← Chapters

ပတ်လည် တိုက်ပွဲ၊ စတင်

Vol. 15 Ch. 180

ပတ်လည် တိုက်ပွဲ၊ စတင်

Vol. 15 Ch. 180

"ငါတို့ ဘာကို လောင်းကြေးထပ်ကြမှာလဲ"

ချန်ရီ၏ မျက်နှာ ပန်းရောင် အရိပ်သန်းသွားပြီး ဤစိန်ခေါ်မှုမှ ရှောင်ထွက်ရန် သိပ်မသင့်တော်ပေ။

"ပထမနေ့ တိုက်ပွဲ အဆုံးမှာ အင်မော်တယ်စစ်ပွဲ ကျောက်စိမ်းများ အများဆုံး စုဆောင်းနိုင်သူ ဆိုရင်ကော"

ယွမ်ရှောင်က အဆိုပြုသည်။

" မနေ့ညက အောင်မြင်မှုကြောင့် နင်က အမြင့်ရောက်နေတယ်ဆိုပြီး ငါ့ရှေ့မှာ အခု လာကြွားနေတာပေါ့၊ ဟုတ်လား။"

သူမက တစ်ချက်ပြုံးလိုက်သည်၊

"စကားများတာ တော်လောက်ပြီ။ မင်း လောင်းရဲလား၊ မလောင်းရဲဘူးလား။"

ယွမ်ရှောင်က ဖိမေးသည်။

"ငါရဲ့ စမှတ်က နင့်ထက် အင်မော်တယ်စစ်ပွဲ ကျောက်စိမ်း ၉၉ ခု ပိုများတယ်နော်"

ချန်ရီက အရေးမစိုက်သော ဟန်ပန်ဖြင့် သတိပေးလိုက်သည်။

"စိတ်မပူပါနဲ့။ အကျောပေးတယ်လို့ မှတ်လိုက်"

သူက ယုံကြည်ချက်ရှိစွာ ပြန်ဖြေသည်။

"နင် နေကောင်းရဲ့လား"

သူမက စနောက်သည့်ပုံစံဖြင့် သူ၏ နဖူးကို စမ်းကြည့်သည်။

လောင်းရဲလား၊ မလောင်းရဲဘူးလား

"ဒါပေါ့၊ ငါ လောင်းရဲတယ်။ ဒါပေမယ့် နင် အနိုင်ရဖို့ အခြားလေးယောက်နဲ့ ပူးပေါင်းလို့မရဘူးနော်"

သူမက သတိပေးသည်။

"လူသိန်းပေါင်းများစွာရဲ့ မျက်လုံးတွေ စောင့်ကြည့်နေတာ ငါ ဘယ်လိုလိမ်ရမှာလဲ "

ယွမ်ရှောင်က အာမခံသည်။

"လောင်းကြေးက ဘာလဲ"

"တကယ်လို့ ငါ နိုင်ခဲ့ရင် မင်း ငါ့ကို အရာတစ်ခု ကတိပေးရမယ်"

"အဲ့ဒါက ဘာလဲ"

ချန်ရီက တစ်ပတ်ရိုက်ခံရမည်ဟု ခံစားမိသောကြောင့် သူ့ကို သံသယဖြင့် ကြည့်လိုက်သည်။

"အခုကစပြီး ငါ မင်းကို ခွင့်မပြုရင် မင်း သေလို့မရဘူး။"

သူက သူမ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး သူမ၏ မျက်လုံးများသို့ နက်ရှိုင်းစွာ စိုက်ကြည့်လျက် တိုးတိုးလေး ပြောရင်း စနောက်သည့်ပုံစံဖြင့် သူမ၏ ပါးပြင်ကို ဆွဲညှစ်လိုက်သည်။ ထို့နောက် သူက လန့်ကော် နှင့် ကျောက်ရှောင်ထန်ကို ပခုံးဖက်၍ ယုံကြည်ချက်ရှိစွာ အင်မော်တယ်စစ်ပွဲသို့ လှမ်းဝင်သွားသည်။ ချန်ရီက မင်သက်လျက်သား ကျန်ရစ်ခဲ့ပြီး ခဏအကြာတွင် သတ်မှတ်ထားသော တိုက်ပွဲကွင်းထံ ဉီးတည်ခဲ့သည်—ကွင်းတွင်း ချန်ပီယံ တိုက်ပွဲ နှင့် ပတ်လည် တိုက်ပွဲသို့ပင်။

စင်မြင့် နံပါတ်တစ်တွင် ယွမ်ရှောင်က သူ၏ အဖော် လေးဦးနှင့်အတူ စစ်တုရင်ခုံ စစ်မြေပြင်ပေါ်မှ လေးထောင့်ကွက်တစ်ခုပေါ်သို့ ခြေလှမ်းတက်ပြီး အလျားရော အနံပါ ပေ သုံးထောင် ကျယ်ဝန်းကာ ထည်ဝါမြင့်မားသော ပေ တစ်ထောင်ကျော် နံရံများဖြင့် ဝန်းရံထားသည်။ သူတို့အထက်တွင် ဖောက်ထွင်းမြင်နိုင်သော အစီအရင်တစ်ခုက မျက်နှာကြက်ကို ချိတ်ပိတ်ထားကာ ပျံသန်းခြင်းဖြင့် ထွက်ပြေးမရနိုင်စေရန် တားမြစ်ထားခြင်းဖြစ်၏။ ပတ်လည် တိုက်ပွဲတွင် ပါဝင်သည့် ပါရမီရှင် အရည်အချင်းရှိသူ ငါးထောင်သည် လှောင်အိမ်အတွင်းမှ ငှက်များကဲ့သို့ လှောင်ပိတ်ခံထားရသည်။

"အထဲဝင်ရောက်ပြီးတော့ ငါ ချန်ရီရဲ့ အခြေအနေကို ဆက်ပြီး စောင့်ကြည့်နိုင်တော့မယ် မထင်ဘူး"

ယွမ်ရှောင်က ဤသို့ တွေးနေသော်လည်း ကွင်းတွင်း ချန်ပီယံ တိုက်ပွဲကို လနတ်သား၏ စူးရှထက်မြက်သော မျက်လုံးများဖြင့် မြင်နေရသောကြောင့် ထိုဘက်မှ လှုပ်ရှားမှုတိုင်း သူ၏ စောင့်ကြည့်မှုအတွင်း ရှိနေခဲ့သည်။ သန်းခေါင်ယံအချိန်ကို စောင့်ဆိုင်းနေပုံရသော်လည်း အမှန်တကယ်တွင် နေရာတိုင်းမှ နောက်ဆုံး လောင်းကြေးများကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ကောင်းကင်နယ်မြေ တစ်ခုလုံး ထွန်းလင်းတောက်ပလာပြီး ညအမှောင်ကို ဆန့်ကျင်၍ ပြိုးပြက်တောက်ပနေသည့် တင်းမာသော စစ်မြေပြင်ကြောင့် ပရိသတ်သိန်းပေါင်းများစွာ မျှော်လင့်ချက်ဖြင့် စောင့်ကြည့်နေရင်း အသက်ပင်ဝဝမရှူရဲချေ။ တိုက်ပွဲ စင်မြင့်ပေါ်တွင် အချိန်ပို ရှိနေသဖြင့် သူက ကျင့်ကြံရန် ဆုံးဖြတ်ကာ လေမီးတောက် ကပ်ဘေးကို ဆွဲဆောင်နိုင်မည့် ဆေးလုံးများကို စတင် စားသုံးလိုက်သည်။ တိုက်ပွဲ၏ အပြင်းထန်ဆုံး အချိန်တွင် ထို ကပ်ဘေး ဆင်းသက်လာလိမ့်မည်ဟု သူ ခံစားမိနေသည်။ ထိုအတောအတွင်း၊ ချန်ကျင်း နှင့် ကျန်သူများက အသင့်ပြင်နေကြပြီး လေးထောင့်ကွက်၏ အနက်ရောင် နံရံများကို စူးစိုက်နေကြည့်နေပြီး အခြားတစ်ဖက်တွင် အဇူရာသစ်ရွက် အဖွဲ့၏ ပါရမီရှင်များသည်လည်း ထိပ်တိုက်တွေ့ဆုံမှုအတွက် အသင့်ပြင်ထားကြ၏။ သူတို့အားလုံး အခြေတည်အဆင့် လေမီးတောက် ကပ်ဘေး နယ်ပယ်သို့ ရောက်ရှိခဲ့ကြပြီး အတားအဆီးများ မပျက်စီးဘဲ ရှိနေသော်လည်း နှစ်ဖက်အကြား တင်းမာမှုက ဆီနှင့်ရေပမာ ပေါင်းစည်းမရပေ။

အင်မော်တယ်စစ်ပွဲ နောက်ဆုံးတွင် စတင်ခဲ့ပြီး တောက်ပသော ရွှေရောင် ဦးဆောင်သူစာရင်း မျက်နှာပြင်တစ်ခု ကောင်းကင်တွင် မြင့်မားစွာ ပေါ်လာပြီး အမည် ဆယ့်ခြောက်ခုသာ လက်ရှိတွင် ထွက်ပေါ်နေကာ တစ်ခုစီအနောက်တွင် ရွှေရောင် အင်မော်တယ်စစ်ပွဲ ကျောက်စိမ်းကို ကိုယ်စားပြုသည့် အမှတ်တစ်ရာ တည်ရှိနေပြီး အမည်များ ရှေ့တွင် နယ်မြေအမည်များ ပါဝင်သည်။

"အရုဏ်တက်နတ် အင်မော်တယ်နတ်ပြည်ထောင် - ချန်ရီ: ၁၀၀ မှတ်"

"နတ်ဆိုးတိုက်ကြီး - ထျန်းလု: ၁၀၀ မှတ်"

အင်မော်တယ်စစ်ပွဲ ကျောက်စိမ်းပြား နှစ်ခုထက် ပိုရှိသူများသာ စာရင်းဝင်မည်ဖြစ်ကာ ဦးဆောင်သူစာရင်းကို အချိန်နှင့်တပြေးညီ ပြင်ဆင်ပေးသောကြောင့် ယွမ်ရှောင်၏အမည် စာရင်းဝင်သည်နှင့်တပြိုင်နက် သူ ကိုယ်စားပြုသည့် နိုင်ငံ—အရုဏ်တက်နတ် အင်မော်တယ်နတ်ပြည်ထောင် ထွက်ပေါ်လာပေလိမ့်မည်။ အလင်းမျက်နှာပြင် ပေါ်လာသောအခါ ကောင်းကင်နယ်မြေ၊ ကျင့်ကြံသူ အများစု၏ အကြည့်များက ချန်ရီဆိုသော အမည်တစ်ခုပေါ်တွင် စုဆုံသွားသည်။

"ငါတို့ရဲ့ အင်မော်တယ်နတ်ပြည်ထောင်မှာ အုပ်စိုးသူရော ထိပ်တန်း ပါရမီရှင်ပါ မိန်းကလေးဖြစ်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ"

စကားသံများ မတည်ငြိမ်မီပင် အင်မော်တယ်စစ်ပွဲ စစ်မြေပြင် တစ်ခုလုံး တုန်ခါလာပြီး ယိုဖုန်းသည် နောက်ဘက်ရှိ မူ ထျန်းရှီ နှင့် ရဲ ချင်းထျန်း နှစ်ဦးစလုံးနှင့် မျက်လုံးချင်း ဆုံကြည့်ပြီးနောက် အေးစက်စက်ရပ်နေသည့် ချန်ရှောင်ထံ ပြိုင်တူကြည့်လိုက်မိခဲ့သည်။

" ယွမ်ရှောင်က အလှည့်တစ်ခု တိုက်ခိုက်ပြီး သူရဲ့ ဓားဝိညာဉ်ကို လူအများရှေ့တွင် ကြွားဝါပြီး စိတ်ဓာတ် မြှင့်တင်ဖို့ နတ်ဆိုးတွေကို အရှက်ခွဲချင်နေတယ်။ ငါတို့က နတ်ဆိုးတိုက်ကြီးအပေါ် သစ္စာစောင့်သိမှုကို သက်သေပြရန် သူ့ကို ချေမှုန်းပစ်ရမယ်"

ယိုဖုန်း၏အကြံကြောင့်သာမဟုတ်လျှင် မူထျန်းရှီသည် ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင် သို့မဟုတ် နတ်ဆိုးတိုက်ကြီး၏ ကိုယ်စားလှယ်များကို ယွမ်ရှောင်၏ အဖွဲ့နှင့် ရင်ဆိုင်ရန် စေလွှတ်ခဲ့လိမ့်မည်။ ရှင်းရှင်းလင်းလင်း ပြောရလျှင် သူတို့က နတ်ဆိုးတိုက်ကြီးကို ဖားယားရန် အတွက် သူတို့၏မျိုးဆက်များ အရည်အချင်းဖြင့် ဂုဏ်သတင်းကို အလောင်းအစား ပြုထားသည်။

"နှမြောစရာပဲ၊ တကယ်လို့ ရှင်းချန်သာ ငါတို့နှင့်အတူ ရှိနေဆဲဖြစ်ရင်၊ သူ့အရည်အချင်းကြောင့် ငါတို့ ဒီအကြောင်း စိုးရိမ်နေစရာမလိုဘူး"

ရဲချင်းထျန်က လေးနက်စွာ မှတ်ချက်ချပြီး ဤစကားကို ကြားသောအခါ၊ ယိုဖုန်း မကျေနပ်မှုဖြစ်သွားပြီး သူတို့ဘက်အတွက် တိုက်ခိုက်မှုကို ဦးဆောင်နေသူမှာ သူ၏သား ဖြစ်သည်။ ဒေါသကို ထိန်းချုပ်မျိုချ၍ သူက လူမြင်ကွင်း အလင်းတန်းအောက်သို့ ခြေလှမ်းထွက်၍ ယိုချင်းကျစ်ကို တစ်ချက်လှမ်းကြည့်ကာ သန်းခေါင်ယံ ရောက်ရှိခဲ့သဖြင့် ကျယ်လောင်စွာ ကြေညာလိုက်သည်။

"အင်မော်တယ်နတ်ပြည်ထောင် ကိုယ်စား၊ အင်မော်တယ်စစ်ပွဲ စတင်ကြောင်း ကျွန်ုပ် ကြေညာလိုက်တယ်"

အားပေးသံများ ဆူညံပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေကာ လောင်းကြေး အားလုံးလည်း ပိတ်သိမ်းခဲ့ပြီဖြစ်သည်။ ကောင်းကင်နယ်မြေ တစ်ခုလုံး နိုးကြားတက်ကြွနေပြီး မျက်လုံးတိုင်း စစ်မြေပြင်ပေါ်တွင် အာရုံစိုက်နေသည်။ ကွင်းတွင်း ချန်ပီယံ စင်မြင့်များပေါ်တွင်၊ စစ်မှန်သော စိန်ခေါ်မှုများ စတင်နေစဉ် ပတ်လည် တိုက်ပွဲ ဧရိယာတွင် လေးထောင့်ကွက်များကို ခွဲခြားထားသော ထည်ဝါမြင့်မားသည့် နံရံများ ရုတ်တရက် နိမ့်ကျသွားသည်။ တစ်ချိန်က သီးခြား လေးထောင့်ကွက် နှစ်ခု ဖြစ်ခဲ့ရာမှ ယခု ကွင်းတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး တိုက်ကြက်နှစ်ကောင် အခန်းတစ်ခန်းအတွင်း အတူတကွ ပိတ်မိနေသကဲ့သို့ ထင်မှတ်ရသည်။

"ပထမ လေးထောင့်ကွက်ကို ကြည့်ကြ"

ကြည့်ရှုသူများ၏ ကိုးဆယ် ရာခိုင်နှုန်းက ဤနေရာကို အာရုံစိုက်ထားကြပြီး အကြောင်းအရင်းမှာ ကွင်းတွင်း ချန်ပီယံ တိုက်ပွဲတွင် အစောပိုင်း ယှဉ်ပြိုင်မှုများက တော်တော်လေး တစ်ဖက်သတ်ဆန်နေ၍ အမှတ်တစ်စင်မြင့်၌ သက်တော်စောင့်လေးယောက်မှ ကာကွယ်ပေးထားသော ကျော်ကြားလာသူ ရှိနေသည်မဟုတ်ပါလော။

"သတိကြီးကြီးထားကြ၊ ယွမ်ရှောင်ကို ကာကွယ်"

ချန်ကျင်း နှင့် အခြားသူများ၏ စိတ်လှုပ်ရှားမှုက ထင်ရှားနေကြသည်။ စစ်တပ်မှလာသူဖြစ်သော ချန်ကျင်းက စည်းကမ်းတင်းတင်းနှင့် အဖွဲ့ကို ဦးဆောင်ပြီး လန့်ကော်၊ နတ်ဆိုးတစ်ကောင်နှင့် တူညီသော ကိုယ်လုံးကိုယ်ပေါက် ရှိသည့် သိုင်းကျင့်ကြံသူသည် သူ၏ ဘေးတွင် ထည်ဝါစွာ ရပ်နေသကဲ့သို့ နန်းကုန်းရှု နှင့် ကျောက်ရှောင်ထန်မှာ သူ၏ ဘယ်နှင့် ညာတွင် နေရာယူထားကြ၏။ ယွမ်ရှောင်ကို ဘက်ပေါင်းစုံမှ ကာကွယ်ပေးထားသောကြောင့် ဤ ဖွဲ့စည်းပုံကိုကြောင့် ကျင့်ကြံသူအများအပြား၏ အမြင်တွင် သူက ယဇ်ပူဇော်ခံ သိုးငယ်တစ်ကောင်အလားပင်။ ယွမ်ရှောင် တိုက်ပွဲသို့ ပါဝင်ရခြင်း၏ ရည်ရွယ်ချက်သည် ကောလာဟလများအရ ထာဝရ ပျော်ရွှင်ခြင်း၏ ဓားစက်ကွင်းကို လူအများရှေ့တွင် ပြသကာ နတ်ဆိုးတိုက်ကြီးကို ခြိမ်းခြောက်ရန်နှင့် လူသားမျိုးနွယ်၏ စိတ်ဓာတ်နှင့် ယုံကြည်မှုကို မြှင့်တင်ရန် အရေးပါသော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

နံရံများ နိမ့်ကျသွားသည့် အခိုက်အတန့်တွင် ယခင် ရက်ဆူပူမှုတွင် ဦးဆောင်ခဲ့သော မဟာကျောင်းတော်မှ ကျောင်းသား ငါးဦး လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်လာကြပြီး ပုလင်းတူဘူးဆို့ အကြီးအကဲများအတိုင်း ဖြောင့်မတ်မှန်ကန် မြင့်မြတ်ချင်ယောင်ဆောင်ထားသည့် မဟာကျောင်းတော်၏ စစ်မှန်သော ကိုယ်စားလှယ်များ ဖြစ်ကြ၏။

"ယွမ်ရှောင်။ မင်း မလုပ်သင့်ခဲ့ဘူး…"

ယို ချင်းကျစ်က အသံကျယ်ကျယ်ဖြင့် စကားပြောကာ သွေးထိုးချင်သော်လည်း သူ မပြီးဆုံးခင်မှာပင် အဖြူရောင် လျှပ်စီးတစ်ခု ဆန့်ကျင်ဘက်ခြမ်းမှ ရုတ်တရက် လှုပ်ရှားသွားသည်။

"သူ ဘယ်ရောက်သွားတာလဲ"

ချန်ကျင်းပင် ထို အဖြူရောင် ပုံရိပ်၏ လျင်မြန်မှုကြောင့် ဝေဝေဝါးဝါးသာ မြင်လိုက်ရသည်။

"ဟိုမှာ ကြည့်"

သူတို့ ကာကွယ်နေသော ပုံရိပ် ပျောက်ကွယ်နေကာ ကျောက်ရှောင်ထန်သည် မျက်လုံးအပြူးသားနှင့် ညွှန်ပြနေရာ ချန်ကျင်း၊ လန့်ကော်၊ နှင့် နန်းကုန်းရှု ကြည့်လိုက်သောအခါ ယို ချင်းကျစ် အုပ်စု၏ ဦးခေါင်းများအထက်သို့ ယွမ်ရှောင်က ပျံဝဲရောက်ရှိသွားပြီဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း

သူက လက်တစ်ချက်ယမ်းလိုက်သောအခါ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံ ငါးကြိမ် ထွက်ပေါ်လာပြီး နေမင်းပမာ တောက်လောင်နေသော မီးလုံးကြီး ငါးလုံး ဖွဲ့စည်းဖြစ်ပေါ်လာသည်။

"ဘာကြီးလဲ"

ချိုင် ဟွာချီဟု အမည်ရသော လူငယ် အမျိုးသမီး၏ မျက်နှာ ဖြူဖျော့သွားသည်။

"ဓာတ်ကျမ်းတော်၊ မီးနတ်ဘုရား အမျက်ဒေါသ"

ယိုချင်းကျစ်က အလန့်တကြား အော်ဟစ်၍ ငါးယောက်လုံး ကာကွယ်ရန် အလောတကြီး ပြင်ဆင်လိုက်ကြသော်လည်း အလွန် နှေးကွေးခဲ့ကြသည်။ သူတို့၏ တာအို ဂါထာများ ပုံသဏ္ဌာန် မပေါ်လာခင် မီးလုံးများ သူတို့အပေါ်သို့ ဆင်းသက်လာကာ မီးလောင်မှုတစ်ခု ပြင်းထန်စွာ ဖြစ်တည်လာကာ မီးလောင်ကျွမ်းနေသော ပုံရိပ် ငါးခု လေထဲသို့ လွင့်စင်သွားသဖြင့်အမျိုးမျိုးသော အင်မော်တယ်နတ်ပြည်ထောင်များမှ အရာရှိ အနည်းဆုံး တစ်ဒါဇင် သူတို့၏ နေရာမှ ထရပ်လိုက်မိကြသည်။

"မဖြစ်နိုင်ဘူး"

မူထျန်းရှီ၏ မျက်လုံးများ မျက်လုံးအိမ်အတွင်းမှ ပြူးထွက်လုနီးပါး ဖြစ်သွားကာ မီးနတ်ဘုရား အမျက်ဒေါသကို ထုတ်ဖော်ရာတွင် မဟာကျောင်းတော် စတင်တည်ထောင်ချိန်မှစ၍ အမြဲတမ်း မီးလုံးတစ်ခုတည်းသာ ရှိခဲ့သည်။ သို့သော် ယခု ငါးခု ရှိနေပြီး တစ်ခုချင်းစီသည် ယွမ်ရှောင် မဟာကျောင်းတော်တွင် နတ်ဆိုးများကို ချေမှုန်းခဲ့သည့်အခါထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေသည်။ တိုက်ပွဲစစချင်း သူ၏ နှလုံးသား တူဖြင့် ထုနှက်ခံလိုက်ရသလို ခံစားလိုက်ရပြီး လဲပြိုကျလုနီးပါး ဖြစ်နေကာ လူတိုင်း ယွမ်ရှောင်သည် ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သိကြသော်လည်း သူ၏ စွမ်းရည်က အမြဲတမ်း လူတိုင်း စိတ်ကူးနိုင်သည့် အတိုင်းအတာထက် ခြေတစ်လှမ်း ရှေ့ရောက်နေပုံရသည်။ မီးနတ်ဘုရား၏ အမျက်ဒေါသ ငါးခုကို ကြောက်မက်ဖွယ် အင်အားဖြင့် ထုတ်လွှတ်လိုက်ရာ၊ စစ်မြေပြင် တစ်ခုလုံး တစ်ချက်တည်းဖြင့် တုန်လှုပ်သွားစေသည်။

"သွား"

အဖြူရောင် ဝတ်ရုံဝတ် လူငယ်၏ လက်ဟန်တစ်ခုဖြင့် ကြမ်းပြင်သည် ရွှေရောင် သဲများအဖြစ် ချက်ချင်း ပြောင်းလဲသွားကာ မဟာကျောင်းတော်မှ ပါရမီရှင် ငါးဦးထံ စီးဆင်းလာရာ အရည်ကျိုထားသော သတ္တုများ လောင်းချလိုက်သကဲ့သို့ပင်။

"အား"

ကာကွယ်ရန် နောက်ကျသွားသော ချိုင်ဟွာချီသည် ၎င်းတို့ထံမှ မလွတ်မြောက်နိုင်ခဲ့ဘဲ တစ်ကိုယ်လုံး အရည်ကျိုထားသော ရွှေဖြင့် ချည်နှောင်ခံလိုက်ရသကဲ့သို့ နေရာတွင် ရွှေချရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူမ၏ နောက်ဆုံး အခိုက်အတန့်တွင် မျက်နှာထက်၌ လုံးဝ မယုံကြည်နိုင်မှုမှလွဲ၍ ဘာမှ မရှိပေ။

ဤသည်မှာ မည်သို့သော လူမဆန်သည့် ပါရမီရှင်မျိုး ဖြစ်သနည်း။

All Chapters