← Chapters

ထပ်ပြီးတော့ ကျင့်ကြံလို့မရတော့ဘူး

Vol. 99 Ch. 1374

ထပ်ပြီးတော့ ကျင့်ကြံလို့မရတော့ဘူး

Vol. 99 Ch. 1374

သူယောင်ချာချာဖြစ်နေချိန်နှင့် လောကအသေးတွင်နေစဉ်အတွင်းတွင် သူ၏ ကျန်းမာရေးကို စိုးရိမ်နေသည်နှင့် သူတို့သည် ကောင်းမွန်စွာ စကား မပြောနိုင်ခဲ့ကြပေ။

သူ့ကိုလာကယ်သူမှာ သူ၏သမီးဖြစ်လိမ့်မည်ဟု လုံးဝထင်မထားပေ။ သူမသည် သူထွက်လာခဲ့စဉ် ကလေးတစ်ယောက်သာဖြစ်ကာ အချိန်တိုအတွင်း မှာပင် ပိန်သွယ်ပြီးတင့်တယ်သော မိန်းကလေးတစ်ယောက်ဖြစ်၍နေလေပြီ။

ထို့အပြင် သူမသည် အားကောင်းသော မိန်းကလေးတစ်ယောက်ဖြစ် သည်။ ဟုတ်ပြီ သူ့ကိုကယ်ခဲ့တဲ့ ကျန်တဲ့လူတွေကတော့ အမေ့ခံဖြစ်နေပြီ။ သူ့ မိဘာအပါအဝင်ပဲ။

ရှီမာယူယူသည် အိပ်ရာဘေးထိုင်ကာ ပြောလိုက်သည် “အဖေ အဖေက အခုမှ အသက်စွမ်းအင်ပြန်ရတာလေ၊ သမီး အဖေ့ကျန်းမာရေးကို စစ်ဆေးပြီး တော့ ဒဏ်ရာတွေစေပျာက်ဖို့အတွက် ဆေးစပ်ရဦးမယ်၊ ပြီးတော့ လက်ရှိ အခြေအနေနဲ့က စကားနည်းနည်းပဲပြောတာကောင်းလိမ့်မယ်၊ အဖေ သက်သာ လာရင် ကောင်းကောင်းလေး စကားပြောလို့ရတယ်လေ ဟုတ်ပြီလား”

ရှီမာလျူရွှမ်သည် ယွိခဲ့လော့နှင့်တူသော မျက်နှာလေးကိုကြည့်ရင်း မသိစိတ်မှ ခေါင်းညိတ်လိုက်သည်။

ရှီမာယူယူပြုံးပြီး လက်ဆန့်ကာ သွေးခုန်နှုန်းစမ်းရန် သူ၏ လက်ကောက် ဝတ်ကို ကိုင်လိုက်သည်။ သူမ၏ အပြုံးမှာမပြောင်းသွားသော်လည်း မျက်ခုံးမှာ တော့ အနည်းငယ်တွန့်တက်သွားသည်။

“ကလေး သမီးအဖေ ဘယ်လိုနေလဲ” ဟွမ်ရင်ရင်သည် ဘေးတွင်ရပ်ပြီး စိုးရိမ်တကြီးမေးလေသည်။

ရှီမာယူယူသည် ရှီမာလျူရွှမ်၏ လက်ကောက်ဝတ်ကိုလွှတ်ပြီး ပြောလိုက် သည် “အခုတော့ အသက်အန္တရာယ်မရှိတော့ပါဘူး၊ ဒါပေမဲ့ ဒဏ်ရာတွေက တော့ ပြောဖို့ခက်နေတယ”

“ဒဏ်ရာတွေက အချိန်ကြာရင် ပျောက်သွားမှာပါ အသက်အန္တရာယ်မရှိ လို့ တော်ပါသေးတယ်” ဟွမ်ရင်ရင်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချ လိုက်သည်။

ရှီမာရှုံ့ချီသည် ရှီမာယူယူကို ပြုံးလဲ့သော မျက်လုံးများဖြင့် ကြည့်လိုက် သည်။

အားလုံးထွက်သွားပြီးနောက်တွင် ရှီမာယူယူသည် ရှီမာလျူရွှမ်ကို ဆေး နှင့် ဝိညာဉ်အရည်နှစ်စက်တိုက်ပြီးနောက် အပ်စိုက်ကာ ဒဏ်ရာများသက်သာ အောင်လုပ်ပေးပြီး အိပ်ခိုင်းလိုက်သည်။

“ယူယူ ဒီကိုလာခဲ့ အဘိုး သမီးကိုမေးစရာရှိတယ်” ရှီမာရှုံ့ချီသည် ရှီမာယူယူ ထွက်လာသည်နှင့် ပြောလိုက်သည်။

သူ၏ လေးနက်သောမျက်နှာမှာ အားလုံးကို စိတ်လှုပ်ရှားသွားစေပြီး စု လိုက်ကြသည်။

သူ့မျက်နှာကိုကြည့်ပြီး ရှီမာယူယူသည် သူမေးမည့်မေးခွန်းကိုခန့်မှန်းမိ ပြီးသားဖြစ်သည်။

“သမီးအဖေက ဘာတွေဖြစ်နေတာလဲ” ရှီမာရှုံ့ချီ မေးလိုက်သည် “အဘိုး ကို အမှန်အတိုင်းပြော”

ရှီမာယူယူသည် စိတ်ထဲမှသက်ပြင်းချကာ သူ့ကိုမဖုံးကွယ်နိုင်ပေ။

“အဖေက အသက်အန္တရာယ်မရှိတော့ပါဘူး” သူမ ဆက်ပြောလေသည် “ဒါပေမဲ့…”

“ဒါပေမဲ့ ဘာဖြစ်လဲ” ဟွမ်ရင်ရင်သည် သူမလက်ကို ဆုပ်ကိုင်လိုက်သည်။

“အဖေက သေမင်းရောင်ဝါကို အချိန်အကြာကြီးရှုသွင်း ထားတော့ သွေးကြောတွေက ပျက်စီးနေပြီ၊ ဝိညာဉ်ကန်ကလည်း ခြောက်နေပြီ၊ အခု အန္တရာယ်မရှိတော့ပေမဲ့ ပြန်ကောင်းလာတဲ့အချိန်ကျ ကျင့်ကြံလို့မရတော့မှာ ကို ကြောက်မိတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘာ” ဟွမ်ရင်ရင်သည် နောက်ပြန်လဲကျရာ ရှီမာယူယူနှင့် ရှီမာရှုံ့ချီတို့ ဖမ်းလိုက်ကြလေသည်။

“ယူယူ သမီးအဖေက ထပ်ပြီးကျင့်ကြံလို့မရတော့ဘူးလား” ရှီမာလျူဖန် နှင့် တခြားသူများသည် ထိုအမှန်တရားကို လက်မခံနိုင်ကြပေ။

သူသည် တစ်ခါက လွှမ်းမိုးနိုင်သည့်ပုံရိပ်ရှိခဲ့သည်။ သူသာ အသုံးမဝင် တော့တဲ့လူဖြစ်သွားတာကို တခြားသူတွေများသိရင် သူ ဘယ်လိုလက်ခံတော့ မှာလဲ။

“အဲဒါကို အခုတော့ အတည်မပြုနိုင်သေးဘူး၊ ဒါပေမဲ့ စမ်းသပ်ကြည့် သလောက်ဆိုရင် အဲလိုဖြစ်နိုင်ချေများတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ရွှမ်အာသာ မကျင့်ကြံနိုင်တော့ဘူးဆိုရင်…” ဟွမ်ရင်ရင်သည် သူမ သားအတွက် စိတ်မကောင်းဖြစ်ကာ သူမ၏ ခင်ပွန်းပေါ်သို့ အရုပ်ကြိုးပြတ် မှီ လိုက်သည်။

“အနည်းဆုံးတော့ သူ့အသက်ကိုကယ်ခဲ့တာပဲလေ၊ ငါတို့ အားထုတ်မှုက အလဟသမဖြစ်ပါဘူး” ရှီမာရှုံချီသည် အကောင်းမြင်တတ်သူဖြစ်သည် “ဒါပေမဲ့ ရွှမ်အာကို အဲအကြောင်း ပြောရမယ့်သူက သမီးပဲဖြစ်သင့်တယ်”

“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

ဖခင်သာ ကျင့်ကြံမှုမလုပ်နိုင်တော့ပါက သမီးတစ်ယောက်အနေနှင့် လတ်တလောတွင် နှစ်သိမ့်ရုံသာ ရှိမည်။

“အဘွား ဝမ်းနည်းမနေပါနဲ့၊ သမီးပြန်ပြီး ရှေးဟောင်းစာအုပ်တွေဖတ်ပြီး အဖေ့ကိုကုသဖို့ နည်းလမ်းရှိမလား ကြည့်လိုက်ပါမယ်” ရှီမာယူယူ နှစ်သိမ့်လေ သည်။

“တခြားနည်းလမ်းရှိတာလား” သူမ ပြောလိုက်သည့်စကားကိုကြားသည် နှင့် အားလုံး၏ မျှော်လင့်ချက်များ မြင့်တက်သွားသည်။

“နည်းလမ်းရှိတယ်လို့ သမီးကတိမပေးနိုင်ပါဘူး၊ အဖေ့ရဲ့ ပြန်ကောင်း လာမှုအခြေအနေကို ကြည့်လိုက်ပြီး ရှေးဟောင်းစာအုပ်တွေမှာ ဆင်တူတာရှိ မလားဆိုတာ ကြည့်ရမှာပါပဲ” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် ဟွမ်ရင်ရင်ကို မကြည့်ရက်နိုင်သဖြင့် ဆက်ပြောလေသည် “ဒါပေမဲ့ အခွင့်အရေး များမယ်လို့တော့ထင်တယ်၊ ကမ္ဘာကြီးက ဒီလောက်ကြီးတာ အံ့ဩလောက်ဖွယ် ကိစ္စတွေအများကြီးပဲလေ ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းရှိမှာပါ”

“တကယ်လား” ဟွမ်ရင်ရင်သည် မျှော်လင့်ချက် တစ်စွန်းတစ်စကို မြင်လိုက်သည့်အလား သူမလက်ကို တင်းကြပ်စွာဆုပ်ကိုင်လေသည်။

“အဘွား သမီးအကောင်းဆုံးကြိုးစားပါ့မယ်လို့ပဲ ပြောနိုင်ပါတယ်” ရှီမာယူယူသည် ကတိမပေးရဲပေ။

သို့သော် သူမ စိတ်ထဲတွင်တော့ ထိုအတိုင်းပင်တွေးသည်။ ကမ္ဘာကြီး သည် ကြီးမားသည်။ ကမ္ဘာကြီးမှ ကိစ္စအားလုံးသည် ကြီးမားပြီး ပိတ်ပင် တားဆီးမှုများရှိသည်။ သူ့ကို ကုသနိုင်မည့်အရာများစွာရှိနိုင်သည်။

“သမီးအဖေက ဘယ်တော့ပြန်ကောင်းလာမလဲ” ရှီမာလျူယန် မေးလိုက် သည်။

“သူ့ခန္ဓာကိုယ်အတွက်တော့ ဝိညာဉ်စွမ်းအင်ရဲ့ကာကွယ်မှုမရှိဘဲ အပြည့်အဝပြန်ကောင်းဖို့က နှစ်တစ်ဝက်ကြာမယ်” ရှီမာယူယူ ပြောလေသည် “သူ အပြည့်အဝပြန်ကောင်းဖို့ဆိုရင် တစ်နှစ် မဟုတ်ရင် နှစ်နှစ်မှသိနိုင်မယ်”

“အဲလောက်ကြာတာလား၊ ကလေး သမီး အဘွားတို့နဲ့ပြန်လိုက်မှာလား” ဟွမ်ရင်ရင် မေးလိုက်သည်။

“အဘွား သမီးမှာ ဖြေရှင်းစရာတွေရှိသေးတယ်၊ အခုပြန်လိုက်ရင် သမီး အတွက်အဆင်မပြေသေးဘူး အဲဒါကိုဖြေရှင်းပြီးမှပဲ လာလည်ပါ့မယ်”

အဆုံးစွန်ဆုံးပြောရလျှင် သူမသည် ပြန်လိုက်လိုစိတ်မဖြစ်သေးပေ။

“သမီး… ထားလိုက်ပါတော့ အလောတကြီးဆုံးဖြတ်ချက်ချဖို့မလိုပါဘူး၊ သမီးအဖေနိုးလာရင် ပြောကြတာပေါ့” ရှီမာရှုံ့ချီသည် သူ၏မြေး ခေါင်းမာသည် ကို သိထားသဖြင့် သူမကို အတင်းအကြပ်ပြောလျှင် အသုံးမဝင်သည်ကို သိ သောကြောင့် ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူမ စိတ်များရှင်းသည်နှင့် ပြန် လာမည်။

အိမ်ပြန်ရောက်လို့မှ အဲဒီအဘိုးကြီးတွေ သိရင် ရူးသွပ်သွားမလား သိချင် ပါရဲ့။

“အကုန်လုံး ပင်ပန်းနေကြမှာပဲ ပြန်သွားပြီးနားလိုက်ကြပါ” ရှီမာယူယူ ဆက်ပြောလေသည် “အဖေနိုးလာရင် သမီးပြောလိုက်ပါမယ်”

“ဟုတ်ပီဲလေ”

“ကျွန်မက သူ့ကိုဂရုစိုက်ဖို့အတွက် နေခဲ့မယ်” ဟွမ်ရင်ရင် ပြောလိုက် သည်။

“ဒါဆိုရင် ငါလည်းနေမယ်” ရှီမာရှုံ့ချီ ပြောလိုက်သည်။

“ကောင်းပြီလေ”

ကမ္ဘာပေါ်မှ မိဘများသည် သနားစရာကောင်းလှသည်။ သားသမီးများမှာ မည်သည့် အသက်အရွယ်ဖြစ်စေကာမူ သူတို့မျက်စိထဲတွင်တော့ ကလေးသာ ဖြစ်သည်။

အားလုံးသည် နားနေရန် ကိုယ့်အခန်းကိုယ်ပြန်သွားကြပြီး ရှီမာယူယူ သည် မိုဒိဆန်းနှင့် ဒိဝူတို့၏ ဒဏ်ရာများကို ကြည့်ရန်သွားလိုက်သည်။

ထိုနေ့က ဒိဝူ၏ တင်ဆက်ပုံသည် သူမ၏ လေးစားမှုကို မြင့်တက်စေ သည်။ သူသည် ဒဏ်ရာများပြင်းထန်နေသော်လည်း အခန်းထဲမှ အိပ်ရာပေါ် တွင် တစ်ယောက်တည်း လှဲပြီးအနားယူနေသည်။

ဒိဝူ အနားယူနေရာမှ တစ်စုံတစ်ယောက်ဝင်လာသည်ကို ခံစားမိပြီး မျက်လုံးဖွင့်လိုက်သည်။

“သခင်မလေး အဖေအဆင်ပြေရဲ့လား”

“အခုထိတော့ မသိသေးဘူး မင်းကို စမ်းသပ်ကြည့်ဦးမယ်” ရှီမာယူယူ လျှောက်လာပြီး အိပ်ရာဘေးတွင်ထိုင်ပြီး သူ့လက်ကောက်ဝတ်ကို စမ်းသပ်ရန် ယူလိုက်သည် “ကောင်းကောင်းတော့ သက်သာလာပြီ ဆေးနဲ့ဆိုရင်တော့ နောက်ရက်နည်းနည်းအတွင်းကို ကောင်းသွားမှာပါ”

“ကျေးဇူးတင်ပါတယ် သခင်မလေး” ဒိဝိူသည် သူ၏ လက်ကောက်ဝတ် ကို ကိုင်ထားသည့် လက်ကိုကြည့်ရင်း အကြောင်းအရင်းမရှိ ရှက်ရွံ့မမိသည်။

“ဘာကိုကျေးဇူးတင်ဖို့လိုလို့လဲ ငါကသာ မင်းကိုကျေးဇူးတင်ရမယ့်လူ လေ” ရှီမာယူယူ ဆက်ပြောလိုက်သည် “မင်းကြောင့်သာမဟုတ်ရင် ငါ့အဖေကို ဘယ်လိုကယ်ရမလဲဆိုတာ သိတော့မှာမဟုတ်ဘူး၊ မင်းကို ဒဏ်ရာ အပြင်းအထန် ရအောင်တောင် လုပ်လိုက်သေးတယ်”

“အဲဒါကျွန်တော် လုပ်ရမှာပါ၊ ပြန်သွားလို့ သခင်မလေးကို ကူညီနိုင်တယ် ဆိုတာကို အစ်ကိုတွေကို ပြန်ကြွားလို့ရတယ်” ဒိဝူသည် ပြုံးပြီး ပြောလိုက်လေ သည်။

“ဖူး… မင်း အခုချိန်မှာ အဲဒါကိုစဉ်းစားနိုင်သေးတယ်နော်” ရှီမာယူယူ သည် သူ့ကို စိုက်ကြည့်လိုက်သည် “ကောင်းပီဲလေ ကောင်းကောင်းနားလိုက် ရင် နလန်ထူတာ မြန်မှာပဲ မင်းပြန်ကောင်းလာတာနဲ့ အရသာရှိတာတွေ လုပ် ကျွေးမယ်”

***

All Chapters