ ပြောလိုက်၏။ "စီနီယာက တကယ့်ကို တန်ဖိုးထားတယ်ဆိုမှတော့ အစွမ်းကုန်ကြိုးစားပြီး ဂိုဏ်းကို ကူညီပါ့မယ်"
"ဆရာကြီး"
ကျွင်းချောင်ရှောင်းအနေဖြင့် သူတို့နှစ်ယောက် ဆက်လက်ကာ စကားပြောမည်ဆိုလျှင် သူကြွားဝါခဲ့သည့် အရာများ ပေါ်သွားမှာကို စိုးရိမ်မိ၏။ ထို့ကြောင့် ကြားဖြတ်ကာ ပြောလိုက်သည်။ "ဒီကို ရှားရှားပါးပါးလာတာဆိုတော့ ဒီတပည့်က ဆရာကြီးကိုဝိုင်နဲ့အစားအစာတွေ ပြင်ဆင်ပေးထားပါမယ်"
"မလိုဘူး"
ကြီးမြတ်သူတုံးကုက ပြန်ပြောလိုက်၏။ "ငါဒီကိုလာတာက မင်းကိုကောင်းကောင်းမွန်မွန်လေ့ကျင့်ဖို့ လာပြောတာပဲ။ နောက်ဆယ်နှစ်ကြာရင် မင်းရဲ့ဆရာအတွက် တိုက်ခိုက်ပေးရလိမ့်မယ်"
"ဆရာကြီးအတွက် တိုက်ခိုက်ပေးရမယ် ဟုတ်လား" ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိသည်။
"ဒီလိုလေ"
ကြီးမြတ်သူတုံကုက ရှင်းပြလိုက်၏။ "ငါ အဘိုးကြီးကုဟုန်နဲ့ လောင်းကစားလုပ်ထားတယ်။ ဆယ်နှစ်ကြာပြီးရင် သူကလည်း သူ့ရဲ့တပည့်ကို ခေါ်လာလိမ့်မယ်။ ဒီနေရာမှာ အနိုင်ရရှိသူကို ဆုံးဖြတ်ပြီး တိုက်ခိုက်ကြတာပေါ့။ ဒီတော့ မင်းက ငါ့တပည့်အနေနဲ့ ဒီနေရာမှာ တိုက်ခိုက်ပေးရမယ်..."
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ လက်ရှိအချိန်မှာတော့ ဤဆန်းကြယ်လှသည့် လူကြီးသည် ပြိုင်စံရှားဂိုဏ်းဆီသို့ အဘယ့်ကြောင့် လာခြင်းအား သူကောင်းကောင်းနားလည်လိုက်မိ၏။ သူ့အား တာဝန်လာရောက်ပေးအပ်ခြင်းပင် ဖြစ်တော့သည်။ "ဆရာကြီး … ပြိုင်ဘက်က ဘယ်သူလဲ။ ဘယ်လောက်အားကောင်းလဲ"
"ဒါကတော့ နောက်ဆယ်နှစ်ကြာမှ မင်းသိလာလိမ့်မယ်"
ကြီးမြတ်သူတုံးကုသည် သူ့အား မပြောချင်၍မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် လောက၏ကလေးငယ်ဟု အဘိုးကြီးကုဟုန်ပြောခဲ့သည့်သူကို သူလည်းမသိသောကြောင့်ပင်။
"နားလည်ပါပြီ"
ကျွင်းချောင်ရှောင်းက လေးလေးနက်နက်ပြောလိုက်၏။ "ဒါဆိုရင် တပည့်က ဆရာကြီးကို စိတ်မပျက်စေရပါဘူး။ ပြီးတော့ …."
ကျွင်းချောင်ရှောင်းသည် ခနရပ်တန့်လိုက်၏။ ပြီးနောက် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည် "အရင်ဆုံး တပည့်လေ့ကျင့်လို့ရအောင်လို့ မိုးကောင်းကင်စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းလောက် အရင်ပေးခဲ့ပါလား။ ဒါဆိုရင် ဆယ်နှစ်လောက် အေးအေးချမ်းချမ်း လေ့ကျင့်လို့ရတာပေါ့"
"...."
ဖန်းကွေ့ချန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွား၏။
ယွမ်စိတ်ဝိညာဉ် ကျောက်တုံးဆိုလျှင်တောင်မှ ကိစ္စကြီးမဟုတ်ချေ။ သို့ပေမဲ့ မိုးကောင်းကင် စိတ်ဝိညာဉ် ကျောက်တုံးဆယ်သန်း တိတိကို တောင်းရမ်းလို့နေ၏။ ကျွမ်းကျင်သူတစ်ယောက်၏ တပည့်ပီသစွာ အတောင်းအရမ်းက ကြမ်းတမ်းလွန်းလှသည်။
ကြီးမြတ်သူတုံးကုသည် ကျွင်းချောင်ရှောင်း၏ စကားကိုကြားရချိန်မှာတော့ ဆွံ့အသွားမိ၏။ သူ့အနေဖြင့် ဆရာတပည့်ဆက်ဆံရေး ကို အခုမှ တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ တစ်ဖက်လူသည် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းခန့်ကိုပင် တောင်ရမ်းလျက် ရှိ၏။ သူ့တပည့်၏ အရေခွံသည် ထူထဲလွန်းလှချေ၏။
ကျွင်းချောင်ရှောင်းက သွားဖြီးကာ ပြောလိုက်၏။ "ဒီလိုမဟုတ်ဘူးဆိုရင်လည်း မိုးကောင်းကင်အဆင့် သိုင်းပညာတွေ၊ တစ်ချို့လက်နက်တွေ၊ ကျင့်စဉ်တွေကို တပည့်ကို ပေးခဲ့ရင် ရပါပြီ။ "
ကြီးမြတ်သူတုံကု၏ အမူအရာသည် နဝေတိမ်တောင်ဖြစ်လာ၏။ သူစဉ်းစားခဲ့သည်မှာ မှန်ပေသည်။ သူ၏တပည့်သည် တော်ရုံ အရေခွံထူထဲလှသည်မဟုတ် ထိုးဖောက်၍မရနိုင်အောင်ပင် ထူထဲလွန်းလှချေ၏။
"တပည့်"
ကြီးမြတ်သူတုံးကုသည် လေးနက်စွာပြောလိုက်၏။ "ဆရာက နည်းလမ်းကိုပဲ ညွှန်ပြတာ။ ကျင့်ကြံတယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ လုပ်ရတဲ့ အရာတစ်ခုပဲ။ ဒီတော့ နောက်ဆယ်နှစ်အတွင်း ဘယ်လောက် အားကောင်းလာတယ်ဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်"
"ဒါကတော့ အမှန်ပါပဲ။ ဒါပေမဲ့ …."
ကုန်းရှန့့်သည် ပြောဆိုရာမှ ရပ်တန်လိုက်၏။ အဘယ့်ကြောင့်ဆိုသော် စီနီယာတုံးကုသည် ဟောခန်းဆီမှ ပျောက်ကွယ်သွားပြီး အသံသည်လည်း ဝေးဝေးသွားခဲ့တော့သည်။ "တပည့် …. ဆရာသွားပြီ"
ချီးတဲ့မှ …. ခင်ဗျားက တစ်လောကလုံးမှာ အချောဆုံးလူကို တပည့်ခံပြီးပြီဆိုမှတော့ မိုးကောင်ကင်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာလောက်တောင် မထားခဲ့ဘူး။ ဒါက ကပ်စေးနည်းလွန်းအားကြီးတယ်။
ကြီးမြတ်သူတုံးကု ထွက်ခွာသွားပြီးနောက် ဂိုဏ်းထဲတွင်ရှိနေသော တာအို၏ဖိနှိပ်မှုများသည် ပျောက်ကွယ်သွားခဲ့၏။
ဖန်းကွေ့ချန်သည် ပုံမှန်အတိုင်း ပြန်လည်ကာ အသက်ရှုနိုင်ပြီဖြစ်သည်။ သူ့အနေဖြင့် ဤကဲ့သို့ စွမ်းအားမြင့်ကျင့်ကြံသူရှေ့တွင် စကားရပ်ပြောနိုင်ခြင်းသည် ဂုဏ်ယူရသည့် အရာဖြစ်သည်။
"သူသွားပြီပဲ။ စီနီဟာတုံးကု ထွက်သွားပြီပဲ"
နဂါးကြောရိုးတောင်တန်းပြောတွင်ရှိနေသော အဖြူအမဲညီနောင်တို့သည် သက်ပြင်းချလိုက်မိ၏။ အထူးသဖြင့် ဤကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်နှင့် တွေ့ဆုံခြင်းမှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို တွေးတော နေမိ၏။ ကံဆိုးစွာဖြင့် အပြင်ဖက်သို့ထွက်၍ စကားမပြောဆိုနိုင်ရဲခဲ့ချေ။ သူတို့သည် ကျွင်းချောင်းရှောင်းကို အားကုန်ထုတ်၍ကူညီနေသည်ဖြစ်ကြောင်းကို တစ်ဖက်လူအား ပြောပြဖို့ အခွင့်အရေးမရရှိခဲ့ချေ။
"အမဲကြီး"
အဖြူရောင်နတ်ဆိုးသည် လေးလေးနက်နက်ပြောလိုက်၏။ "စီနီယာတုံးကု ခုနကပြောခဲ့တာကို မင်းကြားလား"
"ကြားတာပေါ့" အမဲရောင်နတ်ဆိုးက ပြောလိုက်သည်။
ဘာပြောခဲ့သနည်း။ အင်္သချေမိုးကြိုးတစ်သောင်းကပ်ဘေးကို ခုခံပြီး အထက်နယ်မြေသို့ တက်လှမ်းနိုင်ခဲ့သည့် ဤဂိုဏ်းသည် ကောင်းမွန်သည့်အလားအလာနှင့် ပြည့်နှက်နေသည်ဟု ပြောဆိုခဲ့သည်။
မူလအားဖြင့် စီနီယာတုံကုသည် အမှတ်မထင်ပြောခဲ့သည်ဆိုသော်လည်း ဤလူနှစ်ယောက်သည် မတူညီစွာဘဲ ကောက်ချက်ဆွဲလျက်ရှိနေ၏။
အဖြူရောင်နတ်ဆိုးသည် ပြောလိုက်သည်။ "ငါတို့က အားကုန်ထုတ်ပြီး ဂိုဏ်းချုပ်ကို ကူညီပေးရမယ်။ ဒါမှ စီနီယာတုံးကု ကို စိတ်မပျက်စေမှာ "
"ခုနက အဘိုးကြီးက …"
အခန်းတစ်ခု၏ ပြတင်းပေါက်တွင် မတ်တပ်ရပ်လျက်ရှိနေသော ရီရှင်းချန်သည် လုံးဝ မတည်ငြိမ်နိုင်တော့ချေ။ ထို့ကြောင့် ပြောလိုက်၏။ "အရမ်းကို အားကောင်းလွန်းတယ်"
ကြီးမြတ်သူတုံးကုပေါ်လာခြင်းသည် ဂိုဏ်းတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေ၏။ ထိုထဲတွင် ဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲများနှင့်တပည့်များလည်း ပါဝင်လျက်ရှိသည်။
တစ်ချက်ကြည့်ရှုလိုက်သည်နှင့် ထိုသူသည် ခန့်မှန်း၍မရသော ခံစားချက်ကို ပေးစွမ်းနေ၏။
သို့ပေမဲ့ အတည်ငြိမ်ဆုံးလူမှာ ဟယ်ဝူတီ ပင်ဖြစ်သည်။
စီနီယာတုံးကုကို ကြည့်ရှုပြီးနောက် မည်သည့်ခံစားချက်များမှ ဖြစ်ပေါ်မလာခဲ့ချေ။ ထိုအစား မျက်နှာပေါ်တွင် အပြုံးတစ်ခုသာ တည်ရှိလို့နေခဲ့၏။ "ဒီအဘိုးကြီးက နည်းနည်း အားကောင်းတယ်"