ဘယ်သူက မြှောက်တာအကောင်းဆုံးလဲ
Vol. 98 Ch. 1371
သူတို့ အလွယ်တကူ သဘောတူညီချက်ရသွားသည်ကို မြင်သောအခါ ကျန်းဟောက်သည် မောင့်ရှားကို အော်လိုက်သည် “မောင့်ရှား အဲဒါဘာ အဓိပ္ပာယ်လဲ”
“ဘာဖြစ်ရမှာလဲ” မောင့်ရှား တင်းမာသွားသည် “မင်းက ဒါကိုတောင်းဆို တုန်းက ငါတို့ကို မင်းနဲ့အတူ ဆွဲချင်ချင်တာမလား၊ သူမကို သတ်ချင်တာက အစကတည်းက မင်းတစ်ယောက်ပဲလေ ငါတို့မပါဘူး”
“အဲလိုဆိုရင်တောင် မင်းတို့လည်း သူတို့ကိုဆွဲချဖို့ အတူလာခဲ့ကြတာပဲ၊ မမေ့နဲ့နော် သူတို့က သူ့ကိုကယ်ထုတ်ချင်လို့ မြို့ဝန်ကိုလိမ်ခဲ့ကြတာ၊ မြို့ဝန်က သူတို့ကို သေချာပေါက်သတ်ချင်မှာပဲ မြို့ဝန်က ပြန်လာရင် မင်းတို့ကိုအပြစ် တင်မှာမကြောက်ဘူးလား” ကျန်းဟောက် မေးခွန်းထုတ်လေသည်။
မောင့်ရှားသည် ထိုစကားများကို ကြားပြီးနောက် စိတ်ယိုင်သွားသည့် အလား မျက်မှောင်ကြုတ်သွားလေသည်။
“ဒါဆိုရင် ဝေ့မင်တျဲပြန်လာတဲ့အထိ ရှင်တို့အသက်ရှင်နိုင်မလား ကြည့် ကြတာပေါ့” ရှီမာယူယူ နှာမှုတ်လိုက်သည် “ပြီးတော့ သူမ ပြန်လာနိုင်မလား မလာနိုင်ဘူးလားဆိုတာအပေါ် မူတည်တယ်၊ သူမ ပြန်လာနိုင်ရင်တောင် ရှင်တို့ သေသွားရင် အသက်ပြန်ရှင်အောင်လုပ်ပေးနိုင်မှာလား”
မောင့်ရှားသည် ခြေလှမ်းများနောက်ဆုတ်သွားကာ ဆုံးဖြတ်ချက်မချနိုင် ပေ။
သူသည် ထိုကိစ္စတွင် ဝင်မပါနိုင်ပေ။
လော့ချီသည် တွေဝေနေကာ တူညီသော ဆုံးဖြတ်ချက်ကိုသာ ချလေ သည်။
ဝူမန်အတွက်ကတော့ သေချာပေါက် ကျန်းဟောက်ကို မကူညီပေ။
“မင်းတို့…” ရလဒ်မှာ တူညီလိမ့်မည်ဟု ကျန်းဟောက် ထင်မထားပေ။ သူသည် သူတို့ကို စိတ်လှုပ်ရှားအောင် ဆွပေးပြီး ကသိကအောက်ဖြစ်အောင် လုပ်ပေးရန်ဖြစ်သည်။
သူတို့သုံးယောက်သည် ထိုအရာကို ခေတ္တမျှထိန်းချုပ်ပြီး သူ ထွက်ပြေး ရန်အချိန်ဆွဲပေးနိုင်သည်။ သို့သော် သူ့ကို မကူညီလိမ့်မည်ဟု ထင်မထားပေ။
ရှီမာယူယူသည် သူ့ကိုစကားပြောရန် အခွင့်အရေးပင်မပေးပေ “သူတို့ ရှင့်ကို ကူညီပေးရင် သူတို့မီအာကို ခုခံနေတုန်းကို ရှင်က ပြေးမလို့စဉ်းစားနေ တာမလား၊ ဆိုးလိုက်တာ သူတို့က ရှင့်ကိုမကူညီချင်ဘူး အခွင့်အရေးတောင် မပေးဘူး”
“ဘာတွေပြောနေတာလဲ” ကျန်းဟောက် အော်လိုက်သည်။
သူသည် မောင့်ရှားကို ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် သူတို့ ၏ မျက်နှာမှာမကောင်းလှပေ။
မောင့်ရှားနှင့် တခြားသူများသည် ယိမ်းယိုင်နေသည်။ သူတို့သည် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချသင့်နေပြီ။
ရှီမာယူယူ ပြောသည့်အတိုင်းသာမှန်ပါက တခြားသူများကို စတေးပြီး ထွက်ပြေးရန် ကြိုးစားသည်မှာ ကျန်းဟောက်လုပ်နိုင်သည့်အရာပင်ဖြစ်သည်။
ပြီးနောက် သူတို့ ဝင်ပေါင်းလိုက်လျှင်တောင် မီအာကို မနိုင်နိုင်ပေ။
အားလုံးသည် အသက် ထောင်ချီနေကြလေပြီ။ ဘယ်သူကရော ကိုယ့် အသက်ကို တန်ဖိုးမထားလို့လဲ။ ရှီမာယူယူက သူတို့ကို အခွင့်အရေးပေးနေတာ ဘာလို့များ ကျန်းဟောက်လိုလူတစ်ယောက်အတွက်နဲ့ သူတို့အသက်ကို စွန့်စားရမှာလဲ။
“သူမ မဟုတ်တာပြောတာတွေကို နားမထောင်နဲ့” ကျန်းဟောက်သည် သူတို့ကိုဆွဲချချင်သည်။ သို့သော် မောင့်ရှားနှင့် တခြားသူများ၏ တင်းမာနေ သော မျက်နှာနှင့် နောက်ဆုတ်သွားပုံကိုသာ မြင်လိုက်ရသည်။
သူတို့က ဒါကိုဝင်မပါချင်တဲ့ပုံပဲ။
“ကျန်းဟောက် ရှင်က လူဖြစ်ရှုံးသွားပြီနဲ့တူတယ်” ရှီမာယူယူ ဆက်ပြော လေသည် “ကျွန်မ သူငယ်ချင်းတွေက ရန်သူနဲ့ ကိုယ်အင်အားမမျှလည်း ကျွန်မ နဲ့အတူ တိုက်ခိုက်ပေးခဲ့ကြတယ်၊ ဒါပေမဲ့ ရှင်ကတော့ သူငယ်ချင်းတွေ စွန့်ပစ် တာခံရတယ်၊ ရှင့်လို သဘောထားသေး တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ကိုယ် ကိုပဲကြည့်တတ်တဲ့သူက ဒီလိုဖြစ်တာ အံ့ဩစရာတော့မရှိပါဘူး၊ မီအာ လုပ် လိုက်တော့”
မီအာသည် စရန် တက်ကြွနေပြီဖြစ်သည်။ အစောပိုင်းက ကျန်းဟောက် သည် သီးခြားနေကာ သူ၏သခင်ကိုပင် သတ်ချင်နေသေးသဖြင့် သူနှင့် ပတ်သတ်သည့် အမုန်းတရားမှာ မြင့်တက်လာသည်။
မီအာသည် ကျန်းဟောက်ဆီသို့ ပြေးထွက်သွားသည်။ ကျန်းဟောက် သည် မခုခံပဲ လှည့်ထွက်ကာ လေဟာပြင်ဝင်ပေါက်ဖွင့်ပြီး ပြေးရန်ကြိုးစားလိမ့် မည်ဟု မည်သူမှထင်မထားကြပေ။
သို့သော် သူ မည်မျှပင် ကြိုးစားစေကာမူ လေဟာပြင်တွင် မည်သည့် တုံ့ပြန်မှုမှမရှိပေ။
“အားအကုန်မခံနဲ့တော့ လင်းယူက ဒီနေရာက လေဟာပြင်ကို ပိတ်လိုက် ပြီ၊ ဒီမှာရှင် လေဟာပြင်ဖွင့်လို့မရတော့ဘူး” ရှီမာယူယူသည် ကြင်ကြင်နာနာ ဖြင့် သူ့ကိုသတိပေးလိုက်သည်။
“အာ…” ကျန်းဟောက်သည် ပူပန်သွားကာ ထွက်မပြေးတော့ဘဲ လှည့်ပြီး မီအာကို ဝိညာဉ်အရည်အချင်းဖြင့် ပစ်လေသည်။
မီအာသည် နှစ်ပိုင်းခွဲလိုက်ကာ ဝိညာဉ်သိုင်းကို ရှောင်ရှားလိုက်ပြီးနောက် ပြန်ပေါင်းကာ သူ့ကိုဝန်းရံလိုက်သည်။
မီအာ အဆင်ပြေသည်ကို မြင်ပြီးသည်နှင့် ရှီမာယူယူသည် အာရုံမစိုက် တော့ပေ။ သူမသည် လှည့်ထွက်ပြီး ရှီမာလျူရွှမ်ကို ကြည့်လိုက်သည်။
သူသည် ချင်ယိနှင့် ရှောင်ချီတို့၏ အသက်စွမ်းအင်ကို စုပ်ယူနေသည်။ သူ့ ခန္ဓာကိုယ်မှာ ပိုကောင်းလာသော်လည်း အကျပ်အတည်းကာလတွင်ရှိနေသေး သည်။
“ယူယူ သူအဆင်ပြေမှာပါ” ရှောင်ချီ နှစ်သိမ့်ပေးလေသည်။
ရှီမာယူယူသည် ရှောင်ချီကို ဖက်ပြီး သူမနဖူးကို အနမ်းပေးကာ ပြော လိုက်သည် “ကျေးဇူးတင်ပါတယ်”
“ဘာကိုကျေးဇူးတင်ရမျာလဲ” သူမ၏ တလေးတစားမှတ်ချက်ကြောင့် ရှောင်ချီ ရယ်မောလိုက်သည်။ “ယူယူအဖေက ငါတို့အဖေပဲလေ၊ ကိုယ့်အဖေ ကိုယ်ကယ်တာ ဘာတွေကျေးဇူးတင်နေတာလဲ”
သူမနှင့် ချင်ယိသည် ယူယူနောက်လိုက်လာသည်မှာ ကြာပြီဖြစ်သည်။ ယူယူသည် သူမတို့အပေါ် အမြတ်ထုတ်ချင်သည့် စိတ်တစ်ခါမှမရှိခဲ့ပေ။ သူတို့ သူမအတွက် လုပ်ပေးနိုင်သည်မှာ ကူညီရန်သာဖြစ်သည်။ ပြီးနောက် သူမသည် ယူယူ၏ စာချုပ်သားရဲပင်ဖြစ်သည်။
ရှီမာရှုံ့နှင့် တခြားသူများသည် ရှောင်ချီကိုကြည့်ကာ သူမနှင့် ချင်ယိတို့၏ သရုပ်မှန်ကို သိချင်နေသည်။ ယူယူသည် အစောပိုင်းက သူတို့ကိုပြောရန် ဟန် ပြင်သော်လည်း ထိုလူများကြောင့် ပျက်သွားရသည်။
ရှောင်ချီသည် သူတို့အကြည့်ကို ခံစားမိသဖြင့် ရှီမာယူယူ၏ ရင်ခွင်မှ ထွက်ပြီး ဟွမ်ရင်ရင်၏ ရင်ခွင်ထဲသို့ခုန်ကာ ရယ်မောပျော်ရွှင်စွာပြောလေသည် “အဘိုး အဘွား ရှောင်ချီ့ကိုစားဖို့ကို စိတ်မကူးနဲ့နော် ရှောင်ချီနာလိမ့်မယ်”
ဟွမ်ရင်ရင်သည် သူမ၏ ချစ်စရာကောင်းမှုကြောင့် အသည်းတစ်ခြမ်းပဲ့ ပါသွားပြီလားဟုပင်ထင်မိသည်။
“အဘွားက သမီးကိုစားရဲတဲ့သူတွေရဲ့ ခြေထောက်ကို ချိုးပစ်မှာ”
“ယူယူရဲ့ အဘိုးအဘွားတွေက လူကောင်းတွေဆိုတာသိနေတယ်” ရှောင်ချီသည် အလိုလိုက်သည့်အချိန်တွင် ချွဲနွဲ့ရန် မမေ့ပေ။
သို့သော် ထိုအပြုအမူသည် ဟွမ်ရင်ရင်နှင့် တခြားသူများ သူမကို နှစ်သက်သွားစေသည်။
“အဘွား မစိုးရိမ်ပါနဲ့ သမီးနဲ့ချင်ယိနဲ့ရှိရင် အဖေက အဆင်ပြေသွားမှာပါ” ရှောင်ချီသည် ဟွမ်ရင်ရင်ကို နှစ်သိမ့်ပေးလေသည်။ သူမသည် သူတို့ကို ဆွေမျိုးရင်းချာသဖွယ် ချောမွေ့စွာ ဆက်ဆံနေသည်။
“သူ အများကြီးပိုကောင်းလာတာ မြင်ရပါတယ်” ဟွမ်ရင်ရင် ပြောလိုက် သည်။
သူတို့ကယ်လိုက်စဉ်က ရှီမာလျူရွှမ်၏ အသက်စွမ်းအင်သည် ခြောက်ခမ်းလုနီးပါးဖြစ်ကာ ဆေးသောက်လျှင်တောင် ပြန်ပြည့်ရန်မလွယ်ပေ။ ထိုအရာသည် မည်သို့ပစ္စည်းမဟုတ်သည်ကို သူတို့ မသိသော်လည်း အနည်းဆုံး တော့ သူ့အသက်ကိုကယ်လိုက်နိုင်သည်။
ရှောင်ချီ ဟွမ်ရင်ရင်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သည်ကို ကြည့်ပြီး ရှီမာယူယူ ရယ်မောမိသည်။
သူတို့ ရွှင်လန်းရယ်မော နေချိန်တွင် တခြားနှစ်ယောက်မှာ အတွေးများ နှင့် ရှုပ်ယှက်ခတ်နေသည်။
မောင့်ရှားနှင့် လော့ချီတို့သည် သူမ သူတို့ကို သတိမထားမှန်းသိသည်နှင့် သူတို့ကို မတိုက်ခိုက်တော့ဟု ထင်လိုက်မိသည်။
“သူမက ငါတို့ကိုယုံထားတာလား” ဝူမန် ပြောလိုက်သည်။
“မဟုတ်ရင် သူမက ငါတို့ကို ခြိမ်းခြောက်မှုလို့မမြင်တာလား” မောင့်ရှား ပြောလိုက်သည်။
“နှစ်ခုလုံးလည်းဖြစ်နိုင်တယ်” လော့ချီသည် ရှီမာယူယူကို ကြည့်လိုက် သည်။ သူမကဲ့သို့ မိန်းမငယ်လေးဘေးတွင် ထိုမျှအားကောင်းသောလူများ ဝန်းရံနေလိမ့်မည်ဟု သူ မထင်ထားပေ။ ထို့အပြင် သူမသည် ထိုကြောက်စရာ ကောင်းလှသော သားရဲနှင့် တိတ်တဆိတ်စာချုပ်တည်ထောင်ထားသည်။
“အား…”
ကျန်းဟောက်၏ အသံမှာ စူးစူးဝါးဝါးထွက်လာရာ အသံလာရာသို့ အားလုံးကြည့်လိုက်ချိန်တွင် သူ့လက်မောင်းသည် သူနှင့်တူသောလူ၏ ခုတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။
“ဒါက…”
အားလုံးသည် အံ့ဩသွားကြသည်။ ဘာလို့ ကျန်းဟောက် နှစ်ယောက် ဖြစ်နေတာလဲ။ ဘယ်သူက ဒဏ်ရာရတာလဲ။
“မီအာက သူများကို လိုက်တုနိုင်ပြီး သူတို့ရဲ့ ဝိညာဉ်သိုင်းကိုပါ သုံးနိုင် တယ်၊ ပြိုင်ဘက်က သူ့ရှေ့မှာသုံးရင် အပြည့်အဝလိုက်တုနိုင်တယ်” ရှီမာယူယူ သည် သူတို့သံသယကို ရှင်းပြလေသည်။
“အပြည့်အဝ… လိုက်တုနိုင်တယ်ဟုတ်လား” အားလုံး ထိတ်လန့်သွားကြ သည် “ဒါဆိုရင် အကုန်လုံးကို နိုင်မှာမဟုတ်ဘူးလား”
“မူတည်သေးတယ်လေ အားကအရမ်းမြင့်တာတို့ ဝိညာဉ်သိုင်းက အရမ်း ရှုပ်တာတို့ဆိုရင် မဖြစ်နိုင်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ ကျန်းဟောက်လို ပြိုင်ဘက်အတွက်က ပြဿနာမရှိဘူး”
မောင့်ရှားအတွက် အဆုံးသတ်သွားလေပြီ။ ကျန်းဟောက်သည် သူတို့နှင့် အားတူလုနီးပါးဖြစ်သည်။ အဲလိုဆိုတော့ သူတို့ရလဒ်မှာလည်း သူ့လိုပဲလာမှာ မလား။
အခု သူတို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချရတော့မယ်။
***