ပြဿနာတံခါးလာခေါက်ခြင်း
Vol. 99 Ch. 1379
ယခုသည် ရှီမာယူယူ ဝိညာဉ်လေးကို အံ့ဖွယ်အရွတ်ပေးပြီးနောက်တွင် ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
ထိုစဉ်က လက်စွပ်ထဲမှ အစေ့လေးကိုသာ မြင်ခဲ့ရခြင်းဖြစ်သည်။ သူမ နောက်တစ်ခေါက် ပြန်တွေ့ချိန်တွင် ၁၀ စင်တီမီတာကျော်အမြင့်ရှိသော အစေ့ မှပေါက်သောအပင်ဖြစ်၍နေလေပြီ။
သူမနှင့် ဝိညာဉ်သားရဲတို့ကြားမှ သွေးစာချုပ်ကြောင့် အပင်သည် သွေး အနံ့ဖျော့ဖျော့ရှိသည်။ သို့သော် လွှမ်းမိုးနိုင်လောက်သည်အထိ မဟုတ်ပေ။
“ဒီလောက်နှစ်တွေ အများကြီးကြာတာတောင် ဘာလို့ သေးနေသေးတာ လဲ” ရှီမာယူယူသည် စိတ်ထဲတွင်တွက်ကြည့်ရာ အပြင်ကမ္ဘာတွင် အနှစ် ၃၀ ကြာသွားရာ ဝိညာဉ်စေတီတွင် အနှစ် သုံးရာကုန်ဆုံးသွားလေပြီ။ အဲဒါကို ဒီလောက်ပဲ ကြီးထွားလာတာလား။
“ဘာသိလို့လဲ” ဝိညာဉ်လေးသည် သူမကို အထင်သေးမှုအပြည့်ပါသော မျက်လုံးဖြင့် ကြည့်လေသည် “အံ့ဖွယ်အရွတ်က အစပိုင်းမှာ မမြင့်ဘူး၊ အံ့ဖွယ် ဆေးပင်တွေက ပုံမှန်ဆို ဒီလိုကြီးသင့်တယ်တဲ့၊ ဒီအနှစ်သုံးရာကျော်ကို ဒီလောက်ထိ အရှိန်မြန်အောင်လုပ်ထားတာ”
“အင်း… ဒါဆိုရင် အဲဒါကဘယ်တော့ ရင့်သန်မှာလဲ” ရှီမာယူယူ မေးလိုက် သည်။
“အခုကို အသီးသီးနေပြီ” ဝိညာဉ်လေးသည် စိတ်လှုပ်ရှားစွာပြောလေ သည် “ငါ အာရုံခံမိတယ် ဒါပေမဲ့ အဲဒါကို မျက်လုံးနဲ့ချည်းသပ်သပ်မမြင်ရဘူး”
“အသီးက ဘယ်တော့ရင့်မှာလဲ” ရှီမာယူယူသည် ပို၍အာရုံစိုက်မိနေတုန်း ဖြစ်သည်။
“အံ့ဖွယ်အရွတ်က တခြားဟာတွေနဲ့မတူဘူး၊ အစောပိုင်းအဆင့်ကနှေး တယ်၊ ဒါပေမဲ့ အဲနောက်ဆိုရင် ရင့်သန်လာမှာပါ၊ သုံးလေးနှစ်အပြင် ပိုမကြာဘူး” ဝိညာဉ်လေးပြောလိုက်သည်။
“အသီး မြန်မြန်သီးအောင်လို့ မြန်အောင်လုပ်လို့ရလား” ရှီမာယူယူ မေး လိုက်သည်။
“ဒါပေမဲ့ အဲလိုလုပ်ရင် သူ့ရဲ့ကြီးထွားမှုကို ထင်မြင်ချက်ပေးလို့မရဘူး” ဝိညာဉ်လေးသည် သုန်မှုန်နေလေသည်။
“ဒီတစ်ခေါက်ကို ငါ အသီးအရေးတကြီးလိုနေလို့ပါ၊ နောက်တစ်ကြိမ်ကို မင်း ကြည့်လို့ရတာပဲ ဘယ်လိုပဲဖြစ်ဖြစ် မင်းအသက်က အဆုံးမရှိဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီလေ” ဝိညာဉ်လေးကတိပေးလိုက်ရာ သူမ၏ အလုပ်ကိစ္စများ ကို ရေရွတ်ပြလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ အသီးခူးပြီးသည်နှင့် သူပြန် စိုက်၍ရသည်။
“ဆေးအကျိုးသက်ရောက်မှုကို သွားမထိစေဘဲ ဖြစ်နိုင်လောက် မြန်မြန် ကြီးအောင်လုပ်ပေးပါ” ရှီမာယူယူတိုက်တွန်းလိုက်သည်။
“ပြဿနာမရှိဘူး”
ထို့နောက်တွင် ရှီမာယူယူသည် ဝူလင်းယူကိုသွားတွေ့ပြီးတောက် ရှီမာလျူရွှမ်အတွက် ဆေးဖော်ပေးရန် ဆေးဖော်သည့်အခန်းသို့သွားလိုက် သည်။
သူမဖခင်၏ အခြေအနေကို စဉ်းစားပြီးနောက် စိတ်ထဲမှ သက်ပြင်းချမိ သည်။
ထိုအခြေအနေတွင်ပင် သူမ၏ ဖခင်သည် ဝေ့မင်တျဲကို ခုခံနေခဲ့သည်။ ထိုအရာသည် သူ့ကို လေးစားမှုဖြစ်သည့်အပြင် တစ်ချိန်တည်းမှာပင် သူမကို စိတ်ဓာတ်ကျစေသည်။
သူ နာခံချင်ယောင်ဆောင်လိုက်ရင် ဘာဖြစ်လဲ။
သူသာ ခေါင်းငုံ့လိုက်လျှင် တခြားသူများ သူ့ကိုခွင့်လွှတ်သော်လည်း သူ့ကိုယ်သူ ခွင့်လွှတ်မည်မဟုတ်ကြောင်းကို တွေးမိသောအခါ သူမ ခေါင်းယမ်း မိသည်။ ထိုကဲ့သို့ဖြစ်မလာသော်လည်း စဉ်းစားလိုက်လျှင်တောင် အဓိပ္ပာယ်မရှိ ပေ။
သူမ အသက်ပြင်းပြင်းရှုလိုက်ပြီး ဆေးပစ္စည်းများကို စတင်စုစည်းကာ ဆေးဖော်တော့သည်။
ထိုနောက်ရက်များတွင် သူမသည် ရှီမာလျူရွှမ်အား ဆေးကုသပေးရာ တွင်သာ အာရုံစိုက်ထားပြီး နောက်လတစ်ဝက်အကြာတွင် သူ အိပ်ရာပေါ်မှ ဆင်းနိုင်လေသည်။
သူအခန်းအပြင်သို့ လျှောက်သွားချိန်တွင် မျက်လုံးထဲမှ မျက်ရည်များ အရောင်လဲ့လာသည်။ သူသည် ကြာရှည်စွာ အိပ်ရာပေါ်မှ မဆင်းခဲ့ရပေ။
သူ လှုပ်ရှားမည်ပြုတိုင်းတါင် သူ၏မိခင်ဖြစ်သူသည် သူ့ကိုစိုက်ကြည့်ကာ ပြောခဲ့သည် “မင်း ယူယူရဲ့ခွင့်ပြုချက်မရှိဘဲ အိပ်ရာပေါ်ကဆင်းခွင့်မရှိဘူး”
ထို့နောက်တွင် သူ၏ တန်ဖိုးရှိလှသောသမီးဘက်ကို လှည့်ကြည့်ပြီး အကူအညီတောင်းရာ သူမသည် အမြဲတစေပြုံးပြီး ပြောခဲ့သည် “အဖေ သမီးက သမားတော်ပါ၊ သမားတော်က လူနာတွေအတွက် လိုအပ်ချက်ပဲလေ သမီးကို အရှက်ရစေချင်တာလား”
အင်း… ဒီကောင်မလေး အရှက်မရအောင်ဆိုရင် သူ သည်းခံရမှာပေါ့
အိပ်ရာပေါ်တွင် တစ်လကြာအောင် လှဲလျောင်းပြီးနောက်တွင် သူ အိပ်ရာ ပေါ်မှ ထနိုင်သည်။ သို့သော် မပင်ပန်းစေရန်အတွက် ယူယူသည် ဖက်တီးကျူ ကို ဘီးတပ်ကုလားထိုင်လုပ်ခိုင်းထားသည်။ တစ်ချိန်တည်းမှာပင် သူမသည် ဝိညာဉ်စေတီထဲမှ လူများကို ခေါ်ထုတ်လိုက်သည်။
ရှီမာယူယူ သူမဖခင်ကိုတွေ့ပြီဟု သူတို့ကြားသည်နှင့် ရှီမာလိုင်နှင့် တခြားသူများသည် ကျင့်ကြံမှုကိုရပ်ကာ သူတို့၏ ကျေးဇူးရှင်ကို သွားတွေ့ကြ လေသည်။ သူသာ မရှိလျှင် ရှီမာမိသားစုဆိုသည်မှာ ကျန်တော့မည်မဟုတ်ပေ။
ရှီမာယူယူသည် ရှီမာလျူရွှမ်နှင့် ဥယျာဉ်ထဲတွင် စကားပြောနေကြသည်။ သူသည် ခြံဝန်းအဝင်ပေါက်မှ လှုပ်ရှားသံကြားလိုက်သောအခါ ကြည့်လိုက်ရာ ရှီမာလိုင်နှင့် တခြားသူများလျှောက်လာသည်ကို တွေ့လိုက်သည်။
ရှီမာလိုင်သည် အားပိုကြီးလာသဖြင့် ပိုပိုငယ်လာရာ အခုချိန်တွင် သူ့ အသက်နှင့်ယှဉ်လျှင် သက်လတ်ပိုင်းအရွယ်ဖြစ်နေသည်။
ရှီမာလျူရွှမ် တစ်ခေါင်းလုံးဖြူကာ ဝတ်စုံအဖြူဝတ်ထားပြီး ဘီးတပ် ကုလားထိုင်တွင်ထိုင်နေသည်ကို မြင်ပြီးနောက် သူ စိတ်လှုပ်ရှားစွာဖြင့် ရှေ့တိုး ကာ သူ့ကိုဦးညွှတ်လိုက်သည် “ကျေးဇူးရှင်”
“ကျွန်တော်တို့က ကျေးဇူးရှင်ကိုမြင်ဖူးသွားပြီ” ရှီမာယူမင်နှင့် ကျန်ညီ အစ်ကိုလေးယောက်သည်လည်း အရိုအသေပေးကာ သူ့ကိုလေးစားသမှုပြလေ သည်။
“ကျေးဇူးရှင်လို့မခေါ်ပါနဲ့ ခင်ဗျားတို့က ယူယူရဲ့အဘိုးနဲ့ အစ်ကိုတွေပါ ဝါစဉ်အလိုက်ပဲသွားပါ” ရှီမာလျူရွှမ် အသာအယာပြုံးလိုက်သည်။
“ဦးလေး”
ရှီမာယူမင်သည် သူ၏ ဆန္ဒကိုလိုက်နာသော်လည်း ရှီမာလိုင် ထိုသို့ မလုပ် နိုင်ဘဲ သူ့ကိုကျေးဇူးရှင်ဟု ခေါ်မည်ဟူ၍သာ တင်းခံနေလေသည်။
“အဘိုး အဘိုးကသမီး အဘိုးပါ၊ အဖေရဲ့မျိုးဆက်က အဘိုးမျိုးဆက် ထက်ငယ်တယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ အဖေက အဘိုးထက်အသက်ကြီးနေ တော့ အဘိုးက ဖြေရှင်းဖို့မလွယ်ဘူးဖြစ်နေတယ်၊ တစ်ယောက်နဲ့တစ်ယောက် နာမည်ပဲခေါ်ကြရင်ရော ဘယ်လိုပဲဖြစ်ဖြစ် အကုန်လုံးက မျိုးရိုးနာမည်တူနေ တာပဲ” ရှီမာယူယူ ချော့မော့ပြောလေသည်။
“ဒါက ဘယ်လိုအရှက်ရစရာလဲ”
“ခင်ဗျားက ကျွန်တော့်သမီးကို ကူပြီးပျိုးထောင်ပေးခဲ့တယ် သူမကို ကောင်းကောင်းမွန်မွန်သင်ကြားပေးခဲ့တယ်၊ ဒီလိုကြင်နာမှုကို ခံယူထိုက်ပါ တယ်၊ ကျွန်တော်က ခင်ဗျားကိုတောင် သေချာကျေးဇူးမတင်ရသေးဘူး” ရှီမာလျူရွှမ် ပြောလိုက်သည်။
“ဟုတ်တယ် အဘိုး သမီးကအဘိုးလို့ပဲ ဆက်ခေါ်ရမယ်ဆို၊ သမီးအဖေကို ကျ ကျေးဇူးရှင်ဆိုပြီးတော့ ခေါ်မယ်ဆိုပြီးတောင့်ခံနေတယ်၊ ဒါက ရှုပ်ကုန်ပြီ မဟုတ်ဘူးလား၊ သမီးတို့အကုန်လုံးက ကျင့်ကြံသူတွေပဲ အဲလိုရိုသေသမှုတွေ မလိုပါဘူး”
နောက်ဆုံးတွင် ရှီမာယူယူ၏ ဖျောင်းဖျမှုကြောင့် သူတို့နှစ်ယောက်သည် ညီအစ်ကိုများဖြစ်သွားကြသည်။ ထိုသည်မှာ မပြောပလောက်စရာဖြစ် သော်လည်း အစထက်စာလျှင်တော့ ပိုကောင်းလာသည်။
ခဏအကြာတွင် ဖက်တီးကျူနှင့် တခြားသူများဝင်လာကြသည်။ ထာဝရ ရှင်သန်သူတစ်ယောက်နှင့် တူသော လူကိုကြည့်ပြီး ဖက်တီးကျူထအော်လေ သည် “ယူယူ နင့်အဖေက လှလိုက်တာ”
ဘေဂုံထန်သည် သူ ရိုင်းပြသည်ဟု ထင်သဖြင့် သူ့ကိုအလျင်အမြန် ဆွဲလိုက်သည်။
“ဟား ဟား…” ရှီမာယူယူသည် ဖက်တီးကျူ၏ တုံ့ပြန်မှုကိုသဘောကျ ကာ ပြုံးပြီးပြောလေသည် “ငါ့အဖေကိုတော့ ဘာမှမကြံနဲ့နော်”
“ငါ ဘယ်မှာ… ဘာတွေပြောနေတာလဲ” ဖက်တီးကျူ ရှက်သွားလေ သည်။
ရှီမာယူယူသည် ခေါင်းလှည့်ကာ ရှီမာလျူရွှမ်ကိုပြောလိုက်သည် “အဖေ မသိသေးဘူးနော်၊ သမီးယောက်ျားလေးလို ဝတ်စားပြီးတော့ သူ့ကို ပထမဆုံး တွေ့တော့ တစ်ခြံထဲမှာအတူနေခဲ့ကြတာ၊ အဲတုန်းက သူသမီးကိုကြည့်တဲ့ အကြည့်က နှာဗူးလိုပဲ”
“ဟုတ်လား ဒါပေမဲ့ နောက်ကျ ယူယူ့ရဲ့စားစရာတွေမှာ ပါသွားတာလေ” ဘေဂုံထန် ရယ်မောလိုက်သည်။
“ဘယ်တုန်းက အဲလိုဖြစ်လို့လဲ၊ နင် ဘယ်လိုလုပ်မှတ်မိနေတာလဲ” ဖက်တီးကျူသည် အားလုံးကိုစိုက်ကြည့်လိုက်သည် “ပြီးတော့ နင်ကမတူဘူး လေ၊ အစတုန်းက ရေခဲတုံးလိုပဲအေးခဲနေတာ ဒါပေမဲ့ ယူယူ့ရဲ့ဆွဲဆောင်မှုမှာ ပါသွားတာလေ၊ အဲဒွကြောင့် ငါတို့က အတူတူနဲ့အနူနူပဲ”
“ဟားဟား မင်းတို့အကြောင်းကို ယူယူပြောလို့ကြားဖူးတာကြာပြီ၊ သူမကို လမ်းတစ်လျှောက်လုံး ဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ်”
ရှီမာလျူရွှမ်သည် သဘောကျသွားလေသည်။ ခြံထဲမှ တခြားလူများသည် ရှီမာယူယူလုပ်ခဲ့သော ကိစ္စများတွင် အတူရှိနေပေးခဲ့ကြသည်။
“ဦးလေးယဉ်ကျေးလွန်းနေပါပြီ၊ ယူယူကသာ တစ်ချိန်လုံး ကျွန်မတို့ကို စောင့်ရှောက်ပေးခဲ့တာပါ” ဘေဂုံထန်နှင့် တခြားသူများသည် ရှက်ရွံ့မိကြလေ သည်။
“မင်းတို့ကြောင့်သာ သူမက အထီးမကျန်ဘဲ မင်းတို့အားလုံးကပဲ သူမကို တစ်လျှောက်လုံး အဖော်ပြုပေးခဲ့ကြတာ၊ အဲဒါကြောင့် ဘယ်သူကဘယ်သူ့ကို ဂရုစိုက်ပါစေ ဒီလောက်နှစ်တွေအများကြီးအတူရှိခဲ့ကြတော့ မင်းတို့ကြားထဲက ရေစက်ပဲလေ”
“ဟီး အရမ်း…”
ရုတ်တရက်ပင် ခြံဝန်းအဝင်ပေါက်တွင် စိုးရိမ်နေသာ မျက်နှာထားဖြင့် လူရိပ်တစ်ခုကို ရှီမာယူယူ မြင်လိုက်ရသည်။ သူမဖခင် အနားယူခြင်းကို မနှောင့်ယှက်နိုင်ရန်အတွက် ခြံထဲသို့ မည်သူမှဝင်မလာရန် အရင်က အမိန့်ပေး ထားခြင်းကြောင့် မည်သူမှ တိုက်ရိုက်ဝင်မလာကြပေ။
သူမ ထပြီး လျှောက်သွားကာ မေးလိုက်သည် “ဘာကိစ္စလဲ”
“တောင်ကြားဒုခေါင်းဆောင်၊ လူတချို့ရောက်လာပြီး အံ့ဖွယ်နတ်ဆိုး တောင်ကြားကိစ္စပြောသွားတယ်၊ ပြီးတော့ သူတို့ပြောတဲ့အသုံးအနှုန်းနဲ့ လေသံ တွေက မကောင်းလှဘူး၊ ဆိုင်တာဝန်ခံက သခင်မလေးကို ဖိတ်ခိုင်းလိုက်တာပါ”
“အဲလူတွေက ဘယ်သူတွေလဲ” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။
“တိမ်တိုက်ဂူကဖြစ်မယ်ထင်တယ်”
ရှီမာယူဘူသည် မျက်လုံးကိုကျဉ်းမြောင်းလိုက်သည်။ တိမ်တိုက်ဂူက လူတွေက တကယ်ပဲ သူမဆီကိုလာပြီး အံ့ဖွယ်တောင်ကြားမကောင်းကြောင်း ကို ပြောတယ်ဟုတ်လား။ ဟင်း…
***