← Chapters

အခန်း ၁၇၉

Vol. 15 Ch. 179

အခန်း ၁၇၉

Vol. 15 Ch. 179

အရုဏ်တက်နတ် ဧကရီ၏ နန်းတော်ရှေ့တွင် ခမ်းနားသော တံခါးကြီးတစ်ခု ထည်ဝါစွာ တည်ရှိနေပြီး နိုင်ငံ၏ ကံကြမ္မာကို စောင့်ကြပ်နေသဖြင့် ခန့်ညားပြီး လွှမ်းမိုးနိုင်စွမ်းရှိကာ ရှေ့တွင် ကျယ်ပြန့်သော မြေကွက်လပ်တစ်ခု တည်ရှိသည်။ အင်မော်တယ်စစ်ပွဲ၏ တည်နေရာဖြစ်ကာ အင်မော်တယ်နတ်ပြည်ထောင်တွင် အလေးစားခံရဆုံးဖြစ်ပြီး ယနေ့ကဲ့သို့ လေးနက်သော အခါသမယများအတွက်သာ ၎င်း၏ တံခါးချပ်များကို ဖွင့်လှစ်သည်။

ပတ်ဝန်းကျင်တွင် စီးပွားရေးလုပ်ငန်းများဖြင့် စည်ကားနေပြီး တည်းခိုခန်းများ၊ အရက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ နှင့် ပန်းဆိုင်များ တန်းစီလျက် သမိုင်းတွင် သူတို့၏ အမြတ်အစွန်းအများဆုံးနေ့ကို စံစားနေရပြီး ရက်ပေါင်းများစွာ ကြိုတင် အမှာစာများ ပြည့်နှက်နေခဲ့သည်။ ပရိသတ်ထိုင်ခုံများကို မတန်တဆ ဈေးနှုန်းများဖြင့် ရောင်းချနေသောကြောင့် ဂုဏ်သိက္ခာ သို့မဟုတ် ချမ်းသာမှု မရှိလျှင် ကြည့်ရှုခွင့်ပင် မရှိပေ။ နေ့လည်အချိန် မိုး ရွာသွန်းနေသော်လည်း ကြည့်ရှုသူ သိန်းပေါင်းများစွာက သူတို့၏ ထိုင်ခုံများတွင် နေရာယူထားပြီးဖြစ်သည်။ ထောင်စုနှစ်များအတွင်း ကောင်းကင်နယ်မြေ၏ အသက်ဝင်ဆုံးနေ့ ဖြစ်သည်မှာ အရုဏ်တက်နတ် ဧကရီ၏ ကြင်ယာတော် ရွေးချယ်ပွဲကြောင့်ပင်။ ထိုအချိန်တွင် အကြည့်အားလုံး ထည်ဝါမြင့်မားသော တံခါးသို့ ကျရောက်နေပြီး ပတ်ပတ်လည်တွင် အမျိုးမျိုးသော မျှော်စင်များနှင့် ဂုဏ်ပြုထိုင်ခုံများ တည်ဆောက်ထားသည့်အပြင် တောက်ပသော အစီအရင်တစ်ခုဖြင့် မိုးဒဏ်မှ ကာကွယ်ပေးထား၏။ နတ်ဆိုးကျင့်ကြံသူများနှင့် အင်မော်တယ်နတ်ပြည်ထောင်များမှ အရာရှိများ၊ အားလုံး ရောက်ရှိနေသောကြောင့် နတ်ဘုရားတိုက်ကြီး နှင့် နတ်ဆိုးတိုက်ကြီး နှစ်ခုလုံး၏ အထွတ်အထိပ် အင်အားစုများနှင့် အုပ်ချုပ်သူများ နှစ်ပေါင်းသောင်းချီအတွင်း ပထမဆုံးအကြိမ် အတူတကွ စုရုံးနေကြသဖြင့် အင်မော်တယ်စစ်ပွဲသည် အလွန်ထင်ရှားနေခဲ့သည်။

ရွှေနီရောင် နဂါးဝတ်ရုံနှင့် ပုံရိပ်တစ်ခုက အမြင့်ဆုံး ထိုင်ခုံတွင် ပေါ်လာသောအခါ တက်ရောက်လာကြသော လူသိန်းပေါင်းများစွာ တစ်ပြိုင်နက်တည်း အရိုအသေပြုကြသည်။

"ကျွန်ုပ်တို့ နတ်ဧကရီ အသက်ရှည်ပါစေ။"

ထိုကြွေးကျော်သံကြောင့် နတ်ဆိုးတိုက်ကြီးမှ နတ်ဆိုးများနှင့် အခြား အင်မော်တယ်နတ်ပြည်ထောင်များမှ ဧည့်သည်များ သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားကြပြီး အရုဏ်တက်နတ် ဧကရီ၏ ဂုဏ်သတင်းက နိုင်ငံတစ်ခုလုံးအပေါ် တန်ခိုးအာဏာတည်နေသည်ဖြစ်ရာ သူမကို လွယ်ကူစွာ ဖြုတ်ချနိုင်မည်ဟု ထင်မြင်နေခြင်းမှာ ရယ်စရာပင်။

"လူသားတွေက မင်း အသာရနေချိန်မှာ မင်းကို ကောင်းကင်ဘုံအထိ ချီးမြှောက်ကြလိမ့်မယ်၊ ဒါပေမယ့် မင်း အားနည်းသွားရင် ခြေဖဝါးအောက်မှာ နင်းခြေဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။ နတ်ဧကရီ အဆုံးမှာ ဘယ်လို အခြေအနေ ရှိမယ်ဆိုတာကို ကြည့်ကြသေးတာပေါ့"

နတ်ဆိုးတစ်ကောင်က မှတ်ချက်ချ၍ ထီမဲ့မြင်ဖြင့် ရယ်မောနေသည်။

"ကောင်းကင် အမိန့်တော်အရ ငါက ထိပ်တန်း အင်မော်တယ်ကို ဆုံးဖြတ်သတ်မှတ်ရန်၊ ဤတိုက်ပွဲကို ဆင့်ခေါ်ခဲ့တယ်"

သူမက တည်ငြိမ်စွာ ရပ်နေပြီး မိုးချုန်းသံပမာ ကြေညာလိုက်သောအခါ လက်ခုပ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာရာ ကောင်းကင်နယ်မြေကို တုန်လှုပ်စေသည်။

"အင်မော်တယ်စစ်ပွဲ စစ်မြေပြင်ကို အသက်သွင်းလိုက်စမ်း"

သူမ၏ အမိန့်သံအဆုံးတွင် ကြီးမား ပြီးပြည့်စုံသော လေးထောင့်သဏ္ဍာန် စစ်မြေပြင် ဖွဲ့စည်းပုံတစ်ခု မြေကွက်လပ်တွင် ပေါ်ထွက်လာသည်။ ၎င်းကို အပိုင်းနှစ်ပိုင်းအဖြစ် ခွဲခြားထားကာ ဘယ်ဘက်တွင် ရွှေရောင် တိုက်ခိုက်ရေးကွင်း ဆယ့်ခြောက်ခု ရှိ၍ ညာဘက်တွင် အနက်ရောင်နှင့် အဖြူရောင် စစ်တုရင်ခုံတစ်ခုအလား လေးထောင့်ကွက်များ ရှိနေပြီး တစ်ခုချင်းစီ အလျားရော အနံပါ ပေ သုံးထောင်ကျော် ရှိသဖြင့် ကျင့်ကြံသူပေါင်းများစွာ ယှဉ်ပြိုင်ရန် လုံလောက်အောင် ကျယ်ဝန်းပေသည်။

ဘယ်ဘက်တွင် ကွင်းတွင်း ချန်ပီယံ တိုက်ပွဲ။

ညာဘက်တွင် ပတ်လည် တိုက်ပွဲ။

မရေမတွက်နိုင်သော စိန်ခေါ်သူများက တောက်ပနေသော ရွှေရောင် တိုက်ခိုက်ရေးကွင်း စင်မြင့် ဆယ့်ခြောက်ခုကို စိုက်ကြည့်နေကာ ပါရမီရှင်များကို ဖြုတ်ချပြီး ကျော်ကြားသူအဖြစ်သို့ တစ်ချက်တည်း ခုန်တက်ရန် ရည်ရွယ်နေကြ၏။

ပတ်လည်တိုက်ပွဲတွင် တစ်ဖွဲ့ချင်းစီက တိုက်ခိုက်၍ လေးထောင့်ကွက် တစ်ခုပြီးတစ်ခု အနိုင်ယူကာ စစ်မြေပြင်ကို ချဲ့ထွင်ရမည်ဖြစ်ပြီး အောင်ပွဲများ ပိုများလေလေ၊ အင်မော်တယ်စစ်ပွဲ ကျောက်စိမ်းများ ပို၍ ကြွယ်ဝလာလေလေ ဖြစ်သည်။

ဘုန်း

သမိုင်းတွင် အခမ်းနားဆုံး စစ်မြေပြင်က ၎င်း၏ ဂုဏ်ကျက်သရေ အားလုံးဖြင့် ဖြန့်ကျက်လာသောအခါ ကျင့်ကြံသူသိန်းပေါင်းများစွာထံမှ အားပေးသံများကို ထွက်ပေါ်စေခဲ့ပြီး တိုက်ပွဲ မစတင်သေးသော်လည်း ခမ်းနားသော စစ်မြေပြင်ကို မြင်တွေ့ရုံမျှဖြင့် တိုက်ခိုက်လိုစိတ်များ တောက်လောင်စေသည်။ စစ်မြေပြင်ကို ပြင်ဆင်ပြီးနောက်၊ အရုဏ်တက်နတ် ဧကရီသည် ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေသော ဧည့်သည်များဘက်သို့ လှည့်ကာ ဖိတ်ခေါ်လိုက်သည်။

" နန်းတော်မှာ အင်မော်တယ် စားသောက်ပွဲကို စီစဉ်ထားပြီ။ နတ်ဆိုးဧကရာဇ်တွေနဲ့ ဧကရာဇ် ငါးပါး၊ ကျေးဇူးပြု၍ ကြွပါ"

သူမ၏ ဘယ်ဘက်တွင် နတ်ဆိုးဧကရာဇ်များ ဖြစ်သော ကြာနီ နှင့် ရှောင်ထျန်း ရှိပြီး သူမ၏ ညာဘက်တွင် ဧကရာဇ် ခရမ်းရောင်နှင့် အခြား အင်မော်တယ်နတ်ပြည်ထောင် လေးခု၏ ဧကရာဇ်များ ရှိကာ အရုဏ်တက်နတ် ဧကရီ အပါအဝင် သူတို့မှာ နတ်ဘုရားတိုက်ကြီး နှင့် နတ်ဆိုးတိုက်ကြီး နှစ်ခုလုံး၏ ဘုရင် ရှစ်ပါး ဖြစ်ပေသည်။ အင်မော်တယ်နတ်ပြည်ထောင်၏ စားသောက်ပွဲသည် အရုဏ်တက်နတ် ဧကရီမှ ဤခုနစ်ဦးအတွက် ပြင်ဆင်ထားသော သီးသန့် စားသောက်ပွဲတစ်ခု ဖြစ်ကာ ရဲ ချင်းထျန်ပင် ဖိတ်ကြားခံရလောက်အောင် မထိုက်တန်ပေ။ ထို့ကြောင့် သူတို့သည် ပထမနေ့တိုက်ပွဲကို အာရုံစိုက်နေမည်မဟုတ်ဘဲ စစ်မှန်သော စစ်မြေပြင်မှာ အလောင်းအစားကြီးသော ထိုစားသောက်ပွဲ ဖြစ်ပေလိမ့်မည်။ ခန့်ညားသော ပုံရိပ် ရှစ်ခုက ကောင်းကင်သို့ ပျံတက်၍ ကြည်ညိုသော အကြည့် ထောင်ပေါင်းများစွာအောက်တွင် အရုဏ်တက်နတ်နန်းတော်သို့ ဝင်ရောက်သွားကြသဖြင့် အခြားသူများ၏ စိတ်ကို သက်သာရာရသွားစေသည်။

မကြာမီ ကောင်းကင်နယ်မြေမှ ပုံရိပ်တစ်ခု အရုဏ်တက်နတ် အင်မော်တယ်နတ်ပြည်ထောင်ကို ကိုယ်စားပြုရန် ပေါ်ထွက်လာပြီး တော်ဝင် အပြာရောင် ဝတ်ရုံဝတ် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး မားမားမတ်မတ် ရပ်တည်နေသည်။ ရှည်လျားသော ဆံပင်ကို သပ်ရပ်စွာ စည်းနှောင်ထားပြီး သြဇာအာဏာကြီးမားသော ဝန်ကြီးချုပ် ယိုဖုန်း ဖြစ်သည်။ ကောင်းကင်နယ်မြေတွင်၊ အရုဏ်တက်နတ် ဧကရီပြီးလျှင် အဓိက ခေါင်းဆောင် လေးဦး ရှိကာ ဘိုးဘေးကျောင်းတော်၏ အကြီးအကဲဖြစ်သူ ရဲ ချင်းထျန်း၊ ကိုးကောင်းကင် အင်မော်တယ်စစ်တပ်၏ စစ်သေနာပတိချုပ် ချန်ရှောင်၊ မဟာကျောင်းတော်၏ သူတော်စင် နှင့် ယိုဖုန်း ဖြစ်ကာ ကဏ္ဍအသီးသီးကို အုပ်ချုပ်ကာ မဟာကျောင်းတော် သူတော်စင် ကွပ်မျက်ခံခဲ့ရသဖြင့် သားဖြစ်သူ မူထျန်းရှီနှင့် ယာယီ အစားထိုးထားသည်။ အရုဏ်တက်နတ် ဧကရီက အင်မော်တယ် စားသောက်ပွဲကို လက်ခံကျင်းပနေစဉ် ယိုဖုန်း၊ ရဲ ချင်းထျန်၊ ချန်ရှောင်၊ နှင့် မူထျန်းရှီသည် အင်မော်တယ်စစ်ပွဲကို ကြီးကြပ်ရန် ကျန်ရစ်ခဲ့ကြပြီး သူတို့၏ ဘယ်ဘက်တွင် နတ်ဆိုးသူတော်စင် ၁၀၈ယောက် ထိုင်နေကာ အမှောင်နှင့် သွေးနီရောင် မြူခိုးများ ဖုံးကွယ်ထားသောကြောင့် ဤ မကောင်းဆိုးဝါး သတ္တဝါများသည် ကောင်းကင်နယ်မြေမှ လူသားအားလုံး၏ နှလုံးသားထဲသို့ ကြောက်ရွံ့မှုကို သွတ်သွင်းပေးနေခဲ့သည်။ သူတို့၏ ညာဘက်တွင်၊ နတ်ဘုရားတိုက်ကြီး၏ အမျိုးမျိုးသော ပြည်နယ်များမှ အင်မော်တယ် အရာရှိများ စုရုံးနေကြပြီး စုစုပေါင်း အရေအတွက် ၁၅၀ ဦး ရှိသော်လည်း အခြားတစ်ဖက်မှ နတ်ဆိုးသူတော်စင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

ထို့နောက် ယိုဖုန်းသည် စင်မြင့် အလယ်ဗဟိုသို့ တက်လာပြီး အင်မော်တယ်နတ်ပြည်ထောင်၏ နက်ရှိုင်းသော သမိုင်းကို အာပေါင်အာရင်းသန်သန်ပြောဆို၍ ဧည့်သည်များကို နာရီဝက်ကြာ ကြိုဆိုနေသဖြင့် အင်မော်တယ်နတ်ပြည်ထောင် ဝန်ကြီးချုပ်၏ စကားပြောပိုင်နိုင်မှု အပြည့်အဝ ထင်ပေါ်နေပြီး သူ၏ မိန့်ခွန်း အဆုံးရောက်မှသာ လူတိုင်း စောင့်မျှော်နေခဲ့သည့် စကားလုံးများကို ပြောဆိုလိုက်သည်။

"တိုက်ပွဲဝင်ကြမယ့် ကျင့်ကြံသူ အားလုံး အင်မော်တယ်စစ်ပွဲ ကျောက်စိမ်းကို ယူပြီး ပတ်လည် တိုက်ပွဲ သို့မဟုတ် ကွင်းတွင်း ချန်ပီယံ တိုက်ပွဲသို့ အလှည့်ကျ ဝင်ရောက်ကြပါ။ သန်းခေါင်ယံမှာ တိုက်ပွဲ စတင်မယ်"

"ကွင်းတွင်း ချန်ပီယံ တိုက်ပွဲ နဲ့ ပတ်လည် တိုက်ပွဲအကြားက ခွဲဝေမှုက ငါးဆယ် ငါးဆယ်လို့ ကြားသည်"

အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒါဆို ကျင့်ကြံသူငါးထောင်လောက် ကွင်းတွင်း ချန်ပီယံ တိုက်ပွဲမှာ အမြောက်စာ ဖြစ်လိမ့်မယ်။ အဲ့ဒီ ပါရမီရှင် ဆယ့်ခြောက်ယောက်ကို တိုက်ခိုက်ရင်း ဘယ်လို အသက်ရှင်နိုင်မှာလဲ"

"မျှော်လင့်ထားသည့်အတိုင်း၊ အဲ့ဒီ ဆယ့်ခြောက်ယောက်ထဲက တစ်ယောက် သေချာပေါက် အောင်ပွဲခံ လိမ့်မယ်"

"ကွင်းတွင်း ချန်ပီယံ တိုက်ပွဲက တော်တော်လေး ကြည့်ကောင်းလိမ့်မယ်"

လောင်းကစားရုံတိုင်း စီးပွားရေး လုပ်နေကြပြီး ဤ အင်မော်တယ်စစ်ပွဲတွင် လောင်းရန် နည်းလမ်းများစွာ ရှိသည်။ ဥပမာအားဖြင့်၊ ချန်ရီ ဆက်တိုက် အောင်ပွဲ မည်မျှ ရရှိမည်၊ မည်သည့်အဖွဲ့ အမြင့်ဆုံး ဆက်တိုက်အနိုင်ရရှိမည်၊ သို့မဟုတ် ထိပ်ဆုံး ဆယ်ယောက်တွင် လူသား မည်မျှ အဆင့်သတ်မှတ်ခံရမည်ကို လောင်းနိုင်သည်။ သို့သော် စိတ်လှုပ်ရှားဆုံးနှင့် အထင်ရှားဆုံး လောင်းကြေးမှာ ပြိုင်ပွဲ၏ ချန်ပီယံ ဖြစ်ကာ မည်သူက နံပါတ်တစ် အင်မော်တယ် ဘွဲ့ထူးရမည့် အဖြေမှာ နှစ်ရက်အတွင်း ထွက်ပေါ်လာပေလိမ့်မည်။ ကောင်းကင်နယ်မြေရှိ လောင်းကစားရုံ အားလုံး၏ အလေးပေးမှုများကို စစ်တမ်းကောက်ယူလိုက်လျှင် ပုံစံတစ်ခု ပေါ်ထွက်လာပြီး အမြင့်ဆုံး ဖြစ်နိုင်ချေရှိသူမှာ နတ်ဆိုးတိုက်ကြီးမှ နတ်ဆိုးမင်းသားများနှင့် မင်းသမီးများ ဖြစ်ကြပြီး လူသားများတွင် ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်၏ သတ္တမ မင်းသမီး ဖြစ်သည်။ သူမက သူတော်စင် နယ်ပယ်သို့ ရောက်ရှိခဲ့သည်ဟူသော ကောလာဟလများကြောင့် ချန်ပီယံဖြစ်နိုင်ချေရှိသူ ငါးယောက်မြောက်ဖြစ်လာကာ အလေးပေးမှု ပိုကောင်းလေလေ၊ အနိုင်ရရှိရန် အခွင့်အလမ်း ပိုကောင်းလေလေ ဖြစ်သည်။ လက်ရှိတွင် ချန်ရီသည် လောင်းကစားဒိုင်များ၏ အလေးပေးမှု အဆင့်ဆယ့်သုံးဖြစ်၍ သူတော်စင် နယ်ပယ်များထဲတွင် အနိမ့်ဆုံး အဆင့်သတ်မှတ်ခံရသူပင်။ ခရမ်းရောင်ကောင်းကင် မင်းသား၏ အဆင့်က သူမထက် မြင့်မားပြီး ကျန်နတ်ပြည်ထောင် လေးခု၏ ချန်ပီယံများမှာမူ အခြေတည်အဆင့် လေမီး ကပ်ဘေး နယ်ပယ်ဖြစ်သောကြောင့် အလေးပေးမှု အဆင့်ငါးဆယ်ကျော် ရှိနေကြ၏။

ဤအချက်က လောင်းကစားဖြစ်ပြီး ကောင်းကင်နယ်မြေရှိ လူသားတိုင်း ချန်ရီ သရဖူ ဆွတ်ခူးရန် အိပ်မက်မက်နေသော်လည်း လောင်းကြေးထပ်သည့်အခါ အများအပြားက သူတို့၏ ငွေကို နတ်ဆိုးတိုက်ကြီးအပေါ်တွင်သာ ကောက်ကျစ်စွာ ပုံအောလိုက်ကြသည်။ သုံးလေးတစ်လေးသာ ကြေးပေါက်သဖြင့် အနိုင်ရငွေ နည်းပါးသော်လည်း လောင်းကစားနိုင်ရန် အခွင့်အလမ်း သိသိသာသာ ပိုမြင့်သည်။

"အနည်းဆုံးတော့ ငါတို့ မျိုးနွယ် ရှုံးနိမ့်ရင်တောင် ငါ ငွေအချို့ အနိုင်ရစေရမယ်"

ကောင်းကင်နယ်မြေရှိ လူတိုင်းအပြင် အောက်နယ်မြေများပင် လောင်းကြေးထပ်နေကြပြီး လူသားများကို တုပချင်သော နတ်ဆိုးများသည်လည်း သူတို့၏ မွေးရာပါအကျင့်စရိုက်အရ ပျော်ပျော်ကြီးလောင်းကြေးတင်နေကြ၏။ တိုက်ပွဲအချိန်ကို သန်းခေါင်ယံဟု သတ်မှတ်ခြင်းသည် လောင်းကစားအတွက် အချိန်ပေးခြင်းဖြစ်ကာ ယခင် အင်မော်တယ်စစ်ပွဲများက ကောင်းကင်နယ်မြေ၏ ပြည်တွင်းရေး ဖြစ်ခဲ့သော်လည်း လောင်းကြေး အများအပြား အမြတ်ထွတ်ခဲ့သောကြောင့် ကောင်းကင်နယ်မြေရှိ လောင်းကစားရုံ အများစုကို ထိန်းချုပ်ထားသည့် အဇူရာသစ်ရွက်အဖွဲ့၏ အထက်တန်းလွှာ မျိုးနွယ်များအတွက် ရွှေရောင် အခွင့်အလမ်းတစ်ခု ဖြစ်သည်။ အတိတ်တွင် တော်ဝင် ရဲ မျိုးနွယ်သည် ပွဲစဉ်များကို ကြိုးကိုင်၍ ပြည်သူများ၏ ငွေကို လိမ်လည်လှည့်ဖြားခဲ့သည်ဟူသော ကောလာဟလများပင် ထွက်ပေါ်ထားသောကြောင့် ထိုအစွန်းအထင်းကို ဖျောက်ဖျက်မရနိုင်ခဲ့ပေ။ သို့သော် ဤတစ်ကြိမ်တွင် ပြည်သူအများစုသည် အင်မော်တယ်နတ်ပြည်ထောင် ကောင်းကင်နယ်မြေတွင် အရုဏ်တက်နတ်ဧကရီ၏ ယုံကြည်မှုကို ရရှိထားသော ဝိညာဉ်ရတနာနန်းတော်ကို ယုံကြည်ကြသည်။ ဤသို့ဖြင့် ကောင်းကင်နယ်မြေ၏ လောင်းကစားရုံများ စည်ကားသက်ဝင်နေစဉ် ပြိုင်ပွဲဝင်များစွာသည် အသင့်ပြင်လိုက်ကြပြီး လူသားများနှင့် နတ်ဆိုးများ ရင်ဆိုင်တွေ့နေသောကြောင့် မျက်လုံးများတောက်လောင်နေကြ၏။

ချန်ကျင်း နှင့် နန်ကုန်းရှု လူအုပ်ထဲတွင် အတူတကွ ရပ်နေကြသည်။

"ဘာကြောင့် ယွမ်ရှောင်က အခုထိ မရောက်လာသေးတာလဲ"

ချန်ကျင်းသည် တစ် ဟု ရေးထွင်းထားသော ကတ်ပြားတစ်ခုကို ဆုပ်ကိုင်ထားသဖြင့် သူတို့အဖွဲ့က စစ်မြေပြင် နံပါတ်တစ်တွင် ရှိနေရမည်ဖြစ်ပြီး ပတ်လည်တိုက်ပွဲတွင် ပထမဆုံး တိုက်ခိုက်ကြမည်ဟု ဆိုလိုသည်။

"သူက လန့်ကော်၊ ထန်အာနဲ့အတူ ဝိညာဉ်ရတနာနန်းတော်ကို ပြန်သွားခဲ့ပေမယ့် အခုထိ ပြန်မလာသေးဘူး။ ဘာမှ အမှားအယွင်းမှ မရှိဖို့ ကျုပ် မျှော်လင့်တယ်" နန်ကုန်းရှုက မျက်မှောင်ကြုတ်၍ ပြန်ဖြေသည်။

"သူတို့ အဆင်ပြေလောက်မှာပါ၊ ဧကရီက ယွမ်ရှောင်အတွက် သက်တော်စောင့်တစ်ဦး စီစဉ်ပေးခဲ့တယ်လို့ ငါ ကြားထားတယ်"

စကားပြောနေစဉ် ချန်ကျင်းသည် ကျောရိုးတစ်လျှောက် အေးစက်မှုတစ်ခု ခံစားလိုက်ရပြီး လှည့်ကြည့်လိုက်သောအခါ ယို ချင်းကျစ် နှင့် သူ၏ အပေါင်းအပါများ အကွာအဝေးတစ်ခုတွင် ရပ်နေသည်ကို တွေ့လိုက်သည်။ သူတို့သည်လည်း တစ် ဟု အမှတ်အသားပြုထားသော ကတ်ပြားတစ်ခုကို ဝှေ့ယမ်းပြ၍ လှောင်ပြောင်နေကြသည်။ ညအချိန် ရောက်လာပြီး ပြိုင်ဘက် အားလုံးနီးပါး ရောက်ရှိလာသောအခါ ယွမ်ရှောင်၊ ကျောက်ရှောင်ထန်၊ နှင့် လန့်ကော်သည် နောက်ဆုံးတွင် လှမ်းဝင်လာကြသည်။

"ဘာတွေ ကြာနေတာလဲ"

ချန်ကျင်းက မေးသည်။

ကျောက်ရှောင်ထန်က ယွမ်ရှောင်ကို ညွှန်ပြ၍ ပြောလိုက်သည်။

"ချန်ကျင်း၊ မင်းရဲ့ ယောက်ဖ လုံးဝ ရူးနေပြီ။ ပြိုင်ပွဲတစ်ခုလုံးကို အနိုင်ရမယ်လို့ သူ့ကိုယ်သူ သူတော်စင် ကျောက်တုံး ၁၀၀,၀၀၀ လောင်းခဲ့တယ်"

" သူတော်စင် ကျောက်တုံးလား။ ဝိညာဉ် ကျောက်တုံး မဟုတ်ဘူးလား"

ချန်ကျင်း၏ မျက်လုံးများက ပြူးထွက်လုနီးပါး ဖြစ်သွားသည်။

"ဟုတ်တယ်။ သူတော်စင် ကျောက်တုံး ၁၀၀,၀၀၀"

လန့်ကော်က ခါးသက်သက်ရယ်မော၍ အတည်ပြုပေးခဲ့သည်။

"လောင်းကြေးကရော"

နန်ကုန်းရှုက စူးစမ်းလိုစိတ်ဖြင့် မေးသည်။

"ဆတစ်ထောင်"

"သူက စာရင်းထဲမှာ အောက်ဆုံးလားဟ"

ချန်ကျင်း အနည်းငယ် ကြောင်သွားလျက် မေးသည်။

"ဒါပေါ့။ စာရင်းမှာ လူတစ်ရာပဲ ရှိပြီး အထူးအဆင့်အတန်းကြောင့် မဟုတ်ရင် သူ ပါဝင်နေမှာ မဟုတ်ဘူး"

ကျောက်ရှောင်ထန်နှင့် လန့်ကော်သည် ယွမ်ရှောင် လှည့်ကွက်တစ်ခု ကစားနေသည်ဟု ထင်မှတ်သောကြောင့် သူ၏ လောင်းကြေးအတိုင်း သူတော်စင်ကျောက်သောင်းချီ ထပ်လောင်းခဲ့ကြောင်း‌ ပြောလိုက်သောအခါ ချန်ကျင်း နှင့် နန်ကုန်းရှုကို မယုံနိုင်ဖြစ်သွားစေသည်။

"ပြောရရင် မင်းတို့ရော လောင်းကြေး ထပ်ချင်လား။ ငါ မင်းတို့အတွက် စီစဉ်ပေးနိုင်တယ်"

ကျောက်ရှောင်ထန်၏ စကားကြောင့် သူတို့သည် ယွမ်ရှောင်ထံ လှည့်ကြည့်လိုက်ရာ ခေါင်းညိတ်ပြနေသဖြင့် သူတောင်စင်ကျောက်သောင်းချီထပ်မံ ပါဝင်လိုက်ကြ၏။

"ကိုယ့်ကိုယ်ကို အနိုင်ရမယ်လို့ လောင်းနေတာလား"

အသံလာရာသို့ ယွမ်ရှောင် လှည့်ကြည့်လိုက်သောအခါ လက်ပိုက်၍ ရပ်နေသည့် ချန်ရီကို တွေ့လိုက်ရသည်။

"ဟုတ်တယ်လေ"

သူက ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။

"နင် ငါ့ကို စိန်ခေါ်တာလား၊ အရှက်မရှိတဲ့ ကောင်စုတ်"

ကိုယ့်ကိုကိုယ် သူတော်စင်ကျောက်၅၀၀၀၀ လောင်းကြေးထပ်ထားပြန်သော ချန်ရီက စိတ်ရှုပ်သွားသဖြင့် ယွမ်ရှောင်ကို ဘေးသို့ ဆွဲခေါ်ထုတ်ခဲ့သည်။

“မင်းမကျေနပ်ရင် ထွက်သွားလိုက်လေ”

သူ၏စကားကြောင့် အရုဏ်တက်နတ်ပြည်ထောင်ကို ကိုယ်စားပြုထားရသည့် သူမ ဒေါသူပုန်ထလုနီးပါး ဖြစ်သွား၏။

“ငါတို့ အချင်းချင်းကြားမှာ တစ်ခုလောက် လောင်းမယ်ဆိုရင်ရော ဘယ်လိုလဲ”

ထို့နောက် သူက သူမကို အနီးကပ်ဆွဲဖက်၍ ခပ်တိုးတိုးမေးလိုက်လေသည်။

All Chapters