စီမံကိန်း
Vol. 99 Ch. 1385
“နေရာတိုင်းကို ပြဿနာဖြစ်စေတဲ့ ဒီအင်အားစုကဘယ်ကနေ ပေါ်လာ လဲမသိဘူး” ဖန်ခိုင်ပြောလေသည်။ “ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကျော်လောက်က စပြီး မဟာမိတ်နဲ့ တခြားအင်အားစုတွေလည်း သူတို့ဖိအားပေးတာခံရတယ်၊ သူတို့က မဟာမိတ်နဲ့ ဖြေရှင်းရမှာကို တခြားဂိုဏ်းတွေနဲ့လည်း တိုက်ခိုက်နေ တုန်းပဲ”
တခြားသူများသည် အလွန်ဒေါသထွက်ကြလေသည်။
“အဲဒီအင်အားစုက တကယ်ပဲ အဲလောက်အားကောင်းတာလား”
ရှီမာယူယူ ခေတ္တမျှစဉ်းစားပြီး ခေါင်းယမ်းကာ ပြောလိုက်သည် “အဲလို မဖြစ်နိုင်ဘူး၊ အတွင်းဒေသကပိုင်တဲ့ အင်အားစုတစ်ခုဆိုပေမဲ့ အဲအဆင့် လောက် အားမရှိနိုင်ဘူး၊ ပြီးတော့ အသင်းမဟာမိတ်… အတွင်းပိုင်းဒေသက ပိုင်တာဆိုတော့ ခံနိုင်ရည်တော့ရှိတယ်၊ သူတို့အားထုတ်မှုအကုန်နီးပါးကို သိမ်းပိုက်ဖို့မပြောနဲ့ တခြားအင်အားစုတွေကို ကိုင်တွယ်ဖို့ အင်အားတွေ မပိုနိုင် ဘူး၊ တကယ်လို့ အဲဒီအင်အားစုက သန်မာနေပြီဆိုရင် ဒီလိုမျိုးလျှို့ဝှက်လုပ်နေ ဖို့မလိုဘူး၊ အမှောင်ထဲကနေ ဒီလိုလှည့်စားနေဖို့မလိုဘူးလေ”
“ဆရာ၊ အရင်ကလုပ်ခဲ့တဲ့ ကိစ္စတွေကို အဲဒီအင်အားစုကပဲလုပ်တယ်လို့ ဆိုလိုချင်တာလား” ရှီချန်းသည် ထိုအတွေးများကို ဆက်စပ်ကြည့်လေသည်။
“အချိန်တိုင်းကို ဝတ်စုံတူတာကိုပဲတွေ့နေရတယ် ဒါပေမဲ့ သူတို့က တစ် အုပ်စုတည်းလို့ဆိုလိုတာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “သူတို့က တစ်ဖွဲ့တည်းဆိုတာကို ဆုံးဖြတ်ချက်ချနိုင်လား”
အားလုံးသည် ကြံရခက်စွာ တစ်ယောက်နှင့် တစ်ယောက်ကြည့်မိကြ သည်။ သူတို့လည်း မသေချာပေ။
“အဲတော့ အခုတော့ ဘာကိုမှကောက်ချက်ချလို့မရသေးဘူး၊ သူတို့က အင်အားစုတစ်ခုတည်းကဖြစ်ရင်ဖြစ်မယ်၊ တခြားအင်အားစုကလည်းဖြစ်ချင် ဖြစ်မယ်၊ အဲဒါတွေကို ငါတို့မသိနိုင်ဘူး၊ ဒါပေမဲ့ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် သူတို့က ငါတို့ကိုရန်လာစရဲသရွေ့တော့ သူတို့ကိုရင်ဆိုင်ရမှာပဲ၊ တစ်ယောက်လာရင် တစ်ယောက်သတ်မယ်၊ နှစ်ယောက်လာရင် နှစ်ယောက် လုံးကိုသတ်မယ်၊ သူတို့နောက်ဆုတ်စရာနယ်မြေ ချန်ပေးမှာမဟုတ်ဘူး”
ရှီမာယူယူ၏ လွှမ်းမိုးနိုင်သော ပုံစံကိုကြည့်ပြီး အားလုံး ရယ်မောကြရာ တင်းမာခြင်းများပျောက်ကွယ်သွားလေသည်။
“ဒါပေမဲ့ သေချာတာတော့ တိမ်တိုက်ဂူ၊ ကျုံကျန်းမျိုးနွယ်နဲ့ ရင်ယန် နန်းတော်နောက်မှာရှိတာ အင်အားစုတစ်ခုတည်းကဖြစ်မယ်”
“ကောင်းပြီလေ ဒါဆိုလည်း ဒီအင်အားစုကို တွန်းလှန်ဖို့ အားလေးပိုသုံး ကြတာပေါ့”
“ဟုတ်ကဲ့ပါ”
“ဒီရက်တွေမှာ မင်းတို့ပိုပြီးသတိထားရမယ်၊ သူတို့တစ်ခါတိုက်ခိုက်တယ် ဆိုတဲ့သဘောက ထပ်တိုက်ခိုက်လာနိုင်တယ်ဆိုတာပဲ၊ ဒီတစ်ခေါက်ကို သူတို့ လူတွေအကုန်လုံးကိုရှင်းလိုက်တာ၊ သူတို့ကသွေးကြွေးကိုလက်လျော့မှာ မဟုတ်ဘူး၊ မင်းတို့နောက်ထပ် အပြင်ထွက်ရင်လူပိုခေါ်သွားကြ” ရှီမာယူယူ အကြံပေးလိုက်သည်။
“အဲလိုလုပ်ပါမယ်” ရှီမန်ဖန် ခေါင်းညိတ်လိုက်သည်။ သူသည် တောင်ကြားအဖွဲ့ဝင်များ၏ အသက်ကိုဟာသမလုပ်ရဲပေ။
“လျန်ချိုင် ဒီပြီးခဲ့တဲ့နှစ်တွေမှာ မင်းကြိုးစားခဲ့တယ် သူတို့ကိုချောင်ပိတ် ဖို့အတွက် မင်းလုပ်တာကောင်းတယ်” ရှီမာယူယူသည် လျူလျန်ချိုင်ကို ပြော လိုက်သည် “သူတို့က လျန်ချိုင်ရဲ့တည်ရှိမှုကိုသိမှာပဲ အဲဒါကြောင့် ဖန်အာ သူ့ကိုကာကွယ်ဖို့ လူလွှတ်ထားလိုက်”
“လျန်ချိုင်အပြင်ထွက်ရင် လူပိုခေါ်သွားဖို့ အစီအစဉ်ရှိပြီးသားပါ” ရှီမန်ဖန် လည်းထိုသို့အတွေးရှိသည်။
“ငါတို့ပြန်ရောက်ရင် ဖက်တီးကျူကို မိုးကြိုးသားကျည်ထပ်လုပ်ခိုင်း လိုက်မယ် ပြီးတော့ လျန်ချိုင်အပြင်ထွက်ရင် ပိုယူသွားခိုင်းလိုက်၊ ဘယ်လောက် ရနိုင်မလဲကိုကြည့်ကြတာပေါ့” နီအန်းယိသည် ပြုံးပြီးပြောလေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဖက်တီးကျူက တစ်ယောက်တည်း နေ့နေ့ညညလုပ် နေရတာ၊ ဒီလောက်အများကြီးကိုင်တွယ်နိုင်မှာမဟုတ်ဘူး” ဖန်ခိုင်ထောက်ပြ လေသည်။
“ဒီကိစ္စနဲ့ပတ်သတ်ပြီးဖက်တီးကျူနဲ့ စကားပြောပြီးပြီ၊ သူက တောင်ကြား ကိုပြန်ပြီး တောင်ကြားက တီထွင်သူတွေကို မိုးကြိုးကျည်လုပ်နည်းကိုသင်ပေး မယ်တဲ့” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့လုပ်ရမှာက တချို့ပစ္စည်းတွေက ရှာဖို့မလွယ်တော့ အဲဒီပစ္စည်းတွေကိုရှာဖို့ပဲ”
“စာရင်းသာရှိရင် အဆင်ပြေမှာပါ” ဖန်ခိုင်ပြန်ဖြေလေသည်။
“င်း… အဲဒီပစ္စည်းတွေကရှားပါးပေမဲ့ ရှာဖို့တော့မခက်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ထုတ်လုပ်မှုလမ်းညွှန်ချက်ကို အံ့ဖွယ်နတ်ဆိုး တောင်ကြားကို ပေးပြီးပြီ၊ မင်းတို့ပစ္စည်းတွေဝယ်ရင်းနဲ့ သူတို့နဲ့တွေ့ရင် သူတို့ကို ဦးစားပေးလိုက်ပါ”
“ကောင်းပါပြီ”
“ပြီးတော့ ငါတို့ စီမံကိန်းတချို့လုပ်ထားရမယ်၊ ဖန်အာ ခဏလောက် တော့ပျောက်နေလိုက်၊ မနေ့က လုပ်ကြံတိုက်ခိုက်မှုမှာ ဒဏ်ရာအပြင်းအထန်ရ သွားပြီး သတိမေ့နေတယ်လို့သတင်းလွှင့်ထားလိုက်” ရှီမာယူယူ ပြောလိုက် သည် “ပြီးတော့ မင်းတို့က…”
မကြာမီတွင် အသည်းကွဲတောင်ကြားမှ ရှီမန်ဖန်သည် လုပ်ကြံခံရပြီး ဒဏ်ရာအကြီးအကျယ်ရကာ သတိမေ့နေသည့် သတင်းမှာပြန့်သွားလေသည်။ ကံကောင်းစွာပင် တောင်ကြားမှ လူများအချိန်မှီရောက်လာပြီး နောက်ဆုံး ထွက်သက်ကို မှီလိုက်သေးသည်။
သို့သော် ထိုသို့ဆိုလျှင်တောင် အသည်းကွဲတောင်ကြားသည် သူ့ကို မကယ်နိုင်လိုက်ပေ။ ထို့ကြောင့် သူတို့သည် ပါရမီရှင်သမားတော် တောင်ကြား ဒုခေါင်းဆောင်ကို မျှော်လင့်ချက်ထားထားကြသည်။ သို့သော် ရှီမာယူယူ ပျောက်ဆုံးနေသည်မှာ သုံးလေးနှစ် ကြာပြီဖြစ်သဖြင့် အသည်းကွဲတောင်ကြား မှ လူများသည် သူမကို ပေါ်တင်ရော တိတ်တဆိတ်ပါ ရှာဖွေနေကြသည်။
ထိုအချိန် မြို့တစ်မြို့၏ ခြံဝန်းငယ်တစ်ခုတွင် အနက်ရောင်ဝတ်စုံ အနက်ရောင်မျက်နှာဖုံးနှင့် လူများစွာ စုဝေးနေကြသည်။
“ရှီမန်ဖန်က တကယ်ပဲ သတိမေ့နေတာလား” အလယ်တွင်ရှိသော အက်ကွဲသောအသံနှင့်လူ အသံထွက်လာသည်။
“ဟုတ်တယ် အသည်းကွဲတောင်ကြားက အခုရှုပ်ယှက်ခတ်နေပြီး လူ တော်တော်များများက ရှီမာယူယူရှိတဲ့နေရာကို ရှာနေကြတယ်”
“ခန်းမသခင် သူတို့တွေရှုပ်ထွေးနေမှတော့ ဒီအခွင့်အရေးကိုယူပြီး သူတို့ ကိုဖျက်ဆီးလိုက်ကြမလား” တစ်ဖက်လူမှပြောလေသည်။
“မစိုးရိမ်နဲ့” ခန်းမသခင်ပြောလိုက်သည် “အသည်းကွဲတောင်ကြားက အခု ဂယက်ထနေပေမဲ့ သေရေးရှင်ရေးကြုံနေရတာမဟုတ်သေးဘူး၊ အဲဒါ ကြောင့် တခြားအင်အားစုက ဂရုစိုက်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့ သူတို့ကို တိုက်ခိုက်လိုက်ရင် သူတို့က အကူအညီတောင်းလိုက်လို့ တခြားအင်အားစုက ကူညီလိုက်ရင် ငှက်မျိုးနွယ်တစ်ခုတည်းနဲ့တင် ငါတို့ကိုရှင်းပစ်ဖို့လုံလောက်နေ ပြီ၊ အခု ငါတို့ဦးစားပေးက အသည်းကွဲတောင်ကြားကိုဆွဲချဖို့ပဲ ပြီးတော့ တောင်ကြားက ကျွမ်းကျင်သူဆရာတွေကို ငါတို့အားဖြစ်ခိုင်းရမယ်”
“အသည်းကွဲတောင်ကြားက တစ်ခုတည်းကျန်ခဲ့မှာလား၊ ရင်ယန် နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်က မကြာခင်ကပဲ ဖိနှိပ်ခံထားရတာ”
“နောက်ဆုံးအချိန်ထိ တစ်လပဲအချိန်ရတယ်လို့ အားလုံးကိုပြောလိုက် အသည်းကွဲတောင်ကြားမှာ ခေါင်းဆောင်မရှိဘူး၊ ဒီအခြေအနေမှာ မရှင်သန်နိုင် ရင် ဒေဝါလီခံရတဲ့အထိစောင့်လိုက်၊ အဲလိုအသုံးမဝင်တာတွေကို အဖွဲ့အစည်း က မလိုဘူး”
“ဟုတ်ကဲ့ပါ”
“ခန်းမခေါင်းဆောင် ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်က တကယ့်ကို အသုံးမကျဘူး၊ အသည်းကွဲတောင်ကြား တည်ထောင်ပြီးတာမှ ဘယ်နနှစ်ပဲရှိ သေးလို့လဲ၊ ဒီလိုအင်အားစုအသစ်လေးကိုတောင် မယှဉ်နိုင်ဘူး”
“မင်းကဘာသိလို့လဲ” ခန်းမသခင် လှောင်ပြောင်လေသည် “ဒီ အသည်းကွဲတောင်ကြားက တည်ထောင်ထားတာ သိပ်မကြာသေးပေမဲ့ သူတို့ အင်အားက အထင်သေးလို့မရဘူး”
“သူတို့က အဲလောက်တောင် ကောင်းလို့လား၊ ခန်းမသခင်ရဲ့ အခိုင်အမာ ပြောဆိုချက်ကို သူတို့ကရနိုင်တယ်ဆိုတော့”
“မင်းက အလုပ်ပဲလုပ်ပြီးတော့ သတင်းစုဆောင်းတဲ့အဖွဲ့ဝင်မဟုတ်လို့ သူတို့ကို မရင်းနှီးတာဖြစ်သင့်ပါတယ်” ခန်းမသခင်ပြောလိုက်သည် “သူတို့က တည်ထောင်ထားတာ မကြာသေးပေမဲ့ နောက်ခံကကြီးတယ်၊ အမှတ်တရ စားသောက်ဆိုင်က သူတို့အပိုင်ပဲ အဲဒါအပြင်ကို ရှင်းမိုက သူတို့ကို ဆိုင်တွေ အများကြီးပေးခဲ့တယ်၊ ဒီနှစ်တွေမှာ သူတို့နာမည်အောက်မှာ လုပ်ခဲ့တဲ့ လုပ်ငန်း တွေကိုက အများကြီးပဲ”
“အဲတော့ သူတို့စီးပွားရေးအခြေက အားမနည်းဘူး”
“သူတို့က ဒီရောင်းဝယ်တဲ့အခြေပဲရှိတယ်ဆိုရင် အဲအသုံးမကျတဲ့ ဂိုဏ်း နှစ်ခုကို အရှုံးထွက်အောင်လုပ်နိုင်မှာမဟုတ်ဘူး” ခန်းမခေါင်းဆောင်ပြောလိုက် သည်။
“ဘာလို့အဲလိုပြောတာလဲ”
“လျူလျန်ချိုင် ဆိုတာကြားဖူးလား”
အားလုံးသည် ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည် “ခန်းမ သခင်ပြောတဲ့ လျူလျန်ချိုင်ဆိုတာက အတွင်းပိုင်းဒေသက လျူမိသားစုကနေ နှင်ထုတ်ခံထားရတဲ့ စီးပွားရေးပါရမီရှင်ကိုပြောတာလား”
“ဟုတ်တယ် သူတို့ပဲလေ” ခန်းမသခင်သည် အေးစက်စွာ နှာမှုတ်လေ သည် “လျူမိသားစုရဲ့ ကြက်ဖအိုကြီးတွေက ရှုပ်ထွေးနေကြတာ၊ မဖြစ်တဲ့ကိစ္စ တချို့ကြောင့်သာ စီးပွားရေးပါရမီရှင်ကို သူတို့မျိုးနွယ်က နှင်ထုတ်ထားတာ၊ သူတို့က သူ့နောက်ကိုတစ်ချိန်လုံးလိုက်ပြီး သွေးမိစ္ဆာမြို့တော်ကို ဖိအားပေး သွားခိုင်းလိုက်တာပဲ၊ အခု အသည်းကွဲတောင်ကြားရဲ့စီးပွားရေးကို စီမံနေတာ က သူပဲလေ”
“အဲဒါကြောင့် အသည်းကွဲတောင်ကြားက သတင်းကိုကြားလိုက်တုန်းက ဒီနာမည်က ရင်းနှီးနေပါတယ်လို့ထင်နေတာ”
“တိကျတဲ့နောက်ခံနဲ့ လျူလျန်ချိုင်ရဲ့အရည်အချင်းနဲ့ ပေါင်းလိုက်တော့ အဲဂိုဏ်းနှစ်ခု စုတ်ပြတ်သွားတာ ပုံမှန်ပဲလေ၊ ငါတို့လွှတ်ထားတဲ့ လူတစ်ရာ လောက်ပြန်မလာတာတော့ နှမြောစရာပဲ” ခန်းမသခင်သည် ထိုအကြောင်း အားတွေးပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
ဒါပေမဲ့ အသည်းကွဲတောင်ကြားက လူတွေက ဘယ်လိုသတင်းရပြီးတော့ သွားကယ်လိုက်ကြတာလဲ။
“ကောင်းပြီ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို တိုက်ခိုက်ရမယ့်အချိန်ပဲ နောက်ဆုံးပြင်ဆင်မှုကိုသွားလုပ်လိုက်ကြတော့ ငါတို့ သုံးရက်ကြာရင် ထွက် မယ်”
***