← Chapters

ကံကောင်းခြင်း

Vol. 99 Ch. 1376

ကံကောင်းခြင်း

Vol. 99 Ch. 1376

“လွန်ခဲ့တဲ့ သုံးနှစ် နင်မရှိတုန်းကို သူတို့လည်ပင်းကို ညှစ်ထားပြီး ဆွဲတင်း လိုက်ရုံပဲကျန်တော့တာ” ရှီမန်ဖန် ပြောလေသည် “အင်း သူတို့အတွက်တော့ တင်းကြပ်လွန်းတဲ့နှစ်ပဲ၊ ဒေဝါလီခံရတော့မလိုဖြစ်နေတာ”

“မင်းတို့ ကြိုးစားထားကြတာပဲ” အချိန်တိုအတွင်းတွင် ထိုမျှလောက် ကောင်းမွန်အောင် စီမံနိုင်လိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ ထိုရက်များ တွင် သူတို့မည်မျှ အားထုတ်ကြောင်းကို ပြသနေသည်။ အဲဒါကြောင့် ကျင့်ကြံ သူတွေက သူတို့ကို အရိုင်းအစိုင်းလိုကြည့်နေကြာတာကိုး။

“ဆရာ ပြန်လာတာကောင်းတယ် နောက်ဆုံးတိုက်ပွဲမတိုင်ခင် ပြန်မလာ နိုင်မှာကို စိုးရိမ်နေကြတာ” နီအန်းယိ ပြောလေသည်။

“တကယ်တော့ ငါ တစ္ဆေမြို့တော်မှာ သုံးလေးလပဲ နေခဲ့တာ အချိန်စီးဆင်းမှုက ကွာသွားတာ” ရှီမာယူယူ ပြောလိုက်သည်။

“ဆရာ တစ္ဆေမြို့တော်က ဘယ်လိုပုံရှိလဲဆိုတာ ပြောပြပါဦး နောက်ကျ ရင်သွားလည်လို့ရတာပေါ့” ဒိုင်ယိသည် သွားဖြဲပြီးပြောလေသည်။

“လည်ဖို့ဆိုတာကို မေ့လိုက်တော့ မင်းသွားရင် ပြန်မလာနိုင်လောက်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်ကြီးလား အဲဒီက လူတိုင်းကအဲလောက်အားကောင်းကြတာ လား”

“အားကကိစ္စရှိတာမဟုတ်ဘူး၊ ငါက သူတို့မြို့ဝန်နဲ့ တာဝန်ခံကိုသတ်ခဲ့ တာ၊ မင်းသွားရင် လက်စားချေဖို့ပစ်မှတ်ဖြစ်လိမ့်မယ်”

“ဘာ သူတို့မြို့ဝန်ကိုသတ်ခဲ့တာလား ဘာလို့လဲ သူက မင်းကို သူ့မိန်းမ ဖြစ်ခိုင်းလို့လား”

“မြို့ဝန်က မိန်းကလေးပဲ” ရှီမာယူယူ စေပြာလိုက်သည် “ဒါပေမဲ့ သူမက ငါ့အဖေကိုဖမ်းချင်နေပြီး သူမကပဲ သူအခုလိုဖြစ်အောင် အတင်းအကြပ်ဖိအား ပေးခဲ့တာပဲ၊ ဟင်း သူမကို တိုက်ရိုက်သတ်တာကတောင် သူမအတွက် သက်ညှာပေးတာဖြစ်နေပြီ”

သူမ ဖခင်၏ လက်ရှိပုံစံကိုစဉ်းစားကြည့်လိုက်သည်နှင့် သူမ၏ အသံ သည် အေးစက်သွားလေသည်။

“ဘာ….”

အားလုံးသည် ထိုသို့ကိစ္စမျိုးဖြစ်လာမည်ဟု ထင်မထားကြပေ။

ရှီမာယူယူသည် ရှီမာလျူရွှမ်နှင့် တစ္ဆေမြို့တော်အကြောင်း ပြန်ပြောပြရာ အားလုံးသည် ရှီမာလျူရွှမ်ကို လေးစားသွားကြလေသည်။

“အစ်မကြီး တောင်ကြားကကိစ္စတွေကို စိတ်ပူဖို့မလိုပါဘူး၊ ဒီအတိုင်း နင့် အဖေကိုကုသဖို့ကိုပဲ အာရုံစိုက်ထားပါ၊ နောက်ဆုံးတိုက်ပွဲနီးလာရင် နင့်ကိုပြော လိုက်မယ်” ရှီမန်ဖန် ပြောလိုက်သည်။

“ဟုတ်တယ် ဆရာ နောက်ဆုံးတိုက်ပွဲကျမှ ဝင်ပါပြီး သူတို့ ပျက်စီးသွား တာကို ကိုယ်တိုင်မျက်လုံးနဲ့စောင့်ကြည့်လိုက်ပါ”

သူတို့သည် ရှီမာယူယူသည် ရှီမန်ယူယူဖြစ်ကြောင်းမသိကြသော်လည်း ထိုအင်အားစုနှစ်ခုကို သူမ မုန်းတီးသည်ကို နားလည်ကြသည်။ အားလုံးစသည် သူတို့ကို အပ်ထား၍ဖြစ်သည်။ သို့သော် နောက်ဆုံးတိုက်ပွဲကိုတော့ ပါဝင်ရန် လိုအပ်သည်။ မဟုတ်လျှင် သူမသည် တစ်သက်တာနောင်တရသွားနိုင်သည်။

“ဒါဆိုလည်း ကောင်းပြီလေ မင်းတို့ကိုပဲ အပ်ထားလိုက်တော့မယ်” ရှီမာယူယူသည် သူတို့၏ တောင်းဆိုချက်ကို မငြင်းဆန်ပေ။ လက်ရှိပိုအရေး ကြီးသည်မှာ သူမဖခင်ကို ကုသရန်ဖြစ်သည်။ “ဒါပေမဲ့ ပိုကြိုးစားဖို့လိုမယ်၊ ဒီကိစ္စက တစ်ရက် နှစ်ရက်နဲ့ပြီးမြောက်မယ့်ကိစ္စမဟုတ်ဘူး”

“ကျွန်တော်တို့နားလည်ပါတယ် သတင်းကောင်းကိုသာ စောင့်နေပါ”

“လိုတာတစ်ခုခုရှိရင် ငါ့ကိုသာပြောလိုက် ငါလုပ်နိုင်တာမှန်သမျှ အကုန် လုပ်ပေးမယ်” ရှီမာယူယူ ပြောလိုက်သည်။

“မစိုးရိမ်နဲ့ လိုတာရှိရင် နင့်ကိုပြောပါမယ်” ရှီမန်ဖန် ပြောလိုက်သည်။

သူတို့အားလုံးသည် သူမစွမ်းရည်ကိုသိကြရာ အကယ်၍ အမှန်တကယ် ပင် လိုအပ်မှုရှိပါက သေချာပေါက် သူမကိုသွားရှာမည်ဖြစ်သည်။

ထို့နောက် သူတို့သည် တောင်ကြားအခြေအနေကို ထပ်မံပြောပြကြလေ သည်။ သူမသည် တော်တော်များများတွင် လက်ရှောင်ထားစေသာ်လည်း သူမ သိသင့်သည့်အရာများရှိသေးတုန်းပင်။

သူတို့သည် တစ်ရက်တာနေပြီးနောက် နောက်နေ့မနက်စောစောတွင် ထွက်ခွာသွားကြသည်။ အခုချိန်သည် အရေးကြီးသောအချိန်ဖြစ်သဖြင့် နေရာ ကိုကြာရှည်လွှတ်မထားကြပေ။

ရှီမာလျူရွှမ်သည် တစ်နေကုန်အိပ်ပြီးနောက် နိုးထလာသည်။ ရှီမာယူယူ ၏ ကုသမှုနှင့်အတူ လျင်မြန်စွာပင် ပြန်ကောင်းလာပြီး ဆေးသောက်သည်နှင့် မကြာခင်တွင် ခြေလက်များမနိုင်လာသည်။

သူသည် အမြဲတစေ တည်ငြိမ်သော်လည်း တစ်ကိုယ်လုံးအပ်စိုက်ချိန်တွင် သူ၏သမီးရှေ့တွင် အပေါ်ပိုင်းဗလာကျင်းနေရသဖြင့် အနည်းငယ်ရှက်ရွံ့စေ သည်။

သူ့မျက်နှာမှ ရှက်ရွံ့မှုကိုမြင်ပြီး သူမသည် စိတ်ထဲမှပြုံးမိသည်။ သူမ၏ ဖခင်သည် ရှက်ရွံ့ပြီး အလွယ်တကူရှက်တတ်လိမ့်မည်ဟုထင်မထားပေ။

အပ်အားလုံးဖယ်ပြီးနောက်တွင် သူမသည် အင်္ကျီပြန်ဖုံးပေးလိုက်ပြီး ဟွမ်ရင်ရင်ယူထာသော ယာဂုပန်းကန်ကို ကောက်ကိုင်လိုက်သည်။ သူမသည် အိပ်ရာဘေးတွင် ထိုင်ကာ ယာဂုတစ်စွန်းအပြည့် ခွံ့ကျွေးလိုက်သည်။

“ငါ… ဒဏ်ရာတွေက ပြန်မကောင်းနိုင်ဘူးလား” ရှီမာလျူရွှမ် မေးလိုက် သည်။

ရှီမာယူယူသည် လန့်သွားသည်။ သူ့ခန္ဓာကိုယ်အခြေအနေကို အသိဆုံးသူ မှာ သူကိုယ်တိုင်ပင်ဖြစ်သည်။

“အဖေ… ကံကောင်းသွားတယ်လို့ သမီး ဘယ်လောက် ခံစားရလဲသိလား” သူမသည် သူ့မေးခွန်းကိုပြန်မဖြေဘဲ နောက်မေးခွန်းတစ်ခုဖြင့် ပြန်ဖြေလိုက် သည်။

“ဟင်”

“တစ္ဆေမြို့တော်ကို အချိန်မှီအလောတကြီးရောက်သွားနိုင်တာ အရမ်း ကံကောင်းတယ်လို့ ခံစားရတယ်၊ အဖေအသက်ရှင်နေသေးပြီး နောက်ထပ်ပြန် တွေ့နိုင်လို့ ကံကောင်းတယ်လို့ခံစားရတယ်၊ ဆယ်စုနှစ်တွေအများကြီး စဉ်းစား ခဲ့ပြီးတဲ့နောက် အဖေဘယ်လိုပုံစံရှိလဲဆိုတာ နောက်ဆုံးတော့ သိလာခဲ့ရတယ်၊ အဘိုးက သမီးကိုအရမ်းကောင်းအောင် ဆက်ဆံတယ် ဒါပေမဲ့ အမြဲတမ်း စဉ်းစားရုံအပြင်မတတ်နိုင်ခဲ့ဘူး ငါ့အဖေအမေက ဘယ်လိုပုံစံရှိလဲ၊ သူတို့သာ ငါ့ဘေးမှာရှိရင် တခြားမိဘတွေ သူတို့ကလေးတွေကိုချစ်သလိုမျိုး ငါ့ကိုချစ် မလား၊ သူတို့ ငါ့ကိုအလိုလိုက်ကြမလား၊ ငါအမှားလုပ်မိရင် သူတို့ရင်နာပေမဲ့ ငါ့ကို တင်းတင်းကြပ်ကြပ် သင်ပေးမလား၊ အဲဒါကြောင့် အဖေက အသက်ရှင် နေတဲ့အချိန်မှာ သမီးအတွက် ပျော်ရွှင်မှုက တစ်ဝက်ပဲရှိသေးတယ်၊ အမေ့ကို ရှာတွေ့ရင်တော့ ကျေနပ်ပါပြီ” ရှီမာယူယူ၏ မျက်နှာတွင် ပျော်ရွှင်မှုအပြုံးလေး ပွင့်လာသည်။

“ဒီနှစ်တွေမှာ သမီးအရမ်းကြိုးစားခဲ့ပြီးပြီ ကလေး” ရှီမာလျူရွှမ်သည် အပြစ်ရှိသလိုခံစားရကာ အဆက်အစပ်မရှိပြောလေသည်။

ထိုစဉ်က အခြေအနေများကြောင့်သာဖြစ်သော်လည်း သူမကြီးပြင်းလာ သည့်တစ်လျှောက် သူမဘေးတွင် မနေပေးနိုင်ခြင်းကြောင့် သူ စိတ်မကောင်း ဖြစ်တုန်းပင်ဖြစ်သည်။

သူမ စကားများမှ သူလိုချင်သည့် အဖြေကိုရပြီးဖြစ်လေသည်။ အကယ်၍ သူသာ ပြန်မကောင်းလာပါက သူ၏ကျန်ဘဝတစ်လျှောက်လုံး သူမနှင့်ကုန်ဆုံး ပြီး သူမကိုချစ်မည်။ သူမ ကြီးပြင်းလာသည်ကို စောင့်ကြည့်မည်။

“အဖေ… အဖေ ဘယ်လိုပုံစံပဲဖြစ်ဖြစ် အဖေက သမီးအဖေပဲ” ရှီမာယူယူ သည် သူ့လက်ကိုကိုင်လိုက်သည် “ပြီးတော့ အဖေ သမီးကိုယုံရမယ် အဖေ့သမီး ရဲ့ ဆေးပညာက အရမ်းအားကောင်းတယ်၊ ပြီးတော့ အဖေ့ကို သေချာပေါက် ကုသပေးမှာ”

“အဲလိုသားနားတဲ့ပုံစံက တကယ်ပဲ သမီးအမေနဲ့တူတယ်” ရှီမာလျူရွှမ် ပြုံးပြီး ပြောလိုက်သည်။ “ကောင်းပြီလေ၊ အဖေ ထပ်မမေးတော့ဘူး သမီးကို နှလုံးသားတစ်ခုလုံးနဲ့ယုံပါတယ်၊ အဖေ ပြန်ကောင်းသည်ဖြစ်စေ မကောင်း သည် ဖြစ်စေ သမီးဘေးမှာ အဖေနေသွားမှာပါ”

“အဖေသာ သမီးဘေးမှာရှိရင် သမီးကပျော်တဲ့ကလေးတစ်ယောက်ဖြစ် မှာပါ” ရှီမာယူယူ ပြောလိုက်သည် “လာပါ သမီးယာဂုကျွေးပါရစေ”

ရှီမာလျူရွှမ်သည် အစာပျော့များကို မကြိုက်နှစ်သက်ပေ။ သို့သော် သူ၏ သမီးဖြစ်သူမှာ လူကိုယ်တိုင်ကျွေးနေသည်မှာ လုံးဝမတူသောကိစ္စတစ်ခုပင် ဖြစ်သည်။

“အဖေ အခုတော့ အဖေ့ခန္ဓာကိုယ်မှာ ဝိညာဉ်စွမ်းအင်မရှိဘူး အဲဒါကြောင့် စားမှဖြစ်မယ် ပြီးတော့ အဖေက ဒဏ်ရာရထားသေးတာ အဲဒါကြောင့် အစာပျော့စားပဲ စားလို့ရမယ်” ရှီမာယူယူသည် ကျွေးနေရင်းနှင့် ရှင်းပြလေ သည် “အဖေက အစာပျော့တွေမကြိုက်ဘူးလို့ အဘွားပြောတယ်၊ ဒါပေမဲ့ အခု တော့ ရွေးချယ်စရာမရှိဘူးလေ ဒီယာဂုကိုသမီးကိုယ်တိုင်ချက်ပြီး အဘွားက အချိန်ကိုကြည့်ပြီးယူလာတာ၊ အဲဒါကြောင့် ဒီတစ်ပန်းကန်ကိုတော့ ကုန်အောင် စားရမယ်”

“ကောင်းပါပြီ”

သမီးဖြစ်သူ၏ တောင်းဆိုချက်ဖြစ်သဖြင့် မည်သည့်အရာပင်ဖြစ်စေကာမူ ကျေနပ်ရမည်။

တကယ်တော့ ရှီမာယူယူသည် လွန်ကျူးအောင်ကျွေးခြင်းမဟုတ်ဘဲ ပန်းကန်လုံးအသေး ပမာဏသာ ကျွေးခြင်းဖြစ်သည်။ စားပြီးနောက်တွင် သူနှင့် ခေတ္တမျှ စကားပြောပြီးနောက် အများစုမှာ သူမ ပြောနေခြင်းဖြစ်ပြီး သူက နားထောင်ရုံသာဖြစ်သည်။

သူမသည် သူမ၏ ကြုံတွေ့ခဲ့သော အတွေ့အကြုံများနှင့် သူမ ကြားခဲ့ သောအကြောင်းအားလုံးကို ပြောပြသည်။

သူမ အကြောင်းကြားရာတွင် ရှီမာလျူရွှမ်သည် အလွန်စိတ်ခံစားချက် ပြင်းပြမိသည်။ သူ၏ ချစ်သမီးသည် သန်မာလာစေရန် များစွာ နာကျင်ခံစားခဲ့ရ သည်။ သူမသည် ကောင်းမွန်သောကိစ္စများကိုသာ ရွေးထုတ်ပြောသော်လည်း အချိန်တိုအတွင်း တိုင်းပြည်တစ်ခုလုံးကို တုန်လှုပ်အောင်လုပ်နိုင်သူ မည်သူမဆို  သန်မာအောင်လုပ်ရာတွင် များစွာအားစိုက်ထုတ်ရသည်ကို သူ နားလည်သည်။

သူသည် သူမကို ဂုဏ်ယူပြီး တစ်ချိန်တည်းမှာပင် သူမအတွက် စိတ်မကောင်းဖြစ်မိသည်။

“ဒါနဲ့ အဖေ သမီးခန္ဓာကိုယ်ထဲက ချိပ်က ဘိုးဘိုးကြီးက ချိပ်ပိတ်ထားတာ လား”

“ဟုတ်တယ်လေ”

“သမီး မွေးပြီးတော့ အဖေတို့နှစ်ယောက်လုံး ဝိညာဉ်စွမ်းအင်ကုန်ခမ်း သွားတယ်လို့ ဦးလေးလျူဖန် ပြောတယ် ဘယ်လိုဖြစ်ခဲ့တာလဲ”

***

All Chapters