ဖန်ရူယန်အား ဆက်သွယ်ခြင်း
Vol. 99 Ch. 1378
အမှန်တွင် လွန်ခဲ့သည့် ၂ နှစ်မှစပြီး အသည်းကွဲတောင်ကြားသည်လည်း သတင်းများကို စတင်စုဆောင်းခဲ့သည်။ သို့သော် နာမည်ဟောင်း ရွှမ်းယွမ်ဆိုင် နှင့်ယှဉ်လျှင် ဝေးကွာသေးသည်။ ထောက်လှမ်းရေး ကွန်ရက်တွင် သူတို့သည် ပြင်ပ အစွန်အဖျားတွင်သာ ခြေချခဲ့ရသည်။
သူမ စုံစမ်းခိုင်းချင်သည့် ကိစ္စများသည် လက်လွန်းသဖြင့် ရွှမ်းယွင်ဆိုင် သာ ကြိုးစားနိုင်မည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် အသုံးဝင်သည့် သတင်း ရနိုင်မလားဆိုသည်ကို သူမ မသေချာပေ။
ရွှမ်းယွမ်ဆိုင်မှ ပြန်လာပြီးနောက်တွင် သူမသည် သူမ၏ အခန်းတံခါးကို ပိတ်ပြီး သူမ အသိစိတ်ပင်လယ်တွင်ရှိနေသော ဖန်ရူယန်နှင့်ဆက်သွယ်ရန် ပထမဆုံးအကြိမ်ကြိုးစားကြည့်သည်။
ဖန်ရူယန်သည် အသာအယာမျက်မှောင်ကြုတ်ပြီး သူမ၏ မျက်လုံးများ လှုပ်ခတ်သွားသော်လည်း ပွင့်မလာပေ။ ထို့နောက်တွင် သူမ ပြန်ငြိမ်ကျသွား လေသည်။
ရှီမာယူယူ ထွက်လာသည်။ သူမနှင့် ဘာကြောင့် ဆက်သွယ်၍မရနိုင် သည်ကို မသိပေ။
တစ်ရက်ကြာပြီးနောက်တွင် သူမသည် ရှီမာလျူရွှမ်ကို အပ်စိုက်ကုသ ပေးပြီးထွက်လာခဲ့သည်။ သူမ ခြံဝန်းသို့ရောက်သည်နှင့် တစ်စုံတစ်ခုကို အာရုံ ခံမိသွားသည်။ သူမ ခေါင်းလှည့်ပြီး ခြံဝန်းဆီသို့ကြည့်လိုက်ရာ အမျိုးသမီး တစ်ယောက် ရုတ်တရက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
“အဒေါ်” ရှီမာယူယူသည် သူမကို တရိုတသေ ဦးညွှတ်ပြီးနှုတ်ဆက်ပြီး ပြောလိုက်သည် “အဒေါ်ဖန် ကျွန်မ ဆက်သွယ်တာကိုရလိုက်တာလား”
ထိုအမျိုးသမီးသည် သူမ ဂိုဏ်းတည်ထောင်စဉ်က ဂုဏ်ပြုရန်လာရောက် ခဲ့သောသူဖြစ်သည်။ သူမ လျင်မြန်စွာရောက်လာမည်ဟု ထင်မထားပေ။
ဆေးတစ်ခါလာယူသော လူသည် သူမဘာသာ ဆေးဖော်တော့မည်ဟု ပြောသွားပြီးနောက် ပေါ်မလာတော့ပေ။ ထိုလူသည် ဤအမျိုးသမီးနှင့် မတူ တခြားလူသာဖြစ်သည်။
ထို့ကြောင့် ဤအမျိုးသမီးသည် ဖန်ရူယန်၏ဘက်မှ လူဖြစ်ရမည်။
ဖန်လျန်ရှီသည် သူမကို ထရန်ကူညီပေးလိုက်ပြီး ပြောလေသည် “သခင်မ လေး သူမကိုရှာနေတယ်လို့ သခင်မက အာရုံခံမိတယ်လေ၊ အဲဒါကြောင့် ဘာကိစ္စများဖြစ်မလဲလို့ သူမက မေးခိုင်းလိုက်တာပါ”
“တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ အဒေါ်ဖန်က ဘာမှပြန်မပြောလာ ဘူးလို့ထင်လို့ပါ၊ သူမ အခုဘယ်လိုနေလဲမသိဘူး” ရှီမာယူယူသည် စိုးရိမ်တကြီး မေးလေသည်။
“သခင်မလေး မစိုးရိမ်ပါနဲ့ သခင်မရဲ့အခြေအနေက အခုဆိုရင် တော်တော်လေး တည်ငြိမ်နေပါပြီ၊ ဒါပေမဲ့ တစ်ခုခုကြောင့်ဖြစ်မယ် သူမ အဝေး ကြီးထိလမ်းမလျှောက်နိုင်သေးဘူး” ဖန်လျန်ရှီ ပြောလိုက်သည်။
“ကောင်းပါပြီ” သူမသည် စာအုပ်တစ်အုပ်ထုတ်ကာ ပြောလိုက်သည် “ဒါက ကျွန်မပုံမှန် သုံးနေကျ အပ်စိုက်ကုထုံးနည်းလမ်းပါ၊ အဒေါ်ဖန်ဘေးမှာ လည်း ဆေးပညာရှိတဲ့လူတွေရှိမယ်လို့ထင်ပါတယ်၊ ဒါကိုလေ့လာတာက အချိန်မကြာပါဘူး၊ နောက်ဆုံးစာမျက်နှာမှာရေးထားတာတွေက အဒေါ်ဖန်ရဲ့ အရင်တစ်ခေါက်ကအခြေအနေအရ ရေးထားတဲ့ အပ်စိုက်ကုထုံးနည်းလမ်းတွေ ပါ၊ သူမ အခြေအနေအပြောင်းအလဲမရှိရင် ဒီအတိုင်းဆက်သွားလို့ရပါတယ်”
ဖန်လျန်ရှီသည် လက်ရေးမူဖြင့် ရေးသားထားသည့်စာများ ပန်းချီများဖြင့် ပြည့်နေသော စာအုပ်ကိုသိချင်စိတ်ဖြင့် ယူလိုက်သည်။
“ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါကို သခင်မကို သေချာ ပေါက်ပေးလိုက်ပါမယ်” သူမသည် ရှီမာယူယူကို ခေါင်းညိတ်ပြလေသည်။
“ဖြစ်နိုင်မယ်ဆိုရင် အဒေါ်ဖန်လာရင် အကောင်းဆုံးပါပဲ၊ သူမကို ကိုယ်တိုင် စစ်ကြည့်တာက အကောင်းဆုံးပါပဲ၊ ကုသမှုနည်းအသစ် နှစ်ခုကို စဉ်းစားထားတယ်၊ ဒါပေမဲ့ အဲဒါကိုပြီးပြည့်စုံအောင်လုပ်ရသေးခင်မှာ အရင်ဆုံး သူမရဲ့ လက်ရှိအခြေအနေကို စမ်းသပ်ကြည့်ရဦးမယ်” ရှီမာယူယူ ပြောလိုက် သည်။
“သခင်မက အခု ကမ္ဘာဦးနယ်မြေမှာမရှိပါဘူး၊ သူမ ပြန်လာတဲ့အချိန်ကျ ရင် သခင်မလေးနဲ့တွေ့ပေးဖို့ စီစဉ်ပေးပါမယ်” ဖန်လျန်ရှီသည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမ ကြည့်လေလေ ပိုသဘောကျလေလေဖြစ်သည်။ ဤ ကလေးသည် ဖန်ရူယန်၏ သရုပ်မှန်ကို တစ်ခါမှမမေးဖူးသလို သူမ၏ချစ်ခင်မှုနဲ့ ဂုဏ်သတင်းကို ဘယ်တော့မှမမှီခိုခဲ့ဖူးပေ။ အပြင်တွင် ပြုလုပ်ခဲ့သော ကိစ္စတိုင်း သည် မည်သူကိုမှမမှီခိုဘဲ သူမကိုယ်ပိုင်အားကို အားကိုးပြီးတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ရှီမာယူယူသည် ဖန်ရူယန်ကို ကုသရန်အကြီးမားဆုံးသော မျှော်လင့်ချက် ရှိသူတစ်ယောက်ဖြစ်သဖြင့် ရှီမာယူယူကိုကာကွယ်ပြီး သူမ၏ ကြီးထွားမှုကို သူတို့ အာရုံစိုက်ကြည့်နေကြခြင်းကြောင့် ရှီမာယူယူ၏ အရေးကိစ္စများကို အချိန်နှင့် တပြေးညီသိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးသည် သူမ ၏ အတွေ့အကြုံနှင့် ထိုအချိန်အတောအတွင်းတွင် မည်မျှကြိုးစားခဲ့ကြောင်းကို အားလုံးသိကြသည်။
တုလေး၏ မျိုးနွယ်စုကြောင့် ဖန်ရူယန်ဒဏ်ရာရသွားခဲ့သည့် အချိန်မှလွဲ ပြီး တခြားအချိန်များတွင် သူမသည် ဖန်မျိုးနွယ်ကို အားကိုးခြင်းမရှိခဲ့ပေ။
ထိုကဲ့သို့ အတွေးမျိုး သူမစိတ်ထဲတွင် ပေါ်လာပုံမရပေ။
“သခင်မလေးက သခင်မရဲ့ သရုပ်မှန်ကိုတစ်ခါမှမမေးဖူးဘူး၊ မသိချင်ဘူး လား” ဖန်လျန်ရှီ မေးလိုက်သည်။
“အဒေါ်ဖန်က အဒေါ်ဖန်ပဲလေ သူမသရုပ်မှန်က သရုပ်မှန်ပဲ၊ ပြီးတော့ ကျွန်မခင်တဲ့သူက အဒေါ်ဖန်ပါ သူမ သရုပ်မှန်မဟုတ်သလို သူမရဲ့ ဩဇာ မဟုတ်ဘူး အဲဒါကြောင့် သူမမှာ ဘယ်လိုသရုပ်မှန်ပဲရှိပါစေ ဘာများကိစ္စရှိလို့ လဲ ဘာလို့လဲ” ရှီမာယူယူ ပြုံးလိုက်သည်။
“ဟားဟား လိမ္မာတဲ့ကလေးပဲ” ဖန်လျန်ရှီသည် သူမခေါင်းကို ထိလေ သည် “အချိန်တန်ရင်တော့ သိသွားမှာပါ”
“အဲလိုပဲထင်ပါတယ်”
“အရင်တစ်ခေါက်က သခင်မလေးကို သခင်မပေးလိုက်တဲ့ ပစ္စည်းတွေ မသုံးရသေးဘူးမလား” ဖန်လျန်ရှီ ပြောလိုက်သည် “အခု သခင်မလေးက ဧကရာဇ်အဆင့်ရောက်နေပြီဆိုတော့ သုံးလိုက်ပါ” သူမသည် ကြင်နာစွာ သတိ ပေးလေသည်။
သူမ ပြောပြီးနောက်တွင် ထိုစဉ်က ဖန်လျန်ရှီ သူမကို သေတ္တာတစ်လုံး ပေးခဲ့သည်ကို ပြန်အမှတ်ရသွားသည်။ သူမ ဧကရာဇ်အဆင့်ရောက်သည့် အချိန်တွင် ဖွင့်ရန်ပြောခဲ့သည်။ သူမ အလုပ်များနေသဖြင့် လုံးဝကိုမေ့နေခဲ့ သည်။
“သခင်မလေး အဲဒီပစ္စည်းက အခု သခင်မလေးအတွက် အရမ်းအသုံးဝင် မှာပါ၊ သုံးလိုက်ပါ” ဖန်လျန်ရှီ ကြည်လင်သည့် သလင်းကျောက်များပါသည့် သေတ္တာတစ်လုံးကို မထုတ်မီတိုက်တွန်းခဲ့သည်။ “နောက်တစ်ခါ သခင်မလေး ကျွန်မတို့ကိုရှာချင်ရင် ဝိညာဉ်စွမ်းအင်တချို့ကိုဒီအထဲကိုထည့်လိုက်ပါ၊ အချက် ပြတာကိုရတာနဲ့ လူလွှတ်လိုက်ပါမယ်၊ တခြားကိစ္စမရှိရင် အရင်သွားလိုက်ပါဦး မယ်”
“ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ် အဒေါ်”
သူတို့ အလုပ်များသည်ကို ရှီမာယူယူသိသဖြင့် သူမကို ထပ်ဆွဲမထား တော့ပေ။
ဖန်လျန်ရှီသည် သူမကိုခေါင်းညိတ်ပြခဲ့သည်။ ခဏအကြာတွင် သူမ သည် ခြံဝန်းထဲမှပျောက်သွားလေသည်။
ဟွမ်ရင်ရင်နှင့် တခြားသူများသည် အိမ်ထဲမှထွက်လာရာ ခြံဝန်းထဲတွင် ရှီမာယူယူကို မြင်လိုက်လေသည်။ သူတို့ မေးလိုက်သည် “ကလေး ခုနက အဲလူ ကဘယ်သူလဲ”
“အဒေါ်ဖန်ရဲ့ လက်အောက်ကအမျိုးသမီးပါ”
“အဒေါ်ဖန်ဟုတ်လား ဖန်လား” ဟွမ်ရင်ရင်နှင့် ရှီမာရှုံံ့တို့သည် တစ် ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။ နှစ်ယောက်လုံးသည် ထိတ်လန့် စရာ တစ်ခုခုကိုတွေးမိသွားသည့် ပုံပင်။
အားမှာ အလွန်ကောင်းသည်။ မျိုးရိုးနာမည်မှာ ဖန်ဖြစ်သည်။ သူတို့ နှစ်ယောက်လုံး စဉ်းစားမိသည့် တစ်ယောက်အပြင် တခြားမရှိနိုင်ပေ။
“သမီးရဲ့အဒေါ်ဖန်က ဘယ်လိုသရုပ်မှန်ရှိလဲဆိုတာသိလား” ရှီမာရှုံ့ချီ မေးလိုက်သည်။
“မသိပါဘူး မေးလည်းမမေးဘူးလေ၊ သူမမှာ အားကောင်းတဲ့နောက်ခံရှိ မှာပါ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သမီးအဒေါ်ဖန်ကို သဘောကျတာ က သူမကိုသဘောကျတာပဲရှိတာ သူမ သရုပ်မှန်နဲ့ဘာမှမဆိုင်ပါဘူး”
“လိမ္မာလိုက်တဲ့ကလေး” ဟွမ်ရင်ရင်သည် သူမခေါင်းကိုထိလေသည်။
“အဘိုး အဘွား သမီး ဆေးပစ္စည်းတွေယူပြီး ရှေးဟောင်းစာအုပ်တွေဖတ် ဖို့အခန်းကိုပြန်လိုက်ဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။
“သွားပါ”
ရှီမာယူယူပြန်သွားသည်ကို စောင့်ပြီးနောက် ဟွမ်ရင်ရင် မေးလိုက်သည် “ရှင်ပြောကြည့်… ဒီဖန်မျိုးနွယ်က ကျွန်မတို့သိတဲ့ဖန်မျိုးနွယ်လား”
“အစေခံတစ်ယောက်ဖြစ်ပြီး တိတ်တိတ်လေးပေါ်လာပြီး တိတ်တိတ် လေးထွက်သွားတာကို ကြည့်ရင် ဖန်မျိုးနွယ်အပြင် တခြားဟာကိုမစဉ်းစားမိ ဘူးပဲ၊ ယူယူက ဖန်မျိုးနွယ်နဲ့ပတ်သတ်လိမ့်မယ်လို့ ထင်မထားဘူးပဲ”
“ဒီကလေးမှာက အနာဂတ်ကောင်းရှိတယ်၊ နောက်ကို ကိစ္စတွေ အများကြီး ယူသွားရမှာကို စိုးရိမ်မိတယ်” ဟွမ်ရင်ရင်သည် စိုးရိမ်တကြီး ပြော လေသည်။
“ဘာပဲရထားထား ဘာကိုမှပေးမှာမဟုတ်ဘူး နည်းလမ်းမရှိဘူး” ရှီမာရှုံ့ချီသည် သက်ပြင်းပါချလေသည် “သူမကို ကြည့်ပြီး သာမန်ပဲဖြစ်ချင် တော့တယ်”
“ဘာလို့လဲတော့မသိဘူး သူမကို စဉ်းစားပြီးတော့ နည်းနည်း ပျာယာခတ် သွားသလိုပဲ”
“ဘာမှအမှားအယွင်းရှိမှာမဟုတ်ပါဘူး” ရှီမာရှုံ့ချီသည် သူမ ပခုံးအား လက်ဖြင့်ဖက်ကာ နှစ်သိမ့်ပေးလေသည်။
“အဲလိုပဲမျှော်လင့်ပါတယ် ဟုတ်ပါပြီ တစ်ခုခုရှိရင်တောင် ကျွန်မ အသက် နဲ့တိုက်ခိုက်ပြီး သူမကိုကာကွယ်ပေးမှာ”
ရှီမာယူယူသည် ဟွမ်ရင်ရင်နှင့် တခြားသူများ၏ အတွေးကို မသိပေ။ သူမ အခန်းထဲသို့ဝင်လာပြီးနောက်တွင် အတားအဆီးစီမံပြီးနောက် ဝိညာဉ်စေတီ အတွင်းသို့ ခြေချခဲ့သည်။
“ယူယူ အသုံးဝင်မယ့်နည်းလမ်းကို အခုထိရှာမတွေ့သေးဘူး” ရှောင်ချီ သည် ရှီမာယူယူကို မြင်သည်နှင့် နှုတ်ခမ်းဆူလေသည်။
“ရပါတယ် ဖြည်းဖြည်းချင်းရှာလိုက် အလောကြီးစရာမလိုဘူး” ရှီမာယူယူ သည် သူမခေါင်းကိုထိလိုက်သည်။
သူမသည် ထိုကိစ္စများကို သူမကိုယ်တိုင်လုပ်သင့်သော်လည်း သူမ၏ ဝိညာဉ်သားရဲများ ကူညီပေးနေသဖြင့် သူမဘေးတွင် သူတို့ရှိနေခြင်းကို ကျေးဇူး တင်မိလေသည်။
“ဒါဆိုရင် ဒီကိုဘာလာလုပ်တာလဲ” ဝိညာဉ်လေး မေးလိုက်သည်။
“အံ့ဖွယ်အရွတ်ကို လာရှာတာ” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါအခုကောင်းနေပြီ လိုက်ခဲ့”
ဝိညာဉ်လေးသည် ပြောပြီးသည်နှင့် သူမကို ဆေးရွက်ခင်းထဲသို့ ခေါ် သွားလေသည်။
***