← Chapters

ခေါင်းဆောင်ကို ဖမ်းခြင်း

Vol. 99 Ch. 1382

ခေါင်းဆောင်ကို ဖမ်းခြင်း

Vol. 99 Ch. 1382

ကြည့်ရတာ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုက အသည်းကွဲ တောင်ကြား ကျုံးကျန်းမျိုးနွယ်နဲ့ ရင်ယန်နန်းတော်ကို ဖိအားပေးတာကို မခံနိုင် ဘူးထင်တယ်။

ရှီမန်ဖန်ကိုအရင်သတ်လိုက်ခြင်းသည် အသည်းကွဲတောင်ကြားကို ရှုပ်ထွေးသွားစေမည်။ ထိုအခါတွင် ကျုံကျန်းမျိုးနွယ်နှင့် ရင်ယန်နန်းတော်ကို ဖိအားမပေးနိုင်တော့ပေ။ တစ်ချိန်တည်းမှာပင် သူတို့သည် အံ့ဖွယ်နတ်ဆိုး တောင်ကြားကို ကိုင်တွယ်ရန် အာရုံစိုက်ထားသည်။ သူတို့အံ့ဖွယ်နတ်ဆိုး တောင်ကြားကို ဖျက်ဆီးပြီးသည်နှင့် အသည်းကွဲတောင်ကြားကို ဖြေရှင်းမည်။

ရှီမာယူယူ အဝေးရောက်နေချိန်တွင် အစီအစဉ်များအားလုံးကို အကောင် အထည်ဖော်ရန်ဖြစ်သည်။ သူမ၏ တည်ရှိမှုသည် လုပ်နိုင်စွမ်းကြီးသောကြောင့် ဖြစ်သည်။

ထို့နောက်တွင် ရှီမာယူယူသည် တခြားသောကိစ္စများကို မေးမြန်းကြည့် သော်လည်း အဖြေများမှာအရေးမကြီးလှပေ။

တိမ်တိုက်ဂူတွင် သူတို့ရာထူးမှာနိမ့်လွန်းသဖြင့် သိသည့်အရာမှာလည်း နည်းပါးသည်။ သူတို့သာ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါက အံ့ဖွယ် နတ်ဆိုးတောင်ကြားနှင့် အသည်းကွဲတောင်ကြားတို့သည် မသိစရာအကြောင်း မရှိပေ။

ရှီမာယူယူသည် ဓားမြှောင်တစ်ချောင်းထုတ်ကာ သူတို့ထဲမှ တစ်ယောက် ၏ နှလုံးကိုထိုးလိုက်သည်။ ထိုလူသည် အနည်းငယ်လူးလွန့်ပြီးနောက်တွင် သေဆုံးသွားလေသည်။

သူမသည် ထိုအခွင့်အရေးတွင် သူ၏ အံ့ဖွယ်အာရုံထဲသို့ဝင်သွားလိုက် သည်။ သူမရလိုက်သော သတင်းမှာလည်း သူပြောသည်နှင့် ဆင်တူသည်။

“ကြည့်ရတာ ငါ့ဆေးက သက်ရောက်မှုတော့ရှိယ်” ရှီမာယူယူသည် အလောင်းကို မြေပေါ်သို့ပစ်လိုက်သည်။ သူမ မီးတောက်ဖြင့် ပြာဖြစ်အောင် ရှို့ လိက်သည်။

“သူတို့ကို ဘာဆေးအမျိုးအစားပေးလိုက်တာလဲ”

“သူတို့ကို အမှန်တရားပြောအောင်လုပ်ဖို့လေ၊ ဒါပထမဆုံးသုံးတာပဲ သက်ရောက်မှုရှိလားလို့ ကြည့်ချင်နေတာ” ရှီမာယူယူ ပြန်ဖြေလေသည်။

“ယူယူ တောင်ကြားခေါင်းဆောင် အဆင်ပြေပါ့မလား” ဖက်တီးကျူနှင့် တခြားသူများသည် စိုးရိမ်တကြီးမေးလေသည်။

လျှို့ဝှက်ဆန်းကြယ်သောအင်အားစုတွင် အားကောင်းသော ကျွမ်းကျင် သူများစွာ ပါကြောင်းကို သူတို့ကြားသိထားသည်။ ရှီမန်ဖန်တို့သာ ပြင်ဆင် ထားခြင်းမရှိပါက သူတို့အတွက် အဆိုးဘက်ရောက်သွားနိုင်သည်။

ရှီမာယူယူသည်လည်း ထိုအရာကိုစဉ်းစားမိသည်။ “သူ့ကိုအရင် ဆက်သွယ်ကြည့်မယ် ပြီးတာနဲ့ သူ့ကိုကာကွယ်ဖို့ တိတ်တဆိတ်လူပို့ရမယ်”

“ဟုတ်ပြီ”

တစ်နာရီကျော်ကြာပြီးနောက်တွင် လူတစ်စုသည် အမှတ်တရ စားသောက်ဆိုင်မှ ထွက်ခွာကြလေသည်။ ထိုလူများသည် အသည်းကွဲတောင် ကြားမှမဟုတ်ကြပေ။ သူတို့သည် သူမဖိတ်ကြားထားသော သွေးမိစ္ဆာမြို့မှ လူ များဖြစ်ကြသည်။

သွေးမိစ္ဆာမြို့တော်မှ လူများသည် လောကအသေးထဲတွင် တည်ငြိမ်သော ဘဝကိုပိုင်ဆိုင်ထားသည်။ သူတို့သည် ရှီမာယူယူကို ကျေးဇူးတင်ကြသည်။ သူမနောက်သို့ အချိန်တစ်ခုလိုက်ပြီးနောက်တွင် သူမအကြောင်းကို သိလာကြ ပြီး သူမ၏ အကျင့်ကိုလည်း သဘောကျကြသည်။

အထူးသဖြင့် တချို့လူများသည် တိတ်ဆိတ်သောဘဝကိုလိုချင်ကြပြီး တခြားသူများသည် အပြင်ကိုထွက်ပြီး ကိစ္စများကို ဆောင်ရွက်ချင်ကြသည်။

ထို့ကြောင့် ရှီမာယူယူ သူတို့ကိုအကူအညီတောင်းပြီးနောက်တွင် အလွယ်တကူပင် သဘောတူခဲ့ကြသည်။

“အဲလူတွေနဲ့လောက်ပါ့မလား” လေကောင်းလေသန့်ထွက်ရှုသော ရှောင်ချီသည် အနည်းငယ်စိုးရိမ်နေသည်။

သူမနှင့် ရှီမန်ဖန်တို့သည် အဆင်ပြေကြသည်။ သူအန္တရာယ်ရှိသည်ဟု ကြားသည်နှင့် သူမ စိုးရိမ်မိသည်။

ပြီးခဲ့သည့်နှစ်များတွင် ရှီမာယူယူနှင့် အတူရှိပြီးနောက်တွင် ထိုလျှို့ဝှက် ဆန်းကြယ်အင်အားစုသည် မည်မျှအင်အားကောင်းသည်ကို မြင်တွေ့ခဲ့ရသည်။

“အဘိုးလည်းလိုက်သွားတာပဲ ပြီးတော့ အဲလူတွေက မင်းထင်သလောက် အားမနည်းပါဘူး” ရှီမာယူယူ နှစ်သိမ့်လေသည်။

“ယူယူ့အဘိုးကို ဘယ်လောက်အားကိုးရမလဲ မသိဘူးလေ” ရှောင်ချီ ရေရွတ်လေသည်။

“….”

“….”

သူမအဘိုးကို အထင်သေးနေတာပဲ။

ရှီမာယူယူသည် သူမခေါင်းကို ပွတ်လိုက်သည်။ “မင်းလည်းလိုက်သွား ချင်တယ်ဆိုတာကိုသိတယ် ဒါပေမဲ့ လိုက်သွားလို့မရဘူး၊ မင်းပေါ်သွားလိုက် တာနဲ့ ငါပြန်လာပြီဆိုတာ သူတို့သိလိမ့်မယ်၊ ငါတို့အဲလူတွေကို အငိုက်ဖမ်းရ မယ်”

“ရှောင်ချီသိပါတယ် မသွားပါဘူး” ရှောင်ချီ သက်ပြင်းချလေသည်။

သူမသည် လူတစ်ယောက်ကို မရိုက်သည်မှာကြာပြီဖြစ်သည်။ သူမ လက် များယားယံနေသည်။

“သူတို့ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို တိုက်ခိုက်ရင် မင်းလုပ်ချင်တာကို လုပ်ခွင့်ပေးမယ်”

“ဟုတ်ပြီ ရှောင်ချီစောင့်နေမယ်၊ ဘယ်လောက်ကြာအောင်စောင့်ရမလဲ မသိဘူး”

“ဒီကောင်မလေးတော့ အကြာကြီးတိတ်နေပြီးမှ နဂိုအတိုင်းပြန်သွားချင် နေပြီလား” ရှီမာယူယူသည် သူမ၏ နဖူးကိုပုတ်လိုက်သည်။

“ဘယ်လိုလဲ” ရှောင်ချီ နှုတ်ခမ်းဆူလိုက်လေသည်။ သူမမျက်နှာသည် ချစ်စရာကောင်းတုန်းပင်။

“မီအာရော သူ မင်းနဲ့လိုက်မလာဘူးလား”

“သူက ကစားဖို့ထွက်သွားတယ်” ရှောင်ချီ ပြန်ဖြေလေသည် “မစိုးရိမ်ပါနဲ့ သူ့ကိုသတိပေးထားပြီးပြီ၊ သူဘယ်သူ့ဆီကိုသွားသွား ရှောင်ချီတို့ဆီကိုမလာနိုင် ဘူး၊ ရှောင်ချီတို့ပြန်လာတာကို တခြားသူတွေကိုပေးမသိစေဘူး”

“မဆိုးဘူး ရှောင်ချီတောင်ကြီးလာပြီ” ရှီမာယူယူ ချီးကျူးလိုက်သည်။

“ဟုတ်လား” ရှောင်ချီသည် မေးစေ့ကိုဂုဏ်ယူစွာဖြင့် ပင့်လိုက်သည်။ “ဒါနဲ့ ယူယူ ရှောင်ချီတို့ လှုပ်ရှားသင့်တယ်မဟုတ်ဘူးလား၊ သူတို့အံ့ဖွယ်နတ်ဆိုး တောင်ကြားကို တိုက်မယ့်အစီအစဉ်အသေးစိတ်ကိုမသိသေးဘူး”

“အင်း အသေးစိတ်သိဖို့လိုသေးတယ်” ရှီမာယူယူသည် သူမမေးစေ့အား ပွတ်ုလိကသ်ည် “ငါ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို လူလွှတ်ပြီး သတိထားဖို့ ပြောလိုက်ပေမဲ့ သတင်းအထူးတလည်မရှိရင် ကာကွယ်လည်း အလုပ်မဖြစ်ဘူး”

“ဒါဆိုရင် အထက်ကလူတွေကို သွားဖမ်းရအောင် သူတို့အကုန်လုံး ဒီမြို့ ထဲမှာပဲဖြစ်လောက်တယ်” ရှောင်ချီ သွားဖြဲလေသည်။

“မင်း ဘယ်လိုလုပ်သိတာလဲ” ရှီမာယူယူ ကြည့်လိုက်သည် “ငါ့နောက် ကွယ်မှာတစ်ခုခုလုပ်ပြန်ပြီလား”

“မလုပ်ပါဘူး ဒီအတိုင်းပဲ တိမ်တိုက်ဂူကလူတွေကို စစ်ဆေးပြီး သူတို့ ခေါင်းဆောင်က ဘယ်သူလဲလို့မေးလိုက်တာ ဟဲဟဲ ရှောင်ချီက ဉာဏ်ကောင်း တယ်လေ”

“အဲတော့ မင်းက အဲလိုတောင်တွေးထားပြီးပြီပေါ့၊ ဘယ်မှာလဲဆိုတာ သိမှတော့ သွားကြတာပေါ့”

တစ်နာရီကျော်ကြာပြီးနောက်တွင် ခြံဝန်းထဲတွင် အလုပ်များနေသော လူတစ်ယောက်သည် ရုတ်တရက်ဝင်လာသောလူကြောင့် အနှောင့်အယှက်ဖြစ် သွားလေသည်။

“မင်းတို့ဘယ်သူတွေလဲ တိမ်တိုက်ဂူကိုဘာလာလုပ်တာလဲ”

“လူလာရှာတာ”

ရှီမာယူယူသည် ဟိန်းသံထောင်ချီနှင့် ပေါင်းစပ်ထားသည်။ သူမသည် ပြဿနာလာရှာသော မုတ်ဆိတ်နှင့်ကြံ့ခိုင်သောလူအဖြစ် ပြောင်းထားသည်။

“ဘယ်သူ့ကိုလာရှာတာလဲ”

“ဝမ်ထျန်ဟွာက ဘယ်မှာလဲ” ရှီမာယူယူ မေးမြန်းလေသည်။

ခမ်းနားထည်ဝါသော လူတစ်ယောက်သည် အခန်းထဲမှထွက်လာသည်။ သူ ရှီမာယူယူကိုမြင်သောအခါ မေးလိုက်သည် “ငါ့ကိုဘာလို့ရှာတာလဲ”

“ခင်ဗျားက ဝမ်ထျန်ဟွာလား”

“ဟုတ်တယ် မင်းကဘယ်သူလဲ”

“ငါက မင်းစွန့်ပစ်ခဲ့တဲ့ ဂွီဟွာရဲ့ ခဲအိုရဲ့ညီလေးရဲ့ ယောက်ဖပဲ၊ မင်း သူမကို ထိခိုက်အောင်လုပ်တယ်လို့ ကြားတယ်၊ ဒီနေ့ သူ့ကိစ္စရှင်းရအောင်လာခဲ့တာ” ရှီမာယူယူသည် စကားပြောရင်းနှင့် သာမန်လိုပင် ပခုံးပေါ်မှ ဓားကိုပုတ်လိုက် သည်။

ထိုဂွီဟွာသည် တိမ်တိုက်လူများမှ ကြားခဲ့ခြင်းဖြစ်သည်။ သူမသည် သူ ထားခဲ့သော တစ်ရွာတည်းသားဖြစ်သည်ဟု ပြောကြသည်။

“ငါ အရင်ကပြောခဲ့ပြီးပြီလေ ငါ့ကိုထပ်လာမရှာနဲ့တော့လို့ ထပ်ပြီး နှောင့်ယှက်နေဦးမယ်ဆိုပြီး မယဉ်ကျေးတဲ့အတွက် အပြစ်မတင်နဲ့” ဝမ်ထျန်ဟွာသည် အေးစက်စွာနှာမှုတ်လေသည်။

“ဟင်း မင်းက သူမကိုပစ်ထားပြီးတော့ သွေးနားထင်ရောက်သလိုလုပ် နေတယ်၊ ငါလာတာက သူမကိုမင်းလိုက်တွေ့အောင်လို့ပဲ မင်းသဘောမတူရင် အတင်းဖိအားပေးပြီးခေါ်သွားမှာပဲ ဒဏ်ရာမရအောင်လို့ ငါနဲ့လိမ်လိမ်မာမာ လိုက်ခဲ့သင့်တယ်”

ရှီမာယူယူသည် ထိုလူများနှင့် တိုက်ခိုက်ရန် အစီအစဉ်မရှိပေ။ သူမသည် အသွင်ပြောင်းထားသော ရှောင်ချီကိုဆင့်ခေါ်လိုက်သည်။ ရှောင်ချီ ထိုလူများကို မြင်သောအခါ သူမ၏ မျက်လုံးများသည် တောက်ပသွားကာ ချက်ချင်းပင် လက်သီးဖြင့် တိုက်ခိုက်တော့သည်။ ရှီမာယူယူသည် ဝမ်ထျန်ဟွာဘက်သို့ လျှပ်တပြက်သွားလိုက်သည်။

ဝမ်ထျန်ဟွာ လန့်သွားသည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် လှုပ်မရတော့ သည်ကိုသိလိုက်ရသည်။

“ငါ့ကိုဘာလုပ်လိုက်တာလဲ” သူသည် ထိတ်လန့်စွာဖြင့် အော်လေသည်။

“ဘာမှမလုပ်ပါဘူး ပါးစပ်ပိတ်သွားအောင်လုပ်လိုက်တာ”

“မင်း ငါ့ကိုအဆိပ်ခတ်လိုက်တာပဲ”

“ဉာဏ်ကောင်းတယ်” ရှီမာယူယူ ပြုံးလိုက်သည်။ “အဲတော့ ငါတို့နဲ့ လိမ်လိမ်မာမာလိုက်ခဲ့လိုက်”

ဝမ်ထျန်ဟွာသည် ရှောင်ချီ သူ့လူများကို ကိုင်တွယ်ပုံကိုကြည့်နေခဲ့သည်။ သူ့သွေးများ ပြောင်းပြန်စီးနေပြီဟု ခံစားရသည်။

“သွားကြမယ်”

ရှီမာယူယူသည် သူ့ကိုလည်ပင်းမှကိုင်ဆွဲကာ လူအုပ်ကြီးကြည့်နေသည့် ကြားမှ ခေါ်သွားလေသည်။

***

All Chapters