← Chapters

ကောင်းကင်နန်းတော်၌

Vol. 015 Ch. 1418

ကောင်းကင်နန်းတော်၌

Vol. 015 Ch. 1418

ကောင်းကင်မိုးကြိုး ရိုက်ချက်တစ်ရာကို ခံယူနိုင်ခြင်းကပင်လျှင် အလွန် အစွမ်းထက်သည့် ပုဂ္ဂိုလ်ဟု ယူဆ၍ ရနေပြီ ဖြစ်သည်။

သူတို့သည် ရီဖူရှင်း၏ ဝူထူမိုးကြိုးလမ်းစဥ်က အလွန် အစွမ်းထက်နေသည်အား အရင် မမြင်တွေ့ခဲ့ရလျှင် သူ့ကို သူတို့နှင့်အတူ ခေါ်သွားမည် မဟုတ်ပေ။

လူစုက မိုးကြိုးပြစ်ဒဏ်မြို့သို့ ဝင်ရောက်လာ​ကြသည်။ ရီဖူရှင်းသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အဆုံးမဲ့ မိုးကြိုးလျှပ်စီးများ လင်းလက်နေသည်ကို မြင်တွေ့ရလေသည်။ မိုးကြိုးစွမ်းအားသည် သူတို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်း စီးဆင်းနေပြီး အတွင်းသို့ ဝင်ရောက်ကာ သူတို့၏ စွမ်းအားများကို တုန်ယင်လာစေရန် ပြုလုပ်နေသည်။

သူ့နှလုံးသားက အနည်းငယ် တုန်ယင်နေသည်။ ဤနေရာသည် ခရမ်းရင့်ကောင်းကင် နန်းတော်မှ အုပ်ချုပ်သော အဓိကမြို့ ဖြစ်သည်။ မိုးကြိုးစွမ်းအားများက နေရာအနှံ့တွင် ရှိနေကာ မိုးကြိုးပြစ်ဒဏ်မြို့တစ်ခွင်ကို ဖုံးလွှမ်းနေ၏။

သင်သာ ထိုသို့သော ပတ်ဝန်းကျင်၌ ကျင့်ကြံပါက ငယ်ရွယ်စဥ်ကပင် မိုးကြိုးစွမ်းအားနှင့် အဆုံးမဲ့ လွှမ်းခြုံထားခြင်းကို ခံရကာ သင်ကြီးပြင်းလာသည့် ပတ်ဝန်းကျင် အခြေအနေအရ လူတိုင်းအပေါ်တွင် လွှမ်းမိုးသာလွန်မှု ရှိပေလိမ့်မည်။

ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ရှန့်ထိုဖြစ်လာရန်မှာ အနည်းငယ် အခက်အခဲ အနည်းငယ်သာ ရှိပေလိမ့်မည်။ အလွန် အရည်အချင်းရှိသူ မဟုတ်လျှင်ပင် ငယ်စဥ်ကတည်းက အမြဲ မိုးကြိုးစွမ်းအားများနှင့် လွှမ်းခြုံခံထားရပါက ဉာဏ်အလင်းမပွင့်ဘဲ မည်သို့ နေနိုင်မည်နည်း။ စိတ်အခြေအနေက လိုအပ်ချက် ရှိနေသေးလျှင်ပင် စွမ်းရည်ကတော့ ရှန့်ထိုအဆင့် ဖြစ်လာမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

အခြားသော ထိပ်တန်း အင်အားစုများ၏ ကျင့်ကြံရာနေရာများ သည်လည်း မိုးကြိုးပြစ်ဒဏ်မြို့ထက် အခြေအနေ ဆိုးဝါးမည်တော့ မဟုတ်ပေ။

“အစ်ကို ဒီတစ်ခေါက် မိုးကြိုးပြစ်ဒဏ်မြို့က ရောက်ဖို့ ခက်ခဲတဲ့ ခရီးစဥ်ပဲ။ ကျွန်မတို့ သွားပြီး စူးစမ်းကြည့်သင့်လား”

အင်ပါယာကျီမင် နယ်မြေမှ အမျိုးသမီးတစ်ယောက်က ပြောလိုက်သည်။

“ကျီကျွင်း ... ကောင်းကင်နန်းတော်ရဲ့ အခမ်းအနားက တစ်သက်မှ တစ်ခါပဲ ကြုံနိုင်တဲ့ ဖြစ်ရပ်ပဲ။ ငါတို့ လွတ်သွားလို့ မရဘူး။ ငါတို့ အခမ်းအနားကို ကြည့်ပြီးမှ မြို့ကို ပတ်ပြီး လေ့လာကြတာပေါ့”

သက်လတ်ပိုင်း ရှန့်ထိုက ပြောလိုက်သည်။ ကျီကျွင်းက ဖျတ်လတ် တက်ကြွသည့် ငယ်ရွယ်သူ ဖြစ်ကာ ကျင့်ကြံဆင့်ကလည်း အတော်လေး အားနည်းလှသည်။

“ကောင်းပြီလေ။ ဒါဆို ကိုယ့်ဘာသာပဲ သွားလိုက်တော့မယ်။ အစ်ကိုချန်ချင် ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဝင်တာလည်း စောင့်ကြည့်ရဦးမယ်”

ကျီကျွင်းက အပြုံးနှင့် ပြောလိုက်သည်။ သူမက မိုးကြိုးပြစ်ဒဏ်မြို့ ပတ်ဝန်းကျင်၏ ဆွဲဆောင်မှုကို ခံရကာ ထိုအနေအထားကို အားကျပြီး စူးစမ်းချင်စိတ် အ​ပြည့်ဖြစ်နေသည်။

“သွားစို့။ ငါတို့ ခရမ်းရင့်ကောင်းကင်နန်းတော်ကို ရောက်ဖို့ အဝေးကြီး လိုသေးတယ်” သက်လတ်ပိုင်းလူကြီးက ပြောလိုက်သည်။ လူစုက လျင်မြန်စွာ ခရီးဆက်ကြပြီး သူတို့၏ ပုံရိပ်များက လျင်မြန်စွာ လှုပ်ရှားနေကြသည်။ အချိန်နှင့်အမျှ သူတို့သည် အဝေးရှိ ကောင်းကင်သို့ မော့ကြည့်နေကြသည်။ ထိုနေရာ၌ တိမ်တိုက်ထဲများပေါ်တွင် တည်ဆောက်ထားသည့် မြို့တစ်မြို့ ရှိသည်။ ထိုသည်က မိုးကြိုးနတ်ဘုရား နန်းတော်ကဲ့သို့ပင် ခမ်းနားကြီးကျယ်လှပြီး လူအများသည် အံ့သြဘနန်း ဖြစ်ကြရပေသည်။

သူတို့သည် ထိုသည်ကို မြင်တွေ့နိုင်သော်လည်း အမှန်တွင်တော့ အဝေးကြီးပင် ရှိနေဆဲ ဖြစ်သည်။

မရေတွက်နိုင်သည့် လူများသည် လေထဲတွင် ပျံသန်း​ကာ ခရမ်းရင့်ကောင်းကင် နန်းတော်ဆီ ဦးတည်နေကြသည်။ သူတို့အားလုံးက အခမ်းအနားကို စူးစမ်းလေ့လာရန် ရောက်လာကြခြင်း ဖြစ်သည်။

“ကျွန်မ ကြားတာတော့ ကောင်းကင်အာဏာစက် ပြည်ထောင်က မင်းသားလည်း ရောက်နေတယ်ဆို” ကျီကျွင်းက ပြောလိုက်သည်။

“သူတစ်ယောက်တည်း မဟုတ်ဘူး။ ဗြဟ္မာ့သန့်စင် ကောင်းကင်က သမီးတော် ချင်းဟယ်လည်း ရောက်နေတယ်။ ပြီးတော့ ဂုဏ်သရေရှိ လူသားတန်ခိုးရှင်တွေအပြင် နတ်ဆိုးကလန်တွေက အစွမ်းထက် တန်ခိုးရှင်တွေလည်း အခမ်းအနားကို ကြည့်ဖို့အတွက် ခရမ်းရင့်ကောင်းကင် နန်းတော်ကို ရောက်လာကြတယ်။ ဂူကလန်က ဂျူနီယာလေးများ ပေါ်ထွက်လာပြီး ကတည်းက တခြား ထိပ်တန်း အင်အားစုတွေက ဆက်ခံသူတွေလည်း ပေါ်ထွက်လာတယ်။ အဲဒီဂျူနီယာလေးတွေက လောကတခွင်ကို စပြီး ခရီးထွက် နေကြပြီလေ” အင်ပါယာကျီမင် နယ်မြေမှ သက်လတ်ပိုင်း လူကြီးက ပြောလိုက်သည်။

သူက အသက်အရွယ် ကြီးပြီး သံသယ ကင်းစင်ခြင်း အဆင့်တွင် ရှိနေသူဖြစ်ရာ အခြေအနေကို ပို၍ ရှင်းလင်းစွာ သိနားလည်ပေသည်။ ခရမ်းရင့်ကောင်းကင် နန်းတော်မှ ကျင်းပသော တပည့်အသစ် ရွေးချယ်ခြင်း အခမ်းအနားက ထိုမျှ ရိုးရှင်းလိမ့်မည် မဟုတ်ပေ။ ထိုအခမ်းအနား၏ နောက်ကွယ်တွင် ခေတ်သစ်တစ်ခု စတင်လိမ့်မည် ဖြစ်သည်။ လူငယ်မျိုးဆက်များသည် ရန်ဟောင်အဆင့်ကို ဝင်ရောက်ရန် အသင့်ဖြစ်နေပြီ ​ဖြစ်ကာ သူတို့က မျိုးဆက်ဟောင်းများနေရာတွင် အစားထိုးရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ယခု ​ကောင်းကင်အာဏာစက် ပြည်ထောင်သည် ထိုမင်းသား အပေါ်တွင် ပုံအပ်ထားလေသည်။

“သူက ဘယ်လောက်တောင် အားကောင်းတာလဲ” ကျီကျွင်းက စူးစမ်းကာ မေးလိုက်သည်။

“ကောင်းကင်အာဏာစက် ပြည်ထောင် အင်ပါယာ ပြောတာတော့ သူ့သားရဲ့ ပါရမီက လေးစားခံထိုက်တယ် ဆိုတာကို ယုံကြည်မှု အပြည့်ရှိတယ်တဲ့။ ပြီးတော့ သူက အသက်ဆယ့်ရှစ်နှစ်နဲ့ တရားဝင် အိမ်ရှေ့စံ ဖြစ်လာပြီး လူရှေ့သူရှေ့ ပေါ်လာခဲတယ်။ သူ ပြန်ထွက်လာတဲ့ အချိန်မှာ ပြန်လည်မွေးဖွားခြင်း အဆင့်ကို ရောက်နေခဲ့ပြီ။ ကောင်းကင်အာဏာစက် ပြည်ထောင် အင်ပါယာက သူ့အပေါ်မှာ အများကြီး မျှော်လင့်ထားတယ်။ သူက သိသိသာသာပဲ ဂူထျန်းရှင်း ဖန်တီးခဲ့တဲ့ ပါရမီရှင်နဲ့ ယှဥ်နိုင်လိမ့်မယ်”

“ဂူကျန်းနန်ရဲ့ သားလား” ကျီကျွင်းက မေးလိုက်သည်။

“ဟုတ်တယ်။ မင်း သူ့ကို အင်ပါယာကျီမင် နယ်မြေမှာတုန်းက တွေ့ဖူးတယ်လေ။ သူက အောက်ဘုံမှာ ကျင့်ကြံခဲ့ပြီး သူ့ရဲ့ သူ့အရည်အချင်းကို သက်သေပြနိုင်ခဲ့တယ်။ အခုတော့ သူ ဘယ်လောက်ထိ အစွမ်းထက်နေမလဲ မသိနိုင်ဘူး” သက်လတ်ပိုင်းလူကြီးက ပြောလိုက်သည်။

“သူက ခရမ်းရင့်ကောင်းကင် နန်းတော်က မဟာလမ်းစဥ် ထူးခြားခန္ဓာကိုယ် ပိုင်ရှင်နဲ့ ယှဥ်နိုင်လား”

ကျီကျွင်းက မေးလိုက်သည်။ သူမက မိုးကြိုးလမ်းစဥ်ကို ကျင့်ကြံသည့်အတွက် ခရမ်းရင့်ကောင်းကင် နန်းတော်ကို အထူး ရိုသေလေးစားလေသည်။

“ဒါက ပြောဖို့ခက်တယ်”

သက်လတ်ပိုင်း လူကြီးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်လုံးများအတွင်း မိုးကြိုးတို့ လင်းလက်သွားသည်။ ဂူထျန်းရှင်းက အလွန်အစွမ်းထက်ပြီး သူက နှစ်ပေါင်းများစွာ လူအများကို ကျင့်ကြံပေးခဲ့တာကြောင့် ဖြေရန် မလွယ်ကူလှပေ။ ထိုသည်က ကောင်းကင်အာဏာစက် ပြည်ထောင်မှ ပုဂ္ဂိုလ်များ၏ တုံ့ပြန်မှုကို ကြည့်လျှင် ရှင်းလင်းစွာ မြင်နိုင်ပေသည်။

ထို့ပြင် ဂူတုံးလျှိုက ကောင်းကင်အာဏာစက်ဘုံ၏ မင်းသားဖြစ်သည်။ သူက ကျန်းယွမ်ထက် မည်သို့မှ နိမ့်ကျလိမ့်မည် မဟုတ်ပေ။

ထပ်ပြောရလျှင် နတ်ဆိုးကလန်များမှ လူသားတန်ခိုးရှင် လောကသို့ လာသော ထိပ်သီးပုဂ္ဂိုလ်များ ရှိနေသေးသည်။ သူတို့၏ စွမ်းအားများက လူသားတန်ခိုးရှင်များနှင့် သိပ်မရင်းနှီးလှပေ။

သို့သော် သူတို့ထက်တော့ မည်သို့ အားနည်းကြ လိမ့်မည်နည်း။

“မင်းရော ဘယ်လိုထင်လဲ သတ္တမဓား”

သက်လတ်ပိုင်း လူကြီးက ရီဖူရှင်းကို မေးလိုက်သည်။ သူက ရီဖူရှင်း တိတ်ဆိတ် နေသည်ကို မြင်ပြီး ရီဖူရှင်း၏ အမြင်ကို သိလိုသွားပေသည်။

“တကယ် ပြောရမှာလား” ရီဖူရှင်းက မေးလိုက်သည်။

သက်လတ်ပိုင်း လူကြီးက ခေါင်းညိတ်လိုက်၏။

“ဒါပေါ့”

“အင်ပါယာကျီမင် နယ်မြေက ခရမ်းရင့်ကောင်းကင် နန်းတော်ရဲ့ မိုးကြိုးလမ်းစဥ်ရှစ်ခုကို ဖြန့်ဝေပေးရတဲ့ လက်ခွဲတစ်ခု ဖြစ်တာကြောင့် ခင်ဗျားတို့ အားလုံးက ခရမ်းရင့်ကောင်းကင် နန်းတော်နဲ့ ထူးခြားတဲ့ ဆက်သွယ်မှု ရှိကြတယ်။ ခင်ဗျားတို့က သူတို့ကို အများကြီး ပိုပြီး မျှော်လင့်ထားလိမ့်မယ်”

ရီဖူရှင်းက ပြောလိုက်သည်။ အခြားသူများက ရီဖူရှင်းအား တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ သူတို့သည် ရီဖူရှင်းက ထိုမျှထိ ရဲဝံ့စွာ ပြောတိုလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

“ခရမ်းရင့်ကောင်းကင် နန်းတော်က ကောင်းကင်အာဏာစက်ဘုံရဲ့ အထွတ်အထိပ်မှာ ရှိနေတာလေ။ ကျွန်မတို့က သူတို့ကို ဘယ်လိုကြောင့် ရလဒ်ထက် ပိုမြင့်မြင့်မှန်းထားတယ် ဖြစ်ရတာလဲ”

ကျီကျွင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ဤသတ္တမဓားက အဓိပ္ပာယ်မရှိသည့် စကားများကို ပြောနေလေသည်။

ရီဖူရှင်းက ပြုံးလိုက်သည်။

“ဒါဆိုလည်း ကျွန်တော့်အမြင်ကို မပြောတော့ပါဘူး”

“မတွေဝေဘဲ ပြောလို့ရပါတယ်”

သက်လတ်ပိုင်း လူကြီးက ပြောလိုက်သည်။

“ကျုပ်တို့ နားထောင်ပါ့မယ်”

“ဂူထျန်းရှင်းက ဒီနေ့ရဲ့ ကောင်းကင်အာဏာစက်ဘုံ ထိပ်သီးပုဂ္ဂိုလ်တွေနဲ့ ယှဥ်ရင် ဘယ်လိုလဲ” ရီဖူရှင်းက မေးလိုက်သည်။

“သူက သူတို့တွေထက် ပိုပြီး အစွမ်းထက်မှာပေါ့”

သက်လတ်ပိုင်း လူကြီးက ပြောလိုက်သည်။ သူတို့က ဤအချက်ကိုတော့ ဝန်ခံရပေမည်။

“ဒီလိုဆိုရင် မူလလမ်းစဥ်ကို ဆက်ခံနိုင်ခဲ့တဲ့ ဂူထျန်းရှင်းရဲ့ မျိုးဆက်ကရော။ ဒီလိုဖွဲ့စည်းပုံကို ရထားပြီးတော့ သူ့ရဲ့ ကျင့်ကြံမှုက တခြားလူတွေထက် ဆိုးဝါးနိုင်တော့မလဲ။ ပြီးတော့ ကိစ္စက ဒီလိုဖြစ်လာရင် ဘာလို့ ခင်ဗျားတို့က ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေကိုပဲ အာရုံစိုက်နေတာလဲ” ရီဖူရှင်းက ထောက်ပြလိုက်သည်။

သူက ညင်သာစွာဖြင့် ဆက်ကာ ပြောလိုက်သည်။

“ပြီးတော့ ကောင်းကင်အာဏာစက် ပြည်ထောင် အင်ပါယာက သူ့သားကို နှစ်ပေါင်းများစွာ ဖွက်ထားခဲ့တာကြောင့် သူ့ကို ရိုးရိုးရှင်းရှင်း ယှဥ်လို့ ရနိုင်မှာတော့ မဟုတ်ဘူး။ တခြားတစ်ဖက်က ပြောရင် ခရမ်းရင့်ကောင်းကင် နန်းတော်က မူလတောင်တန်း အတွင်းမှာ ငြင်းဆန်မရနိုင်တဲ့ ရှုပ်ထွေးမှုထဲ ပါခဲ့တယ်လို့ ပြောနိုင်ပြီးတော့ သူတို့က နာနာကျည်းကျည်းနဲ့ပဲ ရှုံးနိမ့်ခဲ့ရတယ်။ မဟာလမ်းစဥ် အစွမ်းထက် ခန္ဓာကိုယ် ပိုင်ဆိုင်တဲ့ သူတွေက အမြဲ ထူးခြားပါတယ်။ လူတိုင်းက သူတို့ကို လေးစားကြပေမဲ့ ကောင်းကင်အာဏာစက် ပြည်ထောင် မင်းသားကို ရှုံးနိမ့်စေမယ်လို့တောင် မထင်မိဘူး”

လူတိုင်းသည် မည်သည့်မှတ်ချက်မှ မပြုဘဲ တိတ်ဆိတ်စွာ နားထောင်နေကြသည်။

ရီဖူရှင်း ပြောနသည်များက အဓိပ္ပာယ် ရှိပေသည်။ သို့သော် ခရမ်းရင့်ကောင်းကင် နန်းတော်တွင် မိုးကြိုးလမ်းစဥ် ဆက်ခံသူ အများအပြား ရှိပေသည်။

လောကအတွင်းရှိ မိုးကြိုးလမ်းစဥ်အားလုံးသည် ကောင်းကင်နန်းတော်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုသည်ကို ကြည့်ပါက ခရမ်းရင့်ကောင်းကင် နန်းတော်သည် မိုးကြိုးလမ်းစဥ် ကျင့်ကြံသူများ၏ အခရာဖြစ်ကြောင်း မြင်နိုင်ပေသည်။

ထို့ကြောင့် သူတို့သည် ရီဖူရှင်းပြောသည်အား အနည်းငယ် မယုံမကြည် ဖြစ်နေ​ဆဲ ဖြစ်သည်။ အထူးသဖြင့် မထီမဲ့မြင်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သော ကျီကျွင်း ဖြစ်သည်။

သို့သော် ရီဖူရှင်းက ဂရုမစိုက်ပေ။ လူစုက ရှေ့သို့ ဆက်လက် သွားနေကြသည်။

ခဏကြာပြီးနောက်တွင် သူတို့သည် နန်းတော် အောက်ခြေသို့ ရောက်ရှိလာကြသည်။ သူတို့သည် မိုးကြိုးနန်းတော်အား မော့ကြည့်မိသည့်အခါ အံ့သြထိတ်လန့်သည့် ခံစားမှုအား ခံစားမိကြပေသည်။ ထိုသည်က ထိတ်လန့် အံ့အားသင့်ဖွယ် မြင်ကွင်းပင် ဖြစ်သည်။

ဆူညံသံများက ညံညံစီစီ ဖြစ်နေသည်။ ကောင်းကင်လှေကား အပြင်ဘက်တွင် ရပ်နေစဥ်၌ပင် မြင်ကွင်းပေါင်းများစွာကို မြင်တွေ့နိုင်သည်။ ထို​နေရာတွင် လူပင်လယ်ကြီး ဖြစ်ပေါ်နေပြီး မရေတွက်နိုင်သော တန်ခိုးရှင်များက စုဝေးနေသည်။

ထိုအခိုက်အတန့်တွင် လူအချို့က ကောင်းကင်လှေကားမှ လျှောက်၍ တက်လာကြသည်။ ခြေလှမ်းတိုင်း၌ မိုးကြိုးက သူတို့အပေါ်တွင် ကျဆင်းနေပြီး အချို့က ရှေ့သို့ ဆက်သွား နေသော်လည်း အခြားသူများကတော့ နောက်သို့ လွင့်စဉ်ကာ လှေကားမှ ပြုတ်ကျ၍ အနာတရကြီးစွာ ရကြလေသည်။

ထိုကောင်းကင်လှေကားကို ဖြတ်သန်း၍ ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဝင်ရောက်နိုင်သူသာ အခမ်းအနားကို ကြည့်ရှုခွင့်ရပေမည်။

“မဟာလမ်းစဥ် ကောင်းကင်လှေကားမှာ သတ်မှတ်ချက် အမျိုးမျိုး ရှိတယ်။ ပိုပြီး အမြင့်ကို ရောက်လေ သွားဖို့ ခက်လာလေပဲ။ ကျုပ်တို့သာ လေးလေးနက်နက်နဲ့ မကြိုးစားရင် အခမ်းအနားကို ကြည့်ဖို့ အခွင့်အရေး ရှိမှာမဟုတ်ဘူး”

သူတို့၏ အထက်မှ သက်လတ်ပိုင်းလူကြီးက ပြောလိုက်သည်။ ထို့နောက် သူက စတင်၍ လှေကားပေါ် ခြေချလိုက်သည်။

အင်ပါယာကျီမင် နယ်မြေမှ တန်ခိုးရှင်များ အားလုံး တစ်ချိန်တည်း၌ ရှေ့သို့ လှမ်းလိုက်ကြပြီး လှေကားကို တစ်လှမ်းချင်း တစ်လှမ်းချင်း ရွေ့လျားလိုက်ကြသည်။ သူတို့သည် အလွန် လျင်မြန်လှသည်။ အစပိုင်းတွင်တော့ လွယ်ကူလှသည်။

ရီဖူရှင်းက သူတို့ကို ကြည့်လိုက်ပြီးနောက် သူသည်လည်း ရှေ့သို့ ဆက်တိုးလာခဲ့၏။ သူက ဓားတစ်ချောင်းကဲ့သို့ မားမားမတ်မတ်ဖြင့် လေထုကို ဖြတ်သန်း၍ အင်ပါယာကျီမင် နယ်မြေမှ တန်ခိုးရှင်များကို ကျော်ဖြတ်သွားလေသည်။

“သူက အရမ်းမောက်မာတာပဲ”

ကျီကျွင်းက သူ့ကို ကြည့်ကာ ပြောလိုက်သည်။ သူမက သူ့အကြောင်း အတင်းပြောခြင်းကို ရှက်ရွံ့ခြင်း မရှိဘဲ သူမကိုယ်သူမ ဖော်ပြခြင်း ဖြစ်ပေသည်။ သူက ကောင်းကင်လှေကားသို့ လျင်မြန်စွာ တက်သွားသည် ဖြစ်ရာ တန်ဖိုးကြီးကြီး ပေးဆပ်ရမှာ သေချာလေသည်။

ရီဖူရှင်းက ဓားတစ်လက်ကဲ့သို့ ပြောင်းလဲသွားပြီး အထက်ကို ပျံတက်သွားကာ ကြောက်မက်ဖွယ် လေစီးကြောင်းက ပေါ်ပေါက်လာသည်။ မိုးကြိုးက သူ့ကို ဖြတ်ကာ လှည့်ပတ်အော်မြည် နေသော်လည်း သူ၏ လုပ်ဆောင်မှုကို နည်းနည်းလေးမှ သက်ရောက်ခြင်း မရှိပေ။

“ဟမ်”

အင်ပါယာကျီမင် နယ်မြေမှ သက်လတ်ပိုင်းလူကြီးက သူ့ကို စောင့်ကြည့်နေသည်။ ကြည့်ရသည်မှာ သူတို့က သတ္တမဓား၏ အင်အားကို လျှော့တွက်မိပုံ ရလေသည်။

သူက ရှေ့ဆက်သွားသည့်အတိုင်း မိုးကြိုးများကလည်း ဆက်လက် ကျဆင်း နေသည်။ ကြည့်ရသည်မှာ အလွန် အစွမ်းထက်လှသည်။ သူက လှေကားသို့ တစ်ဟုန်ထိုး တက်သွားပြီး တစ်လှမ်းချင်းစီနှင့် လှေကားထစ်များစွာကို ဖြတ်သန်းသွားပြီး ဖြစ်သည်။ သူက လှေကားကို တက်သွားသည့်အခါ လှေကားထစ်များဆီမှ ဟစ်အော်သံတစ်ခု ထွက်ပေါ်လာပြီး အလွန်ကြောက်မက်ဖွယ် အရှိန်ဖြင့် ၎င်းသည် ရီဖူရှင်း၏ အနောက်မှ လိုက်သွားလေသည်။

အင်ပါယာကျီမင် နယ်မြေမှ အခြားတန်ခိုးရှင်များ သည်လည်း အရှိန်မြှင့်လိုက်ကြသည်။ သူတို့သည် ရှေ့သို့ ဆက်လက်သွားနေပြီး မိုးကြိုးက အားကောင်းသထက် အားကောင်းလာသည်။ သူတို့ထဲက တစ်ယောက်ဆီမှ ချောက်ချားဖွယ် အော်သံ ထွက်ပေါ်လာပြီး လှေကားအောက်သို့ လွင့်စဉ်ပြုတ်ကျ သွားလေသည်။

“အရှိန်လျှော့”

အသံတစ်ခုက သူတို့၏ ခေါင်းထက်မှ ထွက်ပေါ်လာသည်။ အင်ပါယာကျီမင်၏ နယ်မြေမှ အခြားသော တန်ခိုးရှင်များသည် သူတို့ကိုယ်သူတို့ ရှေ့ဆက်သွားရန် အတင်း ဖိအားမပေးတော့ပေ။ ထို့အစား အရှိန်လျှော့ချလိုက်သည်။

ကျီကျွင်း၏ မျက်နှာထက်တွင် အရုပ်ဆိုးသော အကြည့် ထွက်ပေါ်လာပြီး သူမတို့ အထက်တွင် အနှောင့်အယှက်ကင်းကင်း ဆက်သွားနေသည့် ပုံရိပ်ကို ကြည့်လိုက်သည်။ အင်ပါယာကျီမင် နယ်မြေမှ တန်ခိုးရှင်များက သတ္တမဓားလောက်ပင် မသွားနိုင်သည်လား။

သူတို့က ဆက်လက်၍ တက်သွားနေပြီး သူတို့၏ မျက်လုံးများထဲတွင် ခိုင်မာသည့် ဆုံးဖြတ်ချက်များ အတိုင်းသား ပေါ်လွင်နေသည်။ အချိန်ခဏကြာ ပြီးနောက်တွင် နောက်ဆုံး၌ သူတို့သည် လှေကားထစ်ထိပ်ဆုံးသို့ ရောက်ရှိလာကြသည်။

သူတို့ ရောက်ရှိသည့်အခါ အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်သည် ထိုနေရာ၌ တည်ငြိမ်စွာ ရပ်နေပြီး သူက အချိန်အတော်ကြာအောင် စောင့်နေခဲ့ရဟန် ရှိလေသည်။

အင်ပါယာကျီမင် နယ်မြေမှ လူများ၏ ရီဖူရှင်းအပေါ် မြင်သည့် အမြင်က ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူတို့က သူ့ကို ကောင်းကင်လှေကားထစ်အား တက်စဥ်က စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ထိုသည်က ထိတ်လန့် ချောက်ချားဖွယ်ပင် ဖြစ်၏။

သို့သော် မကြာခင်တွင် သူတို့၏ စိတ်ဝင်စားမှုက သူ့တို့ရှေ့မှ မြင်ကွင်းထံ ရောက်ရှိသွားသည်။ သူတို့၏ အကြည့်များက အဝေးသို့ ကျရောက်သွားခဲ့သည်။

ကောင်းကင်အမြင့်တွင် မတူညီသည့် နေရာ အများအပြား ရှိသည်။ ကောင်းကင် အာဏာစက်ဘုံ၏ အင်အားကြီး ပုဂ္ဂိုလ်များသည် ထိုနေရာ၌ စုရုံးရောက်ရှိ နေကြပေသည်။

ထိုနေရာအတွင်း အလယ်ဗဟိုက အမြင့်ဆုံး ဖြစ်သည်။ ခရမ်းရောင် ဝတ်စုံနှင့် ပုဂ္ဂိုလ်များက ထိုနေရာတွင် ထိုင်နေကြသည်။ သူတို့၏ အရှိန်အဝါများက လွှမ်းမိုးနိုင်စွမ်းရှိလှသည်။

ခရမ်းရင့်ကောင်းကင် နန်းတော်၏ လက်ထောက် နန်းတော်သခင်သည် အလယ်ဗဟိုရှိ ကျက်သရေဆောင် ထိုင်ခုံနေရာ၌ ထိုင်နေသည်။ သူ့အနီးရှိ လူများမှာ ခရမ်းရင့်ကောင်းကင် နန်းတော်၏ ပုဂ္ဂိုလ်များ ဖြစ်သည်။ သူတို့က အင်ပါယာကျီမင် တစ်​ယောက်တည်း ထိုသူတို့ ဘေး၌ ထိုင်နေသည်အား မြင်တွေ့ရလေသည်။

သူသာလျှင် မဟုတ်ဘဲ မိုးကြိုးလမ်းစဥ်ရှစ်ခု၏ ဆက်ခံသူများ ဖြစ်သော ရန်ဟောင်အဆင့် ပုဂ္ဂိုလ်များလည်း ထိုနေရာတွင် ရှိနေကြသည်။

သူတို့၏ ဘေးတွင် ခရမ်းရင့်ကောင်းကင် နန်းတော် လက်အောက်ခံ ရန်ဟောင်အဆင့် ပုဂ္ဂိုလ်အများအပြား သည်လည်း စောင့်ကြည့် နေကြပေသည်။

ရီဖူရှင်းက ရင်းနှီးနေသော ပုံရိပ်ကို သတိပြုမိလိုက်သည်။ အင်ပါယာချီသည်လည်း ထိုနေရာ၌ ရှိနေသည်။ သူကလည်း ခရမ်းရင့်ကောင်းကင် နန်းတော်၏ အုပ်ချုပ်မှုအောက်မှ အင်ပါယာတစ်ဦး ဖြစ်လေသည်။

ထိုသူများသည် ခရမ်းရင့် ကောင်းကင်နန်းတော် လက်အောက် အဆုံးမဲ့ နယ်မြေများကို ကိုယ်စားပြုသည့် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်သည်။ အားလုံးသော ထိပ်သီးပုဂ္ဂိုလ် အများစုမှာ ဤနေရာ၌ ရောက်ရှိနေပေသည်။

ထိုရန်ဟောင်အဆင့် ပုဂ္ဂိုလ်များ အားလုံးကြားတွင် ရှိနေသော ရှန့်ထိုအဆင့် အနည်းငယ်သာလျှင် ရှိနေပေသည်။ သူတို့ထဲမှ တစ်ယောက်က မဟာလမ်းစဥ် ထူးခြားခန္ဓာပိုင်ရှင် ကျန်းယွမ်ဖြစ်သည်။

***

All Chapters