← Chapters

ပစ်မှတ်ဖြစ်ခြင်း

Vol. 99 Ch. 1384

ပစ်မှတ်ဖြစ်ခြင်း

Vol. 99 Ch. 1384

သူတို့နောက်လိုက်နေသော လူများကို ရှီမန်ဖန် မသိပေ။ ထိုလျှို့ဝှက် ဆန်းကြယ်သော အင်အားစုသည် သူတို့ကို အမှန်တကယ်ပင် သတ်ရန်လာလိမ့် မည်ဟု သူ ထင်မထားပေ။

စဉ်းစားကြည့်ရာ သူတို့ ရင်ယန်နန်းတော်နှင့် ကျုံကျန်းမျိုးနွယ်ကို ဖိနှိပ် လိုက်ခြင်းသည် လျှို့ဝှက်ဆန်းကြယ်သော အင်အားစု၏ အာရုံကိုဆွဲဆောင်မိ သည်နှင့်တူသည်။

လွန်ခဲ့သည်နှစ်များက ရှီမာယူယူ၏ အကြံအစည်ကြောင့် ရင်ယန်နန်း တော်နှင့် ကျုံကျန်းမျိုးနွယ်တို့သည် ကျောခိုင်းသွားကြဖူးသည်။ နောက်ပိုင်း တွင် သူတို့အနောက်မှ အင်အားစု၏ ထောက်ပံ့မှုကြောင့် သူတို့သည် ယာယီ ပြန်ပြီးအတူတူအလုပ်လုပ်ကြသည်။

သည်တစ်ကြိမ်တွင် သူတို့သည် အင်အားစုနှစ်ခု၏ စီးပွားရေးကို တိုက်ခိုက်လိုက်ရာ တစ်ဖက်မှ သူတို့ကိုသတ်ချင်လောက်သည်အထိ ဖြစ်သွား လေသည်။

အားလုံးသည် သူတို့စိတ်ထဲတွင် နားလည်ထားကြသည်။ ဖမ်းမိပြီးနောက် တွင် သူတို့သည် အပိုမပြောတော့ပေ။ စတင်တိုက်ခိုက်ကြတော့သည်။

ဝိညာဉ်သားရဲများလည်း ဒဏ်ရာရလာကာ သူတို့၏ ဝိညာဉ်စွမ်းအားများ မှာလည်း ခြေကုန်လက်ပမ်းကျလာကာ တစ်ပွဲပြီးတစ်ပွဲတိုက်ရာ မပြီးနိုင်တော့ ပေ။

သူတို့က ဒီနေ့ ဒီမှာသေမလို့လား။

တိုက်ပွဲအပြင်တွင် လူတစ်ယောက်သည် ခေါင်းမာစွာတောင့်ခံနေသော လူများကို မျက်မှောင်ကြုတ်ကြည့်နေသည်။

အဲလူတွေက တိုက်ပွဲစွမ်းရည်မှာ အရမ်းအားကောင်းတယ်။ သူတို့ အင်အားအများကြီးသာ ခေါ်မလာခဲ့ရင်၊ တစ်ပွဲပြီးတစ်ပွဲသာ မတိုက်နိုင်ရင် အဲလူတွေ တကယ်ပဲ ထွက်ပြေးသွားနိုင်တယ်။

သူသည် လေဟာပြင်ထဲမှ လှုပ်ရှားမှုကို ခံစားမိလိုက်သည်။ ရလဒ် ပြောင်းလဲသွားမည်ကို စိုးသောကြောင့် သူ အနောက်မှလူများကို လက်ဝှေ့ယမ်း လိုက်သည်။ “မင်းတို့ အတူသွားပြီး ဒါကိုမြန်မြန်အပြီးသတ်လိုက်တော့”

အနောက်မှလူများသည် အမိန့်ရပြီးနောက်တွင် သူတို့ဒဏ်ရာများကို လျစ်လျူရှုပြီး ပြေးသွားကြလေသည်။

“သေစမ်း တိရှုံ ငါတို့တောင်ကြားခေါင်းဆောင်ကို တကယ်ပဲ သတ်ဖို့ ကြိုးစားတဲ့သူရှိတယ်၊ ကံကောင်းလို့ ငါတို့အမြန်လာလိုက်လို့”

“ကောင်းပြီ အပိုတွေမပြောနဲ့တော့ တောင်ကြားခေါင်းဆောင်နဲ့ အဘိုးဘိုင်တို့ကို အမြန်သွားကယ်ကြမယ်”

လေဟာပြင်ပွင့်သည်နှင့် လူတစ်စု အမြန်ထွက်လာကြသည်။ ရှီမန်ဖန်နှင့် အဖွဲ့ကို ဖိအားပေးလူစုခွဲခိုင်းလိုက်သည်ကို သူတို့မြင်လိုက်ချိန်တွင် ဒေါသ ထွက်သွားကြသည်။

သူတို့သည် ရှီမာယူယူနှင့် ရှီမန်ဖန်ကြားမှ ဆက်ဆံရေးကို မသိကြ သော်လည်း ရှီမာယူယူသည် ရှီမန်ဖန်၊ ဘိုင်ရှန်းတို့ကိုများစွာဂရုတစိုက်ရှိသည် ကိုတော့ သိထားကြသည်။ သူတို့မှာသာ တစ်ခုခုဖြစ်သွားရင် သူမကိုဘယ်လို ရှင်းပြတော့မလဲ။

သူတို့ထွက်သွားလိုက်ချိန်တွင် ရင်ဘတ်ကိုပုတ်ကာ ရှီမန်ဖန်ကိုကာကွယ် မည်ဟု ကတိပေးကြလေသည်။

“တောင်ကြားခေါင်းဆောင် ကျွန်တော်တို့ကယ်ဖို့လာခဲ့တာ”

“တောင်ကြားခေါင်းဆောင် သူတို့ကို ရှင်းဖို့ကျွန်တော်တို့ကိုသာ အပ်ထား လိုက်”

“အဘိုးဘိုင် ကျွန်တော်တို့လာပြီ”

ရှီမန်ဖန်တို့အဖွဲ့သည် တစ်ဒါဇင်လောက်သာရှိသည်။ ရန်သူမှာ အယောက် သုံးဆယ်မှ လေးဆယ်ရှိသည်။ သွေးမိစ္ဆာမြို့မှလာသောလူများသည် အားလုံးပေါင်း လူနှစ်ရာခန့်ရှိကာ အားလုံးမှာ အားကောင်းကြသည်။

သူတို့ကိုမြင်သောအခါ အားလုံးသည် ငေးမှိုင်သွားကြသည်။ ရှီမန်ဖန် သည် သူတို့ကိုအရင်ကမတွေ့ဖူးပေ။ သို့သော် သူတို့ စကားများအရ သူတို့ကို ရှီမာယူယူလွှတ်လိုက်သည်။ မဟုတ်လျှင် သူတို့သည် သူ့ကို ဘာကြောင့် တောင်ကြားခေါင်းဆောင်လို့ခေါ်ပြီး ဘိုင်ရှန်းကိုသိမှာလဲ။ ဘိုင်ရှန်းသည် ထိုလူ များကိုကြည့်ပြီး စိတ်လှုပ်ရှားစွာပြုံးလိုက်သည်။ “တောင်ကြားခေါင်းဆောင် သူတို့ရောက်လာပြီ ကျုပ်တို့လုံခြုံပြီ”

ရှီမန်ဖန်တို့သည် နောက်ဆုံးအားသာရှိတော့သည်မှာ ကြာပြီဖြစ်သည်။ သူတို့လာသည်ကို မြင်သည်နှင့် အားများလျော့သွားကြလေသည်။ ကံကောင်း စွာပင် သူတို့ကိုထောက်ပံ့ထားသဖြင့် မြေပေါ်သို့ကျမသွားပေ။

“တိရှုံ သူတို့က ငါတို့မမလေးရဲ့ တောင်ကြားခေါင်းဆောင်ကိုတောင် ထိရဲ တယ်၊ အသက်မရှင်ချင်တော့ဘူးထင်တယ်၊ ညီအစ်ကိုတို့ ငါတို့ ဒီနေ့ တောင်ကြားခေါင်းဆောင်တို့အတွက် လက်တုံ့ပြန်ရမယ်၊ ငါတို့ အသည်းကွဲ တောင်ကြားက အလွယ်တကူအနိုင်ကျင့်လို့မရဘူးဆိုတာကို ပြပေးရမယ်”

“ဟုတ်တယ်”

“မင်းတို့ စကားများလိုက်တာ ဖယ်ဦး လူတွေက တိုက်တောင်တိုက်နေပြီ”

“….”

မကြာမီတွင် ထိုလူများ အသတ်ခံလိုက်ရတော့သည်။ သူတို့သည် တချို့ ကို အရှင်ထားကာ မသတ်ပေ။ သူတို့မလွတ်နိုင်တော့သည်ကို တွေ့သည်နှင့် သူ တို့ကိုယ်သူတို့ သတ်သေကြလေသည်။

“လောင်ဘိုင် အကုန်သေပြီ” တာဝန်ယူထားသောလူသည် စစ်ဆေးပြီး ဘိုင်ရှန်းကို ပြောလေသည်။

ရှီမန်ဖန်သည် သူတို့၏ တောင်ကြားခေါင်းဆောင်မဟုတ်ပေ။ သူတို့ အရင်ပြောသော စကားများမှာ သိသာနေသည်။ သူတို့ သွေးမိစ္ဆာမြို့မှ ထွက်လာ ရခြင်းရည်ရွယ်ချက်သည် ရှီမာယူယူမှ လျှို့ဝှက်စေလွှတ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် သွေးမိစ္ဆာမြို့မှလူများကို ရှီမာယူယူမှလွဲပြီး သူတို့ကို လှုပ်ရှား ရန် အမိန့်ပေး၍မရပေ။

တကယ်၍ ထိုနေ့ကသတင်းကို တစ်ယောက်ယောက်ရသွားပါက ထိုလူ များသည် အသည်းကွဲတောင်ကြားမှဖြစ်မည်ဟုသာ သိသွားကြမည်။

ထိုနေရာတွင် မည်သူမှ မကျန်တော့ပေ။ ရှီမန်ဖန်ကို တောင်ကြား ခေါင်းဆောင်တစ်ယောက်ကဲ့သို့ မည်သူမှ အလေးမထားကြတော့ပေ။ သို့သော် တချို့မှာတော့ လေးစားသမှုရှိသည်။

“မိတ်ဆွေဟောင်းတွေကို ဒီကိုဘာလို့လာကြတာလဲ” ဘိုင်ရှန်းသည် ဆက်ဆံရေးကောင်းသော လောင်လျူကိုမေးလိုက်သည်။

“ဒါပေါ့ သခင်မလေးယူယူက ခင်ဗျားတို့ဒုက္ခရောက်နေပြီဆိုလို့ ကျုပ်တို့ ကိုလာခိုင်းလိုက်တာ” လောင်လျူ ပြန်ဖြေလေသည်။ “အစတုန်းကတော့ ခင်ဗျားကိုရှာဖို့ပဲ ဒါပေမဲ့ ခင်ဗျားတို့နောက်ကလိုက်ခံနေရတာကိုသိပြီးတော့ ကျုပ်တို့ အမြန်လာလိုက်တာပဲ ကံကောင်းလို့ အချိန်မှီတယ်”

“ကျွန်တော်တို့ အလိုက်ခံရတာကို ဘယ်လိုလုပ်သိတာလဲ” နီအန်းယိ သည် ဒဏ်ရာရထားသည်။ တစ်ယောက်က သူ့ဒဏ်ရာကို ပတ်တီးစည်းပေးနေ သည်။ ရှီမာယူယူ သူတို့ကိုလာခိုင်းသည့် အကြောင်းအရင်းကို သိရန် သူ စိတ်လှုပ်ရှားနေလေပြီ။

“ဒါက ခင်ဗျားတို့ပြန်ပြီး သူမကို မေးလိုက်ပါ ကျုပ်တို့မသိပါဘူး” လောင်လျူသည် လည်ပင်းကိုကုတ်လေသည်။

“ယူယူက တိမ်တိုက်ဂူကလူတချို့ကို ဖမ်းမိလိုက်တယ်၊ အဲဒီကနေ လူ သတ်မယ့်အကြောင်းကြားပြီးတော့ သူတို့ကို ကူညီဖို့ခိုင်းလိုက်တာပဲ” ရှီမာရှုံချီ သည် အနောက်မှလျှောက်လာသည်။

ရှီမန်ဖန်သည် ရှီမာရှုံချီကို မှတ်မိပြီး အမြန်ပင် ဦးညွှတ်လေသည် “အဘိုးချီ ဘာလို့လာတာလဲ”

“ယူယူက မင်းတို့အားလုံးကို စိတ်ပူလို့ ကျုပ်ကိုလာခဲ့ခိုင်းတာပဲ၊ မဟုတ်လည်း အိမ်မှာဘာမှလုပ်စရာမရှိတာနဲ့လာလိုက်တာလေ” ရှီမာရှုံချီ ပြန်ဖြေလေသည်။

“မင်းတို့ အန္တရာယ်ရှိတယ်လို့ ယူယူပြောပြီးတော့ မင်းတို့ကိုပြန်သွားစေ ချင်တယ်၊ မင်းတို့နားနေတုန်းကို ငါတို့လှုပ်ရှားလိုက်မယ်”

“ရပါတယ်” လျှို့ဝှက်ဆန်းကြယ်သော အင်အားစုစောင့်ကြည့်နေစဉ် အပြင်တွင် သွားလာရသည်မှာ အန္တရာယ်များသည်ကို ရှီမန်ဖန်နျင့် တခြား သူများသိထားကြသည်။

နေ့တစ်ဝက်ကြာသောအခါ ရှီမာရှုံချီသည် သူတို့ကို ရှီမာယူယူနေသော နေရာသို့ခေါ်သွားလိုက်သည်။

သွေးမိစ္ဆာမြို့မှလူများပြန်ရောက်သောအခါ အနီးအနားသို့ အလည်သွား ချင်ကြသည်။ သူတို့သည် ရန်သူများနှင့်တွေ့မည်ကို ကြောက်ရွံ့ခြင်းမရှိပေ။

ရှီမာယူယူသည် ဒဏ်ရာရသူများမှာ အခြေအနေဆိုးသည်ကို တွေ့လိုက်ရ သည်။

“နင် ဘယ်လိုလဲ အဆင်ပြေရဲ့လား”

“ငါတို့က အဆင်ပြေပါတယ် ကံကောင်းလို့ နင်ကယ်ဖို့လူလွှတ်လိုက်လို့” ရှီမန်ဖန်ပြောလေသည်။

“ဆရာ ကျေးဇူးကြောင့်ပေါ့ ဆရာက ကျွန်တော်တို့ ကံကောင်းမှုကြယ်ပွင့် လေးပဲ” ဒိုင်ယိ သွားဖြဲလေသည်။

“ဟုတ်ပြီ မင်းတို့အကုန်လုံး ဒဏ်ရာအပြင်းအထန်ရလာတာတောင် ဟန်ဆောင်နေကြသေးတယ် မြန်မြန် ပြန်ကောင်းအောင်လုပ်ကြ” ရှီမာယူယူ သည် သူ့ပခုံးကိုပုတ်ပြီး ဒဏ်ရာကိုဖိလိုက်လေသည်။

“အား…”

ဒဏ်ရာသည် သွေးမထွက်သော်လည်း နာကျင်မှုကြောင့် အံကြိတ်ပြီး အော်မိလေသည်။

ရှီမာယူယူသည် သူ့ကိုလွှတ်ပြီး အားလုံးကို ပြောလိုက်သည်။ “အခန်းတွေ က မင်းတို့အတွက်ပြင်ပေးထားတာ တခြားဟာကိုစိတ်မပူနဲ့ မင်းတို့ဒဏ်ရာတွေ ကိုပဲ ဂရုစိုက် ကျန်တဲ့ကိစ္စတွေကို နောက်မှပြောကြမယ်”

“ဟုတ်ကဲ့ပါ”

“ဒါနဲ့ လျူလျန်ချိုင် ဘယ်လိုနေလဲ” ရှီမာယူယူ မေးလိုက်သည်။

“သူက တုန်မြို့မှာဖြစ်လောက်တယ်”

“သူပြန်လာဖို့ လူလွှတ်ပြီး သတင်းပေးလိုက်၊ သူအခု အပြင်မှာမရှိတာ မလုံခြုံဘူး ပြီးတော့ သူနဲ့ဆွေးနွေးစရာလည်းရှိသေးတယ်” ရှီမာယူယူ ပြော လိုက်သည် “ထားလိုက်တော့ မင်းတို့အကုန်လုံးဒဏ်ရာရထားကြတာ ငါတို့ ပြန်ရောက်တာနဲ့ ဆိုင်တာဝန်ခံကိုလုပ်ခိုင်းလိုက်မယ် ဟုတ်ပြီ နားပြီးရင် ပြန်ကြ တာပေါ့”

အားလုံးသည် သူတို့အခန်းများကို စီမံကြလေသည်။ သူတို့သည် ကြာရှည် စွာတိုက်ခိုက်ကာ ကြာရှည်စွာ ပြေးလွှားခဲ့ကြသည်။ သူတို့သည် ဒဏ်ရာရထား ကာ ပင်ပန်းနွမ်းနယ်နေကြကာ အားမပြည့်ဘဲပြန်လာကြသည်။ အနားယူရန် အချိန်လိုသည်။

နောက်တစ်နေ့တွင် လျူလျန်ချိုင်သည် သိပ်မဝေးသောနေရာမှ ပြန်လာ သည်။

ရှီမာယူယူသည် ရှီမန်ဖန်တို့အဖွဲ့ကို ဧည့်သည်ဆောင်သို့ခေါ်ပြီး တွေ့ရှိခဲ့ သည်များကိုပြောပြလိုက်သည်။

“အဲတော့ ကျွန်တော်တို့ကို ဘယ်အင်အားစုက မကျေနပ်ပြီး ကျွန်တော် တို့ကိုသတ်ဖို့ကြံစည်တာလဲ” နီအန်းယိ ပြောလိုက်သည်။

“အင်း မကြာခင်ကပဲ မင်းတို့က ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်ကို ချောင်ပိတ်ခဲ့တယ်၊ အဲဒါကြောင့် သူတို့က ဖန်အာကိုအရင်ရှင်းပြီး အသည်းကွဲ တောင်ကြားကို ခေါင်းဆောင်မရှိအောင်လုပ်တာပဲ၊ သူတို့ အံ့ဖွယ်နတ်ဆိုး‌ တောင်ကြားကို ဖျက်တီးပြီးတာနဲ့ သူတို့နောက်ပစ်မှတ်က အသည်းကွဲ တောင်ကြားပဲ ဒါပေမဲ့ သူတို့စဉ်းစားထားတာနဲ့ နည်းနည်းကွာသွားတယ်” ရှီမာယူယူသည် လေးနက်စွာပြောလေသည်။

***

All Chapters