တိုက်ပွဲအရှုပ်အထွေးပြီးနောက် သူမ၏ အကြံပြုချက်
Vol. 100 Ch. 1388
“မင်း ယူယူလား” အဘိုးနတ်ဆိုးသည် အံ့ဩပြီး ရယ်မောကာ သူမဆီသို့ လာပြီး ဖက်လိုက်လေသည် “ဟားဟား ငါပြန်လာတာနဲ့ ငါ့ရဲ့အဖိုးတန်တပည့် လေးကိုတွေ့ရမယ်လို့ထင်မထားဘူး”
“ဆရာ အကျယ်ကြီးမပြောပါနဲ့ ကျွန်မပြန်လာတာကို သူများတွေကို ပေး သိလို့မဖြစ်ဘူး”
“ဟင်”
“အသေးစိတ်ကို နောက်မှပြောကြတာပေါ့ ဒါက…” ရှီမာယူယူသည် ရေပြင်ညီဖြစ်နေသော တောင်ကြားကိုကြည့်လိုက်သည်။ “ကြည့်ရတာ ဒါကို အရင်လုပ်ရတော့မယ်ထင်တယ်”
“ငါတို့ ဒီမှာနေလို့ရတော့မယ်လို့ မထင်ဘူး၊ ဒါကို နောက်မှပြောကြတာ ပေါ့၊ အရင် အကုန်လုံးကို ဆေးကုကြတာပေါ့” လျန်ဝူမင် ပြောလိုက်သည်။
“ကောင်းပါပြီ ဒါဆိုရင် ကာကွယ်ရေးတည်ဆောက်မှုကို ပြင်ဖို့လူခေါ် လိုက်ပါဦးမယ် အဲဒါမှ အထဲမှာနလန်ထူလို့ရမှာ” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပြီလေ ဒုက္ခပေးရတဲ့အတွက် တောင်းပန်ပါတယ်” လျန်ဝူမင်သည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
“ကျွန်မတို့ အခုသွားလိုက်ပါဦးမယ်၊ မင်းတို့တွေ ငါနဲ့လိုက်ခဲ့” ရှီမာယူယူ သည် အသည်းကွဲတောင်ကြား၏ တည်ဆောက်မှုသခင်ကိုခေါ်ပြီးနောက် ကာကွယ်ရေးတည်ဆောက်မှုကြီးကို ပြင်ရန်သွားလိုက်လေသည်။
ရှီမာယူယူ ထိုအတိုင်းလျှောက်သွားသည်ကို အဘိုးနတ်ဆိုးမြင်သောအခါ ပါးစပ်အဟောင်းသားဖြစ်လေသည်။
“ငါတို့ ရှီမာယူယူက ဘယ်တုန်းက အဲလောက်အားကောင်းသွားတာလဲ”
“မင်းမရှိတုန်းကို ကိစ္စတွေအများကြီးဖြစ်ပျက်သွားတယ်၊ မင်းက သူမ ကြီးထွားလာတာကိုလွတ်သွားတာပဲ” လျန်ဝူမင် ဆက်ပြောလေသည် “မင်း တပည့်က ဆယ်စုနှစ်နည်းနည်းလောက်နဲ့တင် လေးစားထိုက်တဲ့အဆင့်ထိ တက်လာခဲ့တယ်”
“ဘာ” အဘိုးနတ်ဆိုးသည် ပို၍အံ့အားသင့်သွားလေသည် “ပြောပါဦး ဒီနှစ်တွေမှာ သူမဘာတွေ ဖြတ်သန်းခဲ့တာလဲ”
ထို့ကြောင့် လျန်ဝူမင်သည် ရှီမာယူယူတည်ဆောက်မှု ပြင်နေသည့် အတွင်းတွင် ရှီမာယူယူအကြောင်း သူသိသမျှအားလုံးကို ပြောပြလိုက်သည်။ သူ ထပ်ပေါင်းပြောလိုက်သည် “ဒါတွေက ငါသိတဲ့ဟာတွေပဲ ငါမသိသေးတဲ့ဟာ တွေထပ်ရှိဦးမယ်ဆိုတာ ယုံတယ်”
အဘိုးနတ်ဆိုးသည် ငေးငိုင် သွားလေသည်။ သူ ကျေညက်ရန်လိုသေး သည်။ သူ့မှာ ဘယ်လိုလုပ် ဒီလိုအရည်အချင်းရှိတဲ့ တပည့်ရှိနေတာလဲ။
ပြီးတော့ သူက သူမကိုဆေးဖော်နည်းကိုလည်း မသင်ပေးဖူးဘူး။ သူတို့ စကားပြောတဲ့ရက်ဆိုတာလည်း ရှည်တာမဟုတ်ဘူး၊ ထပ်ပြောရရင် ရက် နည်းနည်းပဲရှိတာလေ။
သူ ရှုပ်ထွေးနေသည်။ သူမက ဒီလောက်အရည်အချင်းရှိတာကို ဒီလို မပြည့်ဝတဲ့ဆရာကို အသိအမှတ်ပြုနိုင်သေးတာလား။
ဒါပေမဲ့ စဉ်းစားကြည့်ပြန်တော့လည်း သူမ ဒီလိုအရည်အချင်းရှိတာကို သူက ဆရာတစ်ယောက်အနေနဲ့ ဂုဏ်ယူသင့်တယ်လေ။
ရှီမာယူယူသည် တည်ဆောက်မှုကိုပြင်ပြီးနောက် ပြန်လာရာ အဘိုး နတ်ဆိုး မျက်မှောင်ကြုတ်ပြီး ပြုံးနေသည်ကို မြင်လိုက်ရသည်။
“ဆရာ ဘာဖြစ်လို့လဲ၊ သွေးထွက်နေတုန်းလား၊ ဆေးသောက်ပြီးပြီလား” သူမသည် စိုးရိမ်တကြီးမေးလေသည်။
အဘိုးနတ်ဆိုးသည် သူမ ဂရုစိုက်နေသည်ကို မြင်သောအခါ ပြောလိုက် သည် “ယူယူ ဒီဆရာက မပြည့်ဝပါဘူး၊ မင်းက မင်းဘာသာမင်း အတွေ့အကြုံ တွေယူခဲ့တယ်၊ ဆရာ့ကို အပြစ်တင်ပြီး မလိုချင်တော့ဘူးလား”
အာ…. အဲတော့ သူက ဒီအတွက်နဲ့ပြဿနာတက်နေတာပဲ။ သူမသည် သူ့ ကျောပြင်ကိုပုတ်ပြီး ပြောလိုက်သည် “ဆရာ ဘာတွေစဉ်းစားနေတာလဲ၊ ဆရာ က ကျွန်မဆရာတစ်ခါဖြစ်တာနဲ့ တစ်သက်လုံးဆရာပဲလေ ဘာလို့ ဆရာ့ကို အသိအမှတ်မပြုရမှာလဲ”
“ရွှတ် ရွှတ် ငါ ရင်ထဲထိသွားပြီ” အဘိုးနတ်ဆိုး၏ အော်ဟစ်ငိုသံကြောင့် အံ့ဖွယ်နတ်ဆိုးတောင်ကြား တစ်ခုလုံး မျက်ခုံးပင့်ကြည့်ကြလေသည်။
“ဟုတ်ပြီ ဆရာ အကုန်လုံးကကြည့်နေကြပြီ” ရှီမာယူယူသည် သူ့ဆီမှ သွေးအနံ့ရသဖြင့် သူ့ရင်ခွင်မှရုန်းကာ သူ့ကိုကုသဆေးပေးလိုက်သည်။
“ဟဲ ဟဲ ငါ အံ့ဩလို့ ဒါကိုမေ့သွားတယ်၊ ဒါပေမဲ့ ငါက ဒီအတိုင်း အပြင်ပိုင်း ဒဏ်ရာတင်ပါ၊ အရမ်းမပြင်းလို့ ဒီဆေးတွေမလိုပါဘူး” အဘိုးနတ်ဆိုးသည် ပြုံး ပြီး ဆေးအားလုံးကိုသော်ကလိုက်ရာ ဒဏ်ရာများသည် လျင်မြန်စွာပင် သွေးထွက်ရပ်သွားလေသည်။
သိပ်မကြာခင်တွင် တည်ဆောက်မှုအပြင်ဘက်မှ တည်ဆောက်မှု အလင်းတန်း တောက်ပလာကာ ရင်ဘိုင်ချွန်းသည် တစ်ဖွဲ့ကိုခေါ်ကာ ရောက် လာလေသည်။
သူသည် အံ့ဖွယ်နတ်ဆိုးတောင်ကြား ရှုပ်ပွနေသည်ကိုကြည့်ပြီး အံ့ဩ သွားလေသည်။ ဒီမှာဘာလို့ ဒီလောက်ဆုံးရှုံးမှုများရတာလဲ။
သူတို့ ဝင်သွားချင်သော်လည်း တည်ဆောက်မှုမှာ မတူတော့သည်ကို သတိထားမိသည်။ သူတို့သည် လျန်ဝူမင်ကို ဆက်သွယ်လိုက်မှပင် ဝင်ပေါက် ပွင့်သွားပြီး သူတို့ကိုဝင်ခိုင်းလေသည်။
ရင်ဘိုင်ချွန်း ကြည့်ပြီး ထောင်ချောက်ဟုတ်မဟုတ်ကို ဂရုမစိုက်တော့ဘဲ သူ့အနောက်မှလူကိုပြောလိုက်သည် “ငါ ဝင်သွားပြီးအရင်ကြည့်လိုက်ဦးမယ် မင်းတို့က လုံခြုံပြီဆိုတာသေချာမှဝင်လာကြတော့”
“ကျွန်တော်တို့ ဝင်သွားတာပိုကောင်းပါလိမ့်မယ်၊ တစ်ခုခုဖြစ်သွားရင် သခင်လေးက ဒီမှာဦးဆောင်တာပိုကောင်းလိမ့်မယ်”
“မဟုတ်ဘူး ငါဝင်သွားမယ်” ရင်ဘိုင်ချွန်း ဆက်ပြောလေသည် “မင်းတို့ ဒီမှာစောင့်နေကြ”
“တောင်ကြားသခင်လေး တောင်ကြားသာတစ်ခုခုဖြစ်ရင် ကျွန်တော်တို့..”
“ဟေး ဝင်မှာလား မဝင်ဘူးလား” နီအန်းယိသည် တည်ဆောက်မှဒ အနောက်မှ ရုတ်တရက်ပေါ်လာပြီး အားလုံးကိုခြိမ်းခြောက်လိုက်သည်။
“သူက လူဆိုးကြီးဆယ်ယောက်ထဲက တစ်ယောက်မလား သူက တောင်ကြားသခင်လေး ယူယူနောက်လိုက်နေတာ ဆိုလိုတာက အထဲမှာ ဘေးကင်းတယ်ပေါ့” တစ်ယောက်သည် နီအန်းယိကို မှတ်မိသည်။
ထိုစကားကြောင့် အထဲတွင် လုံခြုံသည်မှာသေချာသွားသည်။
“ဝင်ရအောင်” ရင်ဘိုင်ချွန်းအမိန့်ပေးလိုက်သည်နှင့် အသီးသီးနောက်မှ လိုက်ကြလေသည်။
အားလုံးဝင်ပြီးနောက်တွင် တည်ဆောက်မှုသည် ပြန်ပိတ်သွားလေသည်။
ရင်ဘိုင်ချွန်းဝင်သွားပြီး မကြာမီတွင် ဒဏ်ရာရထားသော အဖွဲ့ဝင်အများ အပြားကို မြင်ရလေသည်။
“သခင်”
“သခင်”
“ခန်းမသခင်”
“ဘိုင်ချွန်း ပြန်လာပြီလား အဲဒီမှာဘယ်လိုနေလဲ” လျန်ဝူမင် မေးလိုက် သည်။
“အဲဒီမှာ အကုန်အဆင်ချောပါတယ် တိမ်တိုက်ဂူနဲ့ အနက်ဝတ်လူ အများစုကို ကျွန်တော်တို့သတ်လိုက်နိုင်ပါတယ် ဒါပေမဲ့တချို့ကထွက်ပြေးသွား ကြတယ်” ရင်ဘိုင်ချွန်းဆက်ပြောလေသည် “ဆရာ ဒီကအခြေအနေကဘာလို့ ဒီလောက်ပြင်းထန်တာလဲ”
“သူတို့မှာ တည်ဆောက်မှုဖျက်လက်နက်ရှိနေတယ်၊ အဲဒါက ငါတို့ အစီအစဉ်ကို ဖျက်ဆီးလိုက်တာပဲ” လျန်ဝူမင် ပြောလေသည် “အကူအညီလိုဦး မလားလို့ တခြားသူတွေကိုသွားကြည့်လိုက်”
“ဟုတ်ကဲ့ပါ ဆရာ”
ရင်ဘိုင်ချွန်းသည် ရှီမာယူယူကို ကြည့်ရင်း အံ့ဩနေလေသည်။
“ယူယူ ဘယ်တုန်းကပြန်ရောက်တာလဲ”
ရှီမာယူယူသည် သူအံ့ဩနေသည်ကို ကြည့်ပြီးမျက်တောင်ခတ်ကာ ပြော လိုက်သည် “နည်းနည်းတော့ကြာပြီ ဘာလဲ ဆရာဦးလေးကမပြောဘူးလား”
“ဆရာ့ကို သတင်းပေးတာ မင်းလား” ရင်ဘိုင်ချွန်းသည် ရုတ်တရက် သဘောပေါက်သွားလေသည်။
သူအစကတည်းက သိချင်ခဲ့သည်။ ဘယ်သူကများဆရာ့ကို သတင်းပေး လိုက်လို့ ဒီလောက်သေချာပြီး တပ်ဖြန့်တဲ့အထိတောင်လုပ်တာလဲလို့။ သူမ ဖြစ် နေတာကိုး။
“မင်းရောက်လာတာ ကောင်းတယ်၊ မဟုတ်ရင် ငါတို့ဆုံးရှုံးမှုကြီးမှာပဲ ငါတို့ အစတောင်ပျောက်သွားနိုင်တယ်”
“စီနီယာ့ကိုကြည့်ဦး ကျွန်မက တောင်ကြားမှာ အချိန်တော်များများမရှိ တတ်ပေမဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားအဖွဲ့ဝင်ပါပဲ” ရှီမာယူယူ ရယ်မောလေ သည် “စီနီယာက ဆုံးရှုံးသွားတာတွေတွက်ချက်မလို့လား”
“ဟုတ်တယ် ဒဏ်ရာတွေကိုကြည့်ပြီး သေဆုံးသူကိုလည်း ရေတွက်ရဦး မယ်”
“လုပ်ပါ ကျွန်မ ဒဏ်ရာပြင်းထန်တဲ့လူတွေကိုသွားကြည့်ဖို့လိုသေးတယ်”
သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကျော်ဖြတ်ကာ လုပ်စရာရှိ သည်များကို သွားလုပ်ကြလေသည်။
အဖြေမှာ လျင်မြန်စွာပင် ထွက်လာခဲ့သည်။ သေဆုံးသူမများလှ သော်လည်း ဒဏ်ရာရသူမှာ များသည်။ အဂ္ဂိရတ်ခန်းမရှိသော်လည်း သူတို့တွင် ဆေးလောက်ငှသဖြင့် ဒဏ်ရာရသည်မှာလည်း အထွေအထူးမဟုတ်တော့ပေ။
သို့သော် ခေါင်းအကိုက်ဆုံးကိစ္စမှာ တိုက်ပွဲအတွင်းတွင် ပျက်စီးသွားသော တောင်ကြားတွင် သူတို့ မည်သို့နေရတော့မည်နည်း။
“မာယွင်မင် ခွေးသား သူ့ကိုမြင်တာနဲ့ ငါသတ်မယ်”
အားလုံးသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ ရှုပ်ပွမှုများကိုမြင်သောအခါ ဒေါသထွက်ကြလေသည်။
“ဒေါသထွက်နေတာက ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး၊ ကျွန်မတို့ ပြန်ကောင်းလာတဲ့အထိ စောင့်ကြတာပေါ့၊ ကျွန်မတို့ သေချာပေါက် အဲဒီ တိမ်တိုက်ဂူကိုပြားအောင်လုပ်ပြီး သွေးကိုသွေးနဲ့ပြန်ဆပ်ခိုင်းရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“အကုန်လုံး ဒီမှာဆက်နေလို့မဖြစ်တော့ဘူး၊ အံ့ဖွယ်နတ်ဆိုးတောင်ကြား တစ်ဝက်လောက်က သုံးမရတော့ဘူး၊ ဒဏ်ရာရတဲ့လူတွေက ကောင်းကောင်း အနားယူဖို့လိုတယ်” လျန်ဝူမင်သည် ရင်နာစွာဖြင့်ပြောလေသည်။
“ဆရာဦးလေး သူတို့ကို အသည်းကွဲတောင်ကြားမှာ ဘာလို့နလန်မထူ ခိုင်းရမှာလဲ၊ အဲဒီမှာက မြေနေရာပိုကျယ်တယ်၊ အကုန်လုံးအဲဒီကိုအရင်သွားပြီး ဒီနေရာပြင်ပြီးမှ ပြန်လာကြတာပေါ့” ရှီမာယူယူ အကြံပြုလိုက်သည်။
***