ဂြိုဟ်ဆိုးပဲဖြစ်မယ့်ကိစ္စတွေကိုပြောဆိုခြင်း
Vol. 99 Ch. 1380
သူမ လက်ကိုဝှေ့ယမ်းပြီး ဝန်ထမ်းကိုပြန်သွားရန်ပြောပြီးနောက် ခြံဝန်း ဆီသို့သွားကာ သတင်းပြောလိုက်သည် “ဖြေရှင်းစရာတွေရှိလို့ သွားနှင့်တော့ မယ်၊ အဘိုး အဖေပင်ပန်းရင် သူ့ကိုတွန်းဖို့ အဘိုးကိုပဲဒုက္ခပေးရတော့မယ်၊ သူ့ ဘာသာ မသွားစေနဲ့နော်”
“ဟုတ်ပြီ မစိုးရိမ်နဲ့ လုပ်စရာရှိတာသာသွားလုပ်လိုက်”
သူမဆီသို့ ဝန်ထမ်းရောက်လာသည်ကို သူတို့အားလုံးမြင်ကြရာ သူမ အာရုံစိုက်ရမည့်ကိစ္စတစ်စုံတရာဖြစ်နေပြီဟု ခန့်မှန်းမိကြသည်။
“ငါ နင်နဲ့လိုက်ခဲ့မယ်” ဘေဂုံထန် ပြောလိုက်သည်။
“ကောင်းပြီ”
သူတို့ခြံဝန်းမှထွက်ခွာပြီးနောက်တွင် ဘေဂုံထန်သည် တိုးညင်းသော အသံဖြင့် မေးလေသည် “ဦးလေးရဲ့ခန္ဓာကိုယ်က ပြန်ကောင်းနိုင်ပါ့မလား”
မဟုတ်ရင် သူမရဲ့စွမ်းရည်နဲ့ ဒီလောက်အကြာကြီး ဘာလို့များကုသလို့မရ နိုင်တာလဲ။
“ဟုတ်တယ် သူ့ရဲ့ ကျင့်စဉ်အဆင့်ကို ပြန်ကောင်းအောင်လုပ်နိုင်ဖို့ နည်းလမ်းကို အခုထိရှာမတွေ့သေးဘူး၊ သူ့မှာ ဝိညာဉ်စွမ်းအင်မရှိလို့ ဖြည်းဖြည်းချင်း ပြန်ကုသနေရတာ” ရှီမာယူယူ ရှင်းပြလေသည်။
ဘေဂုံထန်သည် သူမလက်ကိုဆုပ်ကိုင်ကာ နှစ်သိမ့်လေသည် “နင်လုပ် နိုင်မယ်ဆိုတာ ငါယုံတယ်”
“ငါနည်းလမ်းရှာတွေ့မယ်ဆိုတာကို ငါလည်းယုံတယ်” ရှီမာယူယူသည် ယုံကြည်ချက်အသစ်ဖြင့် ပြောလိုက်သည်။
“အင်း အင်း” ဘေဂုံထန် ခေါင်းညိတ်လိုက်သည်။ ရှီမာယူယူ စိတ်ဓာတ် ကျမည်မဟုတ်ကြောင်းကို သူမ သိသည်။ “ဒါနဲ့ တိမ်တိုက်ဂူကလူတွေက ဘယ်လိုတောင် ဒီကို ရိုင်းရိုင်းစိုင်းစိုင်းပြေးလာရဲတာလဲ”
“ငါလည်း လိမ်လည်ဖို့ကို ပင်ပန်းနေပြီ” ရှီမာယူယူသည် သွေးထွက်သော လက်ချောင်းကို ဖိပြီး ခြေလှမ်းကျဲများဖြင့် ထွက်သွားလိုက်သည်။
“တောင်ကြားဒုခေါင်းဆောင် သူတို့က အပေါ်ထပ်က သီးသန့်အခန်းမှာပါ ဝန်ထမ်းတစ်ယောက်ကို စောင့်ကြည့်ဖို့ခိုင်းထားတယ်” ဆိုင်တာဝန်ခံပြောလေ သည်။
“ကောင်းပါပြီ” ရှီမာယူယူသည် အပေါ်ထပ်သို့တက်သွားလေသည်။ တစ်ထစ်ချင်းစီတက်သွားတိုင်း တိမ်တိုက်ဂူမှ အံ့ဖွယ်တောင်ကြားကို လုပ်ခဲ့ သည့် ကိစ္စများကို စဉ်းစားသွားလေသည်။
လွန်ခဲ့သည့်အချိန်များက ထိုလူများသည် သူမ၏ ဆရာအဘိုးနတ်ဆိုးနှင့် သူ၏ ဝိညာဉ်တို့ကို ထိခိုက်အောင်လုပ်ခဲ့သည်။ အဂ္ဂိရတ်ပညာနှင့် ကျင့်စဉ် အဆင့်များ တံ့သွားရုံသာမက နောက်ဆုတ်သွားစေခဲ့သည်။
ဝမ်ဟိုင်း လောကအသေးတွင်ရှိစဉ်က တိမ်တိုက်ဂူသည် ပညာရှိစံအိမ် တော်နှင့် ပူးပေါင်းပြီး လောကအသေးထဲမှ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှလူ အားလုံးကို သတ်ချင်ခဲ့သည်။ သူတို့သည် သူမနှင့်တွေ့ဆုံခဲ့သည်က ကံဆိုးလွန်း လှသည်။ ထိုအစား သူတို့ကိုရှင်းပစ်ခဲ့သည်။
ထို့နောက်တွင် တိမ်တိုက်ဂူသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ အကြီးအကဲများကို သွေးဆောင်ပြီး တောင်ကြားမှတပည့်များကိုသတ်ရန် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုများနှင့် လျှို့ဝှက်ကြံစည်ခဲ့သည်။
ထိုကိစ္စများသည် သူမသိထားသမျှသာဖြစ်ပြီး ထိုနှစ်များတွင် တိမ်တိုက် ဂူသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ပြဿနာများရှာခဲ့သည်။
အစတွင် တိမ်တိုက်ဂူတစ်ဂိုဏ်းတည်းသာဖြစ်ပြီး စိတ်ပူရန်မလိုပေ။ ထို့အပြင် အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ ပုံမှန်လုပ်ဆောင်ချက်နှင့်ဆိုလျှင် သူတို့သည် ဖျက်ဆီးရသင့်သည်။ သို့သော် အခုတွင်တော့ တိမ်တိုက်ဂူ အနောက်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုရှိနေရာ ထိုအရာကိုရှင်းပစ် ရန် အနည်းငယ်ပြဿနာရှိနေသည်။
အခု သူတို့တကယ် တွန်းပို့နေတာပဲ။ အမှတ်တရစားသောက်ဆိုင်ရဲ့ ပိုင်ရှင်က အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ သခင်လေးဆိုတာကို ရှင်းရှင်း လင်းလင်း သိရဲ့သားနဲ့ ဒီကိုလာရဲပြီး အာကျယ်အာကျယ်လုပ်ရဲသေးတယ်။ သူတို့က အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့ အသည်းကွဲတောင်ကြားကို သူတို့ မျက်စိထဲမထည့်ကြတာလား။
အဲဒီလျှို့ဝှက်ဆန်းကြယ်အင်အားစုက အနောက်မှာရှိနေရင် သူတို့ လုပ်ချင်တာမှန်သမျှ လုပ်လို့ရပြီလို့ထင်နေတာလား။
“တောင်ကြားဒုခေါင်းဆောင်” တံခါးကိုစောင့်နေသော ဝန်ထမ်းသည် သူမကို အရိုအသေပေးလေသည်။
“အထဲမှာလား”
“ဟုတ်တယ်”
“သွားလို့ရပြီ” ရှီမာယူယူသည် သူထွက်သွားရန် လက်ကိုဝှေ့ယမ်းပြပြီး အောက်ထပ်သို့သွားခိုင်းလိုက်သည်။
သူမသည် အထဲမှပြောစကားများကို နားထောင်ချင်သော်လည်း အထဲတွင် မှော်ပညာဖြင့်လုပ်ထားသဖြင့် မည်သည့်စကားသံမှမကြားရပေ။
ဝန်ထမ်းက အစားအစာသွားချပေးဖို့ တံခါးဖွင့်ပြီးဝင်သွားတုန်းက အံ့ဖွယ် နတ်ဆိုးတောင်ကြားကိစ္စ ပြောနေသံကိုကြားလို့ တာဝန်ခံကိုအကြောင်းကြား ပြီး သူမကို သတိလာပေးတာထင်တယ်။
မှော်ပညာနဲ့လုပ်ထားတာနဲ့ သူတို့လုံခြုံပြီလို့ထင်နေတာလား။
သူမသည် ဟိန်းသံလေးကိုခေါ်ထုတ်လိုက်သည်။ သူသာရှိရင် မှော်ပညာ လည်းအသုံးမဝင်ဘူး။
“မဟုတ်ဘူးလား၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားက အရင်တုန်းက အံ့ဖွယ် နတ်ဆိုးတောင်ကြားလိုပဲထင်တုန်းလား၊ မကြာခင် ငါတို့ဖျက်ဆီးတာခံရတော့ မှာ၊ သူတို့ ဘဝင်မြင့်နိုင်ဦးမလားကြည့်ဦးမယ်”
“ဟားဟားဟား…. အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ် အဲဒါကြောင့် ရှေ့ကိုအလောတကြီးပြေးပြီး လုံလုံလောက် လောက်ဆုပ်ကိုင်ထားရမယ်”
ရှီမာယူယူ၏ အကြည့်မှာ မှေးမှန်သွားသည်။ ဟင်း အံ့ဖွယ်နတ်ဆိုး တောင်ကြားကို ရှင်းချင်တာလား။
“အသံတိုးဦး” လူတစ်ယောက် ငေါက်ငမ်းလေသည် “ဒါက မကောင်းတဲ့ ကိစ္စဆိုရင် ဂရုစိုက်တာကောင်းမယ် မဟုတ်ရင် ပြဿနာအကြီးကြီးတက်သွား မယ်”
“အစ်ကို မစိုးရိမ်ပါနဲ့ အစ်ကိုလုပ်ထားတဲ့ အတားအဆီးရှိတယ်မလား အပြင်ကလူတွေ မကြားနိုင်ပါဘူး” အရင်ပြောသောလူသည် မောက်မာစွာ ပြော လေသည်။
“ဟုတ်သားပဲ အစ်ကိုကြီးကလည်း”
“ငါတို့ ဘယ်ရောက်နေတယ်ဆိုတာကို မမေ့နဲ့”
“ဒါက ရှီမာယူယူဖွင့်ထားတဲ့ စားသောက်ဆိုင်မဟုတ်ဘူးလား၊ သူမက ပျောက်နေတာတောင် ဒီလောက်ကြာပြီ သေသွားပြီနေမှာပေါ့”
“ဒီရှီမာယူယူကလည်း အံ့ဩဖို့ကောင်းလိုက်တာ၊ အံ့ဖွယ်နတ်ဆိုးတောင် ကြားကသခင်လေးတင်မဟုတ်ဘဲ အသည်းကွဲတောင်ကြားက ဒုခေါင်းဆောင် ဖြစ်လိုက်သေးတယ်၊ အံ့ဖွယ်ဟင်္သာရောင်ပဒါးငှက်လည်းရှိသေးတယ်၊ သူမ ပျောက်သွားတာကြောင့်သာမဟုတ်ရင် အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ဘယ်သူကသွားထိရဲမှာလဲ”
“အံ့ဖွယ်နတ်ဆိုးတောင်ကြား ဖျက်ဆီးခံတာနဲ့ သူမ ပြန်လာရင်တောင် မကူနိုင်မကယ်နိုင်ဘူး”
“များများစားပြီး စကားနည်းနည်းပြော မြန်မြန်စားကြ စားပြီးတာနဲ့ ထွက်သွားမယ်” အစ်ကိုကြီးက ငေါက်ငမ်းလေသည်။
“အိုး ဒီအမှတ်တရစားသောက်ဆိုင် အစားအစာက အရမ်းကိုအရသာရှိ တာပဲ၊ အချိန်တိုင်းကို ဖြားယောင်းမှုကို တောင့်ခံနေတာကြောင့်သာမဟုတ်ရင် အပြေးလာစားမိမှာပဲ၊ အစားအစာကလည်း အရမ်းဈေးကြီးသေးတယ်၊ ဒါတွေ ကို ပံ့ပိုးပေးဖို့ ဘယ်လောက်တောင် အနိုင်လုလိုက်ရမလဲ”
“ဟေ့ ဒီအသည်းကွဲတောင်ကြားက ကျုံကျန်းမိသားစုနှင့် ရင်ယန် နန်းတော်ကို တကယ်ပဲလုပ်ရဲတာနော်၊ သူတို့ မပြောခဲ့ဘူးလား၊ ရှီမာယူယူ မရှိ တာကိုအခွင့်ကောင်းယူပြီး အသည်းကွဲတောင်ကြားကို ရှင်းပစ်မယ်တဲ့၊ အသည်းကွဲတောင်ကြားမရှိတော့ရင် ဒီစားဖိုမှူးတွေယူသွားကြတာပေါ့၊ ပြန်ဖမ်းပြီး နေ့တိုင်းအစားအသောက်ကောင်းတွေ ချက်ခိုင်းကြမယ်”
“ဟားဟား ဟုတ်တယ် ကောင်းတယ်”
ထိုအင်အားစုများသည် အသည်းကွဲတောင်ကြားကိုပါ ဖျက်ဆီးရန် ကြံစည်နေလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ ဖန်အာနဲ့ တခြားသူတွေရော သိရဲ့လားမသိဘူး။
“ရှီမာယူယူ ပြန်မလာတာ အကောင်းဆုံးပဲ”
“မဟုတ်ဘူး ဒီလိုပြောသင့်တာ အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့ အသည်းကွဲ တောင်ကြားတို့ ဖျက်ဆီးခံရချိန်ကို ပြန်လာသင့်တာ”
“ဟုတ်တယ် ဟားဟား လာခဲ့ ခွက်တိုက်မယ်”
ရှီမာယူယူ မည်ကဲ့သို့ စကားများကြားလိုက်ရသည်ကို ဘေဂုံထန်မသိပေ။ သို့သော် သူမ၏ အမူအရာသည် မိနစ်ပိုင်းအတွင်းတွင် မျက်နှာပျက်ကာ ရုပ်ဆိုး သွားလေသည်။ နောက်ဆုံးတွင် သူမ၏ အေးစက်သော မျက်နှာတွင် ဆိုးယုတ်သောအပြုံးဖြစ်လာပြီး တံခါးကိုကန်ဖွင့်လိုက်သည်။
“တောင်းပန်ပါတယ် မင်းတို့အလိုရှိတဲ့အချိန်ကို ငါ ပြန်မလာမိဘူး” သူမ နှာမှုတ်ကာ အထဲမှလူများကို ကြည့်လိုက်သည်။
တိမ်တိုက်ဂူမှလူများသည် ပျော်ပျော်ရွှင်ရွှင် သောက်စားနေရာမှ တံခါး ပွင့်လာသောအခါ ပါးစပ်ထဲမှ ဝိုင်များသည် အကုန်ပြန်အန်ထွက်ကုန်လေသည်။ တံခါးတွင်ရပ်နေသော မိန်းကလေးကိုကြည့်ပြီး သူမစကားများကို ကြားလိုက် သည်နှင့် သူမ၏ သရုပ်မှန်ကို နှစ်ခါပြန်စဉ်းစားရန်မလိုပေ။
ပြီးနောက် သူမသည် သူတို့၏ စကားများကို ကြားလိုက်သည်မှာ သေချာ သည်။
“ငါ့အတားအဆီးကို ဘယ်လိုဖြတ်နိုင်တာလဲ” ရှေ့ဆုံးတွင်ထိုင်နေသော လူသည် ထရပ်လေသည်။
ရှီမာယူယူသည် တံခါးတွင် အရောက်လဲ့နေသည့် အတားအဆီးကိုမြင် လိုက်သည်။ ထိုအပြင်မှလူများသည် ထိုနေရာတွင် မည်သည့်ကိစ္စများဖြစ်နေ သည်ကို မသိပေ။
“ဒီလို အတားအဆီး အစုတ်အပြတ်နဲ့ငါ့ကိုတားချင်တာလား”
သူမ ခြေတစ်လှမ်းရှေ့တိုးပြီး အတားအဆီးထဲသို့ တိုက်ရိုက်ဝင်သွားလေ သည်။
ဘေဂုံထန်သည် အထဲမှအရာများကို မြင်ရပြီး အသံကိုတော့မကြားရပေ။
ထိုနေရာတွင် လှုပ်လှုပ်ရှားရှားဖြစ်သည်ကို တခြားသီးသန့်ခန်းမှလူများ ကြားသောအခါ တံခါးဖွင့်ပြီးကြည့်ကြလေသည်။ ဆိုင်တာဝန်ခံသည် အမြန် ရောက်လာကာ သူတို့ကို ဦးညွှတ်ပြီး တက်ကြွစွာပြောလေသည် “အဆင်ပြေပါ တယ် ဘာမှမဟုတ်ပါဘူး အားလုံးပဲ လုပ်စရာရှိတာ ဆက်လုပ်ကြပါ”
ဘေဂုံထန် တံခါးတွင်ရပ်နေပြီး အထဲတွင် မည်သည့်လှုပ်ရှားမှုမှမရှိသည် ကို ထိုလူများမြင်လိုက်ရသည်။ အဆင်ပြေသည်ဟု သူတို့ တကယ်ထင်သွားပြီး ဆက်လက်စားသောက်ကြလေသည်။
ဆိုင်တာဝန်ခံသည် ဘေဂုံထန်ဆီသို့လာပြီး အခန်းထဲမှအခြေအနေကို မြင်သောအခါ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
ရှီမာယူယူသည် လျှပ်တပြက်ဖြင့် ထိုလူများစွာကို ကျော်ဖြတ်သွားလေ၏ ။ ထိုလူများသည် အရိုက်ခံရသဖြင့် ကြမ်းပြင်ပေါ်သို့လဲသွားကာ တုံ့ပြန်ရန် အချိန်မရှိတော့ဘဲ လက်သာမြှောက်နိုင်တော့လေသည်။
“ဒါက ဒါက…”
သူသည် ရှီမာယူယူ တိုက်ခိုက်သည်ကို မမြင်ဖူးပေ။ အခု သူမ တစ်ယောက်တည်းနှင့် ထိုလူများကို မြေပေါ်မှောက်အောင် ရိုက်လိုက်သည်ကို မြင်လိုက်ရသည်။ ထိုတောင်ကြားဒုခေါင်းဆောင်သည် အလွန်အားကောင်း သည်ဟု ပြောချင်သော်လည်း မပြောနိုင်ပေ။
ရှီမာယူယူသည် မြေပေါ်မှလူအားလုံးကို ရိုက်ပြီးနောက် မယုံကြည်ရ လောက်သော ဆေးအမဲထုတ်ကာ ထိုလူများ၏ ပါးစပ်ထဲသို့ထည့်လိုက်ပြီး နောက်တွင် အတားအဆီးဖြည်ကာ အပြင်မှနှစ်ယောက်ကို ဝင်ခိုင်းလိုက်သည်။
***