← Chapters

ဟိန်းသံလေးကို စနောက်ခြင်း

Vol. 99 Ch. 1375

ဟိန်းသံလေးကို စနောက်ခြင်း

Vol. 99 Ch. 1375

ရှီမာယူယူသည် ဒိဝူကိုတွေ့ပြီးသည့်နောက်တွင် လောကအသေးသို့သွား ပြီး ဝူလင်းယူကို ရှာလေသည်။

ထိုအချိန်တွင် ဝူလင်းယူသည် သူမ၏နေရာတွင် လုံခြုံသည်ဟု ခံစားရ သဖြင့် အိပ်မောကျနေပြီဖြစ်သည်။

ရှီမာယူယူသည် အိပ်ပျော်နေသော သူ့မျက်နှာလေးကိုကြည့်ပြီး ရှေ့ကို ကိုင်းကာ နူးညံ့စွာ နမ်းလိုက်သည်။ သို့သော် သည်တစ်ကြိမ်တွင် သူနိုးမလာ ပေ။ သူမသည် ခိုးနမ်းနေရင်းနှင့် ပါးမို့များတက်အောင်ပြုံးလိုက်သည်။

သူမသည် သူ၏သွေးခုန်နှုန်းကို ဖတ်ပြီးနောက် အိပ်မောကျနေသည်မှာ သေချာသည်နှင့် စိတ်အေးသွားလေသည်။

သူသည် ဝိညာဉ်စွမ်းအင်များစွာ သုံးပြီးမှ အိပ်ပျော်သွားခဲ့သည်။ ထို့အပြင် ခက်ခဲသော တိုက်ပွဲဖြစ်သဖြင့် မည်သည့်အချိန်တွင် ပြန်နိုးထလာမည်ကို မည်သူမှ မသိနိုင်ပေ။

သူမသည် သူ့ကိုဝိညာဉ်စေတီအတွင်းခေါ်သွားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်လေသည်။ သူ ထိုနေရာတွင်ရှိနေလျှင် နေမကောင်းပါက ချက်ချင်းသိနိုင်မည်။

သူအဆင်ပြေသည်ကို သေချာအောင်လုပ်ပြီးနောက်တွင် စာအုပ်များ ထားရာနေရာသို့ သွားပြီး ဆေးပညာစာအုပ်များကို စတင်ရှာကာ ဆက်စပ် စာအုပ်ရှိမလားဟု ရှာကြည့်လေသည်။

ဟိန်းသံလေးမှလွဲပြီး တခြားသော သားရဲများသည် လူသားအသွင်ပြောင်း ကာ ဆင်တူသော ကိစ္စများကို ကူရှာပေးကြသော်လည်း စာအုပ်ထောင်ချီ လှန်လှောရှာပြီးသည့်တိုင်အောင် တစ်ခုမှရှာမတွေ့ခဲ့ပေ။

တခြားနည်းလမ်းမရှိလို့များလား။ ရှီမာယူယူ စိတ်ပျက်လာသည်။ သို့သော် သူမ လက်လျော့ရန် ရည်ရွယ်ချက်မရှိပေ။ မည်သို့ပင်ဖြစ်စေကာမူ သူမ ဖခင်အားပြန်ရရန် နည်းလမ်းကူရှာရမည်။

“တခြားသူသာဆိုရင် သေမင်းရောင်ဝါကို ၁၀နှစ်ကျော်ကြီး စုပ်ယူတာက သေတောင်သွားနိုင်တယ်၊ အဲလိုမဖြစ်ဘူးဆိုတော့ မင်းအဖေက အရမ်း အားကောင်းတယ်လို့ ဆိုလိုနေတာပဲ စိတ်ဓာတ်မကျနဲ့” ချင်ယိသည် အတွေ့အကြုံပိုရှိသည့်အား နှစ်သိမ့်ပေးလေသည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ငါ လက်မလျော့ဘူး သေချာပေါက် ငါ့ အဖေကိုကုဖို့နည်းလမ်းရှာမယ်၊ ဒီမှာမရှိရင် တခြားနေရာမှာရှာမယ် ကမ္ဘာကြီး က ဒီလောက်ကြီးတာ တစ်ခုခုကိုသိထားတဲ့လူတော့သေချာပေါက်ရှိမှာပဲ”

“အင်း ရှောင်ချီတို့ဘေးကနေနေပေးမယ်” ရှောင်ချီဆက်ပြောလေသည် “ဒီလိုဒဏ်ရာတွေကိုတော့ ချင်ယိနဲ့ ရှောင်ချီတို့ မကူညီနိုင်တာတော့ နှမြောဖို့ ကောင်းတယ်၊ မဟုတ်ရင် ရှောင်ချီတို့အသားနဲ့ သွေးအဆီအနှစ်ကိုသုံးလိုက်ရုံပဲ”

ရှီမာယူယူသည် ရှောင်ချီ၏ ခေါင်းကိုပွတ်လိုက်သည် “ကျေးဇူးတင်ပါ တယ် မင်းတို့ရှိနေလို့ ငါ အထီးကျန်တယ်လို့မခံစားရဘူး ခံစားလို့ကောင်းတယ်”

“ဟီးဟီး ယူယူ ဒီမှာစာအုပ်တွေ အများကြီးပဲ၊ မင်းမှာအချိန်မရှိရင် ငါတို့ ကို အပ်ထားလိုက်” ဟိန်းသံလေးသည် ပါးမို့များတက်အောင်ပြုံးရင်းပြောလေ သည်။

ရှီမာယူယူသည် ဟိန်းသံလေး၏ ကုတ်မှကိုင်ကာ ပြောလိုက်သည် “မင်းက ဒီမှာစကားပြောခွင့်မရှိဘူး၊ အသွင်မပြောင်းတာ ဒီမှာဘယ်သူလဲ”

“ငါ အခုအသွင်မပြောင်းချင်လို့လေ” ဟိန်းသံလေးသည် နစ်နာသော မျက်လုံးများဖြင့် မျက်တောင်ခတ်လိုက်သည် “ငါ နေပြန်မကောင်းသေးဘူး”

“အဓိပ္ပာယ်မရှိတာ တခြားသူမသိရင်တောင် ငါမသိဘူးထင်နေတာလား၊ မင်း ဒဏ်ရာတွေက ပျောက်သွားတာကြာနေပြီ ဒါပေမဲ့ မင်းက အသွင်မပြောင်း ချင်ဘူး ဘာလို့လဲ” ရှီမာယူယူသည် သူ၏လိမ်ညာမှုကို မညှာမတာဖော်ထုတ် လိုက်သည်။

“ယူယူ မိုးကြိုးပစ်တာ အရမ်းနာတာနော်” ဟိန်းသံလေးသည် နစ်နာ သလိုပြောလေသည်။

“အကုန်လုံး အဲအဆင့်ကိုကျော်ဖြတ်ရတာပဲ”

“ဒါပေမဲ့ မိုးကြိုးအပစ်ခံရရင် အမွှေးတွေကျွတ်ပြီး ပြောင်သွားတာလေ၊ ငါ အမွှေးပြောင်မဖြစ်ချင်ဘူး အရမ်းရုပ်ဆိုးတယ်” ဟိန်းသံလေးသည် ညည်းညူ လေသည်။

“အရှက်မရှိတဲ့ကောင်လေး၊ အဲဒါက မင်းအသွင်မပြောင်းချင်တဲ့ တကယ့် အကြောင်းအရင်းလား” ရှီမာယူယူသည် နောက်လက်တစ်ဖက်ဖြင့် သူ့ခေါင်းကို ပုတ်လိုက်သည်။

ဟိန်းသံလေး၏ တိုတောင်းသော ခြေလက်များသည် ကွေးတက်သွားကာ ရှီမာယူယူကို သနားစဖွယ်ကြည့်လေသည်။

“မင်း နိုင်ပါတယ်” သူမသည် စားပွဲပေါ်တင်လိုက်သည်။

“ယူယူ သူက သူ့အမွှေးကိုအဲလောက်ကြိုက်နေမှတော့ ရှောင်ချီတို့ပြန်ရင် ကတ်ကြေးနဲ့ညှပ်ပေးလိုက်မယ်လေ” ရှောင်ချီသည် ပြုံးပြီးပြောလေသည်။

“အာ… မဖြစ်ဘူး မညှပ်ပါနဲ့ အိပ်မက်လေး ငါ့ကိုကယ်ပါဦး” ဟိန်းသံလေး သည် ရှောင်ချီ၏ တိုက်ခိုက်ရန်အသင့်ဖြစ်နေပုံကိုကြည့်ပြီး အိပ်မက်လေး၏ ရင်ခွင်ထဲသို့ ဝင်ပြေးလေသည်။

အိပ်မက်လေးသည် ဟိန်းသံလေးအားချီပြီး ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်ကိုမြင်သောအခါ ရယ်မောပြီး ပြောလိုက်သည် “နင့်အမွှေးနဲ့ ပတ်သတ်ပြီး ဘယ်သူက ထောင်လွှားခိုင်းလို့လဲ”

“ငါ သွေးထွက်ပြီး ခေါင်းပြတ်သွားလို့ရတယ် ဒါပေမဲ့ ငါ့အမွှေးကိုတော့ အထိမခံနိုင်ဘူး နားလည်လား” ဟန်းသံလေးသည် သူမ၏ ရင်ခွင်ထဲမှ ခေါင်းပြူထွက်လေသည် “ငါ… မင်းတို့ ငါ့အမွှေးကိုညှပ်ရင် အဆာအငတ်ခံပြီး ဆန္ဒပြမှာ”

“အိုး ဒါက ခြိမ်းခြောက်လိုက်တာလား” အားလုံး ရယ်မောလိုက်ကြသည် “လင်းလုံ လာခဲ့ ကတ်ကြေးအဖြစ်ပြောင်းလိုက် ငါတို့စမ်းကြည့်ရအောင် သူက အစားအသောက်ကို ဒီလောက်ကြိုက်တာ အဆာအငတ်ခံနိုင်မလားကြည့်ကြ တာပေါ့”

“ရတယ်လေ” လင်းလုံသည် အလွန်ပူးပါင်းနိုင်စွမ်းရှိသည်။ သူမသည် ထက်မြက်သော ကတ်ကြေးအသွင်ပြောင်းလိုက်သည်။

ရှောင်ချီ ကတ်ကြေးကိုင်လာသည်ကို မြင်သည်နှင့် ဟိန်းသံလေးသည် ကြောက်လန့်တကြားအော်လေသည်။

“အိပ်မက်လေး ငါ့ကိုကယ်ပါဦး ဟူး ဟူး ငါ အမွှေးတိုမဖြစ်ချင်ဘူး” သူ စသည် အိပ်မက်လေးကို တင်းကြပ်စွာ ဖက်လေသည်။

“ဟားဟား…” အိပ်မက်လေး ရယ်မောလိုက်သည် “ကောင်းပြီ မစကြနဲ့ တော့ သူတုန်ယင်နေပြီ”

“နင်ပဲ သူ့ကိုအလိုလိုက်တာလေ” ရှောင်ချီသည် အိပ်မက်လေးကို အကူအညီမဲ့စွာကြည့်လိုက်သည်။

သူမသည် မှတ်ဉာဏ်များပြန်ရကတည်းကပင် များစွာပြောင်းလဲလာကာ ဟိန်းသံလေးသည် သူမရယ်အောင် လုပ်နိုင်သော တစ်ဦးတည်းသောသူဖြစ် သည်။

နှင်းဆီပန်းခင်းမှာ ထိုနေရာတွင် ရှိနေသေးသည်။ အိပ်မက်လေး မှတ်ဉာဏ်များကြောင့် ခံစားရတိုင်း နှင်းဆီခင်းဆီသို့သွားကာ ပန်းအနံ့ရှုရှိုက်မှ ပင် ခံစားချက်များပြန်ကောင်းလာသည်။ ထိုသို့ပြန်သက်သာလာသည်နှင့် ဟိန်းသံလေး၏ အသွင်မပြောင်းရသေးသော ခန္ဓာကိုယ်လုံးလုံးလေးသည် ယူယူ၏ တန်ဖိုးကြီးကောင်းကင်လှံကို ကိုင်ပြီး မြေပြင်တွင်တွားသွားကာ သူမ အတွက်နှင်းဆီပန်းစိုက်ပေးရန် တွင်းတူးသည့်မြင်ကွင်းကို ပြန်တွေးအမှတ်ရ နေတတ်သည်။

ထို့ကြောင့် သူမသည် တခြားသူများထက် ဟိန်းသံလေးကို အလိုလိုက်ရ မည်။

“ဟူးဟူး ရှောင်ချီနဲ့ လင်းလုံတို့ စိတ်ပုပ်တယ်” ဟိန်းသံလေး စောဒက တက်လေသည်။

“ရှောင်ချီက မင်းကို ဒီအတိုင်းစနောက်လိုက်တာပါ သူမက ဘာလို့ညှပ်ရ မှာလဲ” အိပ်မက်လေး ပြောလိုက်သည်။

“ဟားဟား ငါက တကယ်ပြောနေတာ သူ အဆာအငတ်ခံပြီးဆန္ဒပြတာ ဘယ်လိုလဲဆိုတာ အကုန်လုံးကြည့်ချင်နေကြတာ” ရှောင်ချီသည် ကတ်ကြေး ကို ဝှေ့ယမ်းလေသည်။

“ကြည့်.. ချင်… တယ်” စကားမပြောတတ်သေးသော ရွှေမြွေလေးပင် ပျော်စရာကောင်းသည့်ကိစ္စတွင် ဝင်ပါချင်နေသည်။

“ရွှေလေးတောင် ငါ့ကိုအနိုင်ကျင့်တယ်” ဟိန်းသံလေးသည် ဝမ်းနည်း သွားသည်။ သူ့ကို အိပ်မက်လေးကလွဲပြီး ဘယ်သူမှမကူညီပေးကြဘူး။

“ဟားဟား”

အားလုံးရယ်မောလိုက်ကြသည်။ ရွှေမြွေလေးသည် ရှီမာယူယူ၏ လက်ကောက်ဝတ်ကိုပတ်လိုက်ပြီး ဟိန်းသံလေးအား လျှာထုတ်ပြလေသည်။

အဲအကြည့်တွေက သေချာပေါက် အနိုင်ကျင့်နေတာကိုပြနေတာပဲ။

သူမသားရဲများ၏ ရယ်စရာကောင်းပုံများကြောင့် ရှီမာယူယူ၏ စိတ်များ သည် ပေါ့သွားသည်။ သည်တစ်ခေါက်တွင် ဝိညာဉ်လေး သူမကိုပြောလာသည် “လူတစ်ယောက် မင်းကိုရှာနေတယ်”

“ငါ သွားလိုက်ဦးမယ် ဒီစာအုပ်တွေကို မင်းတို့ကိုပဲ အပ်ထားတော့မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ယူယူ မစိုးရိမ်ပါနဲ့”

ရှီမာယူယူသည် တံခါးခေါက်သံကြားသည်နှင့် ထွက်သွားပြီး တံခါးဖွင့် လိုက်ရာ ရှီမန်ဖန်၊ ဘိုင်ရှန်းနှင့် တခြားသူများကို အပြင်တွင်တွေ့လိုက်ရသည်။

“အစ်မကြီး” ရှီမန်ဖန်၏ အသံသည် ပင်ပန်းနွမ်းနယ်နေသည့်ပုံပေါက် သည်။

“ဆရာ” နီအန်းယိနှင့် တခြားသူများသည် သူမကိုတွေ့ရသောကြောင့် ပျော်ကြလေသည်။

ဖန်ကျိနှင့် တခြားညီအစ်ကို၉ ယောက်ပါလိုက်လာလိမ့်မည်ဟု ရှီမာယူယူ ထင်မထားဘဲ ပြောလိုက်သည် “ဘာလို့အကုန်လုံး ဒီရောက်နေကြတာလဲ တောင်ကြားကို ကြည့်မယ့်သူရှိလို့လား”

“ငါတို့ နင့်သတင်းရတာနဲ့ အတူလာလိုက်ကြတာ၊ သူတို့က နင့်ကိုတွေ့ ချင်နေကြတာ” ရှီမန်ဖန် ရှင်းပြလေသည်။

“ဘယ်ကနေအလောတကြီးလာကြတာလဲ” ရှီမာယူယူသည် သူတို့ ပင်ပန်းနေသည်ကို မြင်ရသည်။ “ခန်းမကိုသွားကြတာပေါ့”

သူတို့သည် ခန်းမဆီသို့သွားကာ သူမသည် အားလုံးအတွက် လက်ဖက် ရည် ကျိုချက်ကာ ပြောလိုက်သည် “ဒီလက်ဖက်ရည်က ပင်ပန်းတာကို သက်သာစေမှာပါ”

“ကျေးဇူးပဲ ဆရာ”

အားလုံးသည် လက်ဖက်ရည် တစ်ကျိုက်သောက်ပြီးနောက်တွင် လတ်ဆတ်မှုကို ခံစားမိကြလေသည်။

“ဘာလို့အကုန်လုံး ပင်ပန်းနေပုံပေါက်နေတာလဲ” ရှီမာယူယူသည် သူမ နေရာသို့ပြန်သွားကာ လက်ဖက်ရည်တစ်ကျိုက်သောက်လိုက်သည်။

“ငါတို့ ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်ကို ချေမှုန်းနေတာ အခုက အရေးကြီးတဲ့အချိန်ပဲ အဲဒါကြောင့်အလုပ်များနေကြတာ” ရှီမန်ဖန် ဆက်ပြော လေသည် “ဒီတစ်ခါ အစ်မ နင့်အဖေကိုရှာတွေ့ပြီလား”

“တွေ့ပြီ ဒါပေမဲ့ အခြေအနေက အရမ်းတော့မကောင်းဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒီအကြောင်းကိုမပြောတော့ဘူး တောင်ကြားက လက်ရှိ အခြေအနေကို ပြောပြပါဦး”

***

All Chapters