လနတ်သား လှုပ်ရှားပြီ
Vol. 15 Ch. 182
ဘုန်း ဘုန်း ဘုန်း
ယွမ်ရှောင်၏အမည်က ကွင်းတွင်း ချန်ပီယံ တိုက်ပွဲအထိ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။ ခဏတာအတွက် မရေမတွက်နိုင်သော စိန်ခေါ်သူများ၏အကြည့်သည် ကပ်လျက် ပတ်လည်တိုက်ပွဲ၏ စစ်တုရင်ခုံ တိုက်ပွဲစင်မြင့်ထံ ဆွဲဆောင်ခံရလိုက်ရပြီး နားမလည်နိုင်ဖြစ်နေကြသည်။
"အဲ့ဒီ အောင်ပွဲခံ အော်ဟစ်သံက ယွမ်ကောင်လေး သေသွားလို့လား"
တစ်စုံတစ်ယောက်က ရေရွတ်လိုက်ပြီး
"ဖြစ်နိုင်တယ်"
နတ်ဆိုးတိုက်ကြီးမှ အုပ်စုတစ်စုက ကောက်ကျစ်သော အပြုံးများဖြင့် ရယ်မောလိုက်ကြပြီး တိုက်ပွဲမြင်ကွင်းမှာ ပရမ်းပတာဖြစ်နေသဖြင့် အမှန်တရားကို မမြင်နိုင်ကြချေ။
"တစ်ခုခုတော့ လွဲနေပြီ"
တစ်ဦးက သုံးသပ်ပြ၏။
"အဲ့ဒီ အားပေးသံက အရမ်း ဆူညံတက်ကြွလွန်းတယ်။ သူ သေသွားသလို မဟုတ်လောက်ဘူး"
သူတို့ မင်သက်သွားကြပြီး ယွမ်ရှောင်၏အမည်သည် ဦးဆောင်သူ စာရင်းတွင် ပေါ်နေပြီဖြစ်၍ တီးတိုးသံများ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
"ကြားပြီးပြီလား။ ယွမ်ရှောင်က နဂါးအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်တန်း ငါးဦးကို တစ်ကိုယ်တော် အနိုင်ယူခဲ့တယ်"
"ဘာ"
ပိတ်ဆို့ထားသော ပတ်လည်တိုက်ပွဲနှင့် နှိုင်းယှဉ်လျှင် ကွင်းတွင်း ချန်ပီယံ တိုက်ပွဲသည် ဟင်းလင်းဖွင့်ထားသောကြောင့်တောမီးကဲ့သို့ ပျံ့နှံ့လာသည့် သတင်းကို အချိန်တိုအတွင်း ချန်ပီယံ ဆယ့်ခြောက်ဦး နှင့် စိန်ခေါ်သူ ငါးထောင်လုံး သိရှိသွားကြသည်။
"တစ်ယောက်တည်းနဲ့ ငါးယောက်လုံးကို ယှဉ်တိုက်ခဲ့တာလား"
ချန်ရီသည် သူမ၏ ပထမဆုံး စိန်ခေါ်သူကို ဖြေရှင်းပြီးကာစ ဖြစ်ကာ စစ်တုရင်ခုံ စစ်မြေပြင်ကို စိုက်ကြည့်ရင်း နီစွေးစွေး နှုတ်ခမ်းကို ကိုက်လျက် စိတ်ပိုင်းဖြတ်မှုနှင့် အနိုင်ရလိုမှုက သူမ၏ မျက်ဝန်းများတွင် တောက်ပနေသည်။
"လာခဲ့စမ်း"
သူမက နောက်ထပ် စိန်ခေါ်သူများကို စိတ်မရှည်ဟန်ဖြင့် ခေါ်လိုက်ပြီး မည်သူဖြစ်ပါစေ၊ ကောင်းကင်နယ်မြေ၊ နတ်ဘုရားတိုက်ကြီးနှင့် နတ်ဆိုးတိုက်ကြီး တစ်လျှောက် သူတို့၏ အမည် ပဲ့တင်ထပ်ရန် လိုလားကြပေသည်။ ခဏတာအတွင်း ချန်ပီယံ အားလုံးအတွက် စိန်ခေါ်သူများ ပို၍ များပြားလာကာ ရွှေရောင် စင်မြင့်တစ်ခုပေါ်တွင် ခါးအထိ ရှည်သော ဆံပင်နှင့် အနက်ရောင် ဝတ်ဆင်ထားသော လူငယ် အမျိုးသမီးတစ်ဦးသည် လူသား စိန်ခေါ်သူတစ်ဦးကို တစ်ချက်တည်း ရိုက်ချလိုက်ရုံဖြင့် ဦးခေါင်း ပွင့်ထွက်သွားစေသည်။ ယွမ်ရှောင်၏ အမည်ကို ကြားသောအခါ သူမက အေးစက်စွာ မျက်မှောင်ကြုတ်လိုက်သည်။
"မြေခွေးငယ်လေး"
သူမ၏ စင်မြင့် ဘေးတွင် ငွေရောင် ဆံပင် ရှိသည့် ပုဂ္ဂိုလ်တစ်ဦး ရပ်နေပြီး လိင်နှစ်မျိုးလုံးဆန်သော ထူးခြားအသွင်ဖြင့် မြေခွေးအမြီး သုံးချောင်းရှိကာ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ သူမ၏ ခေါ်သံကို ကြားသောအခါ လနတ်သားသည် အဖြူရောင် အဝတ်စဖြင့်၊ သူမ၏ လက်ရှိ သွေးများကို စေ့စပ်သေချာစွာ သုတ်သင်ပေးကာ အစေခံအဖြစ် လက်ရှိလုပ်ကိုင်နေရသည်။
"လူသားသွေးက နံတယ်"
အနက်ရောင်ဝတ်မိန်းကလေးက ရွံရှာဟန်ဖြင့် မှတ်ချက်ချကာ ပတ်ပတ်လည်မှ မျက်လုံးများ မီးဝင်းဝင်းတောက်နေသော လူသား စိန်ခေါ်သူ အုပ်စုကို ကြည့်နေရာမှ လနတ်သားကို ပြောသည်။
" သန့်ရှင်းရေး သေချာလုပ်"
သူမက အလွန်အသန့်ကြိုက်သူဖြစ်ပြီး ယနေ့ ချေမှုန်းရမည့် ကျင့်ကြံသူ အရေအတွက်ကို ထောက်လျှင် နေ့၏ အဆုံးတွင် သွေးများဖြင့် စိုရွှဲနေပေလိမ့်မည်။ လနတ်သားသည် ဦးခေါင်း ငုံ့ထားရင်း သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ချောင်းများအကြားကို အစွန်းအထင်းကင်းမဲ့ တောက်ပသွားသည်အထိ စေ့စပ်သေချာစွာ သန့်စင်ပေးခဲ့ရသည်။
"မင်း တော်တော်လေး နာခံတတ်တာပဲ။ ငါ့ကို ကောင်းကောင်း အမှုထမ်းရင် မင်းကို ဆုချခံရလိမ့်မယ်"
အနက်ရောင်ဝတ် မိန်းကလေးက သူမ၏ လက်ကို လျင်မြန်စွာ ရုတ်သိမ်းပြီး လနတ်သားထံ အကြည့်တစ်ချက် ပစ်လွှတ်၍
အထက်စီးမှ ပြောနေသဖြင့် လနတ်သားသည် သိမ်မွေ့သော အပြုံးဖြင့် ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်ခဲ့၏။ ထို့နောက် နောက်ထပ် ရဲရင့်သော သို့မဟုတ် မဆင်မခြင် မိုက်မဲသော လူသား စိန်ခေါ်သူတစ်ဦး ရှေ့သို့ တက်လာသောကြောင့် သူမ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ် လျှပ်တပြက် ပေါ်လာသည်။
"မင်း လူမသတ်တာ အကောင်းဆုံးထင်တယ်။မဟုတ်ရင် မင်းကို စိန်ခေါ်လိုတဲ့ ဘယ်သူမှ ကျန်ရှိတော့မှာ မဟုတ်ဘူး"
လနတ်သား စိတ်ရင်းမှန်ဖြင့် အကြံပြုသည်၊
"ငါက မင်းရဲ့ အကြံဉာဏ် လိုအပ်တယ်လို့ ထင်သလား။ ကိုယ့်တာဝန်ကိုသာ လုပ်ပြီး ပါးစပ်ပိတ်ထား"
သူမက စိုက်ကြည့်လျက် အေးစက်စက် ပြန်ပြောသည်။ စိန်ခေါ်သူများ မရှိလျှင် သူမ၏ အဆင့်သည် ပထမနေ့၏ ဦးဆောင်သူစာရင်းတွင် ကျဆင်းသွား၍ ထိပ်ဆုံးနေရာကို ရရှိရန် ခက်ခဲကြောင်း သိထားသော်လည်း အစပိုင်းတွင် ပျော်ရွှင်မှု အနည်းငယ် ရရှိလိုရုံသာ သတ်ဖြတ်နေခြင်းပင်။ လနတ်သားက အခြားတိုက်ပွဲကွင်းများကို လှမ်းကြည့်လျက် လူအုပ်ထဲသို့ ရောနှောသွားပြီး မိန်းကလေး၏ ဘေးမှ ပျောက်ကွယ်သွားသည်။ နောက်ထပ် စိန်ခေါ်သူတစ်ဦး အနက်ရောင်ဝတ် သူမရှေ့တွင် ရှုံးသွားသော်လည်း ဤတစ်ကြိမ် သနားကြင်နာပေးခဲ့သည်။
"မြေခွေးလေး"
သူမက သန့်ရှင်းရေးလုပ်ရန် အမိန့်ပေးလိုက်သော်လည်း လှုပ်ရှားမှုမရှိသဖြင့် လှည့်ကြည့်လိုက်ရာ လနတ်သား ပျောက်ကွယ်နေ၍ ဒေါသကြောင့် အစွယ်တစ်စုံ ထွက်ပေါ်လာ၏။ တစ်ဖက်ကို သူမအား အမှုထမ်းရန် အခွင့်ထူး ပေးအပ်ထားသော်လည်း သူက လျှောက်သွားရဲနေသည်။ ဤတိုက်ပွဲကွင်းများတွင် လနတ်သားအနေဖြင့် အောင်မြင်မှု မရနိုင်ဟု သူမက နားလည်ထားပြီး အပြင်ပြန်ရောက်လျှင် ထွက်ပြေးမှုအတွက် နောင်တရစေမည်ဟု စိတ်ဆိုးဒေါသထွက်ရင်း ရက်စက်သော တိုက်ပွဲကိုသာ ပြန်လည် အာရုံစိုက်ခဲ့သည်။
ခြေဗလာဖြင့် လူအုပ်အကြားတွင် တိတ်တဆိတ် လမ်းလျှောက်နေသော လနတ်သားထံ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး သူ၏ အရေပြား ဆွေးမြေ့ကာ အဝါရောင် အရောင်သန်းသွားသည်။ သူ၏ အရိုးများအတွင်း၌ သရဲတစ္ဆေဆန်သော အဖြူရောင် မီးလျှံတစ်ခု ထူးဆန်းစွာ ပေါ်ထွက်လာ၍ နေရာတိုင်း၊ အရိုးများ ကြေမွကာ ဆွေးမြေ့သွားသည်။
"လေမီးတောက် ကပ်ဘေးလား"
လူအုပ်ကြီးက ငွေရောင် ဆံပင်နှင့် နတ်ဆိုးကို အံ့ဩတကြီး ကြည့်နေကြပြီး အင်မော်တယ်စစ်ပွဲအတွင်း လေမီးတောက် ကပ်ဘေးကို ရင်ဆိုင်ရခြင်းမှာ အမှန်တကယ်ပင် ကံဆိုးသော လက္ခဏာတစ်ခု ဖြစ်သည်။ ကံကောင်းစွာဖြင့် စင်မြင့်များ အပြင်ဘက်တွင် တိုက်ခိုက်မှု တားမြစ်ထားပြီး မည်သူမှ ကြားဖြတ်နှောင့်ယှက်ရဲသော သတ္တိ မရှိပေ။ သို့သော် သူတို့ကို အမှန်တကယ် အံ့သြစေသည်မှာ ဤ နတ်ဆိုးက ကပ်ဘေးကို ကျော်ဖြတ်ရာ၌ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းနေသည့် မြင်ကွင်း ဖြစ်သည်။ အခြားသူများဆိုလျှင် ပုံမှန်အားဖြင့် တရားထိုင်ကာ ကိုယ့်ကိုကိုယ် ကာကွယ်ရန် တံဆိပ်ခတ်ပြီး ဘေးအန္တရာယ်ကို ဆန့်ကျင်ရန် အစွမ်းအစ ရှိသမျှဖြင့် တိုက်ခိုက်ကြပေလိမ့်မည်။
လေမီးတောက် ကပ်ဘေးသည် လူတစ်ဦး၏ ခန္ဓာကိုယ်ကို ဖျက်ဆီးရန် ဖြစ်ပြီး ကျဆုံးသူများ သေဆုံးမည်ဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူများ ပြန်လည် မွေးဖွားကြပေလိမ့်မည်။ လနတ်သားက စုစုပေါင်း ခြေလှမ်း ဆယ်လှမ်း လှမ်းခဲ့ပြီး ကပ်ဘေး၏ ပြင်းထန်မှုမှာ တစ်လှမ်းစီဖြင့် ပို၍ ပြင်းထန်လာပြ ပဉ္စမမြောက်တွင် တစ်ကိုယ်လုံး ဆွေးမြေ့နေလုနီးပါး ကြည့်ရဆိုးလာသည်။ သို့သော် ဆဋ္ဌမမြောက် ခြေလှမ်းတွင်ဆွေးမြေ့သော အသားနှင့် အရိုးများမှာ အသစ်ပြန်လည် ဖြစ်တည်လာကာ နောက် ငါးလှမ်းတွင် ပြောင်းလဲမှုအသစ်တစ်ခု စတင်လာခဲ့သည်။ ဆယ်လှမ်းမြောက်တွင်၊ သူက လုံးဝတက်ကြွ၍ ပြန်လည် နုပျိုသွားပုံရပြီး လေမီးတောက်ကပ်ဘေးနယ်ပယ်ကို ကျော်ဖြတ်နိုင်ခဲ့ကာ ခန္ဓာကိုယ်အတွင်ရှိ နတ်ဆိုးစွမ်းအင်မှာ သူတော်စင်နယ်ပယ်လား အစွမ်းထက်နေပြီး နောက်ပိုင်းအဆင့်သို့ တစ်ချက်တည်း ရောက်ရှိသွား၏။
"ကိုယ်ပွားနဲ့ ပျက်စီးအဆီအနှစ်ကို စုပ်ယူခြင်းက အရာရာကို သေချာပေါက် ရိုးရှင်းစေတာပဲ"
အထူးသဖြင့် နဂါးငွေ့တန်းအဆင့် ပျက်စီးအဆီအနှစ်နှင့် ဒေါင်းမင်းသားမှ လက်ဆောင်ပေးခဲ့သော အရာ သရဲမီးလျှံသည် ခန္ဓာကိုယ်၏ ခြေလက်အင်္ဂါတိုင်းနှင့် ထောင့်တိုင်းသို့ ပျံ့နှံ့သွားခဲ့သည်။ သူက ၎င်းကို စုပ်ယူပြီးသည်နှင့်တပြိုင်နက် မိစ္ဆာအသား ချပ်ဝတ်တန်ဆာ၏ ကာကွယ်မှုဖြင့် လေမီးတောက် ကပ်ဘေးကို ရင်ဆိုင်ခဲ့သည်။ ချက်ချင်း လိုက်ပါလာခဲ့သည်။ ပျက်စီးနတ်ဆိုးနတ်ဘုရားသည် ရှေးဦး ရှေးဟောင်း အင်မော်တယ်နှင့် တူညီသော အဆင့်တွင် ရှိနေပုံရ၏။
"ခြေဆယ်လှမ်းနဲ့ ကပ်ဘေးတစ်ခု"
ယွမ်ရှောင်၏ စွမ်းဆောင်ရည်အပြီး နောက်ထပ်အံ့ဖွယ်ဖြစ်ရပ်တစ်ခုသည် လှိုင်းလုံးပမာ စစ်မြေပြင်ကို လွှမ်းခြုံသွားပြီး မရေမတွက်နိုင်သော လူသားများနှင့် နတ်ဆိုးများ၏ မျက်လုံးများ အံ့ဩမှုဖြင့် ပြူးကျယ်လာကာ လူသားများ မျက်မှောင်ကြုတ်၍ နတ်ဆိုးများ ကျေနပ်သွားပုံရသည်။
"ဒီမြေခွေး မျိုးနွယ် ပါရမီရှင် ဘယ်က ရောက်လာတာလဲ"
"ငါတို့ သူရဲ့ အချက်အလက် လိုအပ်တယ်"
နတ်ဆိုးသူတော်စင် ၁၀၈ ပါးလုံးက မျက်လုံးများ တောက်ပလင်းလက်၍ ပြင်းပြင်းထန်ထန် ဆွေးနွေးကြသည်။
"လနတ်သားက ရှေးဦး နတ်ဆိုးတစ်ကောင်လား။ သူက ဝိညာဉ်ရတနာနန်းတော်တွင် ယွမ်ရှောင်ဆီမှာ အရှက်ခွဲခံခဲ့ရတာ မဟုတ်ဘူးလား။ အရင်နှစ်ရက်က နတ်ဆိုးသွေးကြော နယ်ပယ် မဟုတ်ဘူးလား။"
"ဟွာလျန် သခင်မရဲ့ တစ်ဦးတည်းသော တိုက်ရိုက် တပည့်လား"
အချိန်တိုအတွင်း ဤ ပါရမီရှင်အသစ်အကြောင်း တီးတိုးသံများ ပျံ့နှံ့နေစဥ် လနတ်သားသည် ရွှေရောင် စင်မြင့်တစ်ခုရှေ့တွင် ရပ်နေသည်။
"ငါက နတ်ဆိုးတိုက်ကြီးကို ကိုယ်စားပြုတဲ့ လနတ်သား ဖြစ်ပြီး နှောင်းပိုင်းအဆင့် လေမီး ကပ်ဘေး နယ်ပယ်နဲ့ မင်းကို ယှဉ်ပြိုင်ဖို့ စိန်ခေါ်တယ်"
အခြား နတ်ဆိုးများနှင့်အတူ သူက စိန်ခေါ်၍ ရွှေရောင် စင်မြင့်ပေါ်တွင် အရပ်မြင့်ပြီး၊ အလွန် လှပသော လူသားမျိုးနွယ်မှ လိမ္မော်ရောင်ဝတ်ရုံနှင့် မိန်းကလေးတစ်ယောက် ရပ်နေသည်။ သူမ၏ လက်ထဲတွင် မှော်ယပ်တောင်တစ်ခုကို ကိုင်စွဲထားပြီး နတ်ဆိုး စိန်ခေါ်သူတစ်ဦးကို ခုလေးတင် ဖယ်ရှားသတ်ပစ်ခဲ့သည်။ ဝိညာဉ်ရတနာ အင်မော်တယ်နတ်ပြည်ထောင်တွင် စီမုယိုသည် မီးရှူးတန်ဆောင်ကဲ့သို့ ထင်ရှားပြီး ကောင်းကင်နယ်မြေတစ်ခွင် ပြိုင်ဘက်ကင်းသော အလှတရားအတွက်သာမက ဝိညာဉ်ရတနာ အင်မော်တယ်နတ်ပြည်ထောင်၊ ရတနာ ဧကရာဇ်၏ ချစ်မြတ်နိုးရသော မြေးမအဖြစ်လည်း ကျော်ကြားသည်။ လက်ရှိတွင် သူမက နိုင်ငံ၏ အရည်အချင်းအရှိဆုံး ပါရီရှင်ဖြစ်သောကြောင့် ချန်ပီယံအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိ၏။ ဝိညာဉ်ရတနာ အင်မော်တယ်နတ်ပြည်ထောင်တွင် အရည်အချင်းရှိသူများနှင့် ကြွယ်ဝမှုများ ပေါများပြီး နတ်ဆိုးတိုက်ကြီး၏ အမြင်တွင် ကိတ်မုန့်ပေါ်မှ အရသာရှိသော ချယ်ရီသီးအလားပင်။
စီမုယိုက ဦးဆောင်သူစာရင်းကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီး ခဏတာ အချိန်အတွင်းမှာပင် ထိပ်ဆုံး ပါရမီရှင် ဆယ့်ခြောက်ဦးအကြား နောက်ပိုင်းအဆင့်များထံ လျှောကျနေသည်ကို တွေ့ရှိလိုက်ရသည်။
"မင်း လာခဲ့စမ်း"
သူမက စိန်ခေါ်နေသော လူအုပ်ကြားမှ ငွေရောင် ဆံပင်နှင့် နတ်ဆိုးတစ်ဦးထံ ညွှန်ပြလိုက်သည်။
"အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မလေး စီ"
လနတ်သားက ရွှေရောင် စင်မြင့်ပေါ်သို့ ကျက်သရေရှိစွာ လှမ်းတက်၍ ကျေးဇူးတင်စွာ ဦးညွှတ်လိုက်သည်။
"ဘာကြောင့် ဟန်ဆောင်နေတာလဲ။ မင်းတို့ နတ်ဆိုးတွေက အဝတ််အစားဆင်ယင်ပြီး လူသား ဓလေ့ထုံးစံတွေကို တုပနေတာလား"
စီမုယိုက အေးစက်စက်အသံဖြင့် ဖြတ်ပြောလိုက်၏။ လနတ်သားက တစ်ချက်ပြုံး၍ သူမကို စတင်တိုက်ခိုက်ရန် လက်ဟန်ပြလိုက်သောကြောင့် နတ်ဆိုးပါရမီရှင်တစ်ယောက် ဝိညာဉ်ရတနာ အင်မော်တယ်နတ်ပြည်ထောင်၏ ထိပ်တန်း ပါရမီရှင်ကို စိန်ခေါ်သည်ကို ပရိသတ်များစွာ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြသည်။
"လနတ်သား တိုက်ခိုက်ပစ်"
"အဲ့ဒီ လူသား မိန်းကလေးကို မျိုချလိုက်"
"သူမကို ဆွဲဖြဲပြီး အတွင်းအင်္ဂါတွေကို စားသောက်လိုက်။ အရသာရှိမှာပဲ"
နတ်ဆိုးများ၏ အော်ဟစ်အားပေးမှုကြောင့် စီမုယိုက မျက်မှောင်ကြုတ်ကာ အကြည့်များ ပို၍ပင် အေးစက်လာသည်။
"မင်းက တော်တော်လေး ကျော်ကြားမယ်ထင်တယ်"
သူမက လှောင်ပြောင်၍ ယပ်တောင်ကို ဆုပ်ကိုင်လိုက်သောအခါ မုန်တိုင်းများ တိုက်ခတ်လာ၍ နဂါးငွေ့တန်းအဆင့်ရတနာ လေပြင်းယပ်တောင်ကြောင့် ခန့်ညားလှပနေသည်။ သူမက သူတော်စင်နယ်ပယ်မဟုတ်သော်လည်း ဝှက်ဖဲမရှိသော စိန်ခေါ်သူများ ရင်ဆိုင်တိုက်ခိုက်နိုင်သူ မဟုတ်ချေ။
ဝှစ်
ပြင်းထန်သော လေပြင်းများ သူမထံမှ တိုက်ခတ်လာ၍ လနတ်သား၏ ငွေရောင် ဆံပင်ကို ရှုပ်ထွေးသွားစေပြီး သားရဲ လက်သည်း ဆွဲသီး နှစ်ခုက သူ၏ နားရွက်များတွင် တောက်ပနေ၍ မြေခွေးအမြီး သုံးချောင်း ပိုရှည်လာကာ ဆရာဖြစ်သူထံမှ လက်ဆောင်ရတနာများဖြစ်ကြသည်။
"လူသား ဆန်ဆန် ဝတ်ဆင်ထားရင်တောင် နတ်ဆိုးက နတ်ဆိုးပဲ။ ပြောင်းလဲမှာ မဟုတ်ဘူး"
စီမုယိုက အထင်သေးစွာ မှတ်ချက်ချ၍ လေပြင်းအလား ရှေ့သို့ ပြေးတက်လာကာ လေပြင်းယပ်တောင်ကို ဆုပ်ကိုင်ပြီး အားပါပါ ဝှေ့ယမ်းလိုက်သည်။ အလင်းစက်ကွင်း အဆင့် တာအို ဂါထာ၊ လေကောင်းကင် မီး သန့်စင်ခြင်းကို အသုံးပြုကာ သူမသည် ယပ်တောင်ဖြင့် မီးလျှံ လေဆင်နှာမောင်းတစ်ခုကို ဆင့်ခေါ်လိုက်ရာ တစ်ခဏအတွင်း ရွှေရောင် စင်မြင့် တစ်ခုလုံး မီးလျှံ မုန်တိုင်းတစ်ခုအကြား နစ်မြုပ်သွား၏။ လိမ္မော်ရောင် ဝတ်ရုံက တဖြတ်ဖြတ် လွင့်ပျံနေပြီး လနတ်သားထံ ယပ်တောင်ဖြင့် တည့်တည့်မတ်မတ် ချိန်ရွယ်ကာ မှော်ရတနာအပေါ် သူမ၏ ကျွမ်းကျင်မှုသည် ရဲ ရှန်းယင်ထက် များစွာ သာလွန်သည်မှာ ထင်ရှားပေသည်။ ဤ မီးမုန်တိုင်းအောက်တွင် လနတ်သားသည် နောက်ပိုင်းအဆင့် လေမီး ကပ်ဘေး နယ်ပယ် ကျင့်ကြံသူဖြစ်သော်လည်း အချိန်မရွေး ရှုံးနိမ့်သွားနိုင်သော အားနည်းသူပမာ ဖြစ်နေပုံရသည်။
"နတ်ဆိုးဟုတ်လား"
သူက တစ်ချက်ပြုံး၍ ပြိုင်ဘက်နှင့် မျက်လုံးချင်းဆုံကြည့်ကာ အဖြူရောင်မြူခိုးများ လွှမ်းခြုံလာပြီး မျက်တောင်တစ်ခတ်အတွင်း အမြှီးသုံးချောင်း မြေခွေးဖြူအသွင်ပြောင်းသွားသည်။
"နိမ့်ကျတဲ့ မြေခွေးတစ်ကောင်"
စီမုယိုက အထင်သေးစွာ နှာခေါင်းရှုံ့၍ လေပြင်းယပ်တောင်ဖြင့် ကောင်းကင် မီး သန့်စင်ခြင်း ဂါထာကို ဖန်တီးရင်း သူ့ထံ ပစ်ခတ်လိုက်၏။
"ပုံရိပ်ယောင် နယ်မြေ"
လနတ်သားက သူ၏ နတ်ဆိုး နည်းစနစ်ကို ထုတ်ဖော်လိုက်သောအခါ စင်မြင့် တစ်ခုလုံး ထူထပ်ပြီး ဆန်းကြယ်သော မြူခိုးများ ရောက်ရှိလာကာ ၎င်း အခြား နယ်မြေ တစ်ခုထံ ပြောင်းလဲသွားသယောင် ထင်မှတ်ရသည်။ ဤစွမ်းရည်က မြေခွေး နတ်ဆိုးများ၏ အခြေခံ လှည့်ကွက်တစ်ခုသာ ဖြစ်သော်လည်း ပျက်စီးနတ်ခန္ဓာကိုယ် နှင့် ဖန်ဆင်းရှင်မိုးစက် ပေါင်းစပ်မှုကြောင့် ဆင့်ကဲပြောင်းလဲလာကာ တစ်ဖက်လူ သတိမထားနိုင်ခင်မှာပင် သဘာဝကျကျ ဆွဲဆောင်နိုင်သည်။ ဤအကြောင်းအရင်းကြောင့် ဟွာလျန် သခင်မ နှင့် အနက်ရောင်ဝတ် မိန်းကလေးကဲ့သို့ နတ်ဆိုးများ ကိုယ်တိုင်မသိလိုက်ဘဲ သိမ်မွေ့စွာ ဆွဲဆောင်ခံခဲ့ရခြင်းပင်။
စွဲမက်ဖွယ် မြူခိုးများ သူမကို လွှမ်းခြုံသွားသည်နှင့်တပြိုင်နက် စီမုယို တုန်လှုပ်သွားကာ အတုအယောင် အလင်းများအကြား ချိုမြိန်သော စကားလုံးများကို တီးတိုးကြားနေရပြီး မြေခွေးအပေါ် သူမ၏ ရန်လိုမှုကို လျော့ပါးလာ၏။ သူမ၏စိတ်ကို အတိတ်၏ အမှတ်တရများ ပြန်လည် လွှမ်းမိုးလာကာ အမိုက်အမှောင်ထဲသို့ ရောက်ရှိသွား၍ မြေခွေးတစ်ကောင်အစား လေးနက်တောက်ပသော မျက်လုံးများနှင့် ဆွဲဆောင်မှုရှိသော လူကြီးလူကောင်းတစ်ဦး သူမ၏ ရှေ့တွင် ရပ်နေသည်။
"ဘာကြောင့် သေမျိုး လောကရဲ့ ဝမ်းနည်းပူဆွေးမှုကို ခံစားနေတာလဲ။ ငါနဲ့အတူ ထွက်ပြေးပြီး လွတ်လွတ်လပ်လပ် လှည့်လည်သွားလာကြမယ်။ ထာဝရ ပျော်ရွှင်မှုကို ရယူမယ်လေ"
အိပ်မက်ဆန်သော အသံများက သူမ၏ နားအတွင်း လွှမ်းမိုးဝင်ရောက်လာပြီး နွေးထွေးမှုအောက်တွင် သတ်ဖြတ်လိုစိတ်နှင့် တိုက်ခိုက်ချင်စိတ်များ အငွေ့ပျံသွားရသည်။ သူမက လက်ရှိအခြေအနေကိုပင် မေ့လျော့သွားကာ တိုက်ကွက်အားပျော့လာ၍ လေပြင်းယပ်တောင်ပင် တဖြည်းဖြည်း နှေးကွေးလာကာ ရပ်တန့်လုနီးပါး ဖြစ်နေခဲ့၏။
"စီမုယို၊ မြေခွေးရဲ့ သွေးဆောင်မှုအောက်မှာ မကျဆုံးစေနဲ့"
ရုတ်တရက် ထွက်ပေါ်လာသော အော်ဟစ်သံများကြောင့် သူမ သတိပြန်ဝင်လာကာ လက်တွေ့ဘဝသို့ ပြန်ရောက်လာပြီး တစ်ကိုယ်လုံး ကြောက်စိတ်ဖြင့် တုန်ရီနေသည်။
"မြေခွေးတစ်ကောင်ကို ဆန့်ကျင်တိုက်ခိုက်နေရင်း မင်းရဲ့ ဒူးတွေ အားနည်းနေပြီထင်တယ်၊ မဟုတ်ဘူးလား"
သရဲခြောက်လိုက်သကဲ့သို့ တီးတိုးစကားသံတစ်ခု သူမ၏ နားအတွင်းကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ မြေခွေးမျက်နှာနှင့် အနီးကပ် ဆုံလိုက်ရပြီး လက်သည်းတစ်ချက် ပုတ်ခံခဲ့သည်။
လေဒိုင်းကာတစ်ခု ကာကွယ်ရန် ချက်ချင်းထွက်ပေါ်လာသော်လည်း အံ့သြစရာကောင်းသည်မှာ တစ်ဖက်လူ၏ အင်အားသည် ရှေးဟောင်းဆင်ရိုင်းကြီးတစ်ကောင်ပမာ ပြင်းထန်ပြီး ၎င်းကို ဖျက်ဆီးကာ ဆက်လက်ကျဆင်းလာသည်။
"အား"
စီမုယို၏ ပါးစပ်မှ သွေးများအန်ထွက်လာကာ ဝတ်ရုံပေါ်တွင် အနီရောင်စွန်းထင်း၍ မြေပြင်၌ အကြိမ်ပေါင်းများစွာ လိမ့်ထွက်သွားပြီးမှ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့လေသည်။