တမင်စီစဉ်ထားခြင်း
Vol. 99 Ch. 1383
တိမ်တိုက်ဂူမှလူများသည် သွေးရူးသွေးတန်းဖြစ်ကုန်ကြသည်။ ဂွီဟွာက ဒီလောက်အားကောင်းတဲ့ အကူကိုဘယ်တုန်းကရှာတွေ့သွားတာလဲ။
ဝမ်ထျန်ဟွာသည် သူမကို စွန့်ပစ်ခဲ့ရာမှ ခေါ်သွားခြင်းခံရသည်။ မကောင်း တာတော့ ဘာမှမဖြစ်လောက်ဘူးမလား။
“ငါတို့ သတင်းပို့ရမလား”
“ဘာကို သတင်းပို့စရာလိုလဲ၊ သူက ကိုယ်ရေးကိုယ်တာကိစ္စကြောင့် နှောင့်နှေးသွားတယ်ဆိုတာကို အထက်ကလူတွေသိရင် သူအပြစ်ပေးခံရမှာပေါ့ သူအပြင်ပေးခံရရင် ငါတို့ကလွတ်မလား၊ အဲလိုဆိုရင် ငါတို့အထုတ်ခံရလိမ့်မယ်”
“ဟုတ်တယ် ငါတို့သတင်းမပို့သင့်ဘူး၊ အဲမတိုင်ခင် သူပြန်လာရင် ငါတို့ အဆင်ပြေသွားမှာပါ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အမိန့်ကိုနာခံတာပဲလေ”
“အင်း အဲလိုပဲလုပ်ကြတာပေါ့”
ထို့ကြောင့် ဝမ်ထျန်ဟွာကို ရှီမာယူယူ ဖမ်းခေါ်သွားသည်ဟု မည်သူမှ သံသယမဝင်ပေ။
ဝမ်ထျန်ဟွာသည် တိမ်တိုက်ဂူနယ်မြေမှထွက်သည်နှင့် သူ၏ အံ့ဖွယ် အာရုံမှာ ရှုပ်ထွေးသွားသည်ကို ခံစားမိသည်။ သူ မည်သူနှင့်ကြာရှည်စွာရှိခဲ့ သည်၊ မည်သည့်နေရာတွင် ရောက်နေသည်ကို သူ မသိတော့ပေ။ သူ နိုးလာချိန် တွင် လူများဝန်းရံခြင်းကိုခံလိုက်ရသည်။
ဒီနေရာက ဂွီဟွာရဲ့နေရာမဟုတ်ဘူး။
“မင်းတို့က ဘယ်သူတွေလဲ” သူသည် တစ်ခုခုလွဲနေပြီဆိုသည်ကို သိလိုက်ရသည်။ သူသည် လှုပ်ရှားချင်သော်လည်း ခုံတွင်ချည်ထားခံရလေ သည်။
“မင်း အားတွေကို အလကားအကုန်မခံနဲ့၊ ဒါက ကျုပ် လုပ်ထားတဲ့ ထာဝရရှင်သန်တဲ့ကြိုးနဲ့ ချည်ထားတာပဲ ဒါကိုဖြတ်လို့မရဘူး” ဖက်တီးကျူ သည် ရွှင်လန်းအားရစွာပြောလေသည်။
“ဒါက သူ့ကို ဒီအဆင့်မှာမို့သာ ချည်လို့ရတာလေ၊ သူသာ သန်မာရင် မဖြစ်နိုင်ဘူး၊ ဒါကို ထာဝရရှင်သန်ကြိုးလို့ နာမည်ပေးတာကို မရှက်ဘူးလား” ရှီမာယူယူသည် ဖက်တီးကျူနှင့် ဆက်ဆံရေးအကောင်းဆုံးသူဖြစ်သည်။ သူ၏ ဂုဏ်မောက်နေသော ပုံစံကိုကြည့်ပြီး စနောက်လိုက်သည်။
“ဒါက ပထမဆုံးမျိုးဆက်လေ၊ ငါအချိန်ရရင် ဒါကိုထပ်ပြီးအဆင့်မြှင့်မယ်၊ ဒါကို သူ့နာမည်နဲ့လိုက်အောင် ထာဝရရှင်သန်ကြိုးဖြစ်အောင် သေချာပေါက် လုပ်မယ်” ဖက်တီးကျူ ပြန်ချေပလေသည်။
“စောင့်နေမယ်နော် ကြိုးစားထား” ရှီမာယူလီသည် ရယ်မောကာ သူ၏ ပခုံးကိုပုတ်လိုက်သည်။
“မင်းတို့ရဲ့ တောက်ပတဲ့မျက်လုံးတွေနဲ့စောင့်နေလိုက်” ဖက်တီးကျူသည် သူ့ကိုရယ်နေသည်ကို မမြင်နိုင်ပေ။ သူသည် သူ့ရင်ဘတ်သူပုတ်လေသည်။
ဝမ်ထျန်ဟွာသည် အားပါပါနှင့်ရုန်းလေသည်။ သို့သော် ကြိုးကိုဖြတ်မရ ပေ။ သူသည် သူ့ကိုခေါ်သွားသော လူကြီးကိုကြည့်လိုက်သည်။ “ဒါက ဂွီဟွာရဲ့ အိမ်မဟုတ်ဘူး၊ မင်းတို့ကဘယ်သူလဲ ငါ့ကိုဘာလို့ဒီနေရာကိုခေါ်လာတာလဲ၊ မင်းတို့ရည်ရွယ်ချက်ကဘာလဲ”
“ခင်ဗျားက ငတုံးမဟုတ်ဘူးပဲ” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် ဟိန်းသံထောင်ချီမှ ခွဲထွက်လိုက်ရာ မူလပုံစံသို့ အသွင်ပြောင်းသွားလေသည်။
“မင်းက… ရှီမာယူယူပဲ” ဝမ်ထျန်ဟွာ ရေရွတ်လိုက်သည်။ သူ့နှလုံးသား မှာ နစ်မြှုပ်သွားတော့သည်။
သူမက သူတို့မသိခင်မှာ တိတ်တိတ်လေးပြန်လာတာပဲ။ သူမက သူ့ကို ဒီကိုခေါ်လာတာဆိုတော့ တစ်ခုခုများသိလို့လား။
“အဲလောက်အံ့ဩသွားတာလား၊ ကြည့်ရတာ ကျွန်မဘာအတွက်ခေါ်လာ တယ်ဆိုတာတောင် သိပုံမရဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲလိုဆိုမှတော့ ဝန်ခံမလား မဟုတ်ရင် စစ်ဆေးတာကိုစောင့်မလား”
“မင်းကို ပြောအောင် ငါ့ကိုဘာမှလုပ်မရဘူး၊ မင်း ငါ့ကိုလွှတ်လိုက်တာ ကောင်းမယ်၊ ငါတို့ဂိုဏ်းက တစ်ယောက်ယောက်လာမှာပဲ”
“ရှင့်ရဲ့ ဂိုဏ်းကလူတွေကိုမျှော်နေတာလား” ရှီမာယူယူ ပြောလိုက်သည် “ရှင် ရှင့်ရဲ့လက်အောက်ငယ်သားတွေကို ဘယ်လိုဆက်ဆံတာလဲဆိုတာကို ကျွန်မ သတိပေးဖို့လိုသေးလား၊ သူတို့က ရှင့်ကိုနှောင့်ယှက်ရဲတဲ့ သတ္တိရှိတယ် လို့ထင်လား”
ဝမ်ထျန်ဟွာ၏ နှလုံးမှာ ပိုမျှော်လင့်ချက်မဲ့သွားလေသည်။
သူမ ပြောသည်မှာမှန်သည်။ သူတို့ သူ့ကိုနှောင့်ယှက်သည့်အချိန်တိုင်း တွင် သူတို့သည် အဆုံးသတ်မလှခဲ့ပေ။ ထို့ကြောင့် သည်တစ်ကြိမ်တွင် သူတို့ သည် သူ့ကိုလျစ်လျူရှုနိုင်သည်။
သို့သော် ထိုသို့ဆိုလျှင်တောင် သူ သူမကို ဘာမှပြောမည်မဟုတ်ပေ။
သူ သေလျှင်တောင် မပြောပေ။
“တော်လောက်ပြီ ရှင်က သူတို့လိုပဲ၊ ကျွန်မ ဆေးကိုထပ်ပြီး အလကား သုံးရဦးမယ်”
ရိုက်နှက်သံကိုကြားလိုက်ရသည်နှ့င် ဆေးတိုက်ခြင်းကိုခံလိုက်ရသည်။ သူ ထွေးထုတ်ချင်သော်လည်း မထွေးလိုက်ရခင်တွင် ပါးစပ်ထဲတွင် အရည်ပျော် သွားလေသည်။
မကြာခင်တွင် သူ့အသိဉာဏ်သည် သူ့ကိုယ်ပိုင်မဟုတ်တော့သည်ကို ခံစားမိသည်။ သူသည် အဖြူရောင်တိမ်တိုက်များအကြား ကျယ်ပြန့်သော နေရာတစ်ခုကိုဝင်သွားသလိုပင်။ တိမ်တိုက်များသည် သက်တောင့်သက်သာ ဖြစ်လှကာ ထိကြည့်မိသည်။
ထိုအချိန်မှာပင် လူတစ်ယောက်ပေါ်လာကာ သူ့ကိုစကားပြောလေသည်။ သူတို့ မည်သည့်အရာကိုမေးပြီး သူ မည်သည့်အရာများကို ပြန်ဖြေလိုက်သည် ကို မသိတော့ပေ။
သူသည် ထာဝရရှင်သန်သူနယ်မြေသို့ ရောက်သွားပြီဟုထင်လိုက်သည်။ မကြာမီတွင် အဖြူရောင်တိမ်တိုက်များ သူ့ကိုဝန်းရံလာကာ အစုကွဲသွားပြီး ပျောက်ကွယ်သွားလေသည်။ သူ၏ အံ့ဖွယ်အာရုံမှာ ပြန်ရလာသည်။ သူသည် တစ်နေရာတည်းမှာပင် အပိတ်ခံနေရသေးသည်ကို တွေ့လိုက်သည်။
ဘေးတွင် ကလေးငယ် တစ်ယောက်ရှိကာ လူများလျော့သွားသည်။
သူမသည် သူ့ဘေးမှခုံတွင်ထိုင်နေသည်။ သူမမေးစေ့ကို လက်နှစ်ဖက် ဖြင့်ထောက်ကန်ထားသည်။ သူမ၏ လုံးဝန်းသော မျက်လုံးများသည် ဖြူစင်ပုံ ပေါ်သည်။
“ညီမလေး ငါ့ကိုလွှတ်ပေးလို့ရမလား” သူသည် သူမကို လှည့်ဖြားလေ သည်။ “ငါ့ကိုလွှတ်ရင် မင်းကိုပစ္စည်းကောင်းတာတွေ ပေးမယ်လေ ဘယ်လိုလဲ”
“ကောင်းလှတယ်လို့တော့မဟုတ်ဘူး” ရှောင်ချီသည် သူမကို ငတုံးတစ် ယောက်ကဲ့သို့ ဆက်ဆံသည်ကို စိတ်ဆိုးလေသည်။ “ခင်ဗျားကိုလွှတ်ပေးစေ ချင်ရင် ကျွန်မကို တစ်ခုတော့ကတိပေးရမယ်”
“ဘာလဲ” ဝမ်ထျန်ဟွာ၏ မျက်လုံးများသည် မျှော်လင့်ချက်ဖြင့် ပင့်တက် လာသည်။
“ကျွန်မ ခင်ဗျားကို ဖြည်ပေးမယ် ကျွန်မနဲ့တိုက်ခိုက်ရမယ်၊ ခင်ဗျား နိုင်ရင် ထွက်သွားလို့ရတယ်” ရှောင်ချီ ပြောလိုက်သည်။
ဝမ်ထျန်ဟွာသည် ရှောင်ချီအား ကြည့်လိုက်သည်။ သူသည် မည်သည့် ဝိညာဉ်သားရဲရောင်ဝါကိုမှ အာရုံမခံမိပေ။ ဆိုလိုသည်မှာ သူမသည် လူသား တစ်ယောက်ဖြစ်သည်။
ဆယ်ကျော်သက် မိန်းကလေးက ဘယ်လောက်သန်မာနိုင်မှာလဲ။ သူမ သူ့ကို ဖြည်ပေးလိုက်တာနဲ့ သူမက သူ့ကိုတားနိုင်မှာလား။
ထိုအကြောင်းအား စဉ်းစားလိုက်မိသည်နှင့် သူ သဘောတူလိုက်သည်။
“ဒါဆိုရင် အရင်ဖြည်ပေးမယ်နော်” ရှောင်ချီသည် သူ့ဘေးသို့လာပြီး ကြိုးထုံးကိုဖြည်လိုက်သည်။ သူမ ခြေနှစ်လှမ်းဆုတ်လိုက်သည် “ရပြီ”
ဝမ်ထျန်ဟွာသည် မတ်တတ်ရပ်ကာ ခန္ဓာကိုယ်မှ ကြိုးကိုဆွဲလိုက်သည်။ သူသည် ရှောင်ချီကိုပြောလေသည်။ “ညီမလေး ငါ မင်းကို မထိခိုက်စေချင်ဘူး၊ မင်း ဘာမှမပြောရင် မင်းကိုဘာမှမလုပ်ဘူး နားလည်လား”
“ဆိုလိုတာက ခင်ဗျားက ကျွန်မနဲ့ မတိုက်ခိုက်ချင်ဘူးလား” ရှောင်ချီ မေး လိုက်သည်။
“နောက်တစ်ခါထိ စောင့်နိုင်မလား၊ ငါမင်းနဲ့ နောက်တစ်ခါကျရင် တိုက်ခိုက်မယ်လေ” ဝမ်ထျန်ဟွာသည် အပြင်တွင် မည်သူမှမရှိသည်ကို ခံစား မိပြီး ပြေးထွက်ချင်နေသည်။
သူ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူ တံခါးဖွင့်ရန် ဟန်ပြင်လိုက် သည်။ သူ တံခါးလက်ကိုင်ကို ကိုင်လိုက်သည်နှင့် အနောက်မှ အေးစက်သော ရောင်ဝါကိုခံစားမိလေသည်။
“မင်း ငါ့ကိုလိမ်ရဲတယ် မင်းက ငါ့ကိုကလေးတစ်ယောက်လို ဆက်ဆံတာ လား”
ရှောင်ချီ၏ အေးစက်သောအသံသည် ဝမ်ထျန်ဟွာကို လန့်သွားစေသည်။ သူ လှည့်ကြည့်ရာ မျက်နှာချင်းဆိုင်တွင်ရှိနေသော သူမသည် အရှေ့သို့ရောက် လာသည်ကိုတွေ့လိုက်ရသည်။ သေးငယ်သော လက်တစ်စုံသည် သူ၏ အင်္ကျီ ကိုဆုပ်ကိုင်လိုက်သည်။ ထို့နောက် ပခုံးကိုကိုင်ကာ ပြင်းထန်စွာရိုက်နှက်ပြီး ကိုင်ပေါက်လိုက်လေသည်။
ဝမ်ထျန်ဟွာသည် ကြမ်းပြင်ပေါ်သို့ကျသွားလေသည်။ သူ့မခန္ဓာကိုယ်မှ နာကျင်မှုသည် စိတ်ထဲမှ ထိတ်လန့်မှုကို မယှဉ်သာပေ။
ဒီကောင်မလေးက အားကောင်းလိုက်တာ။ ဘာလို့ အားနည်းတဲ့ပုံထင်ရ တာလဲ။
“မင်းက လူသားမဟုတ်ဘူးလား” သူသည် ပါးစပ်ထောင့်မှ သွေးများကို သုတ်ပြီး အော်လိုက်သည်။
“ငါက ဘယ်လိုလုပ်လူသားဖြစ်မှာလဲ” ရှောင်ချီ ပြန်ချေပလေသည်။
“မင်းက လူဆိုးပဲ ငါ့ကိုလိမ်ရဲတယ် မင်းပြန်ပေးဆပ်ရမယ်”
သူမ တစ်ချက်ပစ်ကျွေးလိုက်သည်။
ဝမ်ထျန်ဟွာသည် ထိုလှုပ်ရှားမှုမှာ ရင်းနှီးသည်ဟု တွေးနေမိသည်။ သူ၏ မျက်အိမ်များ ကျယ်လာပြီး အော်လေသည် “မင်းက ငါ့လူတွေကိုရိုက်လိုက်တဲ့ သူပဲ”
“ဟင်း အခုမှသိတာလား၊ ဒီချစ်စရာကောင်းတဲ့ ရှောင်ချီလေးကိုလာလိမ် ရဲသေးတယ်၊ ဒီရှောင်ချီရဲ့ ဒေါသကို ရင်ဆိုင်ဖို့အသင့်ပြင်ထားလိုက်” ရှောင်ချီ သည် အမြန်ရှေ့တိုးလေသည်။
မကြာမီတွင် အခန်းထဲတွင် အလွန်ဆင်းရဲလှသော အော်သံထွက်လာ သည်။ ခြံထဲမှလူများသည် ခေါင်းယမ်းမိကြလေသည်။ ယူယူသည် သူ့ကို စောင့် ကြည့်ရန် ရှောင်ချီကိုခိုင်းခဲ့သည်။ ဒါက တမင်လုပ်တာမဟုတ်ဘူးလား။
တစ်ချိန်တည်းမှာပင် လူသူပြတ်လတ်သောနေရာတွင် ရှီမန်ဖန်နှင့် အဘိုး ဘိုင်တို့သည် မရပ်မနားပြေးနေကြသည်။ သူတို့သည် နောက်ကလိုက်နေသော လူများကို ရှင်းပစ်ရန်ကြိုးစားနေသည်။
သို့သော် သူတို့ တစ်ခါသုံးဖြတ်လမ်းတည်ဆောက်မှု သို့မဟုတ် လေဟာ ပြင်ဝင်ပေါက်ကို မည်သို့ပင်သုံးစေကာမူ ပြိုင်ဘက်သည် သူတို့ကိုတင်းကြပ်စွာ ပိတ်ထားတုန်းပင်။
အင်အားများစွာ သုံးထားခြင်းကြောင့် ထိုလူစုသည် သူတို့ကို မှီသွားတော့ လေသည်…
***