ရွှမ်ယွမ်အိမ်တော်ကို သွားလည်ခြင်း
Vol. 99 Ch. 1377
အစပိုင်းတွင် သူတို့ဝိညာဉ်စွမ်းအင်သည် သူမကိုချိပ်ပိတ်လိုက်ခြင်း ကြောင့် ကုန်ဆုံးသွားသည်ဟု ထင်ခဲ့သည်။ သို့သော် သူမကို ချိပ်ပိတ်ပေးသည် မှာ သူမ၏ ဘိုးဘိုးကြီးဖြစ်ကြောင်းကို နောက်မှသိလိုက်ရသည်။ သူတို့တွင် မည်သည့်ကိစ္စများဖြစ်ခဲ့သနည်း။
ရှီမာလျူရွှမ်သည် ထိုစဉ်က အဖြစ်အပျက်ကို စဉ်းစားနေသည့်အလား ခေတ္တမျှတိတ်ဆိတ်သွားသည်။ သို့သော် သူသည် ပြန်မပြောချင်သည့်ပုံပေါက် နေသည်။ အတန်ကြာပြီးသည့်နောက်တွင် သူ စကားပြောလာသည်။
“သမီးအမေ ကိုယ်ဝန်ရပြီးမကြာခင်မှာပဲ သူမ အဆိပ်မိထားတယ်ဆိုတာ ကို အဖေတို့သိခဲ့တယ်၊ အဖေတို့အကြာကြီးစစ်ဆေးကြည့်ခဲ့တယ်၊ သမီးရဲ့ ဦးလေးလျူဖန်တောင်မှ ကူပြီးစစ်ဆေးကြည့်ခဲ့တယ်၊ ဒါပေမဲ့ ဘာမှမတွေ့ခဲ့ကြ ဘူး၊ အဲတုန်းက သူမ ကိုယ်ဝန်မမြဲနိုင်လို့ ကလေးမယူတာကောင်းမယ်လို့ သူတို့ ပြောခဲ့ကြတယ်၊ ဘယ်သူတွေဘာပြောပြော သူမက သမီးကိုမွေးဖို့ တင်းခံခဲ့ တယ်၊ သူမက အဆိပ်မိထားတာရယ် သမီးမှာက ဝိညာဉ်စွမ်းအင်နှစ်မျိုးရှိနေ တာရယ်ကြောင့် မွေးဖွားရခက်ခဲ့တယ်၊ မွေးဖွားနေတုန်းကို အဖေက သူမ ခန္ဓာကိုယ်ထဲကို ဝိညာဉ်စွမ်းအင်တွေ ထည့်ပေးခဲ့တယ်၊ နောက်ဆုံး သမီးမွေး လာတော့ အဖေတို့ ပျော်ခဲ့ကြတယ်၊ ဒါပေမဲ့ သမီးအမေရော အဖေရောက အဲဒါ ကြောင့် ခြေကုန်လက်ပမ်းကျနေချိန်မှာ အဲလိုတွေဖြစ်လာမယ်လို့ ထင်မထား ကြဘူး”
“သိပါပြီ အဲဒါကြောင့် သမီးခန္ဓာကိုယ်ထဲက အဆိပ်က အမေ့ဗိုက်ထဲက ပါလာတာပဲ” ရှီမာယူယူ ရေရွတ်လိုက်သည် “အဖေ သမီးကိုမွေးပြီး ဘဝတစ်ခု ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“သမီးခန္ဓာကိုယ်ထဲက အဆိပ်ကို ဘယ်လိုထုတ်လိုက်တာလဲ” ရှီမာလျူရွှမ် မေးလိုက်သည်။
သူတို့တောင်မှာ ဘာအဆိပ်လဲဆိုတာကို မဖော်ထုတ်နိုင်တာ သူမက အဆိပ်ကိုဘယ်လိုထုတ်လိုက်တာလဲ။
“အဲတုန်းက သမီးငယ်သေးတယ်၊ ကံကောင်းပြီးတော့ သမီးခန္ဓာကိုယ်ထဲ ကအဆိပ်ကိုစိတ်ဝင်စားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်နဲ့တွေ့ခဲ့ တယ်၊ သမီးကိုကုပြီးတာနဲ့ သူဘယ်သွားလိုက်တယ်ဆိုတာတော့ သမီးလည်း မသိလိုက်ဘူး” ရှီမာယူယူသည် ခေတ္တမျှစဉ်းစားလိုက်သည်။ သို့သော် သူမ သူတို့ကို အမှန်မပြောသေးပေ။ သူတို့လက်ခံနိုင်သည် လက်မခံနိုင်သည်ကို မသိနိုင်သေးပေ။
“ဒါဆိုရင် အဖေတို့ သူ့ကိုကျေးဇူးတင်သင့်တာပေါ့” ရှီမာလျူရွှမ် ပြော လိုက်သည် “သူဘယ်သူလဲဆိုတာ သိလား”
“သမီးလည်းမသိဘူး၊ သူက အဲဒီကိုခရီးထွက်လာတာလို့ ပြောတယ်၊ သူက သမီးခန္ဓာကိုယ်ထဲကအဆိပ်ကိုစိတ်ဝင်စားတယ်၊ အဖေ မစိုးရိမ်ပါနဲ့ သမီး အသက်ကိုကယ်ပေးတဲ့လို့ သူ့ကိုကျေးဇူးတင်တဲ့အနေနဲ့ ရတနာတချို့ လက်ဆောင်ပေးလိုက်ပါတယ်” ရှီမာယူယူ ထပ်ပေါင်းပြောလိုက်သည်။
“ကောင်းတယ် အင်း နောင်တစ်ချိန် သူ့ကိုတွေ့ရင်တော့ သေချာလေး ကျေးဇူးတင်ရမှာပေါ့” ရှီမာလျူရွှမ် ပြောလိုက်သည်။
“ကောင်းပါပြီ” သူ ထိုအရာကိုအာရုံစိုက်ထားလိမ့်မည်ဟု ရှီမာယူယူ မသိ ခဲ့ပေ။
တကယ်တော့ ထိုကိစ္စသည် သူမအပေါ် သက်ရောက်မှုကြီးလွန်းသော ကြောင့် သူ့ကို တင်းတင်းမာမာအပြစ်မတင်နိုင်ခဲ့ပေ။ မူလအစက သူမသည် အေးချမ်းသောဘဝတွင် သာမန်လူကဲ့သို့ ကြီးပြင်းသည်နှင့် သူပျော်ပြီဟု ထင်ခဲ့ သည်။ သို့သော် အံ့ဩလောက်အောင်ပင် သူဝမ်းသာသည်မှာ သူမ အဆိပ်ကို ဖြေပေးသူနှင့်တွေ့ပြီး ကျင့်ကြံမှုလမ်းကြောင်းသို့ရောက်ရန် အခွင့်အရေးပေး သည်ကိုဖြစ်သည်။
“အဖေ အဖေတို့သုံးယောက်ခရီးသွားတဲ့အကြောင်းကို ဆရာပြောတာ ကြားဖူးတယ်၊ ဒါပေမဲ့ အသေးစိတ်တော့မသိဘူး၊ အဖေ သမီးကိုအသေးစိတ် ပြောပြရင် တရားခံရဲ့သရုပ်မှန်ကို ခွဲခြမ်းစိတ်ဖြာဖို့အတွက် ကူပေးနိုင်တာပေါ့” သူမသည် အောင်မြင်စွာပင် စကားလမ်းကြောင်းလွှဲနိုင်လိုက်သည်နှင့် သူ၏ အာရုံသည် ချက်ချင်းပင် ပြောင်းသွားသည်။
“ဆရာဟုတ်လား သမီးပြောတာ အဲကောင်ဖန်ကျိရှင်းလား၊ သူက တကယ်ပဲ သမီးဆရာဖြစ်လာတာလား” ရှီမာလျူရွှမ်သည် ဒေါသထွက်နေ သည် “အဲကောင်က ငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်လိုလုပ် သမီးကိုတပည့်အဖြစ် လက်ခံလိုက်တာလဲ၊ အဲကောင်တော့ ဟင်း သူ့ကိုတွေ့ရင် သေချာမေးရမယ်”
“ဆရာက သမီးအပေါ်ကောင်းပါတယ်” ရှီမာယူယူသည် သူတို့ နှစ်ယောက်၏ အချစ်ရေးပြိုင်ဆိုင်မှုအကြောင်းကို သိထားသဖြင့် ပြုံးပြီးပြော လိုက်သည် “သူလည်း အဖေ့ကိုတွေ့ချင်မယ်လို့ထင်တယ်၊ အဖေ ဘာတွေဖြစ် ခဲ့လဲဆိုတာ ပြောပြပါ”
“ကောင်းပြီလေ”
ရှီမာလျူရွှမ်သည် ပြီးခဲ့သည့်အဖြစ်ကိုပြန်ပြောပြာလေသည်။ သူ့ဆီမှ အသေးစိတ်အကြောင်းအရာများကို ကြားပြီးနောက်တွင် သံသယရှိသူကို ဖော်ထုတ်ရန် နယ်ပယ်ကျဉ်းသွားလေသည်။
သို့သော် သူမ စိတ်ထဲတွင် မှတ်ထားသည်များကို သူ့ကိုပြောရန် အစီအစဉ်မရှိပေ။ သူမ အချိန်ရလျှင် စုံစမ်းရန် စီစဉ်ထားလိုက်သည်။
“အဖေ ကောင်းကောင်းအနားယူပါ သမီးအဖေ့အတွက်ဆေးဖော်ပေးမယ်” ရှီမာယူယူသည် သူ့ပါးစပ်ထောင့်ကိုသုတ်ပေးပြီး ထလိုက်သည်။
“အလွန်အကျွံတွေမလုပ်ပါနဲ့” ရှီမာလျူရွှမ် လှုံ့ဆော်လိုက်သည်။
“မစိုးရိမ်ပါနဲ့ သမီးက တိုင်းတာပြီးလုပ်တတ်ပါတယ်”
ရှီမာယူယူ ပြောပြီးသည်နှင့် ထွက်သွားလေသည်။ သို့သော် ထွက်သွား သည်နှင့် ဆေးဖော်ခြင်းမပြုဘဲ အမှတ်တရစားသောက်ဆိုင်သို့သွားလိုက်သည်။ ထွက်မသွားခင်တွင် သူမသည် ရွှမ်ယွမ်ဆိုင်တည်နေရာကို မေးသွားသည်။
သူမ ထိုနေရာသို့မရောက်သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ အသုံးဝင်ဦးမလားတော့ မသေချာပေ။
သူမသည် ရွှမ်ယွမ်ဆိုင်သို့ တစ်ယောက်တည်းသွားရာ ဆိုင်ဝန်ထမ်းသည် သူမကို ချက်ချင်းပင် လာနှုတ်ဆက်လေသည်။
“သခင်မလေး ဘာများလုပ်ပေးရမလဲ”
ရှီမာယူယူသည် ကျွင်းချန်း သူမကိုပေးထားသော တံဆိပ်ပြားကိုထုတ် ပေးပြီးပြောလိုက်သည် “မင်းတို့ တာဝန်ခံကိုတွေ့ချင်တယ်”
တံဆိပ်ပြားကိုကြည့်ပြီး ဝန်ထမ်း၏ အမူအရာသည် ယဉ်ကျေးမှုမှ လေးစားမှုအဖြစ်ပြောင်းသွားကာ သူမကို အသာအယာဦးညွှတ်ပြီး ပြောလိုက် သည် “ဆိုင်တာဝန်ခံက အပေါ်မှာရှိပါတယ် ကျွန်တော့်နောက်လိုက်ခဲ့ပေးပါ”
“ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် တံဆိပ်ပြားကိုသိမ်းပြီး အပေါ် ထပ်သို့လိုက်သွားလိုက်သည်။
ဆိုင်ဝန်ထမ်းသည် သူမကို အပေါ်ထပ်အတွင်းပိုင်းကျသော အခန်းသို့ ခေါ်သွားပြီး တံခါးခေါက်လိုက်ရာ ဆိုင်တာဝန်ခံ၏ တုံ့ပြန်မှုကိုကြားသည်နှင့် တံခါးဖွင့်ကာ ပြောလိုက်သည် “ဆိုင်တာဝန်ခံ သခင်မလေးယူယူလာပါတယ်”
ဆိုင်တာဝန်ခံသည် ဝန်ထမ်း၏ နောက်မှကပ်ပါလာသော ရှီမာယူယူကို မြင်သည်နှင့် ချက်ချင်းပင် ထရပ်ကာ အရှေ့သို့အမြန်လာပြီးပြောလေသည် “ကျွင်းရှီးက သခင်မလေးယူယူကိုတွေ့ဆုံပါတယ်”
“ဟင်” ရှီမာယူယူသည် သူမကိုသိနေသည့်သူတို့ကို အနည်းငယ်အံ့ဩမိ သည်။
“သခင်မလေးက မိန်းကလေးဖြစ်ကြောင်း ပေါ်သွားတာနဲ့ ကျွန်တော်တို့ က သခင်လေးအကြောင်းကို သိပြီးပါပြီ” ကျွင်းရှီး ရှင်းပြလေသည်။
သူမ သူတို့ကိုသွားမရှာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သဖြင့် သူမကို မှတ်မိနေသေးလိမ့်မည်ဟု ထင်မထားပေ။
“ကောင်းပါပြီ ဒီတစ်ခေါက်ကျွန်မလာရတာက ရှင်တို့ အကူအညီလိုတဲ့ ကိစ္စလေးရှိလို့ပါ” ရှီမာယူယူ ပြောလိုက်သည်။
“သခင်မလေး ပြောပါ”
“ရွှမ်းယွမ်ဆိုင်က သတင်းတွေရောင်းတယ်မလား” ရှီမာယူယူ မေးလိုက် သည်။
“ဟုတ်ပါတယ် သခင်မလေး ဘာကိုသိချင်တာလဲ” ကျွင်းရှီး မေးလိုက် သည်။
ရှီမာယူယူ စားပွဲဆီသို့လာပြီး စားပွဲပေါ်မှ မှင်တံကိုယူပြီး စက္ကူပေါ်တွင် နာမည်တချို့ရေးလိုက်သည်။
“တာဝန်ခံကျွင်း ဒီလူတွေရဲ့ ကိစ္စတွေကို ကျွန်မကို ကူပြီးစစ်ကြည့်ပေးပါ အဓိကက လွန်ခဲ့တဲ့ အနှစ် ငါးဆယ်က ဘာတွေဖြစ်ခဲ့တာလဲ၊ ဘယ်ဘက်ကို လိုက်ရမလဲဆိုတာ ရှင်သိမယ်ထင်ပါတယ်”
ကျွင်းရှီးသည် စာရင်းပေါ်မှနာမည်များကို ကြည့်ပြီးပြောလိုက်သည် “ဒီလူတွေက အတွင်းဒေသက သခင်မလေးတွေလား မဟုတ်ရင် ဂုဏ်းကြီးတစ် ခုခုက ဂုဏ်ယူလောက်စရာ တပည့်တွေလား၊ သခင်မလေး ကသူတို့ကိစ္စတွေ ကို ဘာလို့များ စစ်ဆေးချင်တာလည်း မေးလို့ရမလား”
“လွန်ခဲ့တဲ့ အနှစ်ငါးဆယ်က ကျွန်မအမေ ကိုယ်ဝန်ဆောင်တုန်းက သူမ အဆိပ်မိတယ်ဆိုတာကို သိခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေက အဲတုန်းက ဘာလုပ်နေခဲ့တာလဲဆိုတာကို စုံစမ်းစေချင်တယ်၊ သူတို့ ဘယ်သူနဲ့ ဆက်သွယ်ခဲ့တာလဲ၊ သူတို့သတင်းတွေ အကုန် ကျွန်မရချင်တယ်၊ အသေးစိတ် အထိပေါ့၊ အခကြေးငွေကိုတော့ ပုံမှန်ဈေးအတိုင်းပဲ ကျွန်မပေးပါမယ်”
“အခကြေးငွေကတော့ မလိုပါဘူး” ကျွင်းရှီး ပြောလိုက်သည် “သတင်းရ မယ်ဆိုရင် သခင်မလေးကို ချက်ချင်းပဲ အကြောင်းကြားလိုက်ပါမယ်”
“ဒီကိစ္စက ကိုင်တွယ်ဖို့ လွယ်မှာမဟုတ်ဘူး၊ ပြီးတော့ လွန်ခဲ့တဲ့ အနှစ် ငါးဆယ်ကကိစ္စလေ၊ သူတို့သရုပ်မှန်တွေကလည်း သာမန်မဟုတ်ကြဘူး၊ ရှင် စုံစမ်းမယ်ဆိုရင် အားအများကြီးစိုက်ထုတ်ရလိမ့်မယ်” ရှီမာယူယူ ပြောလိုက် သည်။
“ကျွန်တော်တို့ အထက်က ညွှန်ကြားချက်တွေရပြီးပါပြီ သခင်မလေး ဘယ်လိုတောင်းဆိုချက်ပဲလုပ်လုပ် ကျွန်တော်တို့ ဖြည့်ဆည်းပေးမှာပါ” ကျွင်းရှီးသည် လေးစားစွာဖြင့် ပြောလေသည်။
အမိန့်များသည် ဘာကြောင့်ထိုသို့ ချမှတ်သလဲဆိုသည်ကို သူ မသိ သော်လည်း လက်အောက်ငယ်သားတစ်ယောက်အနေနှင့် လိုက်နာရန်သာရှိ သည်။
“တကယ်လား” ရှီမာယူယူ ရေရွတ်လိုက်သည်။ ကျွင်းချန်း၏ အမိန့် ကြောင့်ဖြစ်နိုင်သည်။ ကျွင်းချန်းသည် ဖန်ရူယန်ကြောင့် သူမကို အလွန်ကြင်နာ ခဲ့သည်။
ဖန်ရူယန်ကို စဉ်းစားလိုက်သည်နှင့် သူမကို စစ်ဆေးပေးရန် ချိန်းဆိုထား သည့်အချိန်ကို ရောက်မလာခဲ့သည်ကို မှတ်မိသွားသည်။ တစ်ခုခုများဖြစ်လို့ လား။ သူမကို ဆက်သွယ်နိုင်မလား မသိဘူးပဲ။
“ဒါဆိုရင် ရှင်သတင်းရတာနဲ့ ကျွန်မကို ပို့ပေးပါ၊ ကျွန်မဘယ်မှာရှိလဲ ဆိုတာ သိမယ်ထင်ပါတယ်၊ မသိရင် အမှတ်တရစားသောက်ဆိုင်ကိုသွားပါ”
“ကောင်းပါပြီ၊ သတင်းရတာနဲ့ သခင်မလေးကိုချက်ချင်း လူလွှတ်ပေး လိုက်ပါမယ်”
“ဟုတ်ပါပြီ သူတို့ဘာမှသတိမထားမိအောင် ဂရုစိုက်ပါ” ရှီမာယူယူသည် သူ့ကို အထူးတလည်သတိပေးပြီးနောက် ရွှမ်းယွမ်ဆိုင်မှ ထွက်သွားလေသည်။
***