ရေစက်လား ကံကြမ္မာလား
Vol. 99 Ch. 1373
ရှီမာယူယူနှင့် တခြားသူများသည် လူသားလောကသို့ပြန်ရာတွင် မိုးကြိုး ဘေးသင့်မှုကို မကြုံတွေ့ရပေ။ သူတို့ ထွက်လာသည်နှင့် ထွက်ပေါက်သို့ရောက် လာပြီဖြစ်သည်။
“တောင်ပိုင်းလွင်တီးခေါင်နုံးမြေက အရှေ့ဆိုရောက်ပြီ” ရှီမာလျူယွင် ဆက်ပြောလေသည် “သူတို့ကို လောကအသေးထဲအရင်ထည့်လိုက်”
သူတို့ဆိုသည်မှာ ဝူလင်းယူ၊ ရှီမာလျူရွှမ်၊ မိုဒိဆန်းနှင့် ဒိဝူတို့ကိုပြောခြင်း ဖြစ်သည်။
သူတို့ထဲမှတစ်ယောက်သည် အိပ်ပျော်လွယ်ကာ ကျန်သုံးယောက်၏ ဒဏ်ရာများမှာ ပျောက်ကင်းသွားခြင်းမရှိသေးပေ။ သူတို့ထွက်လိုက်ချိန်တွင် ဖြစ်လာမည့် လေဟာပြင်ဖိအားသည် သူတို့အတွက်မကောင်းနိုင်ပေ။
ရှီမာယူယူ ခေါင်းညိတ်ပြီး ပြောလိုက်သည် “အကုန်လုံးလည်း ဝင်လိုက် ကြပါ သူတို့ကိုလည်း ဂရုစိုက်ပေးပါဦး”
“သေချာတာပေါ့”
ရှီမာယူယူသည် လောကအသေးထဲသို့ အားလုံးကိုထည့်ကာ တစ်ကိုယ်တည်းထွက်ခဲ့လိုက်သည်။
သူမသည် လေဟာပြင်အလွှာကိုဖြတ်ကျော်လာချိန်၊ တောင်တန်းဧရိယာ မှထွက်လာသည်နှင့် ဖိအားမှာလည်း ပျောက်သွားတော့သည်။
သူမ ပြန်လှည့်ကြည့်ရာ အမှန်တကယ်ပင် နေဝင်သည်ကို တွေ့လိုက်ရ သည်။
“နေ့တစ်နေ့က ပြီးတော့မယ် လူသားနဲ့ တစ္ဆေလောက ဆက်သွယ်ချက် က… တစ်နေ့တော့ တစ္ဆေမြို့တော်ရဲ့ နောက်တစ်ခြိမ်းကိုသွားရမယ်” သူမ ရေရွတ်လိုက်သည်။
“အားယား မိန်းကလေး မင်း တကယ်ပဲ အသက်ရှင်လျက်ပြန်လာတာပဲ” တုန်ယင်နေသောအသံသည် သူမအောက် နုံးမြေထဲမှထွက်လာသဖြင့် ခေါင်းငုံ့ ကြည့်လိုက်ရာ သူမ ပထမဆုံးရောက်စဉ်ကတွေ့ခဲ့သော ရွံ့ငါးလေးဖြစ်နေ သည်။
“မိန်းကလေး မင်းတို့ အဲဒီကို နှစ်နှစ် သုံးနှစ်လောက်သွားလာတာ ထွက်မလာနိုင်တော့ဘူးလို့ကိုထင်နေတာ” ရွံ့ငါးလေးသည် ရှီမာယူယူကို မကြောက်တော့ဘဲ စကားလက်ဆုံကျနေသည်။
“နှစ်နှစ် သုံးနှစ်ဟုတ်လား”
“ဟုတ်တယ် မိန်းကလေးတို့သွားတာ နှစ်နှစ်ကနေ သုံးနှစ်ရှိတယ်၊ ဘာလို့လဲ မသိဘူးလား” ရွံ့ငါးလေးသည် သူမ ထိတ်လန့်တကြားဖြစ်သွားပုံကို ကြည့်ပြီး မှတ်ဉာဏ်ပျောက်သွားပြီလားဟု သိချင်နေသည်။
ရှီမာယူယူ ပြန်တွေးလိုက်သည်။ သူမသည် တစ္ဆေမြို့တော်တွင် သုံးလမှ လေးလအထိနေခဲ့သည်။ သို့သော် အပြင်တွင် နှစ်နှစ်မှ သုံးနှစ်ကြာသွားလေပြီ။ ကြည့်ရသည်မှာ အပြင်နှင့်အတွင်း အချိန်သွားလာမှုမှာ ကွာခြားသည်နှင့်တူ သည်။
“အခုသိပြီ ကျေးဇူးပဲနော် ရွံ့ငါးလေး” ရှီမာယူယူသည် ရွံ့ငါးလေးကို ကျေးဇူးတင်စကားပြောလိုက်လေသည်။
ထို့နောက်တွင် သူမ ဖြတ်လမ်းတည်ဆောက်မှုထုတ်ပြီး အသက်သွင်းပြီး သွားသည်နှင့် ဝင်လိုက်သည်။
“ငါ ဘာမှလည်းမလုပ်ရပါဘူး” ထိုလူသည် ထွက်မသွားခင်ကို ဘာကြောင့် ကျေးဇူးတင်သွားသည်ကို ရွံ့ငါးလေး နားမလည်ပေ။
မည်သူမှ လူသားတစ်ယောက်၏ အတွေးကိုမသိနိုင်ပေ။ ထိုသည်မှာ နုံးမြေထဲမှ ဝိညာဉ်သားရဲများ၏ ဖြူစင်မှုပင်ဖြစ်သည်။
ဒါပေမဲ့ သွားတုန်းက လူတွေအဲလောက်များတာ ထွက်လာတော့ သူမ တစ်ယောက်တည်း။ ကြည့်ရတာ အဲလူတွေသေသွားလို့ သူမ စိတ်လွတ်သွား တာဖြစ်မယ်။
ရွံ့ငါးလေးသည် တွေးပြီးနောက် ကူးခတ်သွားလေသည်။
ရှီမာယူယူ ထွက်လာသောအခါ သူမသည် အသည်းကွဲတောင်ကြားနှင့် အနီးဆုံးမြို့သို့ရောက်သွားလေသည်။ သူမသည် နေရာတစ်ခုကိုရှာကာ အားလုံးကို ထုတ်လိုက်သည်။
လက်ထောက်လေးထွက်လာပြီးနောက် ရှီမာယူယူကို ပြောလိုက်သည် “အစ်မကြီးယူယူ ကျွန်တော်က ဆရာခိုင်းထားတဲ့ မစ်ရှင်ကိုပြီးသွားပါပြီ အခု ပြန်သွားပါတော့မယ်”
“ဘာလို့ အလောကြီးနေတာလဲ” ပြန်ရောက်သည်နှင့် သူ အလောတကြီး ထွက်သွားလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။
“ဆရာက ကျန်းမာရေးမကောင်ဘူးလေ၊ ကျွန်တော် ဖြစ်နိုင်သလောက် မြန်မြန်သွားလိုက်တာပိုကောင်းမယ်” လက်ထောက်လေး ပြောလေသည်။
“ဪ ဟုတ်ပြီ ဒါဆိုရင် မင်း ထပ်ပြီးမနှောင့်နှေးသင့်တော့ဘူး၊ ဒီ ဆက်သွယ်ရေးကျောက်တုံးကို ယူသွား အကူအညီလိုရင် ငါ့ကိုလာရှာပါ” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
“ဒါက မင်းတို့ကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးတဲ့လက်ဆောင်ပါ၊ မင်းရဲ့ အကူအညီသာမရှိရင် အဖေ့ကို အောင်အောင်မြင်မြင်ကယ်နိုင်မှာမဟုတ်ဘူး”
ရှီမာယူယူသည် ဆက်သွယ်ရေးကျောက်တုံးနှင့် သေတ္တာတစ်လုံးထုတ် ကာ လက်ထောက်လေးကို ပေးလိုက်သည်။
“မယူနိုင်ပါဘူး ဒါက အစကတည်းက သဘောတူညီမှု…”
လက်ထောက်လေးသည် ငြင်းဆန်ချင်သော်လည်း ရှီမာယူယူမှ တား လိုက်သည်။
“ဒါကိုသုံးဖို့လိုလာပါလိမ့်မယ်” ရှီမာယူယူ ဆက်ပြောလေသည် “ပြီးတော့ ဒီခင်မင်မှုက သဘောတူညီမှုလုပ်လို့ရတာမဟုတ်ဘူးလေ”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်မကြီးယူယူ” လက်ထောက်လေး သည် လက်ခံပြီးနောက် တစ်ခါသုံး ဖြတ်လမ်းတည်ဆောက်မှုကို အသက်သွင်း ကာ လျှောက်ဝင်သွားလေသည်။
သူ ဂမ္ဘီရပညာရှင်များဂိုဏ်းတွင် ပေါ်လာသည်နှင့် တရားထိုင်နေသော ရင်လင်းသည် အာရုံမခံမိလေသည်။ ခဏအကြာတွင် လက်ထောက်လေး၏ အသံသည် တံခါးအပြင်ဘက်တွင် ထွက်လာသည်။
“ဆရာ တပည့်ပြန်လာပါပြီ”
“ဝင်လာခဲ့”
လက်ထော်ကလေး တံခါးဖွင့်ဝင်သွားပြီး ရင်လင်းကိုတွေ့သည်နှင့် ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။
“ဆရာ တပည့်က ကံကောင်းလို့ အသက်မသေခဲ့ပါဘူး”
“တော်ပါတယ်” ရင်လင်း ခေါင်းညိတ်လိုက်သည် “သူမ မင်းကိုဘာပေး လိုက်တာလဲ”
“ဒါက… ကျွန်တော် ဖွင့်မကြည့်ရသေးပါဘူး ဆရာ မသိဘူးလား”
လက်ထောက်လေး သံသယဝင်သွားသည်။ ဆရာက ဒီလိုကိစ္စအသေး လေးတွေကို သိနိုင်တဲ့ အာရုံရှိတယ်မဟုတ်ဘူးလား။ သူ့ဒဏ်ရာတွေ ပြင်းထန် လာလို့လား။
မဟုတ်လောက်ပါဘူး သူတို့က ရှီမာယူယူသုံးတဲ့ မျက်ရည်ကျောက်ကို သုံးပြီးတော့ ဆရာ့ဒဏ်ရာတွေ သက်သာလာပြီပဲ။
“အဲဒီလက်ဆောင်ကဘာလဲဆိုတာကို ငါမမြင်နိုင်ဘူး” ရင်လင်း ပြော လိုက်သည်။
“ဖွင့်ကြည့်ရင် သိမှာပါ” လက်ထောက်လေးသည် သေတ္တာကိုဖွင့်ကြည့်ရာ အထဲမှပစ္စည်းကို မြင်သည်နှင့် အံ့ဩသွားလေသည်။ “ဆရာ ဒါမျက်ရည် ကျောက်ပဲ”
“မျက်ရည်ကျောက်လား” ရင်လင်း သိချင်သွားသည်။ လက်ထောက်လေး သည် သေတ္တာကိုသူ့ဆီပေးလိုက်ရာ အထဲတွင် မျက်ရည်ကျောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
“အစ်မကြီးယူယူမှာ မျက်ရည်ကျောက် ထပ်ရှိလိမ့်မယ်လို့ ထင်မထားဘူး၊ ဆရာ ဒါနဲ့ဆိုရင် ဆရာ့ရဲ့ ဒဏ်ရာလုံးဝပျောက်သွားနိုင်တယ် အသက်ကိုလည်း ဆွဲဆန့်ပေးလိမ့်မယ်” လက်ထောက်လေးသည် ပျော်ရွှင်စွာ ပြောလေသည်။
“ဒါတွေအကုန်လုံးက ကံတရားကြောင့်ပဲဖြစ်မယ်…” ရင်လင်းသည် စိတ် ခံစားချက်ပြင်းပြစွာဖြင့် ပြောလေသည် “သူမနဲ့ ဆက်နွယ်မိတဲ့ ကံတရားကို ဖြတ်လို့မရမှာကို ကြောက်မိတယ်”
“ဆရာ အစ်မကြီးယူယူက ကောင်းကင်က အာဏာလွှဲအပ်ခြင်းခံရတဲ့ သူ တွေထဲက တစ်ယောက်လို့ ပြောနေတာလား၊ ကျွန်တော်တို့ ဝင်ပါလိုက်တာ ကောင်းတာပဲမဟုတ်ဘူးလား” လက်ထော်ကလေးသည် သူ၏ စိုးရိမ်မှုကို မသိ ပေ “ပြီးတော့ အစ်မကြီးယူယူကို သိပြီးသွားတော့ သူမက လူကောင်းတစ် ယောက်ပဲ သူမက မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်တယ်”
ရင်လင်းသည် ရုတ်တရက် မျက်စိရှေ့တွင် မြင်ကွင်းတစ်ခုကို မြင်လိုက်ရ ပြီး မျက်နှာတွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
“ရွှမ်း”
“လက်ထောက်လေး…”
ဓားရှည်တစ်ချောင်းသည် လက်ထောက်လေး၏ နှလုံးတည့်တည့်သို့ အနောက်မှ ဖောက်ထွင်းသွားလေသည်။ ရှီမာယူယူ၏အသံသည် အနီးအနားမှ ထွက်လာကာ သူမ ထိတ်ထိတ်ပျာပျာပြေးလာသော်လည်း သူ၏ ခန္ဓာကိုယ်ကို ဖမ်းမမိလိုက်ပေ။
မြင်ကွင်းမှာ လျှပ်တပြက်ဖြစ်သွားကာ လက်ထောက်လေးကို ကြည့်သော ရင်လင်း၏ မျက်လုံးများသည် မှောင်မိုက်နေကာ ပြောလိုက်သည် “သူမက မင်း ကို ဘေးဒုက္ခကြီးယူလာပေးမယ်ဆိုရင်ရော”
“ဆရာ ကျွန်တော့်ကိုစောင့်ရှောက်ပေးဖို့ သူမကို ပြောခဲ့တာမဟုတ်ဘူး လား၊ အဲတော့ သူမက ကျွန်တော့်ကို ဘေးဒုက္ခမဖြစ်စေဘူးလို့ ဆိုလိုတယ်လေ” လက်ထော်ကလေးသည် ပွင့်လင်းသည် “တကယ်လို့ အဲလိုတကယ်ဖြစ်လာ လည်း ကျွန်တော့်ကံပဲပေါ့လေ”
ရင်လင်းသည် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောဘဲ ထွက်သွားရန် လက်ကိုဝှေ့ယမ်းလိုက်သည်။
“ကံတရား…”
မဟုတ်ရင် ကိစ္စများသည် သဘာဝအလျောက်ဖြစ်သင့်သည်။ အတင်း ဖိအားပေးပြီး ပြောင်းလဲရန်မှာ မကောင်းပေ။
တစ်ဖက်တွင် ရှီမာယူယူသည် အားလုံးကို အမှတ်တရစားသောက်ဆိုင်သို့ ခေါ်သွားလေသည်။ ဆိုင်တာဝန်ခံသည် ရှီမာယူယူ လျင်မြန်စွာ ပြန်လာသည် ကိုမြင်သည်နှင့် မျက်လုံးများတောက်ပသွားကာ သူမကို နှုတ်ဆက်ရန် အမြန် လာလိုက်သော်လည်း ရှီမာယူယူသည် လက်ဝှေ့ယမ်းကာ တားလိုက်သည်။
“ဆိုင်တာဝန်ခံ ကျွန်မအတွက် ခြံဝန်းတစ်ခုစီစဉ်ပေးပါ”
“အနောက်ဘက်က ခြံဝန်းက အမြဲတမ်းသန့်ရှင်းရေးလုပ်ထားပါတယ် ဒုတောင်ကြားခေါင်းဆောင် လိုက်လာပေးပါ” ဆိုင်တာဝန်ခံသည် အနောက် ဘက်ရှိ ခြံဝန်းသို့ သူတို့ကိုခေါ်သွားလိုက်သည်။
ရှီမာယူယူသည် ယခုလိုအခြေအနေကို အရင်က တွေးကြည့်ဖူးသည်။ ထို့ကြောင့် အမှတ်တရစားသောက်ဆိုင်အားလုံးတွင် ဆက်သွယ်ထားသော ခြံ ဝန်းတစ်ခုကို ထားရှိထားသည်။
“ဒုတောင်ကြားခေါင်းဆောင် ဒုခေါင်းဆောင်ရဲ့သတင်းရတာနဲ့ ပြန် သတင်းပို့ဖို့ကို တောင်ကြားခေါင်းဆောင်ညွှန်ကြားထားပါတယ်” ဆိုင်တာဝန်ခံ ပြောလေသည်။
“အင်း သွားပါ” ရှီမာယူယူ ဆက်ပြောလေသည် “ဖန်အာနဲ့ အဘိုးဘိုင် အပြင် တခြားသူတွေ ကျွန်မကိုမေးရင် ပြန်မရောက်သေးဘူးလို့ ပြောလိုက်ပါ”
“ဟုတ်ကဲ့ပါ ဒုတောင်ကြားခေါင်းဆောင်”
ဆိုင်တာဝန်ခံသည် အမိန့်ရပြီးနောက် ထွက်သွားလေသည်။ ရှီမာယူယူ သည် ရှီမာလျူရွှမ်ကို အိမ်သို့ခေါ်လာပြီး လှဲလျောင်းခိုင်းလိုက်သည်။
သူ များစွာသက်သာလာသော်လည်း အားနည်းနေသေးသည်။
“အဖေ သမီး စမ်းကြည့်မယ်”
သူမသည် ပြောရင်းနှင့် သူ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်။
ရှီမာလျူရွှမ်သည် သူမလက်ကိုကိုင်ပြီး ပြောလိုက်သည် “နောက်မှ စမ်းသပ်ပါ အဖေ သမီးကို ကောင်းကောင်းကြည့်ပါရစေဦး”
***