တစ်ကျော့ပြန် အဖြူရောင်သေမင်း
Vol. 15 Ch. 181
"ဓာတ်ကျမ်းတော်၊ ရွှေလောက လွှမ်းမိုးမှု"
မဟာကျောင်းတော်၏ တာအို ဂါထာသည် ယွမ်ရှောင်လက်ထဲတွင် သူတို့၏ သူတော်စင်၊ ပညာရှိကြီးများနှင့် ဘိုးဘေးများထက်ပင် သာလွန်သွားသည်။
"ဟွာချီ"
တက်ကြွခြင်း တံခါးတွင် ရှိနေသော အဇူရာသစ်ရွက် အဖွဲ့မှ အရာရှိတစ်ဦး ထိတ်လန့်တကြား သွေးအန်ထွက်လာသည်။ သူမသည် အင်မော်တယ်စစ်ပွဲတွင် ပထမဆုံး ကျဆုံးသူ ဖြစ်ကာ မီးနတ်ဘုရား၏ အမျက်ဒေါသ နှင့် ရွှေလောက လွှမ်းမိုးခြင်း တို့၏ ဆက်တိုက် တိုက်ခိုက်မှုများကို မခံနိုင်သော်လည်း ကျန်လေးဦးက ကနဦး တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ခဲ့ပြီး အစစ်အမှန် ရက်စက်သော အမှန်တရားကြောင့် အိပ်မက်များမှ နိုးထလာသည်။
"ပြန်စုဖွဲ့။ မင်းတို့ရဲ့ ဂါထာတွေနဲ့ အချင်းချင်း ကူညီကြ"
ယိုချင်းကျစ်က စိတ်ပျက်အားငယ်စွာ အော်ဟစ်နေပြီး သူတော်ကောင်းဟန်ဆောင်၍ မကျေမနပ်ဖြစ်နေသော အမူအရာအစား ကြောက်ရွံ့မှု ထင်ထင်ရှားရှား ပြောင်းလဲသွားခဲ့သည်။ တိုက်ပွဲမတိုင်မီ သူတို့ လေ့ကျင့်ခဲ့သော ဗျူဟာများက ယခု လုံးဝ အသုံးမဝင်တော့ဘဲ တစ်ဖက်အဖွဲ့သည် လေးယောက်မှ တစ်ယောက်ကို ကာကွယ်သည့် ဗျူဟာ ဖြစ်သင့်သော်လည်း တစ်ယောက် လေးယောက်ကို ကာကွယ်နေသကဲ့သို့ ဖြစ်နေ၏။ အခြေ တည်အဆင့် လေမီးတောက် ကပ်ဘေး နယ်ပယ်မှ ပါရမီရှင် လေးဦး ပြန်လည် စုဖွဲ့ပြီး အသက်ရှူချောင်သွားကာ သူတို့ ပိုင်ဆိုင်သည့် နည်းစနစ်၊ မှော်ရတနာ၊ နှင့် အကာအကွယ်တိုင်းကို ထုတ်လွှတ်ပြီး ချီးကျူးစရာ ကာကွယ်မှုတစ်ခု ဖန်တီးခဲ့သည်။
လေထဲတွင် ပျံဝဲနေသော အဖြူရောင် ဝတ်ရုံဝတ် လူငယ်သည် ရေခဲကဲ့သို့ အေးစက်သော မျက်လုံးများဖြင့် အောက်သို့ ငုံ့ကြည့်သည်။ သူက နှာခေါင်းတစ်ချက်ရှုံ့၍ အပြာရောင် ဓားဝိညာဉ်ကို ဆင့်ခေါ်လိုက်ရာ လက်ဖဝါး အလယ်ဗဟိုတွင် ဝေ့ဝဲ ဟိန်းဟောက်လျက်ထွက်ပေါ်လာပြီး ဓားမြည်သံတရွှီရွှီမှာ စစ်မြေပြင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ ဓားစက်ကွင်း ငါးခု—ဧကရာဇ်နယ်ပယ် တစ်ခုနှင့် သူတော်စင်နယ်ပယ် လေးခု—နှင့် ဓားအော်ရာ ၂၅၀ လွှာ ပါဝင်သော ထို ဓားဝိညာဉ်ကို ဖော်ထုတ်လိုက်သည်နှင့်တပြိုင်နက် ခန့်မှန်းထားသည့်အတိုင်း ကောင်းကင်နယ်မြေ၏ လူသားများသည် ထာဝရ ပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ်၏ ကြောက်မက်ဖွယ် ကံကြမ္မာဆိုးကို မြင်တွေ့ပြီးနောက် စိတ်ဓာတ်အမြင့်ဆုံးရောက်သွားကာ အော်ဟစ်အားပေးနေကြသည်။
နတ်ဆိုး မှော်စွမ်းရည် ငါးခုသည် ဓားဝိညာဉ် ပတ်လည်တွင် ထွက်ပေါ်လာကာ
နဂါး သူတော်စင်၊ ဟိန်းဟောက်နေသော တိမ်နဂါး
မြေခွေး သူတော်စင်၊ တစ္ဆေ သွေးအိုင်
မိုးကြိုး သူတော်စင်၊ ဝင်ရိုးစွန်း မိုးကြိုး
လင်းယုန် သူတော်စင်၊ ကောင်းကင်မုန်တိုင်း
နတ်ဆိုးသားရဲပုံရိပ်များသည် ဓားကိုယ်ထည်ကို ရစ်ပတ်ပြီး အဖျက်အဆီးစွမ်းအင်များ ထုတ်ဖော်နေကာ အားလုံးထဲတွင် ကြောက်မက်ဖွယ် အကောင်းဆုံးမှာ ထာဝရ ပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ်ထံမှ နတ်ဆိုးစွမ်းရည်—တစ္ဆေ တစ်ရာ ညချီတက်ပွဲ ဖြစ်သည်။ ၎င်းသည် ဝိညာဉ်အခြေခံ အကြည့်စွမ်းရည်တစ်ခု ဖြစ်ကာ ဓားစက်ကွင်း လည်ပတ်လာပြုသည်နှင့်တပြိုင်နက် ဓားဝိညာဉ်ပေါ်တွင် သွေးစွန်း မျက်လုံး ကိုးဆယ့်ကိုးခု ပေါ်ထွက်လာသကဲ့သို့ ထင်မှတ်ရသည်။ မျက်လုံး တစ်လုံးချင်းစီ၌ မကောင်းဆိုးဝါး ဝိညာဉ်တစ်ခုကို သိုဝှက်ထားပြီး တစ္ဆေ တစ်ရာ ညချီတက်ပွဲ ဟူသော အမည် သတ်မှတ်ခဲ့ခြင်းမှာ ပိုင်ရှင်နတ်ဆိုးဧကရာဇ် ကိုယ်တိုင်က အယောက်တစ်ရာမြောက် တစ္ဆေ ဖြစ်သောကြောင့်ပင်။ ၎င်းက ငြင်းခုံစရာမရှိလောက်အောင် ကောင်းကင်နယ်မြေ ရှေးဟောင်း လူသားများနှင့် နတ်ဆိုးများကြား စစ်ပွဲများအတွင်း မြင်တွေ့ခဲ့ရသည့် ဓားများအနက် အခမ်းနားဆုံး ဓားဝိညာဉ် ဖြစ်သည်။ ထိုဓားဝိညာဉ်သည် တိုက်ပွဲကွင်းအတွင်း ထွက်ပေါ်လာပြီး နတ်ဆိုးစွမ်းရည်များ အသက်ဝင်လာသောအခါ ပရိသတ်အားလုံး စိတ်လှုပ်ရှားကုန်သည်။
"လခွမ်း၊ ဒါကြီးက အရမ်း မိုက်တာပဲ"
လူတစ်ဦးက အော်လိုက်မိပြီး ရုပ်ရည် ချောမောခြင်း တစ်ခုတည်းသည် သာမန်ပင်ဖြစ်သော်လည်း အစွမ်းထက်ခွန်အားနှင့် ပေါင်းစပ်လိုက်လျှင် အကျော်ကြားဆုံး.ဖြစ်သွားပေလိမ့်မည်။ ထို အခိုက်အတန့်မှစတင်၍၊ ကောင်းကင်နယ်မြေ ပရိသတ်များအတွင်း လူငယ် အမျိုးသမီးတိုင်း တစ်ညီတစ်ညွတ်တည်း ထရပ်လိုက်မိကြပြီး ထို ဓားဝိညာဉ်၏ တောက်ပသော အလင်းရောင်အောက်တွင် တစ်ချိန်က မိမိတို့ကိုယ်ကို လှပခန့်ညားပြီး အရည်အချင်းရှိသည်ဟု ထင်မှတ်ခဲ့ကြသည့် ယို ချင်းကျစ် နှင့် ပါရမီရှင်သုံးဦးမှာ လမ်းဘေး ကြွက်များကဲ့သို့ အရေးမပါတော့ပေ။
"သူ့ကို သတ်"
ယိုချင်းကျစ်က အရှက်ကွဲသွားသဖြင့် မျက်နှာထားရှုံ့မဲ့နေကာ ကြုံးဝါးအမိန့်ပေးလိုက်သည်။ သို့သော် သူ၏ စကားအဆုံး၌ မဟာကျောင်းတော်၏ လူငယ် ပါရမီရှင်များ သူတို့၏ ဂါထာများနှင့် မှော်ရတနာများကို မစုစည်းနိုင်ခင်မှာပင် နတ်ဆိုး စွမ်းရည် ငါးခုဖြင့် ပျံသန်းလာသော ဓားမြှောင်တစ်ချောင်းကို ယွမ်ရှောင်က ကောင်းကင်မှ အောက်သို့ ပစ်လွှတ်ပြီးဖြစ်သည်။ အမှန်တကယ်၌ သူက ကျင့်ကြံမှုအရ အားနည်းနေဆဲဖြစ်နိုင်သော့လည်း သူ၏ ဓားဝိညာဉ်က မတူကွဲပြားသော အစွမ်းထက် သားရဲတစ်ကောင်အလား ထင်မှတ်ရသည့်အပြင် ဓားပညာရော တာအို ဂါထာများပါ လေ့ကျင့်ထားသဖြင့် ပေါက်ကွဲအားပြင်းသော ပေါင်းစပ်တိုက်ကွက်များပင်။ ၎င်း ပြေးထွက်လာချိန်တွင် မြေပြင်မှ မရေမတွက်နိုင်သော အမြစ်များ ရှေ့သို့ ထွက်လာသည် ယို ချင်းကျစ် နှင့် ရဲဘော်ရဲဘက်များ၏ ကာကွယ်ရေး ဒိုင်းကာများကို မျက်စိတစ်မှိတ်အတွင်း ထိုးဖောက်လိုက်ကြ၏။
" ကြယ်သတ်ဓားသိုင်း၊ ကြယ်မိုးရွာခြင်း"
အချိန်စီးကြောင်းအတွင်း မြှုပ်နှံခံခဲ့ရသော ဓားသိုင်းသည် ပြန်လည်ထွက်ပေါ်လာကာ ချက်ချင်း အသိအမှတ်ပြုခံလိုက်ရပြီး လူအုပ်ကို အံ့ဩတကြီး ဖြစ်သွားစေသည်။ တစ်ချက်တည်းဖြင့် ဓား ဆယ်လက်အဖြစ် ခွဲထွက်၍ တောက်ပသွားကာ ကြယ်များ ကြွေကျလာသကဲ့သို့ ဆင်းသက်လာသော်လည်း အစစ်အမှန်ကို ခန့်မှန်းမရနိုင်ချေ။ ယိုချင်းကျစ်သည် သူ၏ ဖခင်ထံမှ ငှားလာခဲ့သော တောင်တိုင်းတာခြင်း ပေတံ၊ နဂါးငွေ့တန်း အဆင့် မှော်ရတနာတစ်ခုဖြင့် ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်သည်။
ထန်
"အား"
အစစ်အမှန် ဓားဝိညာဉ်နှင့် တိုက်မိသောအခါ မီးပွားများ စင်ထွက်လာကာ ယို ချင်းကျစ်က ဓား၏ တန်ပြန်အားကို ခံနိုင်ရည် ရှိခဲ့သော်လည်း တစ္ဆေ တစ်ရာ ညချီတက်ပွဲ၏ ကြောက်စရာ စွမ်းအားသည် အခြား နတ်ဆိုး မှော်ပညာ လေးခုနှင့် ရောနှောပြီး သူ့အပေါ် ကျဆင်းလာသည့်အခါ ကျောရိုးတစ်လျှောက် အေးစိမ့်သွားခဲ့သည်။ အကြောက်တရားသည် သူ့တစ်ကိုယ်လုံးကို လွှမ်းမိုးသွားပြီး နာကျင်စွာ အော်ဟစ်သံများ လေထဲတွင် ထွက်ပေါ်လာကာ နတ်ဆိုးဧကရာဇ်တစ်ပါး၏ နတ်ဆိုးစွမ်းရည်ဖြစ်သည့်အပြင် ဓားသွားပေါ်တွင် ရှိနေသည်မှာ နတ်ဆိုးတိုက်ကြီးတွင် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦး၏ မိစ္ဆာဆန်သော စွမ်းအား ဖြစ်ပေသည်။ အမှောင်ထုသည် ယို ချင်းကျစ်၏မြင်ကွင်းကို လွှမ်းမိုးသွားသွားကာ တောင်တိုင်းတာခြင်းပေတံက တုန်ခါနေလျက်ပြုတ်ကျလာသောကြောင့် သူ၏ ဦးခေါင်းခွံကို နှစ်ပိုင်းခွဲပစ်လိုက်သောကြောင့်ပင်။
ဝှစ် ဝှစ် ဝှစ်
ယွမ်ရှောင်၏ ဓားသည်လည်း ပေတံကို ပွတ်ထွက်သွားကာ ယို ချင်းကျစ်၏ ရင်ဘတ်ကို ထိုးဖောက်၍ ဟက်တက်ကွဲ ဒဏ်ရာတစ်ခု ပေးစွမ်းလိုက်၏။
ဒုန်း
မျက်လုံးများ ပြူးကျယ်နေသော ယိုချင်းကျစ်က ဒူးထောက်ကျသွား၍ ကြမ်းပြင်၌ မှောက်ရက်ကြီး လဲကျသွားကာ ခဏတာ တွန့်လိမ်ပြီးနောက် ငြိမ်သက်သွားခဲ့သည်။
"အစ်ကို ယို"
ရှကျင်း၊ လင်းကျုံးရှောင်၊ နှင့် မော့ ရွှဲကျင်သည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ကြက်သေသေနေကြပြီး မျက်လုံးများ ကျွတ်ကျလုမတ် ပြူးထွက်နေကာ အင်မော်တယ်သွေးကြော နယ်ပယ် ကျင့်ကြံသူတစ်ဦး ထိုသို့သော ကြောက်မက်ဖွယ် စွမ်းအားကို မည်သို့ ထုတ်ဖော်နိုင်သည်ကို နားမလည်နိုင်ခဲ့ကြပေ။
"ငါတို့ လက်နက်ချတယ်"
သူတို့သည် တုံ့ဆိုင်းခြင်း မရှိဘဲ သူတို့၏ အင်မော်တယ်စစ်ပွဲ ကျောက်စိမ်းများကို လျင်မြန်စွာ ထုတ်ပေးလာကြသည်။ သို့သော် ယွမ်ရှောင်သည် ဓားမြှောင်ကို သုံးပေ ဓားရှည်အဖြစ် ပြောင်းလဲလိုက်ကာ တစ်ချက်ကလေးပင် တွန့်ဆုတ်မနေဘဲ သတ်ဖြတ်လိုစိတ်ဖြင့် ပြေးဝင်တိုက်ခိုက်လိုက်သည်။
ကြယ်သတ်ဓားသိုင်း၊ လျှပ်တပြက် ကြယ်တံခွန်
ဓားသွားကို ခမ်းနားစွာ ဝှေ့ယမ်းလိုက်သည်နှင့်တပြိုင်နက် ယွမ်ရှောင်၏ အပြာရောင် ဓားသွားသည် တောက်လောင်နေသော ကြယ်တံခွန်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်း၏ အရှိန်အဝါက လက်နက်ချထားသော ပါရမီရှင်သုံးဦး၏ ဦးခေါင်းများအထက်တွင် အန္တရာယ်ရှိစွာ လွှမ်းမိုးနေသည်။
"ဘာလုပ်တာလဲ"
သူတို့က တိုက်ပွဲကို ရပ်တန့်ခဲ့သော်လည်း ယွမ်ရှောင်သည် သူ၏ အပြည့်အဝ စွမ်းအားကို သူတို့အပေါ် ထုတ်လွှတ်ခဲ့သည်။ ဤသို့ဖြင့် ဓားတစ်ချက်တည်းနှင့် သုံးယောက်လုံး အစိတ်စိတ်အမွှာမွှာ အပိုင်းခံလိုက်ရပြီး ခန္ဓာကိုယ် အကြွင်းအကျန်များ စက္ကူစများကဲ့သို့ ပြန့်ကျဲကုန်သည်။ ကျန်ရစ်နေခဲ့သည်မှာ အင်မော်တယ်စစ်ပွဲ ကျောက်စိမ်း သုံးခု ကိုင်ဆောင်ထားသော လက်ပြတ် ခြောက်ခု ဖြစ်ကာ ပြိုင်ဘက် ငါးဦးစလုံး သူတို့၏ သေမင်းနှင့် တွေ့ဆုံလိုက်ရသည်။
"ငါ့ဓားက အရမ်းမြန်တော့ မင်းတို့ လက်နက်ချတာကို မကြားလိုက်မိဘူး"
ယွမ်ရှောင်က အမှန်တကယ် ဒေါသထွက်နေပြီး နတ်ဆိုးများအတွက် မိမိ လူမျိုးကို သစ္စာဖောက်သည့် သစ္စာမဲ့ သတ္တဝါများအတွက် လက်နက်ချခြင်း မရှိပေ။ သူက နတ်ဆိုးများကို မုန်းတီးသော်လည်း ရဲတန်းစီ ကဲ့သို့ လိမ်လည်လှည့်ဖြားတတ်သော လူသားများအတွက် အမုန်းတရားတစ်ခုကို သီးသန့်ခွဲထားသည်။ ရဲတန်းစီသည် သူ၏ အကြံအစည်များတွင် အကန့်အသတ်ထားသော်လည်း ဤသစ္စာဖောက်များနှင့် သူတို့၏ မျိုးရိုးစဉ်ဆက်သည် ခေတ်အဆက်ဆက် လူသားမျိုးနွယ်ကို အမြတ်ထုတ်ခဲ့သော လူယုတ်မာများ ဖြစ်ကြသည်။ ထို့အပြင် သူတို့က ကိုယ့်ကိုကိုယ် သူတော်စင် ပုံရိပ်များအသွင် ကြင်နာတတ်ပြီး ကိုယ်ကျင့်တရား ရှိသူများအဖြစ် ပုံဖော်တတ်ကြသည်။ ကိုယ်ကျင့်တရားကို သူတို့၏ လက်နက်အဖြစ် အသုံးပြုလျက် အခြားသူများကို စွပ်စွဲအပြစ်တတ်ကြသဖြင့် အရေခြုံများမှာ အစက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံး ဖြစ်သည်။
ယွမ်ရှောင်သည် အင်မော်တယ်စစ်ပွဲ ကျောက်စိမ်း သုံးခုကို လျင်မြန်စွာ စုဆောင်းပြီး ယို ချင်းကျစ်၏ ကျောက်စိမ်းကို ကော်ယူရန် သူ၏ ဓားကို အသုံးပြုခဲ့သည်။ ထို့နောက် သူက ချိုင် ဟွာချီ၊ ရွှေရောင် ရုပ်တုအတွင်း ရှိနေသော ကျောက်စိမ်းကိုလည်း ကျွမ်းကျင်စွာ တူးထုတ်လိုက်သည်။ အချိန်တိုအတွင်း သူ၏ အင်မော်တယ်စစ်ပွဲ ကျောက်စိမ်း အရေအတွက်က ခြောက်ခုဖြစ်လာပြီး အဆင့်စာရင်း၌ နံပတ်ဆယ့်ခုနစ်သို့ ရောက်ရှိလာခဲ့သည်။
"အရုဏ်တက်နတ် အင်မော်တယ်နတ်ပြည်ထောင် - ယွမ်ရှောင်: ၆ မှတ်"
မျှော်လင့်မထားသော အဖြစ်ကြောင့် တီးတိုးသံများ ထွက်ပေါ်လာကာ အချိန်တိုတောင်းသော ယှဉ်ပြိုင်မှု တစ်ခုလုံးသည် ပရိသတ်များ ကြိုတင်တွက်ဆထားသည့် စိတ်ကူးစိတ်သန်းများကို သာလွန်ေ ခဲ့သည်။ ပွဲကြည့်စင်မြင့်ပေါ်တွင် ပြန်ရောက်သောအခါ ရဲချင်းထျန်၊ ယိုဖုန်း နှင့် မူထျန်းရှီ တစ်ပြိုင်နက်တည်း ထိုင်ခုံပေါ်သို့ ဖင်ထိုက်လျက်လဲကျသွားကာ သွေးရောင်မျက်လုံးများဖြင့် အချင်းချင်းကြည့်လိုက်မိသည်။ သူတို့ထဲမှ မည်သူမဆို စကားတစ်ခွန်းမှ မပြောဆိုနိုင်ခင်မှာပင် နားကွဲလောက်အောင် ကျယ်လောင်သည့် အားပေးသံများ ကောင်းကင်နယ်မြေ တစ်ခွင် ပေါက်ကွဲထွက်လာသည်။ ယွမ်ရှောင် ၏အမည် ပဲ့တင်ထပ်နေကာ တစ်ချိန်က လူလေးစားခံခဲ့ရသော အဇူရာသစ်ရွက်အဖွဲ့၏ ဂုဏ်ကျက်သရေမှာ သူ၏ ခြေဖဝါးအောက်တွင် လုံးဝ နင်းခြေခံလိုက်ရသည်။
“ဒါက ပြပွဲကောင်းတစ်ခုလား၊ မသေချာဘူး၊ နောက်တစ်ခေါက် ကြည့်လိုက်ဦးမယ်”
အကြိမ်မည်မျှ ကြည့်သည်ဖြစ်ပါစေ၊ အဖြူရောင် ဝတ်ရုံဝတ် လူငယ်သည် ဓားကို ဝှေ့ယမ်းလျက် ပရိသတ်ကို ဆွဲဆောင်နိုင်စွမ်း မြင့်မားနေသည်။ တစ်ကိုယ်တော် စစ်သည်တစ်ဦး၏ တန်ခိုးစွမ်းအားဖြင့် သူသည် စစ်မြေပြင် တစ်ခုလုံး၏ ခမ်းနားထည်ဝါမှုကို ကျော်လွန်သွားပြီး ကွင်းတွင်း ချန်ပီယံ တိုက်ပွဲ အပိုင်းတွင် ဖြစ်ပွားနေသော ယှဉ်ပြိုင်မှုများပင် နှိုင်းယှဉ်ရလျှင် အရောင်မှိန်သွားပုံရသည်။ အားပေးသံများအကြားတွင် အနီးကပ်ရှိနေသော ချန်ကျင်းတို့ လေးယောက်လုံး သစ်သားတုံးများအဖြစ် ပြောင်းလဲသွားသကဲ့သို့ မလှုပ်မယှက် မင်သက်လျက်သား ရပ်နေမိကြသည်။
"မင်းတို့က ဘာတွေ ကြောင်ကြည့်နေတာလဲ။ ငါနဲ့ ပူးပေါင်းကြ၊ မဟုတ်ရင် ဒီနေရာကနေ လက်ဗလာနဲ့ ထွက်သွားရလိမ့်မယ်"
ယွမ်ရှောင်က လှည့်ကြည့်ပြီး တစ်ချက်ပြုံး၍ သတိပေးလိုက်သည်။
"ကျင်း ငါတို့တော့ ပွပေါက်တိုးပြီ" ကျောက်ရှောင်ထန်သည် ဆက်တိုက် ကျိန်ဆဲနေကာ ချန်ကျင်းကို ဆုပ်ကိုင်၍ အားရပါးရ ရယ်မောလိုက်၏။
"ဒါပေါ့"
ချန်ကျင်း၊ လန့်ကော်၊ နှင့် နန်းကုန်းရှုတို့၏မျက်လုံးများ မျှော်လင့်ချက်ဖြင့် တောက်ပလာကြပြီး ငွေသည် သူတို့အတွက် အဓိက ရည်မှန်းချက် မဟုတ်ဘဲ သူတို့ ရှာဖွေလိုသည်မှာ ဂုဏ်သိက္ခာ၊ လက်စားချေခြင်း၊ နှင့် တရားမျှတမှု ဖြစ်သည်။ ယွမ်ရှောင် ဦးဆောင်နေသောကြောင့် သူတို့က ထိုအရာအားလုံးအပြင် ငွေကိုပါ ရရှိလိမ့်မည်ဖြစ်ကာ ထို အခိုက်အတန့်တွင် သူတို့၏ မျက်လုံးများအတွင်း မီးတောက်တစ်ခု တောက်လောင်လာခဲ့သည်။
"ပတ်လည်တိုက်ပွဲ စည်းမျဉ်းအရ အောင်ပွဲ မြန်လေလေ နောက်တိုက်ပွဲကို ဝင်ရောက်တာ မြန်လေလေပဲ။ အင်မော်တယ်စစ်ပွဲ ကျောက်စိမ်းလည်း ပိုများများ ယူနိုင်တယ်"
သူတို့၏ ခြေထောက်အောက်မှ ဖွဲ့စည်းပုံ ပြောင်းလဲစပြုလာသဖြင့် ပြိုင်ဘက်သစ် တစ်ဦး မကြာခင် ရောက်ရှိလာပေ လိမ့်မည်။ ယွမ်ရှောင်၏ မျက်လုံးများသည် ပြောင်းလဲနေသော ဖွဲ့စည်းပုံကို စစ်ဆေးနေရင်း သတ်ဖြတ်လိုစိတ်ကြောင့် ရေခဲပမာ အေးစက်သွားသည်။
"သီအိုရီအရ၊ တကယ်လို့ ငါတို့ တိုက်ခိုက်တာက လုံလောက်အောင် လျင်မြန်နေရင် ပတ်လည်တိုက်ပွဲမှာ အဖွဲ့ အများစုနဲ့ ရင်ဆိုင်ရလိမ့်မယ်"
ပရိသတ်စင်မြင့်၏ ဘယ်ဘက်တွင် နတ်ဆိုးသူတော်စင် ၁၀၈ ပါး ထိုင်နေပြီး တစ်ဦးပြီးတစ်ဦး ယွမ်ရှောင်အပေါ် အာရုံစိုက်လာကြရင်း မျက်လုံးများ သွေးနီရောင် သန်းနေသည်။ ဓားစက်ကွင်းများမှ ဝိညာဥ်များ၏ နာကျင်စွာ ငိုသံကြားတိုင်း သူတို့၏ ဖြစ်တည်မှုအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်သည်။ သွေးစွန်းသော မျက်ရည်များ သူတို့၏ မျက်နှာများပေါ်သို့ တသွင်သွင် စီးကျလာကာ မျက်နှာထားများ တဖြည်းဖြည်း ပို၍ ညှိုးငယ်လာသည်။ သူတို့၏မျက်နှာများက အေးစက်စက်ဖြင့် အရုဏ်တက်နတ်နန်းတော်ဘက် လှည့်ကာ စိုက်ကြည့်နေကြသည်။ လူသားနှင့် နတ်ဆိုး အတူယှဉ်တွဲ နေထိုင်နိုင်သည်၊ သို့သော် အရုဏ်တက်နတ်ဧကရီ သေရမည်။ ဤစကားအရ
အရုဏ်တက်နတ် ဧကရီ မရှိတော့လျှင် ယွမ်ရှောင် မည်မျှအစွမ်းထက်ပါစေ၊ အရေးမပါတော့ချေ။