← Chapters

ရှီမန်ဖန်ကိုသတ်ခြင်း

Vol. 99 Ch. 1381

ရှီမန်ဖန်ကိုသတ်ခြင်း

Vol. 99 Ch. 1381

“တောင်ကြား ဒုခေါင်းဆောင်၊ သူတို့ကိုဘာကျွေးလိုက်တာလဲ” ဆိုင် တာဝန်ခံသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။  “သူတို့ကို အားပျော့စေပြီး ကိုယ့်ကိုယ်ကိုသတ်သေလို့မရအောင်လုပ်တဲ့ အဆိပ်” ရှီမာယူယူ ပြန်ဖြေလေ သည်။ “အဲလူတွေကို ခြံအနောက်ထဲကိုခေါ်သွားလိုက် ငါ သူတို့ကို ကိုယ်တိုင် စစ်ဆေးမေးမြန်းမယ်”

“ဟုတ်ကဲ့ပါ”

ဆိုင်တာဝန်ခံထွက်သွားသည်နှင့် စားပွဲထိုးများစွာဝင်လာသည်။ တစ် ယောက်ချင်းစီသည် လူနှစ်ယောက်သယ်သွားကာ ပြတင်းပေါက်မှထွက်ကာ ခြံအနောက်သို့ တိုက်ရိုက်သွားလေသည်။

ထိုလူများသည် အကူအညီတောင်းရန် အော်ချင်သည်။ သို့သော် သူတို့ ဖမ်းခေါ်သွားခံရသည်နှင့် အသံပင်ထွက်မရပေ။

“ဒီမှာ ရှင်းခိုင်းလိုက်ဦး” ရှီမာယူယူ ပြောပြီးသည်နှင့် ဝင်ပေါက်ကိုမသုံး တော့ပေ။ သူမသည် ဘေဂုံထန်နှင့်အတူ ပြတင်းပေါက်မှထွက်သွားလိုက်သည်။

သူတို့စကားအရ သူမမရှိနေသည့် လွန်ခဲ့သည့်နှစ်များတွင် တခြားသူများ သည် အခွင့်ကောင်းယူပြီး ပြဿနာရှာရန် စတင်ခဲ့သည်။ အဲလိုဆိုရင် သူမ ပုန်းနေသင့်တာပေါ့၊ ရန်သူက အလင်းထဲရှိနေချိန် သူမက အမှောင်ထဲမှာရှိရ မယ်။

သူတို့က အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့ အသည်းကွဲတောင်ကြားကို ရှင်း ချင်တာလား။ ဘယ်သူက ဘယ်လိုသူ့ကိုရှင်းပစ်မလဲဆိုတာ ကြည့်ကြတာပေါ့။

“အဲလူတွေကို သယ်လာခဲ့”

ရှီမာယူယူ အမိန့်ပေးလိုက်သည်။ စားပွဲထိုးများသည် ချက်ချင်းပင် ထိုလူ များကို ခြံဝန်းဆီသို့ သယ်လာကြလေသည်။

ရှီမာလျူရွှမ်၊ ရှီမာလိုင်တို့သည် သူမ၏ အတိတ်အကြောင်းများကို ဆွေးနွေးနေကြသည်။ သူမနှင့် လူများသယ်လာသော စကားပွဲထိုးများကို မြင် လိုက်သောအခါ သူတို့သည် အံ့ဩသွားကြလေသည်။

“ယူယူ ဘာတွေဖြစ်လာတာလဲ”

“သူတို့ကိုခြံဝန်းထဲကိုပစ်လိုက်”

စားပွဲထိုးများသည် သူတို့ကို ခြံဝန်းထဲတွင် ပစ်ထားခဲ့ပြီး ပြန်သွားကြလေ သည်။

“သူတို့ အင်္ကျီက အမှတ်တံဆိပ်အရဆိုရင် တိမ်တိုက်ဂူကလား” ရှီမာယူလင်းသည် ဝမ်ဟိုင်းလောကအသေးမှ လူများကို ပြန်တွေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူသည် ဆေးများစွာထုတ်ပြီး သူတို့ကို တစ်လုံးစီ ကျွေးလိုက်သည်။

ထိုဆေးများသည် အဆိပ်ကို ဖြေပေးစေပြီး သူတို့ကို စကားပြောနိုင်ရန် အားဖြည့်ပေးလေသည်။

“ရှီမာယူယူ မင်းပြန်လာမယ်လို့ထင်မထားဘူး” အဖွဲ့၏ ခေါင်းဆောင် သည် ရှီမာယူယူကိုကြည့်လေသည်။ သူ့မျက်လုံးတွင် မုန်းတီးမှုများနှင့် နောင်တများ ရောပါနေသည်။

သူတို့သာ သိလျှင် ထိုနေရာသို့ သွားစားမည်မဟုတ်ပေ။

ထိုအကြောင်းစဉ်းစားမိလျှင် သူ့လက်အောက်ငယ်သားများကို စိုက်ကြည့် လိုက်သည်။ သူတို့သည် နေ့လယ်စာစားရန်အတွက် ဆူညံလွန်းသည်။ ဝိညာဉ် အတားအဆီးကြောင့် ဘာပြဿနာမှမရှိဘူးလို့ သူတို့ပြောခဲ့တယ်မလား။ သူတို့ အားလုံး အဖမ်းခံလိုက်ရပြီ။

သူ၏ လက်အောက်ငယ်သားများလည်း ထိခိုက်နာကျင်မိသည်။ သူတို့သည် နေ့လယ်စာစားရန် အမှတ်တရစားသောက်ဆိုင်သို့သွားလေ့ရှိရာ ထိုကဲ့သို့ကိစ္စမဖြစ်ဖူးပေ။

ဒီမှာမှာ ဘာလို့များ ကံဆိုးပြီး ရှီမာယူယူနဲ့လာတွေ့နေတာလဲ။

တခြားသူများသည် ရှီမာယူယူထွက်သွားချိန်တွင် တိမ်တိုက်ဂူမှလူများကို ဖမ်းခေါ်သွားမည်ဟု ထင်မထားပေ။ သူမ ဘာကြောင့် သူတို့ကိုဖမ်းလိုက်သည် ကို မသေချာပေ။

“ယူယူ ဘာဖြစ်လာတာလဲ” ဖက်တီးကျူ မေးလေသည်။

“သူတို့က ငါ့ပိုင်နက်မှာ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ဖျက်ဆီးပြီး အသည်းကွဲတောင်ကြားကို တိုက်ခိုက်မယ်ဆိုတာ ပြောနေကြတာလေ” ရှီမာယူယူသည် သူတို့ကို ဆေးကျွေးပြီးနောက် လက်ခါလိုက်သည်။ သူမသည် ဘေးမှလူကို နင်းလိုက်သည်။

“ဘာလဲ သူတို့တွေ အတင့်ရဲလှချည်လား” တခြားသူများသည် စိတ်ဝင် စားသွားကြသည်။

သူတို့က သူမပိုင်နက်မှာလာပြီးတော့ သူမရဲ့ အင်အားစုကို ဖျက်ဆီးမယ် လို့ပြောခဲ့တယ်။ သူတို့သတ္တိကတော့ ပြောင်မြောက်လွန်းတယ်။

“တိမ်တိုက်ဂူရဲ့အားက အံ့ဖွယ်နတ်ဆိုးတောင်ကြားထက် နိမ့်တယ်မလား” ရှီမာယူလင်း ပြောလိုက်သည်။

“သူတို့ နောက်ခံများတွေ့ထားလို့လား”

“အရင်တုန်းက တိမ်တိုက်ဂူက အသည်းကွဲတောင်ကြားကို တိုက်ခိုက်ဖူး တယ်၊ အဲတုန်းက သူတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတစ်ခုနဲ့ ပူးပေါင်း ကြံစည်တာကို သိထားတယ်” ရှီမာယူယူ ပြန်ဖြေလေသည် “သူတို့က အဲဒီ အင်အားစုရဲ့ စွမ်းအားကို ငှားယူလိုက်တာလားလို့ စဉ်းစားနေတာ”

“သူတို့ကို မေးမြန်းစစ်ဆေးပြီးတော့ ဘယ်တော့လှုပ်ရှားမလဲဆိုတာ ကြည့်ကြတာပေါ့”

“အဲဒါကို စဉ်းတောင်မစဉ်းစားနဲ့၊ ငါတို့က ဂိုဏ်းကိုသစ္စာမဖောက်ဘူး” ထိုခေါင်းဆောင်သည် ခိုင်မာစွာ ပြောဆိုလေသည်။

“ဟုတ်တယ် ငါတို့ကိုသတ်လိုက်တာ ပိုကောင်းမယ် ငါတို့ပြောမှာမဟုတ် ဘူး”

“အိုး သစ္စာရှိလိုက်တာ” ရှီမာယူယူ နှာမှုတ်လေသည်။ သူမ ခြေထောက် တွင် အားထည့်လိုက်ကာ ထိုလူ၏လက်ကိုနင်းလိုက်သည်။

“အား….”

နာကျင်မှုကြောင့် အော်သံထွက်လာစေသည်။ သူ၏ ဆံထုံးမှ သွေးသီးလုံး ကြီးကျဆင်းလာသည်။ ထိုသို့ဆိုတောင် သူသည် စကားပြောရန် ဆန္ဒမရှိပေ။

ရှီမာယူယူသည် ခြေထောက်ကိုပြန်ရုတ်လိုက်သည်။ သူမသည် သူ့ကို ကြည့်ပြီးနောက် တခြားသူများကို ကြည့်လိုက်သည်။ သူတို့ တစ်ယောက်ချင်းစီ ၏မျက်လုံးထဲတွင် အကြောက်တရားများရှိနေကြသည်။

အကြောက်တရားဟုတ်လား။

အဲဒါက သေချာပေါက် သူမကို ကြောက်တာပဲ။ ကျင့်ကြံသူတစ်ယောက် အနေနဲ့က ဒီနာကျင်မှုလောက်ကို ခံနိုင်တယ်။

အဲတော့ ဘယ်သူ့ကိုကြောက်တာလဲ။ အကြောက်တရားကြောင့်ပဲ သူတို့ ဘာမှမပြောရဲတာပဲ။ သေရင်တောင် သူတို့စိတ်ထဲက အကြောက်တရားထက် စာရင်တော်သေးတယ်။

“ကြည့်ရတာ သူတို့ဆီကအဖြေရမှာမဟုတ်ဘူး” ရှီမာလျူရွှမ်သည်လည်း သတိထားမိသည်။

“အင်း သမီးအချိန်သုံးဖို့လိုတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘာလုပ်မလို့လဲ” ဟွမ်ရင်ရင်ပြောလိုက်သည်။

“သူတို့ကို ဖြေရှင်းရမှာပေါ့” ရှီမာယူယူသည် နေရာကျယ်တစ်ခုဆီသို့ လာပြီး ဆေးပင်တချို့နှင့် ဆေးဖိုထုတ်လိုက်သည်။ မကြာမီတွင် တချို့ဆေးများ သည် ဆေးဖိုတွင် ဖော်စပ်ပြီးလေသည်။

“သူတို့ကို ဒါစားခိုင်းလိုက်” ရှီမာယူယူသည် ဖက်တီးကျူဆီသို့ ကျောက်စိမ်းပုလင်း ပစ်ပေးလိုက်သည်။ သူမ ရှင်းလင်းပြီး ဆေးဖိုသိမ်းပြီးသည် နှင့် ဆေးများအားလုံး ကျွေးပြီးလေသည်။

“ငါတို့ကို ဘာတွေကျွေးလိုက်တာလဲ”

“ကောင်းတဲ့ပစ္စည်းလေးပါ၊ ခဏကြာရင် ငိုက်လာပြီး အမည်မသိတဲ့ ပဲစေ့ တွေ အန်ထုတ်လိမ့်မယ်” ရှီမာယူယူသည် သူတို့ကိုပြုံးပြလိုက်သည်။

သို့သော် သူမ၏ စကားများသည် လူကြီးများကို အလန့်တကြားကြည့်စေ သည်။

ဒီကောင်မလေးက ဒီလိုစကားတွေပြောတာလား။

ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒီလိုကိစ္စသေးသေးလေးကို ရှုပ်အောင်လုပ်ဖို့လိုလို့လား။

ထို့အပြင် သူမပြောသည့်အထဲတွင် မှားသည့်စကားတစ်ခွန်းမှမပါပေ။ ထိုလူများ၏ မျက်နှာမှ အမူအရာများသည် လျင်မြန်စွာပင် လည်လာကာ မျက်လုံးများသည် အာရုံစူးစိုက်မှုမရှိတော့ပေ။

“သူတို့ ဘာတွေဖြစ်နေတာလဲ” ဖက်တီးကျူ မေးလိုက်သည်။

“ဝိညာဉ်ပြည့်ဝမှုကို အားထုတ်နေတာ” ရှီမာယူယူ သူတို့ရှေ့သို့သွား လိုက်သည်။ “ဟုတ်ပြီ မင်းတို့သိတာကို ပြောပြ”

“ဘာကိုပြောစေချင်တာလဲ”

“အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ရှင်းမယ့်အကြောင်းပြောကြတာပေါ့”

“အံ့ဖွယ်နတ်ဆိုးတောင်ကြားလား” ထိုလူသည် ခေတ္တမျှအေးခဲသွားလေ သည်။ “ငါတို့က အံ့ဖွယ်နတ်ဆိုးတောင်ကြားကို တိုက်ခိုက်ပြီး သူတို့ကိုသတ် မလို့၊ သူတို့ အရင်းအမြစ်တွေယူမယ်၊ ပြီးတော့…”

ရှီမာယူယူသည် သူ့ကိုစကားဖြတ်ပြောလိုက်သည် “အသုံးမဝင်တာတွေ မပြောနဲ့၊ မင်းတို့အစီအစဉ်ကဘာလဲ၊ အချိန်နဲ့ လူအင်အားဘယ်လောက်ရှိလဲ၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားက သိလား”

“အံ့ဖွယ်နတ်ဆိုးတောင်ကြားက ပြီးခဲ့တဲ့နှစ်တွေက ငါတို့နဲ့ တိုက်ခိုက်လာ တာ၊ ဒါပေမဲ့ ဒီသတင်းကိုတော့ သူတို့သေချာပေါက်မသိဘူး၊ သူတို့ကိုတိုက်ခိုက် မယ့် ပင်မအင်အားစုက တိမ်တိုက်ဂူမဟုတ်ဘူး အထက်ကလူတွေပဲ”

“အထက်ကလူတွေဟုတ်လား ဘယ်သူတွေလြသိလား”

“ငါတို့က လက်အောက်က ခိုင်းဖတ်လေးတွေပါ ဘယ်သူလဲဆိုတာ ဘယ်သိပါ့မလဲ၊ ငါတို့က တိတ်တိတ်လေးပြန်ဖို့ ဂိုဏ်းကသတင်းရထားတာ”

“အဲဒါဘယ်တော့လောက်ဖြစ်မလဲ”

“တစ်လကြာပြီးတော့”

“လူဘယ်နယောက်လဲ”

“ငါတို့လည်းမသိဘူး ငါတို့က အမိန့်ကိုလိုက်နာဖို့ပဲရှိတာ”

“တကယ်မသိဘူးလား” ရှီမာယူယူ၏ အသံသည် ရုတ်တရက်ကျယ်လာ ရာ ထိုနေရာတွင်ရှိနေသော လူများလန့်သွားကြလေသည်။

“အမှန်ပါပဲ” တိမ်တိုက်ဂူမှလူများ အတည်ပြုလေသည်။

“သူတို့အင်အားစုက အဲလောက်အားမကောင်းဘူး၊ သူတို့က အရေးကြီး တဲ့ရာထူးလည်းဟုတ်ပုံမရဘူး၊ မသိတာက ပုံမှန်ပဲလေ” ရှီမာလျူရွှမ် ပြောလိုက် သည်။

“ဟုတ်တယ် ယူယူမစိုးရိမ်ပါနဲ့” တခြားသူများဖျောင်းဖျလေသည်။

ရှီမာယူယူသည် သူတို့ကိုခေါင်းညိတ်ပြပြီးနောက် ဆက်လက်မေးမြန်း လေသည် “အသည်းကွဲတောင်ကြားကရော အဲအကြောင်းဘာသိထားလဲ”

“အဲဒါကိုသိတယ် သူတို့အစီအစဉ်က တောင်ကြားခေါင်းဆောင် ရှီမန်ဖန် ကိုသတ်မလို့ပဲ၊ ဘာလို့လဲဆိုတော့ သူတို့က ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုး နွယ်ကို ပျက်စီးအောင်လုပ်လို့လေ၊ သူတို့က သူ့ကိုသတ်တဲ့အချိန်မှာ ငါတို့က အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ဖျက်ဆီးမယ်၊ အသည်းကွဲတောင်ကြားက ကျန် တဲ့ကိစ္စတွေကို ငါတို့ရှင်းမယ်”

“ရှီမန်ဖန်ကို သတ်မယ်ဟုတ်လား ဘယ်တော့လဲ”

“ဒီနှစ်ရက်အတွင်းဖြစ်မယ့်ပုံပဲ”

***

All Chapters