← Chapters

မဟာကပ်ဘေး

Vol. 15 Ch. 183

မဟာကပ်ဘေး

Vol. 15 Ch. 183

နတ်ဆိုးအုပ်၏ လှောင်ပြောင်သံများ ထွက်ပေါ်လာကာ စိတ်လှုပ်ရှားနေကြပုံရသည်။

"မင်း... မင်း ယုတ်မာတဲ့ သားရဲ၊ ငါ့ဂုဏ်သိက္ခာကို ဖျက်စီးခဲ့တယ်"

စီမုယိုသည် အားတင်းကာ ထရပ်လိုက်ပြီး သူမ၏ မျက်လုံးများ ဒေါသကြောင့် သွေးနီရောင် သန်းနေသည်။ ဘဝတစ်လျှောက်လုံး သူမက မီးရှူးတန်ဆောင် ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပြီး ယခု ခံစားခဲ့ရသော အရှက်ရမှုကို သည်းမခံနိုင်ခဲ့ပေ။ ဝိညာဥ်ရတနာ နိုင်ငံသားများ၏ စိတ်ပျက်နေသော မျက်နှာများကို မြင်ယောင်နေရင်း နတ်ဆိုးသားရဲတစ်ကောင်၏ အနိုင်ယူခံရသော လူသားတစ်ယောက်အဖို့ သေချင်စိတ်ပေါက်လာ၏။ ဒေါသတကြီး ဟိန်းဟောက်ကြုံးဝါး၍ ပြင်းထန်သော ဒဏ်ရာများကို လျစ်လျူရှုကာ သူမ၏ လေပြင်းယပ်တောင်ကို ဝှေ့ယမ်းပြီး လနတ်သားထံ လေဆင်နှာမောင်းကဲ့သို့ ပြေးဝင်တိုက်ခိုက်ခဲ့သည်။ ၎င်းက သာမန် ယပ်တောင်ကဲ့သို့ ထင်မှတ်ရသော်လည်း အစွန်းများ၌ သင်တုန်းဓားကဲ့သို့ ထက်မြက်၍ ပုဆိန်တစ်လက်ပမာ အသုံးပြုနိုင်သည်။

ဘန်း

လေမီးတောက် ကပ်ဘေး နယ်ပယ် ကျင့်ကြံမှုက သူမကို စစ်မြေပြင်တွင် အသာရစေပြီး တစ်ချက်တည်း တိုက်ကွက်ဖြင့် ယပ်တောင်နှင့် ပြိုင်ဘက် မြေခွေး၏ နဖူးကို ခုတ်ပိုင်းလိုက်သည်။သူမက ထိုသတ္တဝါကို နှစ်ပိုင်း ခွဲရန် ရည်ရွယ်ထားသော်လည်း စိတ်ပျက်စရာကောင်းလောက်အောင် အခြားနဂါးငွေ့တန်းအဆင့် ရတနာတစ်ခုကို ရိုက်ချိုးနေသကဲ့သို့ ခံစားလိုက်ရ၏။ မီးပွားများ လွင့်စင်၍ လနတ်သားက နောက်သို့ လွင့်ထွက်သွားသော်လည်း နဖူး၌ ခြစ်ရာတစ်ခုသာ ကျန်စ်ခဲ့ပြီး လှလှပပ ဆင်းသက်လိုက်သည်။

သူမက နောက်ထပ်သွေးအန်လာသောကြောင့် ဝတ်ရုံတစ်ခုလုံး အနီရောင် စိုရွှဲနေသည်။ သဘာဝအားဖြင့် မြေခွေး နတ်ဆိုးတစ်ကောင်က နုနယ်သော ခန္ဓာကိုယ်သာ ရှိသော်လည်း တစ်ဖက်လူမှာ မဖြစ်နိုင်လောက်အောင် ကြံ့ခိုင်နေသည်။ သူမ၏ အားနည်းသော အခြေအနေတွင်ပင် လေပြင်းယပ်တောင်သည် မြေခွေးနတ်ဆိုး၏ ဦးခေါင်းကို လွယ်ကူစွာ ထိုးခွဲနိုင်သင့်သည်မဟုတ်ပါလော။ သူမက မယုံကြည်နိုင်ဖြစ်နေကာ အံကြိတ်၍ ဒဏ်ရာများကို လျစ်လျူရှုပြီး လနတ်သားထံသို့ နောက်တစ်ကြိမ် ပြေးဝင်တိုက်ခိုက်လိုက်ရာ သူမ၏ နောက်တွင် သွေးလမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။

"ဘာလို့ မင်းက ခုခံနေတာလဲ။ မင်းက ရှုံးနိမ့်ပြီးသားပဲ"

လနတ်သား၏ အသံက အေးစက်စက် ထွက်ပေါ်လာသည်။

"ဒါက ငါ့လူမျိုးအတွက် စစ်မြေပြင်ပဲ။ ငါက နိုင်ငံတစ်ခုလုံးရဲ့ မျှော်လင့်ချက်ကို ထမ်းဆောင်ထားလို့ သေမှ လက်နက်ချမယ်"

စီမုယိုက သွေးအလိမ်းလိမ်းဖြစ်နေသော်လည်း ပြေးဝင်တိုက်ခိုက်နေဆဲပင်ဖြစ်ရာ လနတ်သား၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လျင်မြန်သော လှုပ်ရှားမှုတစ်ခုဖြင့် မြေခွေး၏ အမြီး သုံးချောင်း ရှေ့သို့ ဝှေ့ယမ်း၍ စီ မုယို၏ လေပြင်းယပ်တောင်ကို လုယူပြီး သူမကို ဖမ်းချုပ်ပစ်လိုက်သည်။ သွေးထွက်လွန်မှုကြောင့် အလွန်အားနည်းနေသဖြင့် အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။

"ငါ တောင်းပန်ပါတယ်။ ဒါပေမယ့် မင်းကို သေခွင့် မပေးနိုင်ဘူး။ ငါ့အကြံအသည်အတွက် လောလောဆယ် လူသားမျိုးနွယ်ကို ဆန့်ကျင်ရဦးမယ်"

လနတ်သားက စိတ်ထဲမှ ခပ်တိုးတိုးရေရွတ်၍ သူမ၏ အင်မော်တယ်စစ်ပွဲ ကျောက်စိမ်းများ အားလုံးကို လျင်မြန်စွာ လုယူပြီးနောက် သူမကို ရွှေရောင်စင်မြင်အပြင်သို့ ပစ်ချလိုက်သည်။ နတ်ဆိုးများအကြားတွင် ပိုမို မြင့်မားစွာ တက်လှမ်းရန်နှင့် ထောက်ခံမှုများများ ရရှိရန် အောင်ပွဲတစ်ခု လိုအပ်နေပြီး စီမုယိုအနေဖြင့် သေဆုံးမည် မဟုတ်၊ သူမ ရှုံးနိမ့်သွားရုံသာ ဖြစ်ရပေလိမ့်မည်။ အမြီးသုံးချောင်း နတ်ဆိုး မြေခွေးသည် ယခုအခါ စင်မြင့်ပေါ်တွင် တစ်ယောက်တည်း ကျန်ရစ်ပြီး ဖြည်းဖြည်းချင်း ငွေရောင် ဆံပင်နှင့် လူသားအဖြစ် ပြောင်းလဲသွားသည်။ ဝိညာဉ်ရတနာ အင်မော်တယ်နတ်ပြည်ထောင်မှ လူသား ကျင့်ကြံသူ အများအပြား စီ မုယိုကို ဝန်းရံ၍ သူမ၏ ဒဏ်ရာများကို ပြုစုနေကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုက ပြင်းထန်သော်လည်း မသန်မစွမ်း မဖြစ်စေခဲ့ပေ။ ငြင်းဆိုမရနိုင်သည်မှာ သူမသည် စိန်ခေါ်သူတစ်ဦးထံ ရှုံးနိမ့်သွားသော အဆင့်သတ်မှတ်ထားသည့် ချန်ပီယံ ပါရမီရှင် ဆယ့်ခြောက်ဦးအတွင်း ပထမဆုံး ဖြစ်သည်။ သူမ၏ ရွှေရောင် အင်မော်တယ်စစ်ပွဲ ကျောက်စိမ်း နှင့် ယခင်က အနိုင်ရခဲ့သော ကျောက်စိမ်း အားလုံးကို ရလိုက်သောကြောင့် လနတ်သား၏ အမည်က ဦးဆောင်သူစာရင်း၌ အဆင့်ဆယ့်ငါးနေရာသို့ ခုန်တက်သွား၏။

နတ်ဆိုးတိုက်ကြီး - လနတ်သား: ၁၁၁ မှတ်။

သူက နတ်ဘုရားတိုက်ကြီး၏ နတ်ဆိုးတစ်ကောင် ဖြစ်သော်လည်း အင်မော်တယ်စစ်ပွဲ၌ နတ်ဆိုးတိုက်ကြီးကို ကိုယ်စားပြုနေပြီး ဤသို့ဖြင့် ဦးဆောင်သူစာရင်း၌ ထိပ်ဆုံး ဆယ့်ခြောက်နေရာတွင် နောက်ထပ် နေရာတစ်ခု နတ်ဆိုးတိုက်ကြီးမှ သိမ်းပိုက်နိုင်ခဲ့သည်။ ချန်ပီယံတစ်ဦးကို ဖြုတ်ချနိုင်ခြင်းသည် နတ်ဆိုးများ ဤ ပဋိပက္ခ အစမှစ၍ မျှော်လင့်ထားခဲ့သည့် အရာ ဖြစ်သောကြောင့် သူက နတ်ဆိုးတိုက်ကြီး၏ ပထမဆုံး သူရဲကောင်း ဖြစ်လာခဲ့သည်။

"လနတ်သား"

ဤအမည်သည် ကျော်ကြားမှုနေရာ၌ ယွမ်ရှောင်ကို အစားထိုး၍ ယခု ကောင်းကင်နယ်မြေ၏ ပြောစရာ ခေါင်းစဥ်တစ်ခု ဖြစ်လာပြီး နတ်ဆိုးဓားစက်ကွင်းများကြောင့် နတ်ဆိုးသန်းပေါင်းများစွာ ခေါင်းငုံ့နေခဲ့ရသော်လည်း လက်ရှိတွင် သူတို့ အော်ဟစ်အားပေးရန် အချိန် ရောက်လာခဲ့သည်။ အချို့က သူတို့၏ နတ်ဆိုးအသွင် ပြောင်းလဲ၍ ဟိန်းဟောက်နေကြပြီး ပွဲကြည့်စင်မြင့်သည် ရိုင်းစိုင်းကြမ်းတမ်း၍ ဝမ်းမြောက်စွာ ကခုန်နေသော နတ်ဆိုး ကပွဲခန်းမတစ်ခုနှင့် ဆင်တူလာသည်။

"ငါတို့ရဲ့ နတ်ဆိုးတိုက်ကြီးက အရည်အချင်းရှိသူတွေ ပေါများတဲ့ ရတနာသိုက်တစ်ခု ဖြစ်တယ်။ ဧကရာဇ်များနှင့် ဧကရီတွေတင် မဟုတ်ဘဲ သာမန်နတ်ဆိုးတွေတောင် ပါရမီရှင် ဖြစ်လာကြပြီ"

မရေမတွက်နိုင်သော နတ်ဆိုးများက လနတ်သားကို ထက်သန်စွာ စိုက်ကြည့်၍ သံပြိုင်ကြွေးကြော် အားပေးပြီး လူသားများ ယွမ်ရှောင်ကို အားပေးအော်ဟစ်ခဲ့သကဲ့သို့ ဆင်တူကာ ချိုမြိန်သော လက်စားချေခြင်းကဲ့သို့ ခံစားရပေသည်။

"မင်းတို့ အုပ်စုက အောင်ပွဲခံနေတာ မများလွန်းဘူးလား။ ဒီလနတ်သားက ဝိညာဉ်ရတနာနန်းတော်မှာ ယွမ်ရှောင်လက်ထဲ မျက်ရည်ကျအောင် ရိုက်နှက်ခံခဲ့ရတာ မဟုတ်ဘူးလား"

"ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ။"

စီမုယို၏ ဒဏ်ရာများကို မြင်တွေ့ရသော လူသားမျိုး၏ နှလုံးသားများ နာကျင်သွားကာ စိတ်မချမ်းမြေ့ဟန်ဖြင့် ရေရွတ်လိုက်ကြ၏။

"ငါတို့ ရှုံးနိမ့်ခဲ့တယ်ဆိုရင်ရော ဘာဖြစ်လဲ။ ဘယ်သူက ဘယ်တော့မှ မရှုံးနိမ့်လို့ ဆိုနိုင်သလဲ။ နှစ်ရက်အတွင်းမှာ လနတ်သားက ကောင်းကင်ကို ဆန့်ကျင်၍ ပါရမီ ထမြောက်ခဲ့ပြီ။ သူ့အနာဂတ်က ယွမ်ရှောင်ထက် သေချာပေါက် သာလွန်လိမ့်မယ်"

နတ်ဆိုးများက မခံချင်စိတ်ဖြင့် ဒေါသတကြီး အော်ဟစ်ကြသည်။ ထိုအချိန်၌ ကောင်းကင်နယ်မြေ တစ်ခုလုံး ငြင်းခုံမှုများ ဆူညံနေပြီး လူသားများနှင့် နတ်ဆိုးများက ပါရမီရှင်အသစ် နှစ်ဦးအပေါ် စိတ်အားထက်သန်စွာ ပြောဆိုနေကြပြီး နတ်ဆိုးတိုက်ကြီး၏ စိတ်ဓာတ်ခွန်အား သိသိသာသာ မြင့်တက်လာခဲ့သည်။

"ယွမ်ရှောင်၊ မင်း မနက်ဖြန်အထိ အသက်ရှင်နေရင် အကောင်းဆုံးပဲ။ ဝိညာဉ်ရတနာနန်းတော်က အရှက်တရားအတွက် ဆယ်ဆ ပြန်ပေးဆပ်ရမယ်"

လနတ်သားသည် ပတ်လည်တိုက်ပွဲရှိရာထံ မျက်နှာမူ၍ ကြေညာလိုက်ပြီး မြေခွေးနတ်ဆိုး ဘိုးဘေးထံမှ ဓားစက်ကွင်း ယွမ်ရှောင်၏ ဓားသွားမှ ချိတ်ဆွဲနေဆဲဖြစ်ရာ ဆိုလိုရင်းအဓိပ္ပါယ် ရှင်းလင်းနေသည်။

"လူသားနှင့် နတ်ဆိုး ကြယ်တစ်ပွင့်စီ မွေးဖွားလာကြပြီ"

"တကယ်လို့ ဒီပါရမီရှင် နှစ်ဦးလုံး နောက် ရက်အထိ အသက်ရှင်ကျန်ရစ်ခဲ့လျှင် သူတို့ဟာ သေချာပေါက် ကံကြမ္မာက ဖန်တီးထားတဲ့ ပြိုင်ဘက် ဖြစ်လာလိမ့်မယ်"

အခြား ရွှေရောင်စင်မြင့်တစ်ခုပေါ်တွင် အနက်ရောင် ဝတ်ဆင်ထားသော မိန်းကလေးငယ်တစ်ဦးက ပြည့်စုံခြင်းအဆင့် လေမီးတောက် ကပ်ဘေး နယ်ပယ် ပြိုင်ဘက်တစ်ဦးကို နောက်တစ်ကြိမ် အနိုင်ယူပစ်လိုက်၏။

"ပျင်းစရာကောင်းလိုက်တာ၊ အမှိုက်သက်သက်ပဲ။ မြေခွေးလေး မကြာခင် ပြန်မလာရင် ငါ သူ့ကို သင်းကွပ်ပစ်မယ်"

မိုးချုန်းသံပမာ ကျယ်လောင်သော အားပေးသံကြောင့် အသံ၏ လားရာဘက်သို့ ကြည့်လိုက်သောအခါ ကပ်လျက် စင်မြင့်ပေါ်တွင် ငွေရောင် ဆံပင်နှင့် လူငယ်တစ်ဦး သူမကို ပြုံးပြရင်း စနောက်သည့်ပုံစံဖြင့် လက်ဝှေ့ယမ်းပြနေသည်။ သူမက အမြင်မှားသည်ဟု ထင်မှတ်၍ မျက်တောက်တဖြတ်ဖြတ်ခတ်ကာ ဦးဆောင်သူစာရင်းကို မော့ကြည့်ပြီး မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိသည်။

တက်လှမ်းခြင်း တံခါးတွင် နတ်ဆိုး သူတော်စင် ၁၀၈ယောက်က ဆွေးနွေးနေရင်း အများစုသည် ဟွာလျန် သခင်မ ပတ်လည်တွင် စုရုံးနေကြသည်။

"သူက ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်လာတာလဲ"

မျောက်သူတော်စင်၏ မျက်လုံးများတွင် အံ့သြမှုက ထင်ရှားနေပြီး လွန်ခဲ့သောရက်များတွင် လနတ်သား၏ ခွန်အားကို မျက် မြင်တွေ့ခဲ့ရသည်။

"ငါ သူ့ကို စမ်းသပ်ခဲ့ပြီးပြီ။ သူရဲ့ ပျက်စီးအဆီအနှစ်နဲ့ သဟဇာတဖြစ်မှုက အမှန်တကယ် ထူးကဲတယ်"

ဟွာလျန် သခင်မက ခပ်တိုးတိုး ပြောသည်။

"ဘယ်လောက် အတိုင်းအတာအထိလဲ"

မနာလိုသော မေးမြန်းမှုများ သူတို့ထံမှ ထွက်ပေါ်လာသည်။

" နတ်ဆိုးဧကရာဇ်တစ်ပါးနဲ့ တန်းတူလောက် ဖြစ်နိုင်တယ်"

သူမက စွန့်စား၍ ခန့်မှန်းလိုက်၏။

"ဒါဆိုရင် ငါတို့ နတ်ဆိုးတိုက်ကြီးမှာ နှစ်အနည်းငယ်အတွင်း နောက်ထပ် နတ်ဆိုးဧကရာဇ်တစ်ပါး မြင်တွေ့နိုင်လောက်တယ်"

နတ်ဆိုးသူတော်စင်တစ်ဦးက သခင်မဟွာလျန်ကို မနာလိုစိတ်ဖြင့် တွေးနေရင်း သူတို့၏စိတ်ထဲတွင် မီးလျှံတစ်ခုပမာ တောက်လောင်လာ၏။ း

"ဂုဏ်ယူပါတယ် ဟွာလျန် သခင်မ။ မြေခွေး မျိုးနွယ်အတွက် ချီးကျူးဂုဏ်ပြုပါတယ်"

"မြေခွေး မျိုးနွယ်မှာ ယခင်က နတ်ဆိုးဧကရာဇ်တစ်ပါး မွေးဖွားခဲ့ဖူးခြင်း မရှိဘူး။ တကယ်လို့ မင်းသာ ဧကရာဇ်တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ရင် အကျိုးကျေးဇူးက အများကြီးပဲ"

"ဟွာလျန် သခင်မ၊ လနတ်ဆိုး ဧကရာဇ်က မင်းကို တွေ့ချင်နေတယ်"

သူမက ချီးကျူးသံများအကြားတွင် စိုးရိမ်ပူပန်နေစဥ် မျှော်လင့်ထားသည့်အတိုင်း အမိန့်သံတစ်ခု ထွက်ပေါ်လာသည်။ သူမက တက်လှမ်းခြင်းတံခါးမှ ထွက်ခွာလာကာ မရေမတွက်နိုင်သော လမ်းများ ဖြတ်သန်းပြီး ဆိတ်ငြိမ်သော နန်းတော်တစ်ခုသို့ ဝင်ရောက်လာခဲ့သည်။ အလင်းဖျော့ဖျော့ ထွန်းထားသော ခန်းမအတွင်း လူငယ်တစ်ဦး ထိုင်နေပြီး သူ၏ မျက်လုံးများမှာ လမိုက်ညကဲ့သို့ မည်းနက်နေကာ သူမကိုငုံ့ကြည့်နေခဲ့သည်။

"ဒီငယ်သားက အရှင် လဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်"

သူမက အသံတုန်ရီစွာ ပြော၍ ဒူးထောက်လိုက်သည်။

"ဒီရှေးဦး နတ်ဆိုး၊ လနတ်သားအကြောင်း တိတိကျကျ ငါ့ကို ရှင်းပြ။ သူ့ရဲ့ အတိတ်နောက်ကြောင်း၊ ကိုယ်ကျင့်စရိုက်နဲ့ အတွေ့အကြုံအကုန်ပြော"

အနက်ရောင်ဝတ် လူငယ်က စိတ်ခံစားမှုကင်းမဲ့စွာ အမိန့်ပေးခဲ့သည်။

"အမိန့်အတိုင်းပါ နတ်ဆိုးဧကရာဇ်။ လနတ်သားက နတ်ဆိုးတိုက်ကြီးရဲ့ဇာတိ ဖြစ်ပြီး သူ ငယ်စဉ်ကတည်းက ကျွန်မ ပြုစုပျိုးထောင်ပေးခဲ့တာပါ"

"မင်းရဲ့ ကလေး မဟုတ်ဘူးမလား"

လဧကရာဇ်က အေးစက်စက် မဲ့ပြုံးဖြင့် ဖြတ်ပြောလိုက်၏။

"မဟုတ်ပါဘူး"

အကယ်၍ တစ်ဖက်လူသာ လနတ်သားသည် နတ်ဆိုးတိုက်ကြီးမှ မဟုတ်ကြောင်း သိသွားလျှင် သစ္စာမရှိနိုင်ဟု သတ်မှတ်ကာ ကွပ်မျက်နိုင်သောကြောင့် သူမက လိမ်လည်ပေးခဲ့ရသည်။ မြေခွေး မျိုးနွယ်အတွင်း မြေခွေး နတ်ဆိုး အနည်းငယ်သာ လနတ်သား၏ ဇာစ်မြစ်ကို သိထားကြပြီး သူမအနေဖြင့် ကိုင်တွယ်ထားပြီးဖြစ်၏။ နတ်ဆိုးဧကရာဇ်များကို လိမ်လည်ခြင်း၏အကျိုးဆက်ကို သိထားသော်လည်း သူမက လနတ်သားအတွက် စွန့်စားရန် ဆုံးဖြတ်ခဲ့သည်။

"ဒီရှေးဦး နတ်ဆိုးလေးက အရည်အချင်း ထူးကဲပြီး မင်းနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတယ်။ မင်းက ပြုစုပျိုးထောင်ပေးခဲ့တာဆိုရင် နောက်ကြောင်းအေးလောက်ပါတယ်။ သူ့ကို နတ်ဆိုးမင်းသားတစ်ယောက်အဖြစ် ယူဆနိုင်တယ်"

အေးစက်စက် အမျိုးသမီး အသံတစ်ခုက လဧကရာဇ်၏ အနောက်မှ ထွက်ပေါ်လာပြီး ထိုနေရာတွင် တောက်ပသော အနီရောင် ကြာပန်းတစ်ပွင့်က အသက်မဲ့နှလုံးသားများထက်တွင် ပွင့်လန်းနေသည်။

"ကျေးဇူးတင်ပါတယ်၊ ကြာနီ နတ်ဆိုး ဧကရီ၊"

ကျန်တစ်ယောက်၏ တည်ရှိမှုကို ယခုမှ သိလိုက်ရသဖြင့် သခင်မဟွာလျန်၏ နောက်ကြောတွင် ချွေးစို့နေသည်။

"ပြိုင်ပွဲအပြီးမှာ သူ့ကို ငါနဲ့ တွေ့ဖို့ ခေါ်လာခဲ့။ ငါကိုယ်တိုင် လေ့ကျင့်ပေးမယ်"

"တပည့်ကိုယ်စား ကျွန်မက နတ်ဆိုးဧကရာဇ်နဲ့ဧကရီကို ကျေးဇူးတင်ပါတယ်"

လဧကရာဇ်၏ စကားကြောင့် သူမက သုံးကြိမ်ဦးညွှတ်လိုက်သည်။

"မင်းက မျိုးဆက်မချန်ခဲ့ချင်လို့ မြေခွေးနတ်ဆိုးမျိုးနွယ်အတွက် အဟန့်အတားဖြစ်ပေမယ့် နတ်ဆိုးမင်းသားတစ်ယောက်ကို ပျိုးထောင်ပေးနိုင်ရင် အပြစ်ကို ချေပနိုင်တယ်"

ကြာနီ နတ်ဆိုး ဧကရီက အထက်ပါအတိုင်း မှတ်ချက်ချသည်။

အဖွဲ့လိုက် တိုက်ပွဲ၊ အမှတ်တစ် လေးထောင့်ကွက်တွင် တိုက်ပွဲတစ်ခု စတင်ခဲ့ပြီး နောက်ထပ်အဖွဲ့တစ်ဖွဲ့ကို ချေနှုန်းနိုင်ခဲ့သောကြောင့် ချန်ကျင်း နှင့် သူ၏ ရဲဘော်ရဲဘက်များ ပျော်ရွှင်နေသည်။ တိုက်ပွဲစစချင်း သူတို့ လေးယောက်ကပြိုင်ဘက်များကို မြင်တွေ့ရုံမျှသာ ရှိသေးသော်လည်း ယွမ်ရှောင်၏ ဓားမြှောင်သည် သူတို့ကို တစ်ချက်တည်း ဝှေ့ယမ်းရုံဖြင့် အနိုင်ယူပစ်လိုက်သည်။ တိုက်ပွဲ အလှည့်များစွာ ဖြစ်ပွားခဲ့ပြီးနောက် သူတို့သည် မည်သည့်ပြိုင်ဘက်ကိုမှ မတိုက်ခိုက်ခဲ့ရဘဲ ငါးယောက် အဖွဲ့လိုက် တိုက်ပွဲဟု အမည်တပ်ထားသော်လည်း ပွဲကြည့်ရန်သက်သက် ရောက်ရှိလာခဲ့သကဲ့သို့ ခံစားနေရသည်။ မူလတွင် ယွမ်ရှောင်ကို ကာကွယ်ရန် တာဝန်ပေးအပ်ထားသော်လည်း ယွမ်ရှောင်၏ စွမ်းရည်ပြသမှုကို အထူးတန်းမှ တိုက်ရိုက် ကြည့်နေရသကဲ့သို့ပင်။

ယွမ်ရှောင်သည် နတ်ဆိုးများကို သတ်ဖြတ်ရင်း စိတ်လှုပ်ရှားပျော်ရွှင်နေစဉ် သိမ်မွေ့သော ပြောင်းလဲမှုတစ်ခု သူ၏ မျက်နှာတွင် ဖြတ်သန်းသွားသည်။

"ကြယ်ပြာ၊ မင်း ပြောခဲ့တဲ့ လေမီးတောက် ကပ်ဘေး၊ အသားက လေကို မွေးဖွားပြီး အရိုးမှာ မီးတောက်လောင်ရင်း ကပ်ဘေးက ခန္ဓာကိုယ် အတွင်းမှ ပေါ်ထွက်လာတယ်ဆိုတာ အမှန်လား"

ကိုယ်ပွားအနေဖြင့် ထိုကပ်ဘေးကို ကျော်ဖြတ်ဖူးသောကြောင့် သူက ၎င်းနှင့် ရင်းနှီးနေပြီဖြစ်၏။

"မှန်တယ်။ ဘာကြောင့် အခုမှမေးတာလဲ"

ကြယ်ပြာက အံ့အားသင့်စွာ ပြန်မေးသည်။

"ငါ့ရဲ့ ပထမဆုံး လေမီးတောက် ကပ်ဘေး ရောက်ရှိလာတာကို ခံစားမိပေမယ့် ဘာကြောင့် ခန္ဓာကိုယ်အတွင်းမှာ လေ ဒါမှမဟုတ် မီးတောက် မရှိရတာလဲ"

ယွမ်ရှောင်၏ အသံက စိုးရိမ်ပူပန်နေဟန် ထင်ဟပ်နေသည်။

"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ လေမီးတောက် ကပ်ဘေး ဘယ်ရောက်သွားပြီလဲ"

ကြယ်ပြာက မင်သက်သွားစဥ် ယွမ်ရှောင်သည် ဦးခေါင်းအထက်တွင် ထူးခြားသော အရာတစ်ခု ခံစားလိုက်ရသဖြင့် ပင်ကိုယ်အသိစိတ်ဖြင့် မော့ကြည့်လိုက်သောအခါ တိမ်တိုက်ကြီးနှစ်ခု ကောင်းကင်၌ စုဝေးလာကာ မိုင်ပေါင်းများစွာ ကျယ်ဝန်း၍ လေမုန်တိုင်းနှင့် မီးလျှံများ ဖြစ်တည်နေသည်။

"ဒါက ဘာကြီးလဲ"

ယွမ်ရှောင်၏ အသံက နားမလည်ဟန်ဖြက့် တုန်ရီနေသည်။

"ဘာတွေ ဖြစ်နေတာလဲ"

"မင်းရဲ့ အဆင့်တက်နှုန်းက မြန်လွန်းလို့ တာအိုလောကရဲ့ စည်းမျဥ်းတွေ ပစ်မှတ်ထားနေတာ ဖြစ်ရမယ်။ မင်းအတွက် မဟာကပ်ဘေးတစ်ခု ကျဆင်းလာပြီ"

ကြယ်ပြာက အလန့်တကြား ရှင်းပြသည်။

"တာအို လောကရဲ့ စည်းမျဉ်းလား။ ငါ့အကြောင်း ဖော်ထုတ်ခံလိုက်ရပြီလား"

"မဟုတ်ဘူး"

"ဒါဆိုရင်တော့ စိတ်အေးစရာပဲ"

"စိတ်အေးစရာဟုတ်လား။ ဒါကြီးက အင်မော်တယ် တက်လှမ်းခြင်း ကပ်ဘေးဟ။ ကောင်းကင်နယ်မြေ တစ်ခုလုံးကို အပိုင်းပိုင်းအစစဖြစ်အောင် လွင့်စင်သွားစေနိုင်ပြီး မင်းကို အကြိမ် ဘီလီယံပေါင်းများစွာ သေဆုံးစေလောက်အောင် သတ်နိုင်စွမ်း ရှိတယ်"

ကြယ်ပြာက အသံကုန်အော်ဟစ်လိုက်ပြီး ယွမ်ရှောင် ဆွံ့အနေစဥ် လနီသည်လည်း ပြဇာတ်ဆန်ဆန် ညည်းညူလိုက်လေသည်။

"ပါရမီရှင်တွေ မကြာခဏ ငယ်ငယ်ရွယ်ရွယ် သေဆုံးတတ်တယ်။ မင်းက အသက် ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်မလား"

All Chapters