အချစ်ကို အသက်နှင့် ကာကွယ်ခြင်း
Vol. 98 Ch. 1372
“ဘုန်း”
ကျန်းဟောက်နှင့် မီအာတို့၏ ဝိညာဉ်သိုင်းများ ထိတွေ့သည်နှင့် သူတို့ ရှိသည့်နေရာကိုလည်း သက်ရောက်မှုရှိလေသည်။
ရှီမာလျူရွှမ်၏ ကျင့်ကြံမှု အနှောင့်အယှက်မဖြစ်စေရန် ရှီမာရှုံ့သည် လျင်မြန်စွာပင် ကာကွယ်ရေး တည်ဆောက်မှုကို အမြန်တည်ဆောက်လိုက် သည်။
ကျန်းဟောက်သည် သွေးများအန်ထွက်လာသည်။ ထိုအရာမှာ မိုအာ ကြောင့် ထိခိုက်သွား၍လား မီအာကို ဒေါသထွက်၍လားဆိုတာတော့ မသေချာ ပေ။
သူသည် ဝိညာဉ်သိုင်းကို သင်ယူရန် အခက်အခဲမှားကို ခံစားခဲ့ရသည်။ သို့သော် ယခုကဲ့သို့ ဖြစ်သွားရသည်။
“မီအာ မဆော့နဲ့တော့” ရှီမာယူယူသည် တိုက်တွန်းလိုက်သည်။
မီအာသည် တုံ့ပြန်ကာ ကျန်းဟောက်ကို စနောက်ခြင်း ရပ်တန့်လိုက် သည်။ သူသည် မူလအသွင်ပြောင်းသွားကာ သူ့ကိုရစ်ပတ်လိုက်သည်။ ကျန်းဟောက်သည် လွန့်လူးလိုက်သည်နှင့် ပြာဖြစ်သွားမည်။
သူသည် ကျန်းဟူကိုရှင်းရသည်ထက် ပိုကြာကြောင်းကို ရှီမာယူယူသည် ထိုအချိန်မှပင် သတိထားမိလိုက်သည်။ မောင့်ရှားနှင့် တခြားသူများသည် ထိုမြင်ကွင်းကိုမြင်ရပြီးနောက် ကြောက်လန့်သွားကြသည်။
ကျန်းဟောက်သန်မာခြင်းကြောင့်မဟုတ်သလို မီအာ အားမထုတ်ခြင်း ကြောင့် မဟုတ်ပေ။
သူတို့သည် နှစ်ပေါင်းထောင်ချီ သိလာသော လူတစ်ယောက် သေဆုံး တော့မည်ကို မြင်ပြီးနောက် အနည်းငယ်ဝမ်းနည်းလာသည်။
“ဘုန်း”
ရုတ်တရက် ကောင်းကင်ပေါ်မှ တစ်စုံတရာပြုတ်ကျလာသဖြင့် အားလုံး ကြည့်လိုက်ရာ လက်မောင်းပြတ်တစ်ချောင်းဖြစ်နေသည်။
ထိုလက်မောင်းသည် လက်ချောင်းရှည်များနှင့် မိန်းကလေးလက်ဖြစ် ကြောင်းသိသာနေသည်။
ထို့နောက်တွင် အဝတ်အပိုင်းအစတချို့ကျလာပြီးနောက် ဝူလင်းယူ ပျံဆင်းလာသည်။
ရှီမာယူယူသည် သူ၏ ဖြူဖျော့သော မျက်နှာကို ကြည့်ပြီး တွဲကာ မေး လိုက်သည် “ဒဏ်ရာရလာတာလား”
“အခုထိ အသက်မကြီးသေးတော့ ကိုင်တွယ်ဖို့ နည်းနည်းခက်သွားတယ်” ဝူလင်းယူသည် သူ့ရင်ဘတ်သူကိုင်ပြီး ခန္ဓာကိုယ်တွင်းမှ သွေးလည်ပတ်စေကာ အသက်ရှုလိုက်သည်။
“ဒီကုသဆေးကို မြန်မြန်သောက်လိုက်” ရှီမာယူယူသည် သူ၏ လက် ကောက်ဝတ်ကိုကိုင်ကာ သွေးခုန်နှုန်းခံစားပြီး သူ့အခြေအနေကိုသိပြီးနောက် တွင် ဆေးထုတ်တိုက်လိုက်သည်။
ဝူလင်းယူသည် ဆေးသောက်လိုက်ပြီးနောက် များစွာသက်သာလာသည် ကို ခံစားမိသည်။
“အဖေနိုးလာဖို့က ကြာဦးမှာ ဒီမှာအရင်နားနေလိုက်” ရှီမာယူယူ ပြော လိုက်သည်။
သူမသည် သူ့ကို လောကအသေး သို့မဟုတ် ဝိညာဉ်စေတီအတွင်းသို့ ပို့လိုက်ချင်သည်။ သို့သော် တခြားသူများရှိနေသဖြင့် ထိုနေရာတွင်နားနေစေ ခြင်းသည် ဒုတိယ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
“ဟုတ်ပြီ” ဝူလင်းယူသည် မြေပြင်ပေါ်တွင်ထိုင်ပြီး တရားထိုင်လိုက် သည်။
မောင့်ရှားသည် လက်မောင်းပြတ်ကိုကြည့်ပြီး ဒဏ်ရာများရသည်ကလွဲ ပြီး အကောင်းတိုင်းရှိနေသော ဝူလင်းယူကို ကြည့်ပြီး ချက်ချင်းပင် နားလည် သွားသည်။
သူ ဝေ့မင်တျဲကို သတ်လိုက်ပြီ။
ထိုရလဒ်မှာ သူတို့ကို ထိတ်လန့်စေပြီး ချက်ချင်း လက်မခံနိုင်ပေ။
မြို့ဝန်မရှိတော့ဘူးဆိုတာ တစ္ဆေမြို့တော်ကလူတွေသိရင် ဘယ်လို တုံ့ပြန်မှာလဲ။
ပြီးတော့ တာဝန်ခံပါသေသွားတယ်ဆိုရင် တစ္ဆေမြို့တော်က ဂယက်ထ သွားမှာမဟုတ်ဘူးလား။
“အားလုံးပဲ ပွဲပြီးသွားပြီ ရှင်တို့လည်း အဖြေကိုသိပြီးပဲ အခုသွားလို့ရ မလား” ရှီမာယူယူ မေးလိုက်သည်။
ဝူလင်းယူနှင့် ရှီမာလျူရွှမ်တို့သည်တရားထိုင်နေကြသည်။ ထိုနေရာတွင် အပြင်လူမရှိစေချင်ပေ။
“ယူယူ သူတို့ ဒီမှာတရားထိုင်ဖို့က ကောင်းတဲ့အကြံတော့မဟုတ်ဘူး သူတို့ကို တစ္ဆေမြို့တော်ကို ခေါ်လိုက်ရင်ရော” ဝူမန် အကြံပေးလိုက်သည်။
“တစ္ဆေမြို့တော်မှာလည်း လူအရမ်းများတယ်၊ ကျွန်မတို့ဘက်မှာ လူ အလုံလောက်ရှိတယ်ဆိုရင်တောင် သူတို့နဲ့ဖြေရှင်းဖို့က ဒုက္ခများပါတယ်” ရှီမာယူယူ ဆက်ပြောလေသည် “အဒေါ်မန်၊ ကျွန်မက အဒေါ်တို့ကိုမယုံတာ မဟုတ်ဘူး၊ ကျွန်မအဖေက ဒဏ်ရာရထားလို့ အရမ်းဂရုစိုက်ရမှာမို့လို့ပါ”
“ဒါပေမဲ့ မင်းကို ဒီဆည်းဆာတောင်မှာ ထားခဲ့ရမှာ စိတ်မချဘူး”
ရှီမာယူယူသည် အေးခဲသွားသည်။ သူတို့ မည်သည့်အရာကို စိတ်ပူနေ သည်ကို သူမ နားလည်သည်။
တစ္ဆေမြို့တော်၏ လုံခြုံမှုသည် ဆည်းဆာတောင်နှင့် ဆက်စပ်နေသည်။ သူတို့သာ ဆည်းဆာတောင်မှာ တစ်စုံတစ်ရာပြုလုပ်လိုက်ပါက တစ္ဆေမြို့တော် တွင် ခလောက်ဆန်သွားနိုင်သည်။
“ဒါဆိုလည်း ဒီမှာဆက်စောင့်ကြည့်ကြပါ ကျွန်မတို့ နောက်နှစ်ရက်ကြာ ရင် ထွက်သွားတော့မယ်၊ ဒါပေမဲ့ ဒီနှစ်ရက်အတွင်းကို ကျွန်မအဖေနဲ့ တခြားသူ တွေကို မနှောင့်ယှက်ဖို့မျှော်လင့်ပါတယ်၊ မဟုတ်ရင် ကျွန်မ မကောင်းပေးလို့ အပြစ်မတင်ပါနဲ့”
သူမပြောရင်းနှင့် မောင့်ရှားနှင့် လော့ချီကို တစ်ချက်ကြည့်လိုက်သည်။
မောင့်ရှားနှင့် တခြားသူများသည် သူမပြောစကားကို မကျေနပ်သော် လည်း သူမသည် သန်မာကာ မီအာကိုထိန်းချုပ်နိုင်ပြီး သူမ ဘေးမှလူများကို လည်း မမေ့လိုက်သင့်ပေ။
ထိုနှစ်ရက်တွင် မောင့်ရှားနှင့် တခြားသူများသည် ရှီမာယူယူတို့ကို မနီးမဝေးမှစောင့်ကြည့်ကြသည်။ ဝူမန်သည် သူမနှင့် ဆက်ဆံရေးကောင်း သဖြင့် သူမနှင့် စကားပြောလေ့ရှိသည်။
“မင်းတို့ တကယ်ပဲထွက်သွားတော့မှာလား” ဝူမန်သည် ရှီမာယူယူကို တောင်ထိပ်သို့ ဦးဆောင်ခေါ်သွားသည်။
“ဟုတ်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “အဖေက အသက်စွမ်းအင် ပြန်ရလာပေမဲ့ သူ့အားကပြန်မကောင်းသေးဘူး၊ အဲဒါကြောင့် သူ့အတွင်းပိုင်း အင်္ဂါတွေ ထိခိုက်သွားတယ်လို့ထင်တယ်၊ အဖေကလူသားလေ လူသားနဲ့ တစ္ဆေလောကကြားက နယ်စပ်မှာ နလန်ထူတာ မသင့်တော်ပါဘူး”
“ဟုတ်သားပဲ ဒါပေမဲ့ မင်းထွက်သွားတာနဲ့ ပြန်လာတော့မှာမဟုတ်ဘူး ထင်တယ်” ဝူမန်သည် စိတ်ပျက်စွာဖြင့်ပြောလေသည်။
“ဖြစ်နိုင်တယ် တစ္ဆေလောကကိုသွားဖို့ တခြားနည်းလမ်းကိုပဲသုံးတော့မှာ ပြီးတော့ အဖေ့အခြေအနေနဲ့ဆိုရင် လောလောဆယ်တော့ ခရီးမသွားဖြစ် လောက်ဘူးထင်တယ်”
ရှီမာယူယူသည် ဝူမန်ကိုကြည့်လိုက်သည်။ သူမသည် အမှန်တကယ်ပင် လူကောင်းတစ်ယောက်ဖြစ်သည်။
သူမသည် သူမ၏ဖခင်ကို သဘောကျသော်လည်း သူ့အပေါ်တွင် ဒေါသ ထွက်ခြင်း အခွင့်အရေးယူခြင်းများမရှိပေ။
“သူ အဆင်ပြေဖို့မျှော်လင့်ပါတယ်” ဝဓမန်သည် သူ၏ ခေါင်းအပြည့် ဆံပင်များဖြူနေပုံကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိလေသည်။
“အဒေါ်မန် ကြိုးစားကြည့်ဖို့ တွေးဖူးလား” ရှီမာယူယူသည် သိချင်မိ သည်။ သူမသာ တစ်စုံတစ်ယောက်ကို ချစ်မိလျှင် အနည်းဆုံးတော့ တိုက်ခိုက် ပြီး ဖွင့်ပြောမိမည်။ အငြင်းခံရလျှင်တောင် ကြိုးစားကြည့်ခဲ့သေးသည်။
ဝူမန်သည် ခေါင်းကိုအသာအယာယမ်းပြီး ပြောလိုက်သည် “ငါ သူ့ကို တွေ့တုန်းက ကြိုးစားကြည့်ရင်တော့မိသဘေူး၊ ဒါပေမဲ့ မင်းအမေနဲ့ သူ့အချစ် ကိုကာကွယ်ဖို့အတွက် သူ့အသက်ပေးနေတာမြင်ပြီးသွားတော့ ငါ ဖွင့်ပြော လိုက်ရင်လည်း အတူတူပဲဖြစ်မယ်ဆိုတာကို သိနေတယ်၊ ငါ ဖွင့်မပြောတာပဲ ကောင်းပါတယ်၊ အခုလိုမျိုးကပဲ ငါတို့တွေ တွေ့ဆုံ ရယ်မောပြီး တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်နိုင်တယ်”
သူမသည် ပွင့်လင်းလိမ့်မည်ဟု ရှီမာယူယူမထင်ထားပေ။ သို့သော် သူမ ပြောသည်မှာအဓိပ္ပာယ်ရှိသည်။ အဖေသည် ဝေ့မင်တျဲကို ငြင်းဆန်ရန် ထိုကဲ့သို့ နည်းလမ်းကိုအသုံးပြုသဖြင့် မည်သူ့ကိုမှ လက်မခံကြောင်းမှာ ထင်ရှားနေ သည်။ သူတို့သာ အတင်းဖွင့်ပြောပါက နှစ်ဖက်လုံးအတွက် အခက်တွေ့သွား မည်။
“ဪ ဟုတ်သားပဲ တစ္ဆေမြို့တော်က အခုရှုပ်ထွေးနေမှာပဲ အဒေါ်တို့ သုံးယောက်သွားပြီး ရှင်းရမှာမဟုတ်ဘူးလား”
“တစ္ဆေမြို့တော်ကကြီးပါတယ်၊ ငါတို့အကုန်လုံး လိုက်စိတ်ပူနေရင် ဘယ်လိုလုပ် ကိုင်တွယ်နိုင်မလဲ” ဝူမန် ရယ်မောလိုက်သည် “ငါတို့လုပ်နိုင်ပါ တယ်”
“ဝေ့မင်တျဲနဲ့ ကျန်းဟောက်သေသွားတယ်ဆိုတာသိရင် တစ္ဆေမြို့တော် ဘယ်လိုဖြစ်မလဲ” ရှီမာယူယူ မေးခွန်းမေးလိုက်သည်။
“မြို့ဝန်ရဲ့ တည်ရှိမှုက တားမြစ်ဧရိယာထဲကဟာကို ဖိနှိပ်ဖို့ပဲလေ၊ အဲဒါက မင်းနဲ့စာချုပ်တည်ထောင်လိုက်တော့ အဲဒီခြိမ်းခြောက်မှုလည်းမရှိ တော့ဘူး၊ ကျန်းဟောက်ရဲ့ နေရာကိုတော့ တခြားလူကိုရှာရမှာပေါ့”
“တောင်ပိုင်းမြို့ကို မခွဲလိုက်ချင်ဘူးလား”
“ဘာခွဲစရာလိုလို့လဲ တစ္ဆေမြို့တော်က ဒီလောက်ကြီးတာ ငါတို့သုံး ယောက်က အာဏာကိုလောဘမရှိသလို ကျန်းမျိုးနွယ်ရဲ့ အရှုပ်အရှင်းတွေကို လည်း ဂရုစိုက်ဖို့ ပျင်းတယ်၊ ဒီလိုဆက်သွားရင်လည်း ကောင်းတာပဲ”
“ကျန်းမျိုးနွယ်က လူအများကြီးကို ရန်ပြုခဲ့တယ် အခုကျန်းဟောက် သေသွားပြီ၊ ကျန်းမျိုးနွယ်က နောက်တစ်ခါဆိုရင် အခက်တွေ့တော့မယ်”
“မင်းတို့ကို ပြစ်မှားမိတာကို ကျန်းမျိုးနွယ်က နောင်တအရဆုံးဖြစ်မှာပဲ”
သူသာ သူမကို မပြစ်မှားခဲ့ပါက ကျန်းဟောက် သေသွားစရာအကြောင်း မရှိပေ။
ရှီမာယူယူ ရယ်မောလိုက်သည်။
နှစ်ရက်တာသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ သူမ ခန့်မှန်းထားသည့်အတိုင်းပင် ရှီမာလျူရွှမ် နိုးထလာသည်။
ဝူလင်းယူသည် သူ့မတိုင်ခင် နိုးလာသော်လည်း ပြန်အိပ်ပျော်သွားခဲ့ သည်။ သူသည် အားလုံးဝမရှိသလိုဖြစ်နေလေသည်။
“အားလုံးပဲ အခုထွက်သွားကြတော့မယ်၊ အခုတော့ နှုတ်ဆက်ပါတယ် နောက်တစ်ခါပြန်တွေ့ဖို့ မျှော်လင့်ပါတယ်၊ ဒါပေမဲ့ ကျွန်မကို ထပ်တွေ့ချင်လိမ့် မယ်လို့တော့ မထင်ပါဘူး” ရှီမာယူယူသည် သူတို့ကို လက်အုပ်ချီနှုတ်ဆက်ကာ ဝူမန် သူမကို ပေးထားသော ဖြတ်လမ်းတည်ဆောက်မှုကိုဖွင့်ပြီး အားလုံးကို ခေါ်သွားတော့လေသည်။
***