ဖန်ရူယန်ဆီမှလက်ဆောင်
Vol. 100 Ch. 1390
“အဟွတ် အဟွတ်”
ရှီမာယူယူသည် သူပြောလိုက်သောစကားကြောင့် ထိတ်လန့်သွားသည်။ သူမ သူ့ကိုမျက်လုံးလှိမ့်ပြပြီး ပြောလိုက်သည် “ဆရာ ဘာမဟုတ်တာတွေ ပြော နေတာလဲ”
“ငါ မှန်းတာမှားသွားလို့လား၊ မဟုတ်သေးပါဘူး ငါ့ပင်ကိုယ်အသိက ပုံမှန်အားဖြင့် တိကျပါတယ်” အဘိုးနတ်ဆိုးသည် ပြုံးပြီးပြောလေသည် “ကောင်မလေး မင်းရှက်တာတို့ ရွံ့တာတို့ဖြစ်နေတာလား အဲဒါကြောင့် ငါ့ကို မပြောရဲတာလား၊ ကိုယ့်ဆရာရှေ့မှာ ဘာရှက်စရာလိုလို့လဲ၊ ငါနဲ့ ကစားဖို့ ကလေးကရော ဘယ်တော့မွေးပေးမှာလဲ”
“လေးစားမှုမရှိလိုက်တာ” ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်လိုက်သည် “စီနီယာအစ်ကိုနဲ့ ကျွန်မနဲ့ကဘာမှမဖြစ်ဘူး၊ ဒီအတိုင်း ဆက်ဆံရေးတစ်ခု တည်ထောင်ထားတာပဲရှိတာ၊ အမေ့ကိုတောင်ရှာမတွေ့သေးတာ ဘယ်လိုလုပ် လက်ထပ်ရမှာလဲ”
“အဲတော့ မင်းတို့ကအတူရှိနေပြီပေါ့ မဆိုးပါဘူး ဆိုလိုတာက ကလေး ဝဝကစ်ကစ်ကလေးက အခုမရရင် နောက်ရလာမှာပဲ ဟားဟား”
“….” ရှီမာယူယူသည် သူ့ကို ဆွံ့အစွာကြည့်လိုက်သည် “ဆရာ ကျွန်မကို စီနီယာအစ်ကိုရဲ့ အခြေအနေကိုမမေးတော့ဘူးလား၊ သူ့ကိုစိတ်မပူဘူးလား”
“မင်းရှိနေမှတော့ ဘာကိုစိတ်ပူနေရဦးမှာလဲ” အဘိုးနတ်ဆိုးသည် စိတ်ခံစားချက် ကောင်းနေသည်။ “မင်းတို့က ဆက်ဆံရေးတစ်ခုရောက်နေပြီ ဆိုမှတော့ မင်းကသေချာပေါက် သူ့ကိုတစ်ခုခုအဖြစ်ခံမှာမဟုတ်ဘူးလေ”
“….”
ခုနလေးတင်ကပဲ သူ စိတ်ပူနေတာလေ။ လက်ရှောင်လိုက်တာလည်း မြန်တာ သူက အရမ်းကိုလွယ်လွန်းတာပဲ။
သို့သော် သူ ဂရုမစိုက်ခြင်းတော့မဟုတ်ပေ။ သူ ထိုင်ခုံတွင်ထိုင်ပြီးပြော လေသည် “သူတို့ ပေါင်းစပ်တုန်းနဲ့ အဲနောက်ပိုင်းဘာတွေဖြစ်လဲ အကြောင်းစုံ အကုန်ပြောပြဦး”
“ဆရာ ဂရုမစိုက်တော့ဘူးလို့ တကယ်ထင်သွားတာ” ရှီမာယူယူသည် သူ့ ဘေးတွင်ထိုင်ကာ ဖြစ်ပျက်ခဲ့သမျှကိုပြောပြလေသည်။
အဘိုးနတ်ဆိုးသည် ကြားပြီးသည်နှင့် သက်ပြင်းချကာ ပြောလိုက်သည် “အဲဒီ နတ်ဆိုးဧကရာဇ်က သစ္စာရှိလိမ့်မယ်လို့ထင်မထားဘူး”
ရှီမာယူယူ ထိခိုက်မည်ကို ကာကွယ်ရန်ကြောင့်သာမဟုတ်လျှင် သူသည် စာချုပ်ကို ဖျက်သိမ်းရန်မလိုဘဲ နောက်ပိုင်းဖြစ်လာမည့် အဖြစ်အပျက်များပါ ရှိလာမည်မဟုတ်ပေ။
သို့သော် ယောက်ျားတစ်ယောက်အနေနဲ့ မိုရှားဘာကြောင့် ထိုသို့လုပ် သည်ကို နားလည်နိုင်သည်။
မည်သို့ပင်ဖြစ်စေကာမူ သူ့ကြောင့်နှင့် သူ့ချစ်သူကို ထိခိုက်ခံမည်မဟုတ် ပေ။
“ဒါပေမဲ့ သူ့ရဲ့နတ်ဆိုးဧကရာဇ် ရာထူးပြန်ရပြီးတာနဲ့ နတ်ဆိုးတွေနဲ့ ဆက်နွယ်လာရတယ်၊ မင်းပြောသလိုဆိုရင် အရင်တုန်းက ရန်ငြိုးတွေသူ့မှာ များတာပဲ၊ အဲဒါက လုံးဝရှောင်လွှဲလို့မရဘူး၊ မင်း သူနဲ့အတူရှိရင် မင်းပါ ဝင်ပါ သွားနိုင်တယ်၊ အဲဒါကိုကောင်းကောင်းစဉ်းစားပြီးပြီလား”
“အကုန်လုံးကို စဉ်းစားပြီးပါပြီ” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မက ပြဿနာတွေကိုမကြိုက်ပေမဲ့ ကြောက်တော့မကြောက်ဘူး၊ သူ့ကို ရွေးချယ်ပြီးပြီဆိုမှတော့ ဘာပဲဖြစ်လာလာ အတူတူရင်ဆိုင်မှာပါ၊ နတ်ဆိုး ဧကရာဇ်ဆိုလည်းဘာဖြစ်လဲ၊ စီနီယာအစ်ကိုက အရင်တုန်းက နတ်ဆိုး ဧကရာဇ်ပဲလေ”
“ဟားဟား… မင်းအဲလိုပြောမယ်ဆိုတာ ငါသိတယ်၊ မင်းကတော့ တကယ့်ကိုပဲ အဘိုးနတ်ဆိုးရဲ့တပည့်ပဲ ပြဿနာတွေကို မကြောက်တတ်ဘူး၊ အဲလိုပြောရရင် မင်းက မင်းအရွယ်တုန်းက ငါ့ထက်တောင် ရဲရင့်နေသေးတယ်” အဘိုးနတ်ဆိုးသည် ပြောရင်းနှင့် ရင်ထဲထိနေမိသည်။
“ဆရာ အဒေါ်ဖန်ကိုရှာတွေ့ပြီလား၊ ဘာလို့ဒီလောက်ကြာမှပြန်လာတာ လဲ၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ ပြဿနာဖြစ်နေတယ်ဆိုတာ ဘယ်လိုသိ တာလဲ” ရှီမာယူယူ၏ စိတ်ထဲတွင် မေးခွန်းများစွာရှိသည်။
“ငါ မင်းပြောတဲ့ သတင်းအရ ကျွင်းချန်းကိုသွားရှာတယ်၊ ပြီးတော့ အဒေါ်ဖန်ရဲ့သတင်းပေးဖို့ သူ့ကို နှောင့်ယှက်ခဲ့တယ်၊ အစတုန်းက အဲလူက ငါ့ကိုသတင်းအမှားတွေပေးတာ ဒါပေမဲ့ ငါသူမကို မတော်တဆတွေ့ခဲ့တယ်၊ သူမက ငါ့ကိုမှတ်မိနေဦးမယ်လို့ထင်မထားဘူး၊ ငါဒဏ်ရာတွေရထားတယ်ဆို တာကို မြင်တာနဲ့ နလန်ထူဖို့ ကန်တစ်ခုထဲကိုပစ်ချလိုက်တယ်၊ ငါ အထဲမှာရှိ တုန်းက အဲလောက်အဖိုးတန်မယ်လို့မထင်ထားဘူး၊ အဆင့်တက်မယ့် လက္ခဏာဖြစ်လာတာနဲ့ ငါလည်း ကန်ထဲမှာပဲ တံခါးပိတ်ကျင့်ကြံလိုက်တယ်၊ အဆင့်တက်ပြီး တံခါးပိတ်ကျင့်ကြံတာကနေထွက်တာနဲ့ ဒဏ်ရာပြန်ကောင်း သွားပြီးတဲ့နောက် သူမက အဲဒီမှာမရှိတော့ဘူး၊ အပြင်ဘက်က အစောင့်က အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ တစ်ခုခုဖြစ်နေတယ်လို့ပြောတာနဲ့ ငါ အမြန်ပြန် လာတာ”
“သိနေတယ် ဆရာ့ရဲ့ရောင်ဝါက အရင်တစ်ခေါက်နဲ့ မတူတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ငါ အခုတော့ ပြန်လိုက်ဦးမယ် တစ်ခုခုဖြစ်ရင် ငါ့ကိုအသိပေးဦး”
“ဟုတ်ကဲ့ပါ”
နှစ်ပေါင်းများစွာပျောက်ဆုံးနေသည့်သူ့ကို လိုအပ်သည့်ကိစ္စရှိလာပါက သေချာပေါက် ပြောသွားမည်ဖြစ်သည်။
အဘိုးနတ်ဆိုးထွက်သွားသည်နှင့် သူမသည် ဝိညာဉ်အတားအဆီးကို ပြင် ပြီးနောက် ဝိညာဉ်စေတီအတွင်းသို့ ဝင်သွားလိုက်သည်။
လက်ရှိတွင် ဝိညာဉ်စေတီအတွင်းတွင် ဒိဝူအီနှင့် သားရဲများသာရှိလေ သည်။ သူမ ခြေချလိုက်သည်နှင့် သားရဲများ မျက်နှာပျက်နေကြသည်ကို တွေ့ လိုက်ရသည်။
သူမ ဝင်လာသည်ကို သူတို့မြင်သည်နှင့် အားလုံးသည် ခေါင်းများလူးလွန့် သွားကြသည်။
“ယူယူ ငါတို့ဆေးပညာစာအုပ်တွေ အကုန်လှန်လှောပြီးပြီ ဒါပေမဲ့ ဘာ နည်းလမ်းမှရှာမတွေ့ဘူး” ပန်းလေးပြောလေသည်။
ရှီမာယူယူ အနည်းငယ်စိတ်ပျက်သွားသော်လည်း ခန့်မှန်းပြီးသားဖြစ် သည်။
“ဟုတ်ပြီ ဒီမှာမရှိရင် တစ်နေရာရာမှာတော့ရှိမှာပါ၊ ဒီကမ္ဘာကြီးက ဒီလောက်ကြီးတာ နည်းလမ်းမရှိဘူးလို့တော့ မယုံဘူး” သူမသည် သားရဲများကို ပြုံးပြီးပြောလိုက်သည် “ပြီးခဲ့တဲ့ရက်တွေမှာ မင်းတို့အတွက် ပင်ပန်းသွားကြမှာ ပဲ၊ နောက်မှ မင်းတို့ကိုဆုပေးမယ်”
“ယူယူ ထပ်မစောင့်နဲ့တော့ ရှောင်ချီတို့ ကောင်းကောင်းလေး မတိုက်ခိုက် ရတာတော်တော်ကြာနေပြီ ရှောင်ချီတို့ကို တိုက်ခိုက်ခိုင်းရင် ကောင်းမှာပဲ” ရှောင်ချီ ပြောလိုက်သည်။
“ရှောင်ချီ မင်းဘယ်လိုလုပ် အဲလိုပြောနိုင်ရတာလဲ၊ မင်းက တိမ်တိုက်ဂူ အဖွဲ့ဝင်တွေနဲ့ တစ်ယောက်တည်းတိုက်တာ၊ အဲဒါကို ကောင်းကောင်းမတိုက်ရ ဘူးလို့ ဘယ်လိုလုပ် စောဒကတက်ရတာလဲ” ရာဟွောင်ပြောလေသည်။
“ရာဟွောင် ငါ့ကို လာပုံချနေတာလား” ရှောင်ချီသည် လက်သီးဆုပ်ဖြင့် ရာဟွောင်ကို ယမ်းပြလေသည်။
ရာဟွောင်သည် လည်ပင်းပုဝင်သွားသည်။ သူသည် ရှောင်ချီနှင့်တိုက်ခိုက် ရန် သတ္တိမရှိပေ။
“ယူယူ အံ့ဖွယ်နတ်ဆိုးတောင်ကြားက တောင်ကြားကိုရောက်နေပြီ မလား၊ ဒီမှာဘာလုပ်နေတာလဲ တောင်ကြားကိစ္စတွေနဲ့အလုပ်များနေတာ မဟုတ်ဘူးလား” ဟိန်းသံထောင်ချီ မေးလေသည်။
“ငါ ဆရာနဲ့စကားပြောပြီးတော့ အဒေါ်ဖန် ငါ့ကိုပေးတဲ့လက်ဆောင်ကို မသုံးရသေးတာ သတိရသွားလို့” ရှီမာယူယူ ဆက်ပြောလေသည် “အရင်က အဒေါ်ဖန်က ငါမေ့လို့မရဘူးလို့ပြောသွားတယ်၊ အခုငါ့မှာအချိန်ရှိနေတယ်ဆို တော့ အဲဒါဘာလဲဆိုတာ ကြည့်မလို့ ဝိညာဉ်လေး အဲပစ္စည်းနင်သိမ်းထားတယ် မလား”
ဝိညာဉ်လေးသည် ခေါင်းညိတ်ကာ တွေးလိုက်သည်နှင့် လက်ထဲတွင် သေတ္တာတစ်လုံးပေါ်လာသည်။
“ဒီမှာ” သူသည် သေတ္တာကိုရှီမာယူယူဆီသို့ မြှောက်ပေးလိုက်သည်။
“ယူယူ မြန်မြန် ဖွင့်ပြီးအထဲမှာ ဘာရှိလဲကြည့်လိုက်”
ဖန်ရူယန်၏ သရုပ်မှန်မှာ ပုံမှန်မဟုတ်သဖြင့် သူမ ပေးလေသာ လက်ဆောင်မှာလည်း ရှားပါးနိုင်သည်။
သေတ္တာထိပ်ပိုင်းတွင် မည်သူမှမဖွင့်နိုင်ရန် ကန့်သတ်ထားသည့် အလွှာ တစ်ခုရှိသည်ကို ရှီမာယူယူ သတိထားမိလိုက်သည်။ သို့သော် ဖွင့်ရန် မခက်ခဲ လှပေ။ သူမသည် ဝိညာဉ်စွမ်းအင်အနည်းငယ်သုံးပြီး သေတ္တာကိုဖွင့်လိုက်ရုံပင်။
“ဒါက ဒါက…”
“ခရမ်းရောင်…”
“သန်မာလိုက်တဲ့ ရောင်ဝါပဲ…”
သားရဲများအားလုံးသည် ထိုပစ္စည်းကိုကြည့်ပြီး အံ့ဩကြလေသည်။ ရှီမာယူယူပင်လျှင် ပင့်သက်ရှိုက်မိသည်။
ခရမ်းရောင်သလင်းကျောက်တစ်လုံးသည် သေတ္တာအတွင်းတွင်ရှိနေ သည်။ ကျောက်၏ ထောင့်တိုင်းမှာ တလက်လက်တောက်ပနေသည်။ သလင်း ကျောက်၏ အလယ်တွင် ခရမ်းရောင်ဝိညာဉ်အရည်ပင်ရှိနေသည်။
လူတိုင်းမြင်နေကျ သလင်းကျောက်မှာ အဖြူရောင်ဖြစ်ပြီး တခြား အရောင်များမှာ ရှားပါးလှသည်။ သို့သော် ခရမ်းရောင်မှာပိုရှားပါးသည်။ သူမ နေခဲ့သည့် နှစ်ဘဝတွင် ထိုအရာကိုတစ်ခါမှမမြင်ဖူးပေ။
သေတ္တာထဲတွင် စာတစ်စောင်ပါရှိနေသည်။ သလင်းကျောက်ကို အရည် အဖြစ် သန့်စင်ပြီး သောက်ရန်မှာကြားထားသည်။ သူမခန္ဓာကိုယ်ကို နာကျင်မှု ခံစားစေနိုင်သည်ဟူ၍လည်း သတိပေးချက်ပါရှိလေသည်။
“ယူယူ သူပြောထားတဲ့အတိုင်းလုပ်မှာလား” ရှောင်ချီ မေးလေသည်။
“ဒီအချိန်မှာ အဒေါ်ဖန်က ငါ့ကိုနာကျင်အောင်လုပ်မယ်လို့မထင်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “သူမအဆင့်နဲ့ဆိုရင် လူတစ်ယောက်ကို သတ်ဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ဆိုရင် ဘာဗျူဟာမှသုံးစရာမလိုဘူး”
“အမှန်ပဲ”
သူမသည် ဖန်ရူယန်အားယုံကြည်သည်။ ထို့နောက် သင်းကျောက်ကို အရည်အဖြစ်သန့်စင်ကာ သောက်လိုက်သည်။
“အား…”
သူမခန္ဓာကိုယ်တွင်းသို့ အရည်ဝင်သွားချိန်တွင် စုတ်ပြဲသွားသလိုခံစားရ ပြီး အရိုးထဲမှနာကျင်မှုကိုခံစားရလေသည်။
***