ဘယ်သူက ကောင်းကင်ကို စိတ်ဆိုးအောင် လုပ်ခဲ့တာလဲ
Vol. 15 Ch. 184
"အဲ့ဒါက ဘာလဲ"
အင်မော်တယ်စစ်ပွဲ အလယ်တွင် ကြီးမားသော လေမီးတောက် ကပ်ဘေး တိမ်တိုက်များ မုန်တိုင်းတစ်ခုအလား ရုတ်တရက် ကောင်းကင်၌ ပေါ်ထွက်လာခဲ့သည်။ ကောင်းကင်နယ်မြေ တစ်ခုလုံးကျင့်ကြံသူများရော နတ်ဆိုးများပါ လုံးဝ မင်သက်သွားကြပြီး မိုးရွာနေခဲ့သော်လည်း ဤကပ်ဘေး တိမ်တိုက် ပေါ်လာသည်နှင့်တပြိုင်နက် ချက်ချင်း အငွေ့ပျံပြီး လောင်ကျွမ်းသွားသည့်အပြင် ဖိအားတစ်ခု သက်ရှိ သတ္တဝါတိုင်းအပေါ်တွင် လေးလံစွာ ကျရောက်နေသည်။ ထို အခိုက်အတန့်တွင် လူသားနှင့် နတ်ဆိုး မခွဲခြားဘဲ လေနှင့် မီး စွမ်းအင်ကြောင်းများ သူတို့၏ အသားနှင့် အရိုးများမှ ထွက်ပေါ်လာပုံရကာ ပြင်းထန်စွာ နာကျင်စေခဲ့သည်။
"ဒါဆိုရင် ငါတို့အားလုံး ဒီ ကပ်ဘေးကို အတူတကွ ရင်ဆိုင်ရမှာလား။ တကယ်လို့ ငါတို့ ရှုံးသွားရင် အတူတကွ သေရမှာပေါ့"
ယွမ်ရှောင်သည် သူ၏ အဆိုးဆုံး အိပ်မက်များတွင်ပင် ပထမဆုံး လေမီးတောက် ကပ်ဘေးက ဤသို့ ဖြစ်ပျက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကောင်းကင်နယ်မြေကို ဖျက်ဆီးပြီး သူ့ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သတ်ဖြတ်နိုင်သော အစွမ်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်းပြီး အရှုံးဘက်သို့ ဦးတည်နေ၏။ ဖန်ဆင်းရှင် အင်မော်တယ်၏ ခန္ဓာကိုယ်၌ နေထိုင်သော သေမျိုး ဝိညာဉ်တစ်ခုက အဆုံးမရှိသော အိပ်မက်တစ်ခု မက်နေခြင်းပင် ဖြစ်နိုင်သည်။ အကယ်၍ ၎င်းက ဖန်ဆင်းရှင် အင်မော်တယ် အတွက် ဖြစ်ခဲ့လျှင် သူ့အနေဖြင့် ရှောင်လွှဲမရနိုင်သော ပြန်လည်မွေးဖွားခြင်း ကပ်ဘေးကို ခံနိုင်ရည် ရှိမည်လားမှာ မေးခွန်းထုတ်စရာပင်။
ယွမ်ရှောင်က အတွေးတွင် နစ်မျောနေစဉ်၊ ကပ်ဘေး တိမ်တိုက်က ဆက်လက်ကြီးမားနေပြီး ကြောက်မက်ဖွယ် နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်နယ်မြေ တစ်ခုလုံး၏ စွမ်းအင်ကို လောဘတကြီး စုပ်ယူ၍ နတ်ဘုရားတိုက်ကြီး နှင့် နတ်ဆိုးတိုက်ကြီး နှစ်ခုလုံး၏ ကျင့်ကြံသူများ၏ ဝိညာဉ်မှပင် ဆွဲယူနေခဲ့သည်။ ကြီးမြတ်သော အာကာသ အင်မော်တယ် နှစ်ဦး၏ သေဆုံးမှုမှ အင်မော်တယ် စွမ်းအင် ထုတ်လွှတ်မှုသည် ကပ်ဘေး တိမ်တိုက်၏ ချဲ့ထွင်မှုကို အရှိန်မြှင့်ပေးနိုင်စွမ်းရှိနေပြီး အကြောင်းနှင့်အကျိုး ဆက်စပ်ခဲ့သည်။
"ဒါက တာအို လောကရဲ့ စည်းမျဉ်း ဖြစ်ပြီး လောကရဲ့ ဟန်ချက်ညီမှုကို နှောင့်ယှက်နိုင်တဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ဦးရဲ့ တည်ရှိမှုကို ခွင့်မပြုဘူး"
ကြယ်ပြာက ကြီးမားသော ဖိအားအောက်တွင် တီးတိုးရေရွတ်လိုက်သည်။
"ဘယ်သူက ဒီလိုစည်းမျဉ်းကို ဖန်တီးခဲ့နိုင်လောက်အောင် အစွမ်းထက်တာလဲ"
ယွမ်ရှောင်က မကျေမနပ် အော်ဟစ်လိုက်သည်။
"ဒါကလည်း မင်းပဲ ဖြစ်လိမ့်မယ်။ ချစ်လှစွာသော ဖန်ဆင်းရှင်"
လနီက ရှုံ့မဲ့မဲ့ အပြုံးတစ်ခုဖြင့် ပြန်ဖြေသည်။
"မင်း နားမလည်ဘူးလား။ မင်းကိုယ်တိုင် နှစ်ပေါင်းများစွာက ကိုယ့်အတွက်ကိုယ် သေဖို့ တွင်းတစ်တွင်း တူးခဲ့တယ်၊ အခုတော့ ကိုယ့်ကိုယ်ကို မြှုပ်နှံဖို့ အချိန်တန်ပြီ"
ကြယ်ပြာ ကောက်ကျစ်စွာ ပြုံးလိုက်သည်။
"မင်းတို့ ဒီအတိုင်း ရပ်ကြည့်နေကြမှာလား"
ဤ အခိုက်အတန့်တွင်ပင် သူတို့က နောက်ပြောင်နေဆဲဖြစ်ရာ သူ့ကို ကြောင်အသွားစေ၏။
"ဘဝတစ်သက်တာ ညီအစ်ကိုတွေ အနေနဲ့ ငါက မင်း သေဆုံးတာကို ဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲ။ အနည်းဆုံးတော့ ငါ ဂေါ်ပြားနဲ့ မြေဖို့ပေးပါမယ်"
"ငါက သင်္ချိုင်းကျောက်တိုင်လုပ်ပေးဖို့ တာဝန်ယူမယ်"
"သူနဲ့အတူ ကောင်းမွန်တဲ့ သေရည်အချို့ မြှုပ်နှံပေးကြစို့။ သေဆုံးသွားရင်တောင် ငါတို့ရဲ့ အစ်ကိုကြီးက လူရှုပ်တစ်ယောက်အဖြစ် ဆက်ရှိနေသင့်တာပဲ"
"ကောင်းလိုက်တဲ့ အကြံ"
ဤစကားများကြောင့် ယွမ်ရှောင်က ပြောစရာစကားရှာမရဘဲ သားရဲလေးကို ကြောင်ကြည့်နေမိသည်။ ထိုအချိန်၌ ဧရာမ ကပ်ဘေး တိမ်တိုက်ကြီးသည် ကောင်းကင်နယ်မြေ တစ်ခုလုံးကို ဖုံးကွယ်သွားကာ သီးသန့်စကြာဝဠာ၏ အထက်ပိုင်း နယ်မြေကို မုန်တိုင်းများနှင့်မီးလျှံများအကြား ရောက်ရှိသွားစေသည်။ ထိုသို့သော ကမ္ဘာပျက်ကိန်းပမာ စွမ်းအားအောက်တွင် မည်သည့် သက်ရှိ သတ္တဝါမဆို စိတ်ရှုပ်ထွေးမှုနှင့် ထိတ်လန့်မှုကြောင့် ယိမ်းထိုးနေကြသည်။
"ဒါက ဘာဖြစ်တာလဲ"
"ဘယ်သူက ကောင်းကင်ကို စိတ်ဆိုးအောင် လုပ်ခဲ့တာလဲ။ အပြစ်က ဘာကြောင့် ဒီလောက်ကြီးမားနေရတာလဲ"
"အဖေ၊ အမေ။ ကျုပ်ရဲ့ဝမ်းဗိုက် မီးလောင်နေပြီ"
ကောင်းကင်နယ်မြေ တစ်ခုလုံး လုံးဝ ပရမ်းပတာဖြစ်သွားကာ မရေမတွက်နိုင်သော လူသားများနှင့် နတ်ဆိုးများ လမ်းများပေါ်သို့ နားမလည်နိုင် မယုံကြည်နိုင်ဟန်ဖြင့် ပြေးထွက်လာကြ၏။ တက်လှမ်းခြင်း တံခါးတွင် နတ်ဆိုးသူတော်စင် ၁၀၈ ပါး နှင့် အင်မော်တယ်နတ်ပြည်ထောင်များမှ အရာရှိများသည်လည်း သရဲတစ္ဆေများကဲ့သို့ ဖြူဖျော့သော မျက်နှာထားများနှင့် ကြီးမားသော ကပ်ဘေး တိမ်တိုက်များကို မော့ကြည့်နေခဲ့သည်။ ဤဒဏ္ဍာရီလာ တက်လှမ်းခြင်း ကပ်ဘေးကို ခံနိုင်ရည်ရှိလျှင် စစ်မှန်သော အင်မော်တယ်တစ်ဦး ဖြစ်လာနိုင်သော်လည်း မှတ်တမ်းများအရ ကပ်ဘေး တိမ်တိုက်၏ အကျယ်အဝန်းသည် ပေ တစ်ရာသာ ရှိသင့်သည်။
"ငါတို့ရော ဒီအထဲတွင် ပါဝင်ပတ်သက်ခံရမှာလား"
"မင်းအပေါ်မှာ လေနှင့် မီး ရှိလား"
"ရှိတယ်"
"ဒါက တက်လှမ်းခြင်း ကပ်ဘေးရဲ့ နိဒါန်း ဖြစ်ပြီး မင်းသာ လေနှင့် မီး ပိုင်ဆိုင်ထားရင် ကပ်ဘေး ထိမှန်ပြီး ဝိညာဥ်ရော.ခန္ဓာကိုယ်ကိုပါ ပစ်မှတ်ထားလိမ့်မယ်"
ဤကပ်ဘေးအကြောင်း သိလိုက်ရသောအခါ တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး ကောင်းကင်နယ်မြေရှိ သတ္တဝါတိုင်းကို ထိတ်လန့်တကြား ရူးသွပ်စေကာ အင်မော်တယ်စစ်ပွဲကို မည်သူမှ ဂရုမစိုက်တော့ဘဲ ပတ်ဝန်းကျင်၌ စိတ်ပျက်အားငယ်စွာ ငိုကြွေးသံများ ပြည့်နှက်နေသည်။ နတ်ဆိုးသူတော်စင်များနှင့် အင်မော်တယ်နတ်ပြည်ထောင်များ၏ အရာရှိများပင် အတူတကွ စုရုံးနေကြသော်လည်း သူတို့၏ မျက်နှာများ ပြာနှမ်း၍ ဆင်းသက်လာမည့် ပျက်စီးခြင်းကို ခုခံရန် သူတို့၏ စွမ်းအားများကို စုပေါင်းချင်နေကြသည်။
ကွင်းတွင်း ချန်ပီယံ တိုက်ပွဲတွင် အဖြူရောင်ဝတ် မိန်းကလေးငယ်တစ်ဦးက သူမ၏ တိုက်ခိုက်မှုကို ရပ်တန့်၍ ဖြူဖျော့ဖျော့ မျက်နှာဖြင့် မေးလိုက်သည်။
" ဘာတွေ ဖြစ်နေတာလဲ"
"ငါလည်း ဘာမှ မသိဘူး။ ဘယ်လိုငရဲသားက ဒီ ကောင်းကင် အမျက်ဒေါသကို ခံရအောင် အပြစ်ကြီးကြီးမားမား တစ်ခု လုပ်ခဲ့တာလဲ"
သူမ၏ လက်ဝါးပေါ်တွင် အစင်းကြောင်းများ ဖြစ်တည်လာကာ ကျားဖြူမျက်နှာ တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ကောင်းကင်နယ်မြေ တစ်ခုလုံး တုန်ခါလာပြီး အထက် ကောင်းကင်တွင် လေပြင်းများမှာ နဂါး တစ်သိန်း ဟိန်းဟောက်သကဲ့သို့ ထင်မှတ်ရပြီး မီးလျှံများမှာ ဆင် တစ်သန်း တဟုန်ထိုး ပြေးလွှားလာသကဲ့သို့ ဆင်းသက်လာခဲ့သည်။ မီးနှင့်လေက အချင်းချင်း အားဖြည့်ပေးနိုင်သောကြောင့် စွမ်းအားများယှက်နွယ်လာသောအခါ ကောင်းကင်ကို တုန်လှုပ်စေသော ပေါက်ကွဲမှုများ ဖြစ်တည်လာ၏။
ဘုန်း ဘုန်း ဘုန်း
ကြောက်မက်ဖွယ် ပေါက်ကွဲသံများက ကျယ်လောင်လွန်းပြီး လူတိုင်းကြားနေရသဖြင့် အားလုံးကို နားပင်းသွားစေနိုင်သည်။ ယွမ်ရှောင်၏ ကိုယ်တွင်း၌ နဂါးပုံသဏ္ဌာန် လေပြင်းကိုးခု ရိုင်းစိုင်းစွာ ထွက်ပေါ်လာသကဲ့သို့ အရိုးများတွင် ရှေးဆင်ရိုင်းသဏ္ဍာန် မီးလျှံများ တောက်လောင်နေကာ ကောင်းကင်၌ တစ်ချိန်တည်းဖြစ်ပေါ်နေသော မဟာကပ်ဘေးအတွက် အဓိက အစပျိုးမှုပင် ဖြစ်သည်။
ဝှစ်
ယွမ်ရှောင်သည် အင်္ကျီရင်ဘတ်အတွင်း လက်လှမ်းပြီး သေးငယ်သော အနက်ရောင် သားရဲလေးကို ဆွဲထုတ်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ"
ကြယ်ပြာက မျက်လုံးပြူးသွားသည်။
"လုံခြုံရေးကို အတည်ပြုချင်လို့"
"ငါတို့လည်း ဒါကို မခုခံနိုင်ဘူး"
ကြယ်ပြာက အော်ဟစ်သည်။
"မရဘူး။ ငါတို့ ခုခံနိုင်ရမယ်"
ထိုသို့ ပြောပြီးနောက်၊ ယွမ်ရှောင်သည် သူ၏ လက်ကို စက်ဝိုင်းပုံစံ လွှဲယမ်းကာ ၎င်းကို ကောင်းကင်ထံ ပစ်တင်လိုက်သည်။
"လခွမ်းထဲမှ"
"ငါ မသေချင်ဘူး၊ ငါ နတ်ဆိုးနို့ ဝအောင် မသောက်ရသေးဘူး"
လနီက ညည်းတွားရင်း မျက်ရည်များတသွင်သွင် စီးကျလာသည်။
"ဒီကပ်ဘေးပြီးရင် မင်းစိတ်ကြိုက် ဝအောင် သောက်ရမယ်"
ယွမ်ရှောင်က ကတိပေးလိုက်သည်။
"တကယ်လား။ ဒါဆိုရင် ခဏလောက်တော့ ထိန်းထားပေးနိုင်မယ်ထင်တယ်"
လနီ၏ မျက်လုံးများက တောက်ပသွားပြီး ငိုနေရာမှ ချက်ချင်း ရယ်မောလိုက်သည်။
"မင်းက အရမ်း အတာပဲ"
ကြယ်ပြာက စိတ်ပျက်လက်ပျက် ရေရွတ်ပြီး သားရဲလေး၏ခန္ဓာကိုယ်သည် ကောင်းကင်သို့ အနက်ရောင် လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ မြင့်တက်သွားခဲ့သည်။
ဘုန်း ဘုန်း ဘုန်း
ကပ်ဘေးသည် စွမ်းအားကို စုဆောင်းခဲ့ပြီးဖြစ်သောကြောင့် ယွမ်ရှောင်ကို ပစ်မှတ်ထားကာ လေ နဂါး တစ်သိန်း ဟိန်းဟောက်၍ မီးလျှံဆင်ရိုင်း တစ်သန်း တခြိမ့်ခြိမ့်မြည်ဟီးကာ သူ၏တည်ရှိမှုကို ချေမှုန်းပစ်ရန် စွမ်းအားမှာ လျှပ်တပြက်အတွင်း အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ မဟာကပ်ဘေးကျရောက်လာသော်လည်း လနီနှင့် ကြယ်ပြာက စနောက်နေဆဲ ဖြစ်သောကြောင့် ဖြေရှင်းနိုင်စွမ်းရှိမည်ဟု သူ ယုံကြည်ထား၏။ ၎င်းသားရဲလေးကို ဖန်ဆင်းရှင်ကိုယ်တိုင် ချန်ရစ်ထားခဲ့သဖြင့် ပြန်လည်ရှင်သန်ရေးအတွက် ကူညီရန် တာဝန်ရှိပြီး ဤကပ်ဘေးရောက်လာမည့်အကြောင်း ကြိုတင်တွက်ချက်ထားပေလိမ့်မည်။ ခန္ဓာကိုယ်အတွင်း လေနှင့် မီး၏ အတွင်း ကပ်ဘေးကြောင့် နာကျင်မှု ပြင်းထန်စွာဖြစ်တည်လာသော်လည်း သူက ကောင်းကင်သို့ တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့၏။
"သူတို့က ဒီကပ်ဘေးကို အန္တရာယ်မရှိဘဲ ခံနိုင်ရည် ရှိတယ်မလား"
သူက ရင်တဒိန်းဒိန်းခုန်နေပြီး လက်သီးဆုပ်၍ အံကြိတ်ထားကာ အတွေးနက်နေသဖြင့် အရာရာ တိတ်ဆိတ်သွားပုံရသည်။
"ကပ်ဘေး တိမ်တိုက်အောက်မှာ တစ်ခုခု ရှိနေတယ်"
စိတ်ပျက်အားငယ်နေကြသည့် အချိန်တွင် လူအချို့သည် တိမ်တိုက်များအောက်တွင် ဖောင်းကားလာသော အနက်ရောင် အလင်းတစ်ခုကို သတိပြုမိလိုက်ကြသည်။
ဘုန်း
၎င်းက အတိုင်းအဆမဲ့ ကြီးမားသော ရှေးဟောင်းကြေးခေါင်းတလားတစ်ခုအဖြစ် အသွင်ပြောင်းကာ ဧရာမ ကပ်ဘေး တိမ်တိုက်များနှင့် အရွယ်အစား တူညီလာသည်။ ၎င်း၏ မျက်နှာပြင်တွင် လှိုင်းထနေသော အနက်ရောင် မြူခိုးများဖြင့် ဖုံးကွယ်ထားပြီး လျှို့ဝှက်ဆန်းကြယ်၍ နှစ်ပေါင်းများစွာ သက်တမ်းကြောင့် သံချေးအချို့ပင် တည်ရှိနေ၏။ သို့သော် မြေပြင်မှ ၎င်း၏ပုံသဏ္ဍာန်အစစ်အမှန်ကို မြင်တွေ့ရန် ခဲယဥ်းသောကြောင့် အနက်ရောင်ထောင့်မှန်စတုဂံအရာတစ်ခုက ကမ္ဘာပျက်ကိန်းမှ ကာကွယ်ပေးနေသည်ဟူ၍သာ လူအများ မြင်နိုင်ခဲ့သည်။ ကွင်းတွင်းချန်ပီယံတိုက်ပွဲတွင် ရှိနေသော ချန်ရီသည် ခေါင်းတလားကြီးကို မြင်နိုင်ခဲ့ပြီး မျက်ဝန်းများဗလာဖြစ်သွားသော်လည်း ထူးဆန်းစွာ ပြုံးယောင်သန်းနေသည်။ ကပ်ဘေး တိမ်တိုက်များအောက်တွင်၊ ခေါင်းတလားထံမှ အသံ တခြိမ့်ခြိမ့်မြည်ဟီးလာသည်။
"ငရဲကို သွားစမ်း။ အစွမ်းကုန် ကြိုးစားကြစို့"
ကြယ်ပြာက ဒေါသဖြင့် ဟိန်းဟောက်လိုက်သည်။
" စွန့်စားကြမယ်"
လနီက ပြန်လည် ဟိန်းဟောက်သည်။
"တကယ်တော့ စွန့်စားရမှာက မင်းပဲ။ ငါက ပြီးမှ နှမ်းဖြူးရုံသက်သက်ပဲ"
"ဘာလဲကွ"
လနီက စိတ်ရှုပ်သွားစဥ် ခေါင်းတလားအဖုံး ပွင့်ထွက်သွားကာ အသူတရာချောက်နက်ကြီးအလား အတွင်းပိုင်း ထွက်ပေါ်လာပြီး ကပ်ဘေးသည်လည်း အမှန်တကယ် ကျဆင်းလာသဖြင့် တဘုန်းဘုန်း ကျယ်လောင်နေသည်။ ၎င်းသည် ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်ပြီး အရာရာကို ဝါးမျိုနိုင်သည့် ပါးစပ်ကြီးတစ်ခုအလား အဆုံးမရှိသော မဟာကပ်ဘေးကို စုပ်ယူပစ်ခဲ့သည်။
"စောက်ရမ်း ပူတယ်။ ငါတို့ ပေါက်ကွဲတော့မှာလား"
လနီက နာကျင်လွန်းသဖြင့် အသံကုန် အော်ဟစ်နေစဥ် ကြယ်ပြာသည် အားပါးတရ ရယ်မောနေရင်း ကပ်ဘေးကို အပြည့်အဝစုပ်ယူပြီးသောအခါ အဖုံးကို လျင်မြန်စွာ ဆောင့်ပိတ်လိုက်သည်။ အဖုံးက ခေါင်းတလားပေါ်တွင် တိတိကျကျ တင်းကျပ်စွာ ချိတ်ပိတ်သွားသော်လည်း နာကျင်မှုကြောင့် ကြယ်ပြာ၏မျက်ဝန်းတစ်စုံ တွန့်လိမ်သွားသည်။
"ကြယ်ပြာ၊ အခု ဘာလုပ်ရမှာလဲ။ ငါ အားလုံး မစားနိုင်ဘူး။ ပေါက်ကွဲတော့မယ်"
လနီက ဆက်လက် အော်ဟစ်နေသည်။
"ကောင်းကင်နယ်မြေက အရင် ထွက်သွားကြစို့"
စကားအဆုံးတွင် ရှေးဟောင်း ခေါင်းတလားသည် နယ်မြေ၏ အတားအဆီးများကို တရကြမ်း ဖြတ်သန်း၍ ကောင်းကင်နယ်မြေရှိ ကျင့်ကြံသူအားလုံး၏ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။ ဤအဖြစ််အပျက်ကို မျက်မြင်တွေ့လိုက်ရသူများ မင်သက်တိတ်ဆိတ်နေကာ ဧရာမ လက်တစ်ဖက်သည် သန်းပေါင်းများစွာသော ဝိညာဉ်များကို သူတို့၏ လည်ပင်းများမှ ဆွဲထုတ်ခဲ့သကဲ့သို့ ခံစားနေရပြီး အသက်ပြန်ရှင်လာရသော ကံကြမ္မာကြောင့် စိတ်ဓာတ်ခိုင်မာသူများပင် စိတ်ရှုပ်ထွေးသွားစေနိုင်သည်။
"မင်းတို့ အပြင်မှာ အဆင်ပြေရဲ့လား"
ယွမ်ရှောင်သည် စိတ်ချင်းဆက်သွယ်ရန် ကြိုးစားကာ ဟင်းလင်းပြင်ထံ အော်ခေါ်လိုက်သော်လည်း အဖြေမရသောကြောင့် အစိုးရိမ်ကြီးနေသည်။ ကောင်းကင်နယ်မြေ အပြင်ဘက်တွင် လနီက ဒေါသထွက်ပြီး ဗျစ်တောက်ဗျစ်တောက် ရေရွတ်ကာ တစ်ကိုယ်လုံး အငွေ့များထွက်နေပြီး မီးခိုးများ ပတ်ပတ်လည်သို့ ပြန့်ထွက်လာသည်။
"ငါ ဒါကို ဘယ်မှာ ထွေးထုတ်ရမှာလဲ။ ငါ့ပါးစပ်ထဲမှာ အရည်ကြည်ဖု ထနေပြီ"
"တည်ငြိမ်စမ်းပါ။ ငါတို့က ပြဿနာကို ရှင်ပစ်ခါနီးပါပြီ"
ကြယ်ပြာက ခပ်ညစ်ညစ်ပြုံး၍ ပြောလိုက်ပြီး ဟင်းလင်းပြင်အတွင်း ပျံသန်းနေသော ရှေးဟောင်းခေါင်းတလား၏ ဦးတည်ရာမှာ ကျယ်ဝန်းပြီး အမှောင်ထုကြီးစိုးနေသော ကုန်းမြေတိုက်ကြီးတစ်ခု ဖြစ်လေသည်။