လက်ထပ်ပြီးပြီလား၊ အထမြောက်ပြီးပြီလား
Vol. 100 Ch. 1389
“အသည်းကွဲတောင်ကြားကို သွားရမှာလား”
အားလုံး အံ့အားသင့်သွားကြသည်။ သို့သော် တချို့မှာ ပျော်ရွှင်သွားကြ ကာ တချို့မှာစိုးရိမ်နေကြသည်။
“ရတာပေါ့ ရတာပေါ့ အသည်းကွဲတောင်ကြားကို ဘယ်သူမှမရောက်ဖူး ကြဘူး၊ အသည်းကွဲတောင်ကြားက ဘယ်လိုရှိလဲဆိုတာ ကျွန်တော်တို့အားလုံး သိချင်ကြတယ်”
“ဒါပေမဲ့ အဲဒီမှာက အဆိပ်အတားအဆီးနဲ့ နေရာတိုင်းမှာ အဆိပ်သတ္တဝါ တွေရှိနေတာ ဒဏ်ရာရတဲ့လူတွေ အဲဒီကိုသွားပြီး နလန်ထူလို့ကကောင်းပါ့ မလား”
ရှီမာယူယူ ရယ်မောပြီးပြောလိုက်သည် “အသည်းကွဲတောင်ကြားမှာက အဆိပ်အတားအဆီးတွေနဲ့ အဆိပ်သင့်သတ္တဝါတွေရှိပေမဲ့ နေရာတိုင်းတော့ မဟုတ်ပါဘူး၊ ကျွန်မတို့နေတဲ့နေရာမှာ ဘာမှမရှိဘူး၊ နေရာတော်တော်များများ မှာလည်း အဆိပ်အတားအဆီးတွေနဲ့ဆိုတော့ ဘယ်သူမှဝင်မလာကြဘူး၊ အဆိပ်အတားအဆီးမရှိတဲ့နေရာမှာ နေသရွေ့တော့ အဲဒီမှာနလန်ထူလို့ရပါ တယ်”
“ဆရာ အဲဒါဖြစ်နိုင်တယ်လို့ထင်ပါတယ်” ရင်ဘိုင်ချွန်း ဆက်ပြောလေ သည် “တိမ်တိုက်ဂူက ဆုံးရှုံးမှုအကြီးကြီးဖြစ်သွားတဲ့အပြင်ကို ဒီမှာ ဘာ အကာအကွယ်မှုမရှိဘဲ သူတို့ထပ်လာရင် မကိုင်တွယ်နိုင်မှာစိုးပါတယ်”
“ငါလည်း သဘောတူတယ်” အဘိုးနတ်ဆိုးဆက်ပြောလေသည်။ “အသည်းကွဲတောင်ကြားမှာက သဘာဝကာကွယ်ရေးရှိတယ်၊ သူတို့ငါတို့ဆီ လာရင်တောင် ဖျက်နိုင်မှာမဟုတ်ဘူး”
လျန်ဝူမင်သည် စဉ်းစားလိုက်ပြီးနောက် ပြောလေသည် “ကောင်းပြီလေ ဒါဆိုလည်း ငါတို့ အချိန်တစ်ခုတော့ အသည်းကွဲတောင်ကြားမှာ ဖြေရှင်းကြ တာပေါ့၊ အဲဒါမှ အကုန်လုံး နလန်ထူနိုင်ကြမှာ”
“ဟုတ်ကဲ့ပါ ကျွန်တော် သတင်းပါးလိုက်ပါမယ်” ရင်ဘိုင်ချွန်း ပြောလိုက် သည်။
“ဆရာဦးလေး ကျွန်မတို့ထည့်စဉ်းစားရမယ့် တစ်ခုရှိသေးတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘာလဲ”
“ကျွန်မတို့မှာ အိမ်အများကြီးမရှိဘူး အဲဒီကိုသွားရင် တဲတွေထိုးဖို့လိုမယ်”
“ဟားဟား အဲဒါကဘာမှမဟုတ်ပါဘူး” အားလုံးသည် ကိစ္စကြီးဖြစ်လိမ့် မည်ဟု ထင်ထားကြသည်။ သူမ၏ ရှက်ရွံ့နေသော ပုံစံကိုမြင်ပြီးနောက် ရယ် မောကြလေသည် “ငါတို့က အရင်ကတဲနဲ့မနေဖူးတာကျနေတာပဲ၊ ဒါကဘာမှ မဟုတ်ဘူး”
“အားလုံးအဆင်ပြေရင် ကောင်းတာပါပဲ” ရှီမာယူယူ ဆက်ပြောလိုက် သည် “ဖန်ကျိ တောင်ကြားက အဖွဲ့ဝင်တွေကို အသိပေးပြီး စီစဉ်ခိုင်းလိုက်၊ ပြီးတာနဲ့ အကုန်လုံးကို အဆိပ်ဖြေဆေးတွေအကုန်ထုတ်ခိုင်းလိုက် ငါတို့ပြန် ရောက်မှ အကုန်ထပ်ဖြည့်ပေးမယ်လို့”
“ဟုတ်ကဲ့ပါ” ဖန်ကျိသည် အမိန့်ရပြီးသည်နှင့် နီအန်းယိနှင့် တခြား သူများကိုခေါ်ကာ ဆေးများစုဆောင်းတော့သည်။
အသည်းကွဲတောင်ကြား အဖွဲ့ဝင်များသည် အဆိပ်ဖြေဆေး တစ်လုံး နှစ်လုံး ပိုဆောင်ထားလေ့ရှိကြသည်။ ထို့ကြောင့် သူတို့သည် ဆေးများအပုံ လိုက်စုမိကြလေသည်။ ထို့အပြင် ရှီမာယူယူနှင့် အဂ္ဂိရတ်ပညာရှင်များ ဆေး အတူဖော်လိုက်ရာ သူတို့သွားချိန်တွင် လုံလောက်သောဆေးများရလေသည်။
ရှီမာယူယူသည် အသည်းကွဲတောင်ကြားမှ အဂ္ဂိရတ်ပညာရှင်များကို ခေါ် ကာ တည်ဆောက်မှုပြုလုပ်ကာ ထိုနေရာသို့ တိုက်ရိုက်သွားကြမည်။ ဒဏ်ရာ အသေးစားရထားသောလူများ ပြန်သွားမည်ဖြစ်သောကြောင့် တောင်ကြားတွင် သိမ်းဆည်းကြလေသည်။
ကံကောင်းစွာပင် သူတို့ပစ္စည်းအများစုမှာ မှော်ဝင်လက်စွပ်အတွင်းတွင် ထည့်ထားကြသည်။ ဆေးပစ္စည်းများနှင့် တခြားအရင်းအမြစ်များမကို ဝိညာဉ် အတားအဆီးဖြင့် ကာကွယ်ထားသောကြောင့် သိမ်းဆည်းရန်လွယ်ကူနေ သည်။
သိမ်းဆည်းခြင်း ပြီးလုနီးပါးတွင် တည်ဆောက်မှုမှာလည်း ပြင်ဆင်ပြီး လေသည်။ ရှီမာယူယူသည် အသည်းကွဲတောင်ကြားမှလူတိုင်းကို ဆေးတိုက်ပြီး ဖန်ကျိကိုခေါ်သွားခိုင်းလိုက်သည်။ အသည်းကွဲတောင်ကြား၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် သူမ နေခဲ့ကာ ဖြတ်လမ်းတည်ဆောက်မှုကို ဖျက်ဆီးပြီးမှ ပြန်သွားရန် တစ်ခါသုံးတည်ဆောက်မှုကို သုံးရမည်ဖြစ်သည်။
အံ့ဖွယ်နတ်ဆိုးတောင်ကြား အဖွဲ့ဝင်များသည် အသည်းကွဲတောင်ကြား သို့ ပထမဆုံးအကြိမ်သွားခြင်းဖြစ်သဖြင့် အားလုံးသည် စပ်စုချင်ကြသည်။
“အစ်ကိုကြီးဖန် ကျွန်တော်တို့ တောင်ကြားကို လှည့်ပတ်ကြည့်လိုရလား”
ရှီမာယူယူသည် ထိုစကားကိုကြားသောအခါ အံ့ဩသွားလေသည်။
ဖန်… အစ်ကိုကြီးဖန်ဟုတ်လား။
သူမ အဲဒါကိုများ နားကြားမှားသလား။
ဖန်ကျိသည် သင့်မြတ်စွာပြောနေတုန်းပင် “အခုမှရောက်တာဆိုတော့ လက်လွတ်စပယ် မသွားတာတော့ ပိုကောင်းမယ်၊ မင်းတို့လှည့်ပတ်ကြည့်ချင် ရင်တော့ တောင်ကြားအဖွဲ့ဝင်ကို ခေါ်သွားခိုင်းပေးမယ်”
“ကောင်းပါပြီ”
ရှီမာယူယူသည် ဖန်ကျိ၏ တစ်ကိုယ်လုံးကိုခြုံကြည့်လိုက်သည်။ အထူးသဖြင့် ရင်ဘတ်အရှေ့တွင်ရှိသော အပေါ်ဝတ်အင်္ကျီပင်ဖြစ်သည်။
ဖန်ကျိသည် သူမ၏ ထူးဆန်းသောအကြည့်ကို မြင်ပြီးနောက် မေးလိုက် သည် “ဆရာ ဘာဖြစ်လို့လဲ”
ရှီမာယူယူသည် ရယ်ချင်စိတ်ကိုမျိုသိပ်ကာ သူ့ရင်ဘတ်ကိုပုတ်ပြီးပြော လိုက်သည် “အစ်ကိုကြီးဖန်… အစ်ကိုကြီးဖန် ကောင်းလိုက်တဲ့နာမည်ပြောင်ပဲ မဆိုးဘူး မဆိုးဘူး”
သူမသည် ပြောပြီးသည်နှင့် လှည့်ထွက်သွားရာ အနောက်မှလူများသည် တောင်ကြားဒုခေါင်းဆောင်၏ ပခုံးလှုပ်နေသည်ကို မြင်လိုက်ရသည်။
“အစ်ကိုကြီး ဆရာကဘာဖြစ်သွားတာလဲ” နိအန်းယိသည် သူမ နောက် ကျောပြင်ကိုကြည့်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
ဖန်ကျိလည်း နားမလည်နိုင်ဖြစ်သွားလေသည်။ ဆရာက အစောပိုင်းက ထူးဆန်းတဲ့ပုံပေါက်တယ်။
အားလုံးလည်း အလွန်သိချင်ကြသော်လည်း သူမ စဉ်းစားနေသည့်အရာ ကို မခန့်မှန်းနိုင်ကြပေ။ ထို့အပြင် “ရင်သားကြီးသည်” ဆိုသည့်စကားလုံးနှင့် မည်သူမှ မဆက်စပ်မိကြပေ။
အဘိုးနတ်ဆိုး ရှီမာယူယူကို မြင်သောအခါ သူမသည် တီးတိုးရယ်နေဆဲ ပင်ဖြစ်လေသည်။ သူမတွင် ပျော်စရာတစ်စုံတရာရှိရမည်ဟု အားလုံးထင်လိုက် ကြသည်။
“ဘာတွေဖြစ်နေတာလဲ ဒီလောက်ပျော်နေတာ”
“ဟားဟား ဘာမှမဟုတ်ပါဘူး” သေချာသည်တော့ သူမ ထိုအကြောင်း ကို သူတို့ကိုပြောမည်မဟုတ်ပေ။ ထို့ကြောင့် သူမ စကားလမ်းကြောင်းလွှဲကာ ပြောလိုက်သည် “ဆရာဦးလေး ဆရာနဲ့ ခန်းမခေါင်းဆောင်တို့ ခြံဝန်းပြင်ဖို့ ခိုင်းလိုက်ပါမယ်၊ တောင်ကြားကတပည့်တွေကတော့ တဲမှာပဲနေရမှာစိုးပါ တယ်”
“အဆင်ပြေပါတယ်”
“ဒါဆိုရင် ဖန်ကျိကို စီစဉ်ခိုင်းလိုက်ပါမယ်” ရှီမာယူယူပြောလိုက်သည်။
“ဟုတ်ပြီလေ”
နောက်ဆုံးတွင် ခန်းမခေါင်းဆောင်များ အကြီးအကဲများနှင့် ခန်းမ ခေါင်းဆောင်အငယ်များနှင့် တာဝန်ခံအားလုံး၏ ခြံဝန်းမှာပြင်ဆင်ပြီးလေ သည်။ သို့သော် တပည့်အများစုမှာ တဲတွင်သာနေရမည်ဖြစ်သည်။
အရာအားလုံး ဖြေရှင်းပြီးချိန်တွင် ရှီမာယူယူသည် အသည်းကွဲ တောင်ကြားမှ တပည့်များကိုခေါ်ကာ မသွားသင့်သောနေရာအချို့ကိုလည်း ပြောပြခိုင်းခဲ့သည်။
အဘိုးနတ်ဆိုးသည် ရှီမာယူယူ အားသည်အထိစောင့်ပြီး မေးလေသည် “ကောင်မလေး အဲဒီကောင်စုတ်လေး ဘယ်မှာလဲဆိုတာသိလား”
“ဆရာ စီနီယာအစ်ကို့ကိုမေးနေတာလား” ရှီမာယူယူ ဆက်ပြောလေ သည် “စီနီယာအစ်ကိုက တောင်ကြားမှာပါ ဒါပေမဲ့အခုတော့ အိပ်မောကျနေတဲ့ အခြေအနေပါ”
“အိပ်မောကျတယ်ဟုတ်လား သူ့ဝိညာဉ်က အားနည်းလာပြန်ပြီလား” အဘိုးနတ်ဆိုးသည် သူ့ကိုယ်သူအပြစ်တင်မိလေသည်။ သူသာ နှစ်ပေါင်း များစွာ တံခါးပိတ်မကျင့်ကြံပဲ စောစီးစွာပြန်လာပါက သူ့ကိုကယ်ကောင်းကယ် နိုင်လိမ့်မည်။
ရှီမာယူယူသည် သူ နားလည်မှုလွဲနေသည်ကို သိသဖြင့် အလျင်အမြန်ပင် ရှင်းပြလေသည် “ဆရာ မစိုးရိမ်ပါနဲ့ စီနီယာအစ်ကိုက အခုအဆင်ပြေပါတဘ်”
“တကယ်လား” အဘိုးနတ်ဆိုးသည် သူမ နှစ်သိမ့်နေသည်ဟု ထင်သဖြင့် စိုးရိမ်နေသေးသည်။
“ဆရာ ဒီမှာစကားပြောဖို့အဆင်မပြေဘူး ကျွန်မခြံဝန်းကိုသွားကြတာ ပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပြီ”
ရှီမာယူယူသည် သူ့ကို ခြံဝန်းထဲက အခန်းကိုခေါ်သွားကာ လက်ဝှေ့လမ်း လိုက်သည်နှင့် ဝူလင်းယူသည် အိပ်ရာအလွတ်တွင်ပေါ်လာလေသည်။
အဘိုးနတ်ဆိုးကြည့်ရာ သူသည် အိပ်မောကျနေသော်လည်း သူ့ အသက်ရှုသံမှာတည်ငြိမ်ကာ ဝိညာဉ်အားနည်းသည့်ပုံမပေါက်ပေ။
“သူ့ ဝိညာဉ်… ပေါင်းစပ်သွားပြီလား” သူသည် တအံ့တဩမေးလေသည်။
“ဟုတ်တယ် ဒါပေမဲ့ သူတို့ပေါင်းစပ်တုန်းက တစ်ခုခုဖြစ်သွားတယ် အဲဒါ ကြောင့် နောက်ပိုင်းသက်ရောက်မှုဖြစ်လာပြီး အချိန်တစ်ခုတိုင်းမှာ အိပ်မောကျ သွားတယ်” ရှီမာယူယူ ရှင်းပြလေသည်။
“အခု သူ့ဝိညာဉ်ကို ဘယ်သူစိုးမိုးနေတာလဲ”
“ဘယ်သူမှ သူ့ဝိညာဉ်ကို မစိုးမိုးဘူး၊ နှစ်ယောက်လုံးအပြည့်အဝ ပေါင်းစပ်လိုက်တာပဲ၊ အဲဒါကြောင့် စီနီယာအစ်ကိုက မိုရှားဖြစ်သလို မိုရှားက လည်း စီနီယာအစ်ကိုပဲ၊ သူတို့နှစ်ယောက်လုံးမှာ တစ်ယောက်စီရဲ့မှတ်ဉာဏ်ရှိ တယ်၊ သူတို့ အကျင့်စရိုက်တွေလည်း တစ်ယောက်နဲ့တစ်ယောက်လွှမ်းမိုးမှုရှိ ကြတယ်၊ ဒါပေမဲ့ သူတို့ ပေါင်းစပ်လိုက်ပေမဲ့ မတူတဲ့လူတွေနဲ့ ရင်ဆိုင်တိုင်းကို မတူညီတဲ့ တစ်ဖက်ကိုပြလိမ့်မယ်လို့ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“သူနိုးလာဖို့ ဘယ်လောက်ကြာမှာလဲ”
“ဒီတစ်ခါတော့ ကြာလောက်တယ်၊ ဘာလို့လဲဆိုတော့ သူ ဝိညာဉ် စွမ်းအင်တွေသုံးပြီးမှ အိပ်မောကျသွားတာဆိုတော့လေ” ရှီမာယူယူသည် ရင်နာစွာဖြင့် ပြောလေသည် “ဆရာ စီနီယာအစ်ကိုကို ကုဖို့အတွက် နည်းလမ်း ရှာဖို့လိုတယ်”
အဘိုးနတ်ဆိုးသည် ရှီမာယူယူကို ခေတ္တမျှစိုက်ကြည့်ကာ ရုတ်တရက် ထအော်လေသည် “မင်းတို့ နှစ်ယောက်က အတူရှိနေပြီလား လက်ထပ်ပြီးပြီ လား မင်္ဂလာကိစ္စရော ပြီးမြောက်သွားပြီလား”