← Chapters

သရုပ်မှန် ပေါ်ပေါက်ခြင်း

Vol. 98 Ch. 1370

သရုပ်မှန် ပေါ်ပေါက်ခြင်း

Vol. 98 Ch. 1370

ဝေ့မင်တျဲသည် အနီးအနားတွင်ရပ်လိုက်ရာ ရှီမာလျူရွှမ် ထိုင်နေသည်ကို မြင်လိုက်သည်။ ထို့နောက် သူမသည် ရှီမာယူယူကို ထပ်မံကြည့်လိုက်သည်။

“မင်းနာမည်က ရှီချင်းမဟုတ်ဘူး” သူမသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

အစောပိုင်း သူမ အာရုံခံမိသမျှသည် ထိုကလေးမလေး၏ ဆော့ကစားမှု ကို ခံရကြောင်း သက်သေပြနေသည်။

သူမကို ယုံကြည်ခဲ့ပြီး ထိုနေရာသို့ တစ်ယောက်တည်းသာ ခေါ်ခဲ့သည့် အကြောင်းကို တွေးနေမိသည်။

“ရှင်ပြောတာ မှန်တယ် ကျွန်မနာမည် ရှီချင်းမဟုတ်ဘူး” ရှီမာယူယူသည် ရှီမာလျူရွှမ်၏ ရှေ့တွင်ရပ်ကာ ပြောလိုက်သည် “ကျွန်မက ရှီမာယူယူလို့ခေါ် တယ် ရှီမာလျူရွှမ်ရဲ့ သမီးပဲ”

“ရှီမာယူယူ ရှီမာယူယူ မင်းက ရှီမာယူယူပဲ” ဝေ့မင်တျဲသည် သူ အမြဲတစေပြောခဲ့သော နာမည်နှစ်ခုဖြစ်သောကြောင့် ရှီမာယူယူ၏ နာမည်ကို ကြားဖူးပြီးသားဖြစ်သည်။ “မင်းက သူ့သမီးဖြစ်လိမ့်မယ်လို့ ငါတကယ်မထင်ခဲ့ မိဘူး၊ မင်းကို ကိုယ်တိုင်ဒီကိုခေါ်လာခဲ့တာ ဟာသတစ်ပုဒ်လိုပဲ”

“နှမြောစရာပဲ ဒါပေမဲ့ ရှင့်ကိုတော့ ကျေးဇူးတင်ကြောင်းမပြောနိုင်ဘူး” ရှီမာယူယူသည် ဝေ့မင်တျဲကို ရေခဲတမျှအေးစက်သော အကြည့်ဖြင့် ကြည့် လိုက်သည်။

သူမ၏ ဖခင်ကို ထိုမိန်းမသာ ဤနေရာတွင် ပိတ်မထားပါက သူမဖခင် သည် ထိုနေရာတွင် ပိတ်မိမည်မဟုတ်ဘဲ သူ့ကိုယ်သူထိခိုက်စေမည့်နည်းလမ်း ကိုသုံးကာ ယခုအခြေအနေသို့ရောက်မည်မဟုတ်ပေ။

တစ်ခေါင်းလုံးဖြူနေသည့် မျက်နှာသည် သူမ မျက်စိထဲတွင်ပေါ်လာကာ အသက်စွမ်းအင် ကုန်ခမ်းနေသော ခန္ဓာကိုယ်သည် သူမ၏ အမုန်းတရားကို ရင် ထဲတွင် ပြည့်သွားစေသည်။ အစပိုင်းတွင် သူမသည် သူ့ကိုကယ်ပြီးနောက်တွင် ထွက်သွားမည်ဟု တွေးခဲ့သည်။ သို့သော် ယခုအချိန်တွင်တော့ သူမဖခင် အတွက် လက်စားချေရမည်။

“မင်းက ဘယ်လိုလုပ်သူ့သမီးဖြစ်ရတာလဲ၊ မင်းမှာ သူ့ရဲ့ရောင်ဝါ သွေးသား မရှိဘူးလေ” ဝူမန်သည်လည်း အခုမှပင် သိသလိုလုပ်လေသည်။

ဝေ့မင်တျဲသည် သူမ၏ အပြုအမူကိုကြည့်ပြီးနောက် သူမသည် ထိုအကြောင်းကို မသိခဲ့ဟု ယုံသွားလေသည်။

“သေချာတာပေါ့ ကျွန်မအဖေရဲ့ရောင်ဝါကို ဘယ်လိုလုပ်အာရုံခံမိမှာလဲ” ရှီမာယူယူသည် သူမ၏ အမှောင်ဝိညာဉ်စွမ်းအင်ကိုဖုံးကွယ်ပြီး အလင်းအရည် အချင်းဝိညာဉ်စွမ်းအင်ကိုထုတ်လွှတ်လိုက်သည်။

“ကျွန်မအမေက တစ္ဆေမမျိုးနွယ်ကပဲ၊ ခုနကကျွန်မပြခဲ့တဲ့ ပုံစံက ကျွန်မ အမေရဲ့ သွေးသားပဲ”

သူမ၏ မူလပုံစံကိုပြန်ပြောင်းလိုက်သောအခါ သူမ၏သွေးသားရောင်ဝါ သည် အနောက်တွင်ရှိနေသော ရှီမာလျူရွှမ်နှင့် တူသွားလေသည်။ ပြောစရာ မလိုအောင်ပင် သူမ၏ သရုပ်မှန်ကို သက်သေပြပြီးဖြစ်လေသည်။

သူမအနောက်တွင် ထိုင်နေသော ရှီမာလျူရွှမ်သည် ရောင်ဝါ လှုပ်ခတ်မှု ဖြစ်သွေားသော်လည်း တည်ငြိမ်စွာပင် တရားထိုင်နေဆဲဖြစ်သည်။

“ကောင်းတယ် အရမ်းကိုကောင်းတယ်” ဝေ့မင်တျဲသည် ဒေါသဖြင့် ရယ်မောလိုက်သည် “ဒီကမ္ဘာကြီးမှာ ငါ့ကိုလိမ်တဲ့သူက နောက်တစ်နေ့ကို ဘယ်တော့မှမမြင်ရတော့ဘူး၊ အစတုန်းကတော့ မင်း သူ့ကိုကယ်ပြီးရင် မင်းကို မြို့ဝန်ငယ်ရာထူးပေးမလို့ပဲ၊ မင်းမလိုချင်ရင် လက်ဆောင်တွေပေးမလို့လေ… အခုတော့ ငါ့ကိုလိမ်တဲ့အတွက် ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာ မင်းကို မြင်ခွင့်ပေးမယ်”

ပြောပြီးနောက်တွင် သူမသည် ချက်ချင်းပင် တိုက်ခိုက်မှု လှိုင်းပို့လွှတ် လိုက်သည်။ မြန်ဆန်လွန်းသဖြင့် ရှီမာလျူဖန်နှင့် တခြားသူများသည် တုံ့ပြန် ချိန်မရလိုက်ပေ။

“အစ်မကြီးယူယူ” လက်ထောက်လေး အော်လိုက်လေသည်။

သို့သော် ရှီမာယူယူသည် မည်သည့်တုံ့ပြန်မှုမှမလုပ်ဘဲ နေရာတွင်သာ ရပ်နေလေသည်။

သူမ၏ မျက်နှာထားမှာလည်း ပြောင်းလဲခြင်းမရှိပေ။

“ရွှမ်း”

ဝေ့မင်တျဲ၏ တိုက်ခိုက်မှု ရှီမာယူယူအနီးသို့ ရောက်လာသည်နှင့် ဘေးတွင်ရှိနေ‌သော ဝူလင်းယူသည် လှုပ်ရှားတော့သည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ရုံမျှသာဖြစ်ကာ ထိုတိုက်ခိုက်မှုသည် တန်ပြန်သွားလေသည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းကဘယ်သူလဲ” ဝေ့မင်တျဲသည် သူ၏ တိုက်ခိုက်မှု အားကောင်းသည်ကို သိထားသည်။ ဝူလင်းယူသည် သူမ ထက် နှစ်ရာမှ သုံးရာပင်ကြီးသည့်ပုံမပေါ်ပေ။ သူက ဘယ်လိုလုပ် သူမရဲ့ တိုက်ခိုက်မှုကို တန်ပြန်နိုင်တာလဲ။

ဝေ့မင်တျဲ အားအလွန်ကောင်းသည်ကို သိသော ဝူလင်းယူသည် သူ၏ အားအစစ်အမှန်ကို မဖိနှိပ်တော့ပေ။ သူ၏ စွမ်းအားမှာ ပိုပိုမြင့်လာသည်ကို အားလုံးတွေ့သောအခါ မျက်လုံးပြူးကြလေသည်။

“သေစမ်း ဒီလူက တကယ်ပဲ ပညာရှိစံအိမ်တော်က မြင့်မြတ်သော သားတော်လား” ရှီမာလျူဖန်သည် မယုံကြည်နိုင်စွာဖြင့် အော်လေသည်။

ပညာရှိစံအိမ်တော်က မြင့်မြတ်သောသားတော်က ဘယ်လိုလုပ် ဒီလောက် အားကောင်းနိုင်ရတာလဲ။

“နတ်ဆိုးရောင်ဝါ” ရှီမာရှုံ့သည် မျက်ခုံးများကို ကြုတ်လိုက်သည်။ သူ ရှီမာယူယူနှင့် ဝူလင်းယူတို့ကို ကြည့်သော အကြည့်မှာ ပြောင်းလဲသွားသည်။ သူတို့ ဘာကိုတွေးနေလဲဆိုတာ ဘယ်သူသိမှာလဲ။

“မင်းက နတ်ဆိုးမျိုးနွယ်ကပဲ” ဝေ့မင်တျဲသည်လည်း အာရုံခံမိသည်။

“ယူယူက သူမအဖေနဲ့ ပြန်ဆုံစည်းဖို့ကို အမြဲစောင့်မျှော်နေတာ၊ ဒီလို ပုံစံ ဖြစ်သွားမယ်လို့ ငါတို့တွေထင်မထားကြဘူး၊ မင်းရဲ့ ကူညီမှုကိုလည်း လျစ်လျူရှုလို့မရဘူး အဲတော့ သူမအစား မင်းကို ငါကျေးဇူးဆပ်ပေးမယ်” ဝူလင်းယူ ပြောလိုက်သည်။

“ဟင်း မင်းတစ်ယောက်တည်းနဲ့လား”

သူတို့နှစ်ယောက်သည် ပြောပြီးသည်နှင့် စတင်တိုက်ခိုက်တော့သည်။ ဝူလင်းယူသည် ရှီမာယူယူနှင့် တခြားသူများကို ထိခိုက်သွားမည်ကို စိုးရိမ်နေပြီး ဝေ့မင်တျဲသည် ဆည်းဆာတောင် ပျက်စီးသွားမည်ကို စိုးရိမ်နေသည်။ သူတို့ နှစ်ယောက်သည် စကားတစ်ခွန်းမှမပြောဘဲ မိုးပေါ်တွင် တိုက်ခိုက်နေကြ သည်။

သူတို့ တိုက်ပွဲအဆင့်သည် ထိုကမ္ဘာကြီးတွင် ခံနိုင်သည့်အရာမဟုတ်ပေ။

အစပိုင်းတွင် ဝေ့မင်တျဲသည် သူ့ကို အထင်မကြီးပေ။ သူ့အဆင့်သည် သူမလောက်သာရှိသည်။ သူက နည်းလမ်းတချို့နဲ့ သူ့အဆင့်ကို တိုးအောင်လုပ် တာ ဘယ်လိုလုပ် အားကောင်းနိုင်မှာလဲ။ သို့သော် တစ်ဖက်လူမှာ အားနည်း ခြင်းမရှိသည်ကို သိသွားသည်နှင့် အစပိုင်းအတွေးများမှာ ပျောက်ကွယ်သွား တော့သည်။ သူ၏ တိုက်ပွဲစွမ်းရည်သည် သူမထက်ပင် မြင့်သည်။ သူသည် တိုက်ပွဲပေါင်း ရာချီ ထောင်ချီကြုံတွေ့ဖူးသည့်အလားပင်။

နှစ်ယောက်လုံးသည် လေထဲတွင်တိုက်ခိုက်ကြကာ ကျန်လူများသည် ဝင်မနှောင့်ယှက်ရဲကြပေ။

ကျန်းဟောက်သည် ရှီမာယူယူကို အငြိုးကြီးသော မြေပွေးတစ်ကောင် ကဲ့သို့ကြည့်ပြီး အေးစက်သော ရယ်သံဖြင့် ပြောလေသည် “မင်းဘေးမှာ ဒီလောက်လူအများကြီးရှိမယ်လို့ ငါတကယ် ထင်မထားတာ၊ တောင်ပိုင်းမြို့မှာ ဖြစ်ခဲ့တာက မင်းလုပ်ခဲ့တာမလား”

“ဟုတ်တယ် အဲဒါတွေကို ကျွန်မလုပ်ခဲ့တာ” ယခုအချိန်တွင် ရှီမာယူယူ သည် မဖုံးကွယ်တော့ဘဲ အားလုံးကို သတ္တိရှိရှိ ဝန်ခံလိုက်သည်။

“မင်းက ကျန်းရှုကိုသတ်တဲ့လူလား” ကျန်းဟောက်သည် သူမကိုကြည့် လေသည်။ အကယ်၍ သူမသာ သူ့ကိုအမှန်တကယ် သတ်ခဲ့ပါက ဘာကြောင့် များ သစ္စာဆိုမှုကနေ အပြစ်မပေးခဲ့ပါသလဲ။

“အဲလိုတော့မဟုတ်ပါဘူး ဒါပေမဲ့ သူ့ရဲ့ လက်သည်းတွေကိုနှုတ်ပြီးမှတော့ ဘယ်သူမဆို သူ့ကိုသတ်လို့ရသွားပြီလေ” ရှီမာယူယူ ပြောလိုက်သည် “ဪ ဟုတ်သားပဲ ဒါကို မင်းကိုပြန်ပေးမယ် ပန်းလေး”

ပန်းလေး ပေါ်လာသည်။ သူမ လက်ဝှေ့ယမ်းလိုက်သည်နှင့် ဖန်းယန် သည် အားလုံးရှေ့တွင်ပေါ်လာသည်။

“အဲဒါကြောင့် ဖန်းမျိုးနွယ်က လျှို့ဝှက်နည်းလမ်းနဲ့တောင် သူ့ကိုရှာ မတွေ့တာကိုး၊ မင်းရဲ့ စာချုပ်သားရဲက သူ့ကိုဖမ်းထားတာပဲ”

“ကျန်းဟောက် ပြောပါဦး နှစ်တစ်ထောင်ထက်နေရတဲ့ မသေနိုင်တဲ့ လူအိုကြီးတစ်ယောက်က အမြဲတမ်း သဘောထားသေးနုတ်နေတာ မပင်ပန်း ဘူးလား” ရှီမာယူယူသည် သူမကို အမြဲတစေဆန့်ကျင်နေသော ကျန်းဟောက် ကို ရွံ့ရှာနေလေပြီ “ကျွန်မကို မသတ်ချင်ဘူးလား ဒါဆိုလည်း ဒီနေ့ဖြေရှင်းကြ တာပေါ့”

“ဟားဟား မင်းလိုမျိုး ဧကရာဇ်အဆင့်ကို ရောက်ခါစကတည်းက ငါ့ကို တိုက်ချင်တာလား” ကျနးဟောက်သည် ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။ သို့သော် သူသည် ရယ်သံများ တဖြည်းဖြည်းတိမ်ဝင်သွားလေသည်။

အကြောင်းမှာ မြူခိုးမည်းသည် သူမ၏ လက်မောင်းမှထွက်လာခြင်း ကြောင့်ဖြစ်သည်။ တစ္ဆေမြို့တော်၏ တာဝန်ရှိသူတစ်ယောက်အနေနှင့် ထိုအရာနှင့် သူရင်းနှီးသည်။

“ဒါက တားမြစ်ဧရိယာက ဟာမလား၊ ဘယ်လိုလုပ်ဒီရောက်နေတာလဲ” ကျန်းဟောက်၏ အသံမှာပြောင်းလဲသွားလေသည်။ သူသာ မီအာနှင့်တိုက်ခိုက် ရမည်ဆိုပါက ယုံကြည်ချက်မရှိတော့ပေ။

အဲဒါကြောင့် သူမက ဝေ့မင်တျဲမရှိတဲ့အချိန်ကို မီအာကိုမထုတ်တာကိုး။ သူမက ချိပ်ပိတ်နိုင်လို့လေ။

သို့သော် ဝေ့မင်တျဲမရှိသည်နှင့် သူမသည် မီအာကို ခေါ်ထုတ်ခဲ့သည်။

“သူ့ကို အဲဒီဟာလို့မခေါ်ပါနဲ့ ကျွန်မ မီအာမှာ နာမည်ရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “မီအာ မင်းအမြဲတမ်း လက်စားချေချင်နေတာမဟုတ်လား၊ အဲလူတွေက မင်းရှေ့မှာရောက်နေပြီ သွားတော့”

“ရှီမာယူယူ ငါတို့က မင်းနဲ့ဘာရန်ငြိုးမှရှိတာမဟုတ်ဘူး မင်း ကျန်းဟောက်နဲ့ ရှင်းချင်ရင် ငါတို့ ဝင်မနှောင့်ယှက်ဘူး ဒါပေမဲ့…”

ရှီမာယူယူသည် မောင့်ရှားကိုကြည့်လိုက်သည်။ ဉာဏ်ကြီးသောလူသည် အခြေအနေကို သုံးသပ်နိုင်သည်။ သူသည် အလွန်အားကောင်းသည်။ သို့သော် မီအာ၏ရှေ့တွင်တော့ အနိုင်ရနိုင်ချေမရှိပေ။ ထိုသို့ဆိုလျှင် အဆုံးထိတိုက်ခိုက် ရန်မလိုပေ။

“ကောင်းပြီ ရှင်က ကျွန်မကို မဆန့်ကျင်မှတော့ ဒီနေ့တော့လွှတ်ပေး လိုက်မယ်” သူမ ကတိပေးလိုက်သည်။

သူတို့နှစ်ယောက်သည် သူမကို ဘာမှမလုပ်ခဲ့ပေ။ သူတို့ကိုထိခိုက်အောင် လုပ်လိုက်လှင်တောင် သတ်မည်တော့မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူမ သည် ဝူမန်ကိုလွှတ်ပေးချင်သည်။ တခြားနှစ်ယောက်ကိုလည်းလွှတ်ပေးလိုက် ပါက ယုတ္တိတန်သွားပေမည်။

***

All Chapters