← Chapters

အစီအစဉ်ကျရှုံးခြင်း အခြေအနေပြောင်းလဲခြင်း

Vol. 100 Ch. 1387

အစီအစဉ်ကျရှုံးခြင်း အခြေအနေပြောင်းလဲခြင်း

Vol. 100 Ch. 1387

အနက်ဝတ်နှင့်လူ ထိုပစ္စည်းထုတ်လိုက်သည်ကို အံ့ဖွယ်နတ်ဆိုး တောင်ကြားမှလူများ သိချင်ကြသည်။ သို့သော် တချို့မှာ စိုးရိမ်နေတုန်းပင်။

“တည်ဆောက်မှုဖျက် လက်နက်”

အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ ခန်းမသခင်များနှင့် အကြီးအကဲအားလုံး တို့၏ မျက်နှာများမှာ နီရဲသွားကာ ထိုလျှို့ဝှက်အဖွဲ့အစည်းတွင် ထိုကဲ့သို့ ပစ္စည်းရှိလိမ့်မည်ဟု ထင်မထားကြပေ။

တည်ဆောက်မှုဖျက်လက်နက်သည် ရှားပါးသော အံ့ဖွယ်ရှေးဟောင်း ပစ္စည်းဖြစ်ကာ ရှေးခေတ်ကာလမှဆင်းသက်လာသော တည်ဆောက်မှုမှ လွဲပြီး မည်သည့်တည်ဆောက်မှုကိုမဆို ဖျက်နိုင်သည်။

“အကုန်လုံးထွက်ကြ”

အပေါ်ပိုင်းတွင် ပွင့်လုနီးပါးဖြစ်သွားသော အပေါက်ကိုမြင်ပြီးနောက် အနက်ဝတ်လူပျံထွက်သွားရာ အားလုံးနောက်မှလိုက်ပြီး ပျံကြလေသည်။ လျင်မြန်စွာပင် တည်ဆောက်မှုထဲမှလူများသည် တည်ဆောက်မှုအပြင်ရောက် သွားကြလေသည်။

“မင်းတို့ ကြိုပြင်ဆင်ထားလို့ ငါတို့ကိုတော့ အံ့ဩသွားစေတယ် ဒါပေမဲ့ အဲဒါက အကုန်လုံးကို ပြောင်းလဲစေမယ်လို့ ဆိုလိုတာမဟုတ်ဘူး” အနက်ဝတ် လူသည် နှာမှုတ်လိုက်သည်။

“ဟုတ်တယ်” မာယွင်မင်သည် ကံကောင်းစွာဖြင့် လွတ်မြောက်သွားရာ ဒေါသအကြီးအကျယ်ထွက်နေပြီး လျန်ဝူမင်ကို ရက်စက်စွာကြည့်လိုက်သည်။ “အားလုံးပဲ သွားလိုက်ကြ ဒီနေ့ သူတို့ကို ဖျက်ဆီးပစ်ရမယ်”

“ဒါဆိုလည်း ဘယ်သူက ဘယ်သူ့ကိုဖျက်ဆီးမလဲကြည့်ကြတာပေါ့”

“တောင်ကြားတပည့်တွေ၊ ငါတို့အရည်အချင်းတွေ သုံးရမယ့်အချိန် ရောက်ပြီ”

“အားလုံးပဲ သွားကြတော့”

နှစ်ဖက်လုံးသည် တရားဝင်တိုက်ပွဲဝင်ကြရာ အံ့ဖွယ်နတ်ဆိုးတောင်ကြား ၏ မိုင်ပေါင်းများစွာသည် စစ်မြေပြင်ဖြစ်သွားလေသည်။ အနီးအနားမှ တောင် ထိပ်များသည် လုံးဝအပြည့်အဝ ပျက်စီးလုနီးပါးဖြစ်သွားကာ ကာကွယ်ရေး အလွှာပျက်စီးသွားသောကြောင့် အံ့ဖွယ်နတ်ဆိုး တောင်ကြားမှ ပင်မ တောင်ကြားပင်လျှင် တစ်စိတ်တစ်ပိုင်းပျက်စီးသွားလေသည်။

လျှို့ဝှက်ဆန်းကြယ်သောအဖွဲ့အစည်း တိုက်ပွဲတွင်ပါဝင်လာသည်နှင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားသည် တဖြည်းဖြည်း မပြိုင်နိုင်တော့ပေ။ အများစု သည် မိုးကြိုးသွားကျည်ကိုသုံးလာကြသည်။

ဟုတ်တယ်၊ အဲဒီပစ္စည်းနဲ့ဆိုတော့ တောင်တန်းတစ်ခုလုံး ပြင်းပြင်းထန် ထန် ပျက်စီးသွားတယ်လေ။

ထို့အပြင် အတွင်းပိုင်းမှလာသောလူများသည် အံ့ဖွယ်နတ်ဆိုး တောင်ကြားထက် ပိုအားကောင်းကာ သူတို့ကြိုတင်ပြင်ဆင်ထားကာ မိုးကြိုး သွားကျည်ရှိပြီး ဝိညာဉ်လက်နက်မျိုးစုံပိုင်ဆိုင်ထားသော်လည်း သူတို့ကို နိုင်ရန် မလုံလောက်ပေ။

“တောင်ကြားခင် ကျုပ်တို့ လက်ရှိအားနဲ့ဆိုရင် ထပ်ပြီးတောင့်မခံနိုင် တော့ဘူး” ရှောင်ဂျင်းကျုံးသည် လူတစ်ယောက်ကိုသတ်ပြီးနောက် အသက်ရှု ကာ နားနေသော လျန်ဝူမင်ကို မျက်လုံးထောင့်မှမြင်လိုက်ရာ ပြောလိုက်လေ သည်။

“သူတို့မှာ တည်ဆောက်မှုဖျက်လက်နက်ရှိလိမ့်မယ်လို့ ငါ ထင်မထားဘူး၊ အဲဒါက ငါတို့အစီအစဉ်ကိုဖျက်ဆီးလိုက်တာပဲ” လျန်ဝူမင် ဆက်ပြောလေသည် “ငါ သူမကိုသတင်းပို့ပြီးပြီ၊ သူမ လူတွေနဲ့အမြန်လာလိမ့်မယ် နည်းနည်း လောက်ထပ်ပြီး တောင့်ခံလိုက်ဦး”

“တောင့်ခံနိုင်ပါတယ် ကံကောင်းလို့ ဆေးတွေအများကြီးရှိနေတာ မဟုတ်ရင် ဝိညာဉ်စွမ်းအင်သုံးဖို့ လောက်မှာမဟုတ်ဘူး” ရှောင်ဂျင်းကျုံးသည် ဆေးတစ်လုံးသောက်ကာ မြည်တွန်တောက်တီးပြီးနောက် တိမ်တိုက်ဂူအဖွဲ့ဝင် များနှင့် ဆက်လက်တိုက်ခိုက်လေသည်။

တိမ်တိုက်ဂူအဖွဲ့ဝင်များသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားအဖွဲ့ဝင်များ ကို နဂိုပင်ကြောက်ရွံ့လေသည်။ သို့သော် အနက်ဝတ်လူ၏ တိုက်ခိုက်မှု အောက်တွင် အရှုံးပေးကာနောက်ဆုတ်သွားသည်ကို မြင်သောအခါ စိတ်အား ထက်သန်လာပြီး အံ့ဖွယ်နတ်ဆိုးတောင်ကြားအဖွဲ့ဝင်များကို သူတို့ တောင်ကြားသို့ နောက်ဆုတ်ရန် ဖိအားပေးကြလေသည်။

သို့သော် တိုက်ခိုက်ရင်းနှင့် သူတို့၏ ကာကွယ်ရေးအလွှာမှာ အနက်ဝတ် လူ၏ တည်ဆောက်မှုဖျက်လက်နက်ကြောင့် ပျက်စီးသွားလေသည်။ ထို့ကြောင့် သူတို့နောက်ဆုတ်လျှင်တောင် ကာကွယ်ရေးအလွှာသည် သူတို့၏ လုံခြုံရေးကို မကာကွယ်နိုင်ပေ။

“သူတို့နောက်ဆုတ်နေကြပြီ အကုန်လုံးလိုက်ကြ ဒီနေ့ အံ့ဖွယ်နတ်ဆိုး တောင်ကြားကို လုံးဝထိုးထွက်ရမယ်” မာယွင်မင်သည် လက်မြှောက်ကာ တိမ်တိုက်ဂူအဖွဲ့ဝင်များကို ခေါ်လိုက်ရာ သူတို့သည် အလွန်အားတက်သရော် တိုက်ခိုက်ကြလေသည်။

အံ့ဖွယ်နတ်ဆိုးတောင်ကြားသည် နှစ်ပေါင်းများစွာ သူတို့ခေါင်းကို ချနင်း ခဲ့သည်။ နောက်ဆုံးတော့ သူတို့ကို ဖျက်ဆီးပြီး လက်စားချေနိုင်တော့မည်။

တစ်ဖက်မှာ အစကတည်းက ရှုံးနေသဖြင့် စိတ်ဓာတ်ကျနေကာ တခြား တစ်ဖက်မှာတော့ စိတ်ဓာတ်တက်ကြွနေသဖြင့် ကွာခြားချက်မှာ ရှင်းလင်းစွာ မြင်နေရသည်။

ရှီမာယူယူသည် အံ့ဖွယ်နတ်ဆိုးတောင်ကြား ရှုပ်ယှက်ခတ်နေသည်ကို မြင်သောအခါ အသည်းကွဲတောင်ကြားအဖွဲ့ဝင်များနှင့် အမြန်သွားလိုက်သည်။

“သေစမ်း တောင်ထိပ်ကဘယ်မှာလဲ” နီအန်းယိ အော်လိုက်သည်။

“ပြားသွားတာဖြစ်မယ်” ရှီမာယူယူသည် နေရာအားကြည့်ပြီး တစ်စုံတစ် ရာမှားယွင်းသည်ဟု ခံစားမိသည်။

လျန်ဝူမင်နှင့် သူမသည် ကြိုတင်ဆွေးနွေးခဲ့ကြသည်။ သူတို့ ကိုင်တွယ် နိုင်လျှင် လာရန်မလိုတော့ပေ။ မကိုင်တွယ်နိုင်ပါက သူမသည် လူအင်အား ခေါ် လာရမည်။

သို့သော် ဆက်သွယ်ရေးပစ္စည်းပျက်စီးသည်နှင့် လျန်ဝူမင်သည် သူမကို ဆက်သွယ်ခဲ့သော်လည်း ကြားထဲမှအဖြစ်အပျက်ကို သူမ မသိလိုက်ပေ။

ထို့ကြောင့် ထိုအရှုပ်အထွေးများကို မြင်လိုက်သည်နှင့် သူမ ငေးငိုင်သွားရ သည်။ ပြိုင်ဘက်က အရမ်းအားကောင်းလို့ အဲဒီပစ္စည်းက အသုံးမဝင်တာလား။

“အခုအဲဒါကို ဂရုမစိုက်ကြနဲ့တော့ သူတို့ကိုအရင်ကယ်လိုက်ဦး” ရှီမာယူယူသည် ဘေးနားမှလူများကို ပြောလိုက်သည်။

နေရာတိုင်းမှ တိုက်ခိုက်နေသည့်အသံများ ကြားနေရသဖြင့် သူတို့သည် အံ့ဖွယ်နတ်ဆိုးတောင်ကြားအဖွဲ့ဝင်များကို မရှာတော့ပေ။

“ဘုရားရေ အဲလူတွေက အဖြူနဲ့အနက်တွေ ဝတ်ထားကြတာ ကောင်းကင်ဘုံကိုသွားကြမလို့လား” နီအန်းယိသည် တိမ်တိုက်ဂူအဖွဲ့ဝင်နှင့် အနက်ဝတ်လူများ၏ အဝတ်အစားကိုမြင်သောအခါ ချဲ့ကားအော်လေသည်။ သို့သော် သူတို့သည် ရပ်မသွားဘဲ ပိတ်မိနေသော အံ့ဖွယ်နတ်ဆိုးတောင်ကြား အဖွဲ့ဝင်များကို ကယ်ရန်လုပ်ကြလေသည်။

အသည်းကွဲတောင်ကြားအဖွဲ့ဝင်များကို မြင်သောအခါ တခြားလူများ သည် ပျော်လွန်းသဖြင့် မျက်ရည်များဝဲလာကာ ပျော်ရွှင်စွာ အော်ကြလေသည် “အသည်းကွဲတောင်ကြားအဖွဲ့ဝင်တွေပဲ”

“အသည်းကွဲတောင်ကြားအဖွဲ့ဝင်တွေက ငါတို့ကိုလာကယ်ပြီ အားလုံးပဲ တောင့်ထားကြ”

“ဟားဟားဟား… တိမ်တိုက်ဂူအဖွဲ့ဝင်တွေ သေဖို့ပြင်ထားကြတော့”

မြင်ကွင်းမှာ ထပ်ပြောင်းသွားပြန်သည်။ နှစ်ဖက်လုံးမှ စွမ်းအားသည် ပြန် လှည့်လာသည်။ ရှီမာယူယူ လူအင်အားခေါ်လာသည်နှင့် အခြေအနေသည် လျင်မြန်စွာပြောင်းသွားလေသည်။

ရှီမာယူယူသည် တိုက်ပွဲတွင် ပါဝင်ခဲ့သည်။ သူမ သူတို့ကိုကယ်ပြီးနောက် လှည့်ကြည့်လိုက်ရာ မာယွင်မင်နှင့် အဘိုးနတ်ဆိုးတို့ တိုက်ခိုက်နေသည်ကို မြင် လိုက်ရသည်။

“ဆရာ” သူမသည် တအံ့တဩအော်လေသည်။

သို့သော် အဘိုးနတ်ဆိုးသည် တုံ့ပြန်ခြင်းမရှိဘဲ တိုက်ပွဲကိုသာ အာရုံစိုက် ထားလေသည်။

ရှီမာယူယူသည် သတိပြန်ဝင်လာသည်။ ထိုတိုက်ပွဲသည် စိတ်အာရုံပျံ့၍ မရပေ။ ပြီးနောက် သူမသည် ပုံစံအသွင်ပြောင်းထားသဖြင့် အသံလည်းပြောင်း နေသည်။ သူ မတုံ့ပြန်သည်မှာ ပုံမှန်သာဖြစ်သည်။

ဆရာပြန်လာမှတော့ နောက်မှ အကုန်ပြန်ပြောလို့ရတာပဲ။

စဉ်းစားကြည့်ရာ သူမသည် တိုက်ပွဲကိုအမြန်ပင် အဆုံးသတ်ချင်မိသည်။ ထို့ကြောင့် သူမသည် လူသတ်ရာတွင် ပို၍အားကောင်းလာသည်။

အသည်းကွဲတောင်ကြားမှလူများ တိုက်ပွဲတွင် ပါဝင်လာပြီး တိမ်တိုက်ဂူ မှလူများပျက်သုဉ်းလုနီးပါးဖြစ်သည်ကို အနက်ဝတ်လူမြင်သောအခါ အံကြိတ် ပြီးပြောလိုက်သည် “နောက်ဆုတ်မယ်”

သူ့နားမှလူများသည် ချက်ချင်းပင် ‌လေချွန်လိုက်ရာ အနက်ဝတ်လူများ သည် ထိုအသံကြားသည်နှင့် အနားမှ တိမ်တိုက်ဂူအဖွဲ့ဝင်များကို ပြောလိုက် သည် “နောက်ဆုတ်မယ်”

“နောက်ဆုတ်မယ်ဟုတ်လား၊ ဒီလောက်ထိတိုက်လာပြီးမှ ဘယ်လိုလုပ် နောက်ဆုတ်ရမှာလဲ”

သို့သော် အနက်ဝတ်လူများသည် သူတို့အတွေးကိုဂရုမစိုက်ပေ။ သူတို့ လှည့်ထွက်ပြီး အချိန်မဆွဲတော့ဘဲ ထွက်သွားလေသည်။ ဆိုလိုသည်မှာ သူတို့ နေချင်လျှင်နေနိုင်သည်၊ သူတို့တော့ ထွက်သွားမည်ဟူ၍ဖြစ်သည်။

တိမ်တိုက်ဂူအဖွဲ့ဝင်များသည် အနက်ဝတ်လူများ နောက်ဆုတ်သွားသည် ကိုမြင်ပြီး ဆန္ဒမရှိသော်လည်း ထွက်ခွာလိုက်ရသည်။

“ဆရာ သူတို့ကိုတားမလား” ဖန်ကျိ မေးလိုက်သည်။

ရှီမာယူယူသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ ဆုံးရှုံးမှုကြီးမားသည်ကို မြင်ပြီး လျန်ဝူမင်ကို မေးလိုက်သည် “တောင်ကြားသခင် ကြည့်လိက်ပါဦး နောက်ကနေလိုက်စေချင်လား”

“သူတို့မှာ တည်ဆောက်မှုဖျက်လက်နက်ရှိတယ် ငါတို့သူတို့ကို တားလို့ မရဘူး သွားခိုင်းလိုက်တော့၊ ငါတို့အကုန်လုံး ပြန်ပြင်ပြီးရင်တော့ ဒီနေ့အတွက် သေချာပေါက်လက်စားချေရမယ်” လျန်ဝူမင် ပြောလိုက်သည်။

ရှီမာယူယူသည် တည်ဆောက်မှုဖျက်လက်နက်အကြောင်းကို ကြားဖူး ထားသဖြင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ ဘာကြောင့် ပျက်စီးမှုများသည်ကို နားလည်လိုက်သည်။ ပြီးနောက် မပြင်မဆင်ရသေးသည့်အခြေအနေတွင် ထိုလူများကို တားရန်မဖြစ်နိုင်ကြောင်းကိုလည်း သိထားသည်။

“နောက်ကနေမလိုက်ဖို့ အားလုံးကိုပြောလိုက်” သူမ အမိန့်ပေးလိုက် သည်။

“ကောင်းပါပြီ”

ဖန်ကျိသည် ထိုစကားကိုလက်ဆင့်ကမ်းပြီး နောက်မှမလိုက်ရန်ပြော လိုက်သည်။ သို့သော် အသည်းကွဲတောင်ကြား အဖွဲ့ဝင်များသည် လိုက်ဆဲဖြစ် ကာ အကွာအဝေးအနည်းငယ်ရောက်သည်အထိ တိုက်ခိုက်ပြီး သူတို့ လေဟာ ပြင်ဝင်ပေါက်မှ ထွက်သွားမှပင် ရပ်လိုက်ကြလေသည်။

တိမ်တိုက်ဂူအဖွဲ့ဝင်များအားလုံး ထွက်သွားသည်ကို ရှီမာယူယူမြင်လိုက် ရသည်။ သူမသည် အဘိုးနတ်ဆိုးလျှောက်လာသည်ကို မြင်သောအခါ ပျော်ရွှင် စွာဖြင့် အော်လိုက်သည် “ဆရာ”

အဘိုးနတ်ဆိုးသည် သူမအားကြည့်ပြီးပြောလိုက်သည်။ “ကောင်လေး မင်းက ငါ့ကိုကယ်လိုက်တာနဲ့တင် ငါ့ကိုဆရာလို့ခေါ်လို့မရဘူးလေ မင်း…”

သူစကားမဆုံးခင်မှာပင် ဟိန်းသံထောင်ချီနှင့် ရှီမာယူယူတို့အကြားမှ ပေါင်းစပ်မှု ဖြည်လိုက်သည်ကို မြင်လိုက်သောအခါ မျက်လုံးပြူးကျယ်သွားလေ တော့သည်။

***

All Chapters