← Chapters

အဘိုးနတ်ဆိုးပြန်လာပြီ

Vol. 99 Ch. 1386

အဘိုးနတ်ဆိုးပြန်လာပြီ

Vol. 99 Ch. 1386

တိမ်တိုက်ဂူမှ မနားမနေရန်လာစပြီး နေရာတိုင်းတွင် ထိပ်တိုက်ရင်ဆိုင် ရန် ကြိုးစားနေသဖြင့် ထိုနှစ်များတွင် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ အလုပ် များနေခဲ့သည်။

သူတို့သည် တောင်ကြားကိုစီမံရပြီး တစ်ချိန်တည်းမှာပင် တိမ်တိုက်ဂူမှ လူယုတ်လူညံ့များကို ကိုင်တွယ်ရသေးသည်။ သူတို့အတွက် ဒေါသအဖြစ်စေ ဆုံးမှာ ထိုလူယုတ်မာများကို ကယ်တင်သည့် တခြားအင်အားစုရှိပြီး သူတို့သည် အမြဲတစေ ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေဖြစ်ခဲ့သောကြောင့် သူတို့၏ အားထုတ်မှုမှာ အသုံးမဝင်ဟု ခံစားလာရသည်။

ဒါက တကယ်ကို သူတို့ကိုဒေါသထွက်စေတယ်။

သို့သော် လတ်တလောတွင် ထိုလူများသည် အမုန်းတရားများနှင့် ရောက် မလာသဖြင့် ချောမွေ့ခဲ့သဖြင့် သူတို့ကိစ္စများကိုသာ လုပ်နေခဲ့သည်။

ယနေ့တွင် တိမ်တိုက်ဂူနှင့် လျှို့ဝှက်ဆန်းကြယ်အင်အားစုမှ လူတချို့ သည် အံ့ဖွယ်နတ်ဆိုးတောင်ကြားသို့လာကာ တခြားသူများလည်း သူတို့၏ ခန်းမအခွဲများဆီသို့သွားပြီး အင်အားစုအခွဲများကို တစ်ပါတည်း ချေမှုန်းရန် ပြင်ဆင်လာကြသည်။

အံ့ဖွယ်တောင်ကြားသခင် လျန်ဝူမင်၊ ခန်းမသခင်များအားလုံးနှင့် အကြီးအကဲတို့လူတစ်စု ထွက်လာကြသည်။ ထိုနေရာတွင် တခြားသူများ အာရုံ စိုက်လောက်သည့် လူကြီးမျိုးဆက်များသာရှိပြီး အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ တောင်ကြားသခင်လေးဖြစ်သော ရင်ဘိုင်ချွန်းနှင့် တခြားသော အခန်းမခွဲ ခန်းမ ခေါင်းဆောင်ငယ်များ မရှိပေ။

နှမြောစရာကောင်းသည်မှာ တိမ်တိုက်ဂူအဖွဲ့ဝင်များသည် ထိုအရာကို သတိမထားမိပေ။ မဟုတ်လျှင် သတိထားမိသော်လည်း သူတို့ကို တောင်ကြား တွင် ကာကွယ်ရန်ထားရှိထားသည်ဟု စိတ်ထဲတွင် သဘောထားလိုက်သည် လား မသိနိုင်ပေ။

လျန်ဝူမင်သည် တိမ်တိုက်ဂူသခင်မာယွင်မင်နှင့် အရှုပ်အယှက်များ အံ့ဖွယ်နတ်ဆိုးတောင်ကြားအပြင်ဘက်တွင် အော်နေသည်ကိုမြင်လိုက်ရ သည်။ “မင်းလိုမြင်းသေကြီးက လူတွေခေါ်လာပြီးတော့ အံ့ဖွယ်နတ်ဆိုး တောင်ကြား အပြင်ဘက်ကိုလာပြီး ဘယ်လိုတောင်အော်ရဲတာလဲ၊ မင်းက သေဖို့တောင်းဆိုနေတာလား”

“ဟားဟား…” မာယွင်မင်သည် ခေါင်းမော့ပြီးရယ်မောလိုက်သည် “လျန်ဝူမင် အခုမှပဲ စကားပြောနိုင်တော့တယ်၊ ဒီနေ့က မင်းတို့အံ့ဖွယ်နတ်ဆိုး တောင်ကြားက ပျက်စီးမယ့်နေ့ပဲ”

“မင်းကလား” လျန်ဝူမင် နှာမှုတ်လိုက်သည် “ရောက်လာမှတော့ နေပေါ့”

“တောင်ကြားသခင် ဘာလို့အပိုတွေပြောနေသေးတာလဲ ဒီအတိုင်းသတ် လိုက်တော့” ရှောင်ဂျင်းကျုံး အော်လေသည်။

“ဟုတ်တယ်” ထိုအချိန်တွင် ထန်ယိသည် ရှောင်ဂျင်းကျုံးနှင့်အတွေးတူ ကာ နှစ်ယောက်လုံးသည် တစ်သားတည်းဖြစ်ကာ တိုက်ခိုက်ချင်နေကြသည်။

“ဟုတ်တယ် တောင်ကြားသခင် သူတို့က ဝင်ပေါက်မှာလာပြီး ပြဿနာ ရှာမှတော့ သူတို့ကို မဖျက်ဆီးပစ်လိုက်ရင် အရှုံးပေးတယ်လို့ထင်သွားမယ်”

“မဟုတ်တာတော့ တော်တော့ လုပ်ကြတာပေါ့” အနက်ဝတ်လူပြော လိုက်သည် “သွားတော့”

“ဟားဟားဟား…. မင်းတို့ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို လာထိဖို့လုပ် တာမင်းတို့ ဦးနှောက်ကအလုပ်လုပ်သေးတာရော သေချာရဲ့လား” ရယ်သံ တစ်ခုသည် မိုးပေါ်မှထွက်လာကာ အချိန်မရွေး ပေါက်ထွက်နိုင်သော တိုက်ပွဲ ကိုတားလိုက်သည်။

သူတို့မှာ ပြင်ပအကူအညီများရှိနေတာလား။

အံ့ဖွယ်နတ်ဆိုးတောင်ကြားမှလူများသည် ထိုအသံကိုကြားသည်နှင့် ပျော်လာကြကာ ကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာအော်ကြလေသည်။

“တောင်ကြားဒုသခင်ပဲ၊ တောင်ကြားဒုသခင်ပြန်လာပြီ”

“ကောင်စုတ်လေး ဒီလောက်နှစ်တွေအများကြီးကြာပြီးတော့ နောက်ဆုံး တော့ပြန်လာပြီပေါ့ မင်းအပြင်မှာသေပြီလို့ထင်နေတာ” ရှောင်ဂျင်းကျုံးအော် လိုက်သည်။

“ဟဲ ဟဲ ငါ အဘိုးနတ်ဆိုးပြန်လာပြီ ဟားဟားဟား….”

လေဟာပြင်ဝင်ပေါက်မှထွက်လာသူသည် နှစ်ပေါင်းကြာရှည်စွာ ပျောက်ကွယ်နေသော အဘိုးနတ်ဆိုးဖြစ်သည်။ သူသည် အရင်ပုံစံအတိုင်းဖြစ် သော်လည်း သူ၏ ရောင်ဝါသည် အရင်နှင့်မတူတော့သည်ကို အားလုံးအာရုံခံမိ ကြလေသည်။

အဘိုးနတ်ဆိုးသည် လျန်ဝူမင်ဆီသို့ ခြေလှမ်းနှစ်လှမ်း လှမ်းကာ ပြောလိုက်သည် “စီနီယာအစ်ကို ငါပြန်လာပြီ”

“ဟင်း မင်းက ပြန်လာဖို့ကိုသတိရသေးတယ်ပေါ့၊ မင်း အသက် ကျောက်စိမ်းကြောင့်သာမဟုတ်ရင် အပြင်မှာသေနေလောက်ပြီလို့ကိုထင်တာ” လျန်ဝူမင်သည် သူတို့ကိုကြည့်လိုက်သည်။

ဒီလူက အကြာကြီးထွက်ပြေးသွားပြီးတော့ အံ့ဖွယ်နတ်ဆိုးတောင်ကြား က ကိစ္စတွေအကုန်လုံးကို ကိုင်တွယ်အောင် လုပ်ထားခဲ့တာ။ သူသည် ရင်းနှီး သောမျက်နှာကို ကြည့်ပြီး အလွန်ဒေါသထွက်မိသည်။

“ဒါပေါ့ ငါပြန်လာမှာပေါ့၊ ငါ တံခါးပိတ်ကျင့်ကြံတာထွက်လာပြီး အံ့ဖွယ်နတ်ဆိုးတောင်ကြားက အဖြစ်ကိုသိတာနဲ့ အမြန်ပြန်လာတာ”

“ဒီမှာဖြစ်တဲ့ကိစ္စတွေကို ဘယ်လိုသိတာလဲ မင်းကိုဘယ်သူပြောတာလဲ”

“ဟီးဟီး လျှို့ဝှက်ချက်လေ” အဘိုးနတ်ဆိုးသည် ပါးမို့များတက်အောင် ပြုံးပြီးပြောလေသည်။ သူသည် မာယွင်မင်အားကြည့်ပြီး လက်တစ်ဖက်သည် ခါးထောက်ကာ နောက်တစ်ဖက်ဖြင့် သူ့ကိုလက်ညှိုးထိုးလိုက်သည် “မြင်းသေ ဒီလောက်နှစ်တွေအများကြီးကြာပြီးတာတောင် ဘယ်လိုအသက်ရှင်နေသေး တာလဲ”

“ဟင်း မင်းတောင်မသေသေးတာကို ငါက ဘယ်လိုလုပ်သေရမှာလဲ” မာယွင်မင် နှာမှုတ်လေသည်။

“ဟဲဟဲ မင်းက ငါ့အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ချေမှုန်းဖို့အတွက် ဒီလောက်လူအများကြီးခေါ်လာတာ ကံကောင်းလို့ ငါအချိန်မှီပြန်လာနိုင်လိုက် တယ်၊ မဟုတ်ရင် မင်းသေသွားတာကို ငါမြင်လိုက်ရမှာမဟုတ်ဘူး” အဘိုး နတ်ဆိုးသည် ဝမ်းနည်းစွာ သက်ပြင်းချလေသည်။

“မင်းက စိတ်ကူးယဉ်တဲ့အပိုစကားတွေကို ပြောနေတာပဲ၊ မင်းပြန်လာ တာနဲ့ ဖျက်ဆီးခံရမယ့် အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ ကံကြမ္မာကပြောင်းသွား မယ်ထင်နေလား” မာယွင်မင် နှာမှုတ်လေသည်။

“မင်းပြန်လာတော့ ကောင်းသွားတာပေါ့ မင်းတို့ကို အတူသတ်လို့ရပြီ၊ မင်းကိုရှာဖို့အချိန်ကုန် သက်သာသွားတယ်”

“မင်းက နားလေးနေတာလား မဟုတ်ရင် လူစကားကိုနားမလည်တာ လား” အဘိုးနတ်ဆိုးသည် သူ့ကိုငုံ့ကြည့်လိုက်သည် “မင်းသေတာကို ငါ စောင့် ကြည့်မယ်လို့ပြောတာ၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ ကံကြမ္မာကိုပြောင်းလဲ မယ်လို့ပြောတာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ပြောင်းလဲဖို့မလိုလို့လေ ငါတို့ က ရလဒ်ကိုသိပြီးသားပဲ”

“လုပ်တော့” အနက်ဝတ်လူသည် သူတို့စကားတိုက်ပွဲကို စိတ်မဝင်စား ပေ။ သူသည် လက်ဝှေ့ယမ်းလိုက်သည်နှင့် အနက်ဝတ်လူများသည် စတင် တိုက်ခိုက်တော့သည်။

“တန်းစီမယ်”

လျန်ဝူမင် အမိန့်ပေးသည်နှင့် တပည့်တစ်စုသည် အံ့ဖွယ်နတ်ဆိုး တောင်ကြားအပြင်မှ ရုတ်တရက် ပေါ်လာလေသည်။

ထိုတပည့်များအားလုံးသည် အစကတည်းက ထိုနေရာတွင်ရှိနေသည်နှင့် တူသည်။ သူတို့၏ ရောင်ဝါကိုဖုံးကွယ်ထားခြင်းကြောင့် သတိမထားမိခြင်းဖြစ် သည်။

ဒီလူတွေက ဒီမှာဘယ်လိုများ စောင့်ကြည့်နေတာလဲ။

“ငါတို့ လာမယ်ဆိုတာကို မင်းတို့ကသိပြီးသားပဲ” အနက်ဝတ်လူများ၏ ခေါင်းဆောင်သည် အသံနက်နက်ဖြင့်ပြောလေသည်။

“မင်းတို့လာမယ်ဆိုတာသိတော့ ကြိုဆိုဖို့ပိုလွယ်သွားတာပေါ့ လုပ်တော့”

တိမ်တိုက်ဂူအဖွဲ့ဝင်များ တိုက်ခိုက်တော့မည့်အချိန်တွင် ထိုလူများသည် မြေကြီးထဲသို့ ဝိညာဉ်စွမ်းအင်များ ထည့်လိုက်ရာ သူတို့ခြေထောက်အောက် တွင် အလင်းတန်းများ ထွက်လာသည်။

“တည်ဆောက်မှုလား”

“ဟုတ်တယ်၊ မင်းတို့နဲ့ သတိလက်လွတ်တိုက်မယ်လို့ ထင်နေတာလား၊ မင်းတို့က လူအတွေလား အံ့ဖွယ်နတ်ဆိုးတောင်ကြားက ဘာလုပ်မလဲဆိုတာ မသိဘူးလား” ရှောင်ဂျင်းကျုံး နှာမှုတ်လေသည်။

အံ့ဖွယ်နတ်ဆိုးတောင်ကြားက ဘယ်လိုနေရာလဲ။ ကျွမ်းကျင်သူအားလုံး စုဝေးနေတဲ့နေရာတစ်ခုပဲလေ။ သူတို့က မသန်မာပေမဲ့ အကုန်လုံး သက်ဆိုင် ရာနယ်ပယ်မှာ ကျွမ်းကျင်သူတွေပဲ။ အဂ္ဂိရတ်ပညာရှင်၊ လက်နက်ပညာရှင်၊ တည်ဆောက်မှုသခင်၊ သားရဲထိန်းကျောင်းသူတွေနဲ့ တခြားနယ်ပယ်တွေ အကုန်လုံးမှာ ကျွမ်းကျင်အဆင့်တွေပဲ။

ထို့ကြောင့် ခန္ဓာကိုယ်သုံးပြီး တိုက်ဖို့မလိုပေ။ တည်ဆောက်မှုကဲ့သို့ အရာကို သုံးခြင်းသည် အကောင်းဆုံးဖြစ်သည်။

မာယွင်မင်နှင့် အနက်ဝတ်လူသည် ထိုအကြောင်းကိုသိထားကြသည်။ ထို့အကြောင့်ပင် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ မပြင်ဆင်ထားသည့်အချိန်တွင် တိုက်ခိုက်ရန်လွယ်သောကြောင့် လျှပ်တပြက်တိုက်ခိုက်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မည်မျှပင် အားကောင်းသည်ကျွမ်းကျင်သူဖြစ်ပါစေ ပြင်ဆင်ရန် အချိန်လိုမည်ဖြစ်သည်။

“ဒီတည်ဆောက်မှုက ဖျက်ဖို့မလွယ်ဘူး” တိမ်တိုက်ဂူ၏ တည်ဆောက်မှု သခင်သည် တစ်ချက်တည်းကြည့်ရုံနှင့် သူတို့တည်ဆောက်ထားသော တည်ဆောက်မှုသည် အလွန်အားကောင်းစသည်ကို သိလိုက်သည်။

“ဒါပေါ့ ငါတို့အကုန်လုံးကို တည်ဆောက်မှုထဲကို ပိတ်ထားဖို့က သာမန် မဟုတ်ဘူး” မာယွင်မင် ဆက်ပြောလေသည် “ငါတို့လူများမှတော့ ဒီအတိုင်း တိုက်ခိုက်ကြတာပေါ့၊ ဒီတည်ဆောက်မှုက သေချာပေါက်ပျက်မှာပါ”

“မဟုတ်ဘူး” အနက်ဝတ်လူ သူ့ကိုတားလိုက်သည်။

“ဘာလို့လဲ”

“သူတို့က ဒီတည်ဆောက်မှုထဲမှာ အဆိပ်သုံးထားတယ်၊ ငါတို့ ဝိညာဉ် စွမ်းအင်သုံးလိုက်တာနဲ့ အဆိပ်မှာ အချိန်နဲ့အမျှပဲ”

“ဘာ ဒါဆိုရင် ငါတို့ဘာလုပ်ကြမလဲ”

“တည်ဆောက်မှုကို ရှုပ်အောင်လုပ်နိုင်တာဘာလဲ” အနက်ဝတ်လူသည် မာယွင်မင်ကိုကြည့်ပြီး ငွေရောင်ဝိညာဉ်လက်နက်ထုတ်ကာ ဝိညာဉ်စွမ်းအင် ထည့်ပြီးသည်နှင့် မြှောက်လိုက်သည်။

ထိုလက်နက် တည်ဆောက်မှုအပြင်ဘက်ပိုင်းကိုထိသည်နှင့် ငွေရောင် အလင်းတန်းထွက်လာပြီး ငွေရောင်အလင်းတန်း ထိသည့်နေရာတိုင်းတွင် တည်ဆောက်မှုအလင်းများ တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။

***

All Chapters