← Chapters

ယူယူ ကလေး…

Vol. 98 Ch. 1369

ယူယူ ကလေး…

Vol. 98 Ch. 1369

တစ္ဆေမြို့တော်တွင် ထိုသို့ဖြစ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ရာ အားလုံး ပျာယာခတ်သွားကြသ်ည။

တစ္ဆေမြို့တော်က ပြိုလဲတော့မှာလား။

ဝူမန်နှင့် တခြားသုံးယောက်သည် လေထဲသို့ပျံလိုက်ရာ တစ္ဆေမြို့တော် သည် ကွဲအက်နေသည်ကို မြင်လိုက်ရသည်။ သူတို့လည်း တူညီသောအရာကို တွေးလိုက်ကြသည်။

“ဆည်းဆာတောင်မှာ တစ်ခုခုတော့ဖြစ်နေပြီ”

“သွားကြည့်ကြအောင်”

တစ္ဆေမြို့တော် တုန်ခါမှုရပ်သွားချိန်တွင် သူတို့သည် သွားရန်ပြင်ဆင် လိုက်ကြသည်။ လူများ ထိတ်လန့်တခြားဖြစ်ခဲ့ပြီး ပျက်စီးသွားသော လမ်းများ နှင့် အိမ်များကြောင့်သာမဟုတ်လျှင် ထိုအဖြစ်အပျက်မှာ ထင်ယောင်ထင်မှား ဖြစ်ခဲ့သလို ထင်ရလေသည်။

“မင်းတို့ သူတို့ကို စိတ်ငြိမ်အောင် နေခဲ့လိုက် ငါတို့သွားကြည့်လိုက်မယ်” မောင့်ရှားသည် အနောက်မှလူများကို ပြောပြီးနောက် လေဟာပြင်ဝင်ပေါက် ဖွင့်ကာ ဝင်သွားလိုက်သည်။

ထို့နောက်တွင် ကျန်းဟောက်နှင့် လော့ချီပါ လိုက်သွားကြလေသည်။

ရှီကုန်းနှင့် ရှီယူတို့သည် ဝူမန်ဘေးသို့လာကာ ပြောလိုက်သည် “အဒေါ်မန် အဲဒီမှာတစ်ခုခုများဖြစ်တာလား”

“အင်း မင်းတို့ ဒီကအခြေအနေကို စစောင့်ကြည့်ထား ငါသွားကြည့်လိုက် ဦးမယ်” ဝူမန် ညွှန်ကြားလေသည်။

ကျန်းဟောက်နှင့် တခြားသူများသည် သွားနှင့်လောပြီ။ သူမ မသွားနိုင် သည့်ပုံပင်။

ထို့အပြင် ထိုနေရာတွင် တစ်ခုခုဖြစ်မည်ကို သူမ စိုးရိမ်သည်။ ကယ်ဆယ် မည့်မစ်ရှင် ကျရှုံးပါက သူ…

“အဒေါ်မန် ကျွန်မလည်းလိုက်မယ်” ရှီယူ တောင်းဆိုလေသည်။

“မင်းဒီမှာနေခဲ့” ဝူမန်သည် မစဉ်းစားဘဲ သူမကိုငြင်းဆိုကာ ချက်ချင်းပင် လေဟာပြင်ဝင်ပေါက်ဖွင့်ကာ ဆည်းဆာတောင်ကို တစ်ယောက်တည်းသွား လေသည်။

“ယူအာ အဲဒီက အခြေအနေက အရမ်းအန္တရာယ်များတယ် ဒီမှာပဲ နေသင့် တယ်” ရှီကုန်းသည် သူ၏ သမီးစိတ်ကိုမသိစရာ အကြောင်းမရှိပေ။ သို့သော် မသင့်တော်ပေ။ အစကတည်းက ထိုအတွေးကို သတ်လိုက်သည်က ကောင်း မည်။

“ဒါပေမဲ့ ညီမလေး သူမ….” ရှီယူသည် အလွန်စိုးရိမ်နေသည်။

“သူမမှာ အစီအစဉ်ရှိတယ်လို့ပြောမှတော့ တကယ်ပဲ စီစဉ်ထားတာရှိလို့ပဲ လေ” ရှီကုန်းသည် အေးစက်သော အမူအရာဖြင့် ပြောလေသည် “သမီး သွား လိုက်တော့ သမီးကသူမအစီအစဉ်ကို ဖျက်မိပြီး သူတို့အားလုံးကိုသတ်သလို ဖြစ်လိမ့်မယ်၊ သူမကို စိတ်ပူရင် မြို့ထဲမှာပဲသင့်တယ်”

ထိုသည်မှာ ရှီကုန်း သူမကို ပြတ်သားစွာပြောသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် ရှီယူသည် ချက်ချင်းပင် မှင်တက်သွားလေသည်။

“ညီမလေး အဖေပြောတာမှန်တယ်၊ သူမအစီအစဉ်တွေကို နင် မသိဘူး၊ နင်သွားရင် သူမကိုတောင် ဆွဲချသလိုဖြစ်လိမ့်မယ်၊ သူမက စုန်းမအိုကြီးနဲ့ တာဝန်ခံတွေကို ဖြေရှင်းရဦးမယ်၊ ဒါက သေချာပေါက်လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး” ရှီဇီ အကြံပေးလေသည်။

“သိ… သိပါတယ်” ရှီယူသည် ခေါင်းငုံ့ပြီး နာခံစွာနှင့်ပင် သူတို့နှင့်အတူ အိမ်ပြန်လာလိုက်သည်။

ဝူမန်နှင့် တခြားလေးယောက်တို့သည် ဆည်းဆာတောင်သို့ လျင်မြန်စွာ ပင် ရောက်ရှိသွားကာ ပထမဆုံးမြင်လိုက်ရသည်မှာ ဝေ့မင်တျဲသည် မြူခိုးမည်း အပြင်ဘက်တွင် ပိတ်မိနေသည့် မြင်ကွင်းဖြစ်သည်။

ဝေ့မင်တျဲ၏ မျက်နှာအမူအရာမှာ ကြောက်ဖို့ကောင်းကာ သူမနှင့်ရင်းနှီး နေသူများသည် လက်ရှိတွင် သူမ ဒေါသထွက်နေကြောင်းကို သိကြသည်။

“မြို့ဝန် ဘာြဖစ်တာလဲ” လော့ချီ မေးလိုက်သည်။

“မြို့ထဲမှာ ဘယ်လိုတွေဖြစ်နေပြီလဲ” ဝေ့မင်တျဲသည် မေးခွန်းကို ပြန်မဖြေဘဲ မေးလိုက်သည်။

“အက်ကွဲကြောင်းတွေဖြစ်နေပြီး လမ်းတချို့နဲ့ အိမ်တချို့တော့ ပျက်စီး သွားပြီ၊ လူဘယ်နယောက်သေလဲဆိုတာတော့ မသေချာသေးဘူး” မောင့်ရှား ပြောလိုက်သည် “အကုန်လုံးကတော့ အဆင်ပြေနေသေးတယ်၊ တစ္ဆေမြို့တော် မှာ ဘယ်လိုဖြစ်ပြီး ဒီလောက်ကြီးတဲ့ ကပ်ဆိုးဖြစ်တာလဲ”

ဝေ့မင်တျဲသည် ဝူမန်ဘက်သို့ ကြည်ကာ “မင်း ဒါကိုသိထားတာ ကြာပြီ မလား”

“ဘာကိုသိရမှာလဲ” ဝူမန်သည် ဝေ့မင်တျဲကို နားမလည်စွာဖြင့် ကြည့် လိုက်သည်။ သူမသည် ရှီမာယူယူ၏ အစီအစဉ်ကို အမှန်တကယ်ပင် မသိထား ပေ။ ရှီမာယဓယူသည် သူမ၏ ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ထားသဖြင့် တကယ်ပင် မသိခဲ့ပေ။

ဝူမန် ရှုပ်ထွေးနေသည်ကို တခြားသုံးယောက်မြင်သောအခါ သူတို့ပါ နားမလည်နိုင်ဖြစ်သွားသည်။ သို့သော် အားလုံး တိတ်ဆိတ်သွားကြလေသည်။

ဝေ့မင်တျဲသည် သူမကို ခေတ္တမျှစိုက်ကြည့်ပြီးနောက် အကြည့်ကို ပြန်ရုတ်သိမ်းကာ ပြောလိုက်သည် “အဲလူက ဒီကိုလာတာ ရိုးရိုးရှင်းရှင်းပဲ ဆော့ဖို့မဟုတ်ဘူး သူမက ရှီမာလျူရွှမ်နောက်ကိုလိုက်လာတာ”

“နောက်ကနေလိုက်လာတာလား၊ အဲလူက သူ့ကိုကယ်ဖို့လာတာလား”

အားလုံးသည် အံ့ဩသွားကြသည်။ ဒီနှစ်တွေမှာ တကယ်ပဲ ကလေး တစ်ယောက်က သူ့ကိုလာကယ်တာပဲ။ တကယ်ကို မယုံကြည်နိုင်လောက်စရာ ပဲ။

ထိုအချိန်တွင် မီအာသည် စွမ်းအားများအားလုံးကို ဖယ်ရှားလိုက်ပြီး အပြင်ဘက်တွင် ဝန်းရံနေသော ထူထဲသည့်မြူခိုးမည်းများ ပျောက်ကွယ်သွား လေသည်။

သူတို့ငါးယောက်သည် ဆည်းဆာတောင် ဗဟိုခုျက်ဆီသို့ မော့ကြည့် လိုက်ကြသည်။

လက်ရှိ ဆည်းဆာတောင်တွင် ရှီမာလျူရွှမ်သည် ယောင်ချာချာဖြစ်နေ သည်။ သူသည် မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင်လှဲလျောင်းကာ မျက်နှာမှာလည်း ဖြူဖျော့နေသည်။

ရှီမာယူယူသည် ဆေးတချို့ထုတ်ကာ သူ့ကို ကျွေးလိုက်သည်။ သို့သော် ဆေးကိုပါးစပ်ထဲတွင်သာ ငုံထားလျက်ရှိပြီး မျိုချရန်အားအင်မရှိပေ။

သူ၏ များပြားသော စွမ်းအင်ကိုမှီခိုခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် အခု ချိန်ထိ တောင့်ခံနိုင်မည်မဟုတ်ပေ။

သူသည် ဆေးကိုပါးစပ်ထဲတွင် ငုံထားကာ မျိုမချနိုင်သည်ကို ရှီမာယူယူ မြင်သည်နှင့် မျက်ရည်များသည် ချက်ချင်းပင် ပါးပြင်ပေါ်လှိမ့်စီးကျလာသည်။

“အဖေ ဝါးစားလိုက်ပါ အဖေ တောင်းပန်ပါတယ် ဝါးစားလိုက်ပါ” သူမ ငိုပြီးတောင်းပန်လေသည်။

“ရွှမ်အာ မြန်မြန်ဝါးစားလိုက် အမေ့ကိုကြည့် အမေတို့အကုန်ရောက်လာ ပြီလေ၊ သားက အမေတို့ကိုပစ်မထားဘူးမလား” ဟွမ်ရင် ရင်ပြောလိုက်သည် “ယူယူ့ကိုကြည့်လိုက် ယူယူ ဒီလောက်တောင် ကြီးလာပြီ၊ သူမ အရွယ်ရောက် လာတဲ့တစ်လျှောက်လုံး သားမမြင်ခဲ့ရဘူးမလား၊ သူမက ယွိခဲ့လော့နဲ့ တော်တော်တူတယ်”

“ယူယူ မင်းက သမားတော်မဟုတ်ဘူးလား သူ့ကို ဝါးစားအောင်လုပ်လို့ မရဘူးလား” မိုဒိဆန်း မေးလိုက်သည်။

“ဟုတ်တယ် ဟုတ်သားပဲ”

ရှီမာယူယူသည် အမြန်ပင် အပ်များကိုထုတ်ကာ သူ့ရင်ဘတ်သို့ အပ်စိုက် လိုက်သည်။ သူမသည် စိုးရိမ်လွန်ကာ နဝေတိမ်တောင်ပင် ဖြစ်သွားသည်။ သူမသည် ထိတ်လန့်မှုကြောင့် အသိစိတ်လွတ်သွားကာ ထိုအရာကိုမေ့နေခဲ့ သည်။

အပ်စိုက်လိုက်သည်နှင့် ရှီမာလျူရွှမ်သည် အသိစိတ်ဝင်လာကာ မျက်လုံး ပွင့်လာပြီး ပါးစပ်ထဲမှ ဆေးကို အလိုလိုပင်ဝါးစားလိုက်လေသည်။

နောက်ဆုံး သူ ဆေးဝါးစားလိုက်သည်ကို ရှီမာယူယူမြင်မှပင် စိတ်အေး လက်အေးဖြင့် သက်ပြင်းချနိုင်လေသည်။

“အဖေ ဘယ်လိုနေလဲ”

ရှီမာလျူရွှမ်၏ အသိစိတ်မှာ တဖြည်းဖြည်းရလာပြီး အကြည့်မှာလည်း စူးရှလာသည်။ သူမ၏ ရင်းနှီးသော မျက်နှာကို သူမြင်သောအခါ တိုးညင်းစွာ ဖြင့် ပင့်သက်ရှိုက်လိုက်သည်။

“ခဲ့လော့…”

“အဖေ သမီးက အမေမဟုတ်ပါဘူး သမီးကယူယူပါ”

“ယူယူ…. ယူယူ… ကလေး…”

ရှီမာယူယူသည် သူ့ကို ကျန်သည့် ဆေးများကို တိုက်ကျွေးလိုက်သည်။ ထိုဆေးများသည် လွန်ခဲ့သည့်နှစ်ရက်က ဝူလင်းယူဖော်ထားသည့်ဆေးများဖြစ် သည်။

ဆေးများသည် သက်ရောက်မှုနှေးသဖြင့် ရှီမာလျူရွှမ်၏ ခန္ဓာကိုယ်မှာ ဆိုးဝါးသောအခြေအနေတွင် ရှိနေသေးသည်။

“ယူယူ လွှတ်ပေးဦး” ရှောင်ချီသည် ဝိညာဉ်စေတီမှ ပြောလေသည်။

ထိုအချိန်မှ ဘာကြောင့် ရှောင်ချီလွှတ်ခိုင်းသည်ကို ရှီမာယူယူမသိ သော်လည်း မေးမြန်းနေရမည့်အချိန်မဟုတ်သဖြင့် သူမကို ခေါ်ထုတ်လိုက် သည်။

ရှောင်ချီထွက်လာသည်နှင့် အားကောင်းသော အသက်စွမ်းအင်ကို ခံစား မိကြလေသည်။

“ဒါက…”

ရှီမာယူယူသည် သူမလက်ထဲမှ ရွှေရောင်သစ်ကိုင်းကိုမြင်သည်နှင့် မျက်လုံးများသည် ပျော်ရွှင်စွာဖြင့် အရောင်တောက်သွားလေသည် “ချင်ယိက မင်းကိုဒါပေးတာလား”

“အင်း” ရှောင်ချီသည် သူမလက်ချောင်းကို ကိုက်ပြီး သွေးနှစ်စက်ချလိုက် ကာ သစ်ကိုင်းအတွင်းမှ အဆီအနှစ်နှင့် ပေါင်းစပ်လိုက်သည် “သူ့ကို ဒါသောက် ခိုင်းလိုက်”

“ကျေးဇူးပဲ” ရှီမာယူယူသည် သစ်ကိုင်းကိုယူကာ ထိုသစ်ကိုင်းကိုယူကာ ရှောင်ချီ၏ သွေးနှင့်ရောနှောထားသော အဆီအနှစ်ကို ရှီမာလျူရွှမ်အား တိုက် ကျွေးလိုက်သည်။

ချင်ယိ၏ အဆီအနှစ်ကို စားလိုက်သည်နှင့် အစက ကျဆင်းနေသော ရှီမာလျူရွှမ်၏ အသက်စွမ်းအင်သည် ချက်ချင်းပင် ပြန်ပြည့်လာသည်။ သူ့ တစ်ကိုယ်လုံးမှာ ကြံ့ခိုင်မှုများ ပြည့်ဝလာသည်။

သူသည် ရှီမာယူယူအားကြည့်ပြီး စကားပြောမည်အပြုတွင် ရှီမာယူယူ တားလိုက်လေသည်။

“အဖေ အရင်ဆုံးနားလိုက်ပါဦး”

သူ၏ ခန္ဓကိုယ်အတွင်းမှ သွေးကြောနှင့် အထဲအင်္ဂါများတွင် ခြောက်ခမ်း လုနီးပါးဖြစ်နေရာမှ အသက်စွမ်းအင်သည် စိုထိုင်းလာသည်ကို ရှီမာလျူရွှမ် ခံစားမိသည်။

သူ၏ ဒဏ်ရာများ ကုသနေသည်ကို သိလိုက်ကာ ခံစားချက်များကို ဖိနှိပ် ပြီး ဟွမ်ရင်ရင်၏ ရင်ခွင်မှထကာ တင်ပျဉ်ခွေထိုင်ပြီး စတင် တရားထိုင်တော့ သည်။

အချိန်တိုအတွင်း သူမ၏ သားမှာ လျင်မြန်စွာ ပြန်ကောင်းလာသည်ကို ဟွမ်ရင်ရင်မြင်သောအခါ မေးလိုက်သည် “သူ့ကို အခုကျွေးလိုက်တာဘာလဲ၊ သူ့ဒဏ်ရာတွေက သက်သာသွားပြီလား”

“အဖေက အသက်စွမ်းအင်အများကြီးဆုံးရှုံးထားတာ၊ ချင်ယိနဲ့ ရှောင်ချီရဲ့ အဆီအနှစ်က အဲဒါကိုပြန်အားဖြည့်ပေးရုံတင်ပဲ၊ သူ့ဒဏ်ရာတွေကတော့…. စောင့်ကြည့်ပြီးမှသိမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“သူတို့ အဆီအနှစ်တွေက အဲလောက်အသုံးဝင်လား” ရှီမာလျူဖန် မေး လိုက်သည်။

“အင်း အသုံးဝင်တယ်….”

“လူတွေလာနေပြီ” ဝူလင်းယူ ပြောလိုက်သည်။

ရှီမာယူယူ ခေါင်းမော့ကြည့်လိုက်ရာ ဝေ့မင်တျဲ၊ ဝူမန်နှင့် တခြားသုံး ယောက်တို့ သူတို့ဆီသို့ ပျံလာကြသည်ကို မြင်လိုက်ရသည်။

ဝေ့မင်တျဲသည် စူးရှလှသောအကြည့်ဖြင့် သူတို့ကိုကြည့်ကာ သူမ၏ မျက်လုံးမှအကြည့်များသည် ရှီမာယူယူကို ရှင်လျက်နှင့် မီးလောင်တိုက်သွင်း ချင်နေသည့် အကြည့်ဖြစ်လေသည်။

***

All Chapters