အခန်း (၃၁၆)
Vol. 22 Ch. 316
ထို အော်သံက လေဟာနယ်တစ်ခုလုံးအား တုန်ခါသွားစေပြီး မျက်စိဖြင့် မြင်နိုင်သော အသံလှိုင်းများ ရွှမ်ယီထံသို့ ရိုက်ခတ်သွား၏။
တစ်ချိန်တည်းတွင် ရှန်တောင်၏ ကျောနောက်ဘက်မှ စိတ်ဝိညာဉ်ပုံရိပ်ကြီးက ရုတ်တရက် ခေါင်းမော့လိုက်ပြီး လက်တွင်းမှ သုံးခွမှိန်းထံသို့ ပတ်၀န်းကျင် တစ်ခွင်လုံးမှ စိတ်ဝိညာဉ်စွမ်းအင်များအား စုဆောင်းလိုက်သည်။ အရှိန်အဟုန်ဖြင့် အလျင်အမြန်စီး၀င်သွားပြီး အထွတ်အထိပ်သို့ ရောက်ချိန်၌ ရွှမ်ယီထံသို့ ပစ်လွှတ်လိုက်၏။
အုန်း…
ထို သုံးခွမှိန်း ဖြတ်သွားရာလမ်းတစ်လျှောက် လေဟာနယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားလေသည်။ မြေပေါ်မှ လူတိုင်း မျက်တောင်များ တစ်ဖျတ်ဖျတ်ခတ်သွား၏။
ဝုန်း…
သုံးခွမှိန်း ဖြတ်သွားရာမှာ ထွက်ပေါ်လာပြီး ပွတ်တိုက်သံနှင့် ပေါက်ကွဲသံများက ပတ်၀န်းကျင်တစ်ခွင်လုံး ပဲ့တင်ထပ်သွားသည်။
ရွှမ်ယီ လက်ဝှေ့ယမ်းလိုက်၏။
ဘုန်း…
ရွှမ်ယီ၏ ခန္ဓာကိုယ်အား ၀န်းရံထားသည့် ဟင်းလင်းပြင်ဓားနယ်မြေက ရွှမ်ယီကို ဗဟိုပြုပြီး ဓားပင်လယ်ကြီးတစ်ခုအလား ပတ်၀န်းကျင်သို့ ပျံ့နှံ့သွားသည်။
ထို အနက်ရောင် ဓားပင်လယ်ကြီးအတွင်း မရေမတွက်နိုင်သော အနက်ရောင် ဓားငယ်လေးများ ဟိုဟိုဒီဒီပြေးလွှားနေ၏။ ၎င်းထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါကပင် လေဟာနယ်အား အက်ကွဲစေရန် လုံလောက်သည်။
ဘန်း…
တိုက်ခိုက်မှု နှစ်ခု ဆုံတွေ့သွားချိန် ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားပြီး ပတ်၀န်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များကိုပင် အုန်းကနဲ ပေါက်ကွဲသွားစေသည်။
ထိုမှ လွင့်စင်လာသည့် အနက်ရောက် ဓားငယ်လေးများက ပတ်၀န်းကျင်မှ တောင်မျာနှင့် ကျောက်တုံးများအား အက်ကွဲသွားစေ၏။
ထိုအချိန်တွင် သုံးခွမှိန်းက လေဟာနယ်အတွင်း ၀င်ရောက်ပျောက်ကွယ်သွားပြီး ရွှမ်ယီ နံဘေးရှိ လေဟာနယ်အတွင်းမှ အရှိန်အဟုန်ပြင်းထန်စွာ ပြန်လည် ထွက်ပေါ်လာ၏။
ထိုတိုက်ခိုက်မှုက အလွန်အန္တရာယ်များလှသည်။
နန်ကျိုးဘက်မှ လူများ မျက်လုံးများပြူးကျယ်သွားပြီး အသက်ရှုအောင့်ထားမိလိုက်ကြ၏။
ရှန်တောင် ပြုံးလိုက်သည်။
သူ့ တိုက်ခိုက်မှုက ပြည့်စုံလုနီးပါပင်။ ရန်သူအား လုံး၀ လျှော့မတွက်ထားခဲ့ချေ။
ထို အဖြူ၀တ်လူငယ်က အလွန်အားကောင်းသော်လည်း ထိုမျှ နီးကပ်သော အကွာအဝေးမှ အလစ်တိုက်ခိုက်မှုအား ကာကွယ်နိုင်မည်မထင်ပေ။
သေလမ်းတစ်ခုသာရှိမည်။
ရွှမ်ယီသေမည်ဟု တထစ်ချ ယုံကြည်ထား၏။
သို့သော် ရွှမ်ယီက မျှော်လင့်ထားသည့်အတိုင်းဟူသော အမူအရာဖြင့် ခေါင်းယမ်းလိုက်သည်။
“ ပိုးမွှားလေးပဲ…”
သူ့လက်ထဲမှ ဓားရှည်အား ပုံစံပြင်ကိုင်လိုက်ကာ ရှန်တောင်အားကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။
“ ဓားတစ်သောင်းမှ တစ်ချောင်း….”
ဘုန်း…
မရေမတွက်နိုင်သော ဓားငယ်လေးများက မီးတာ(၁)ထောင်ကျော်ရှည်လျားသည့် ဧရာမဓားကြီးအဖြစ် ပြောင်းလဲသွား၏။
ဓားကြီးက အလွန်နက်မှောင်လျက်ရှိပြီး ဓားသွားနှင့် ထိပ်၌ မီး တစ်ချက်တစ်ချက် ထတောက်နေသေးသည်။ ၎င်းမှ ထွက်ပေါ်နေသော အလွန်ခမ်းနားသည့် ဓားရည်ရွယ်ချက် စွမ်းအားများနှင့် ပေါင်းစပ်လိုက်ပါက နေရောင်ပင် မှိန်ဖျော့သွားသည့်အလားပင်။
အဆင့်(၄) အထွတ်အထိပ် ဓားရည်ရွယ်ချက် ၊ ဟင်းလယ်ပြင် ဓားနယ်မြေ ၊ မီးမိစ္ဆာနယ်မြေ
၎င်းတို့ အစွမ်းကုန် ပေါင်းစပ်မှုအောက်တွင် ထိုတိုက်ခိုက်မှု စွမ်းအားက ကောင်းကင်ဘုရင် တစ်၀က် အဆင့်ထက် ကျော်လွန်နေချေပြီ။
ဘုန်း…
ရွှမ်ယီ၏ တိုက်ခိုက်မှုအောက်တွင် သုံးခွမှိန်းက တစ်စစီ ပေါက်ကွဲသွားပြီး စိတ်ဝိညာဉ်စွမ်အင် အပိုင်းအစလေးများအဖြစ် ပြောင်းလဲသွားကာ ဖုန်မှုန့်များအလား ပြန့်ကျဲသွား၏။
ရှန်တောင် ဆင့်ခေါ်ထားသည့် ပင်လယ်ဘုရင် စိတ်ဝိညာဉ်ပုံရိပ်ကြီးကလည်း မှိန်ဖျော့ပျောက်ကွယ်သွားလေသည်။
ထိုမျှနှင့်မပြီးသေးဘဲ ဓားနက်ကြီးက ရှန်တောင်ထံသို့ ဆက်လက်၀င်ရောက်သွား၏။
“ ဒါ…”
“ မဖြစ်နိုင်ဘူး…”
ရှန်တောင်က အစွမ်းထက် တိုက်ခိုက်မှုများအား အဆက်မပြတ် အသုံးပြုခဲ့သော်လည်း ဓားနက်ကြီးအား အနည်းငယ်သာ နှောင့်နှေးသွားစေခဲ့သည်။ ဓားနက်ကြီး သူ့ထံသို့ ဆက်လက် ချည်းကပ်လာသည်အားဖြင်လျှင် မျက်လုံးများ ကျဉ်းမြောင်းသွား၏။
နောက်ဆုံးတွင် ကြောက်လန့်လာခဲ့ချေပြီ။
သူ့မျက်နှာက ဖြူဖျော့လာခဲ့ပြီး လက်ချောင်းများအား အသည်းအသန် ဖိခြေလိုက်လျှင် ခန္ဓာကိုယ်က အလွန်တောက်ပလာ၏။
ရွှစ်…
ရှန်တောင် လျှို့ဝှက်နည်းစနစ်တိုင်းအား လူတိုင်းရှေ့ ထုတ်ဖော်အသုံးပြုခဲ့ပြီး နောက်ဆုံးတွင် သူ၏ အရိုး(၃)ချောင်းအား ချိုးဖျက်လိုက်သည်။
ထို့နောက် ရှန်တောင် (၃)ယောက်ဖြစ်သွားပြီး ရွှမ်ယီအား ပြေး၀င်တိုက်ခိုက်လိုက်၏။
ထိုအရိုး(၃)ချောင်းအား ရှန်တောင်၏ ကိုယ်ပွားများဖြစ်ပြီး ရွှမ်ယီ၏ တိုက်ခိုက်မှုအား တားဆီးရန် အသုံးပြုလိုက်ခြင်းဖြစ်သည်။
အစစ်အမှန် ရှန်တောင်ကမူ လျှို့ဝှက် နည်းစနစ်အား အသုံးပြုပြီး အဆုံးမဲ့ပင်လယ်သို့ ထွက်ပြေးသွားချေပြီ။
စောနက ဓားနက်ကြီးနှင့် ရင်ဆိုင်ရချိန် အလွန် ကူကယ်ရာမဲ့စွာ ခံစားခဲ့ရ၏။
၎င်းအား သူလုံး၀ မကာကွယ်နိုင်ချေ။
သူတင်မဟုတ် ကောင်းကင်ဘုရင်အဆင့်အောက်မှ မည်သူမှ ကာကွယ်နိုင်မည်မထင်ပေ။
ထိုနေရာ၌ မိုက်မဲစွာ ဆက်လက် ခုခံတိုက်ခိုက်နေပါက သေရုံသာရှိပေလိမ့်မည်။ ထွက်ပြေးမှသာ နောင်တစ်ချိန်တွင် ပြန်လည် လက်စားချေနိုင်မည်ဖြစ်၏။
“ ဟမ့်…”
ရွှမ်ယီ အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ တိုက်ခိုက်မှုက ရှန်တောင် ကိုယ်ပွား (၃)ယောက်ထံသို့ ရောက်ရှိသွားသည်။ ၎င်းတို့အား ပိုင်းဖြတ်ပြီးသည်နှင့် ဓားရှည်အား ပြန်လည်ဖမ်းယူလိုက်၏။
ဘုန်း…
သို့သော် ဓားချီအလင်းတန်းကြီးကမူ အဆုံးမသတ်သေးဘဲ ကြောင်အနေသော ပင်လယ်သားရဲ အုပ်ကြီးထံသို့ ကျရောက်သွားလေသည်။
အုန်း…
ဓားအား ဓားအိမ်အတွင်း ပြန်ထည့်လိုက်ရာမှာ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်အသံကို ကြားမှ မှင်သက်နေသူများ ပြန်လည် သတိ၀င်လာတော့၏။
ပင်လယ်သားရဲများဖြစ်စေ ၊ လူသားများဖြစ်စေ ချွင်းချက်မရှိချေ။
ရွှမ်ယီအား ထိတ်လန့်စွာ ငေးကြည့်လိုက်ကြ၏။
ရွှမ်ယီ၏ တပည့်များသာ မျှော်လင့်ထားသည့်အတိုင်းဟူသော အပြုံးများ ဆင်မြန်းထားကြသည်။
ထို့အပြင် နာကစ်ဆစ်ဂိုဏ်းမှ လင်းရွှမ်အာလည်း အလွန်စိတ်လှုပ်ရှားလျက်ရှိပြီး မျက်နှာလေးပင် နီးမြန်းနေ၏။
“ ဘယ်လိုလဲ…”
လှပသောမျက်နှာလေးထက်၌ အောင်ပွဲခံနေဟန်ဖြင့်ပြုံးလျက် ဂုဏ်ယူစွာ မေးလိုက်သည်။
သူမ အိုင်ဒေါဖြစ်သူက သူမအား စိတ်ပျက်စေမည်မဟုတ်ဟု ယုံကြည်ထားခဲ့သည်။
တစ်ဖက်တွင် သူမ၏ စီနီယာအစ်ကိုက အံ့ဩမှုကြောင့် မည်သည့်စကားမှ မဆိုနိုင်တော့ချေ။
အထွတ်အထိပ်လူသား ဘုရင်အဆင့်များကိုပင် အနိုင်ယူနိုင်စွမ်းရှိသူက ရွှမ်ယီ၏ ဓားချက်အောက်၌ ခွေးတစ်ကောင်အလား ထွက်ပြေးသွားခဲ့သည်။
ကောင်းကင်ထက်၌ ရွှမ်ယီက ရှန်တောင်၏ လွတ်မြောက်သွားပုံအား လေ့လာကြည့်နေသည်။ ထို့နောက် ပြုံးလိုက်၏။ ထိုအပြုံး၌ လေးနက်သော ရည်ရွယ်ချက်များ ရှိနေသည်။
ရှန်တောင်၏ ကိုယ်ပွားများအား အလွတ်တကူ သတ်နိုင်သည့်အားလျော်စွာ ရှန်တောင်ကိုလည်း သတ်ဖြတ်နိုင်၏။
သို့သော် ထိုကောင်က ပင်လယ်သားရဲများအကြား အလွန်ရှားပါးသော လူသားပုံစံဖြင့်ဖြစ်သည်။ သူကြားမိသလောက်ဆိုလျှင် ၎င်းက တော်၀င်မျိုးနွယ်မှဖြစ်ရမည်။ သူ့ အဆင့်အတန်းက တခြား ပင်လယ်သားရဲများထက် သာလွန်၏။
ဤအတိုင်း သတ်လိုက်ခြင်းက ဖြုန်းတီးမှုပင်။
ထို့အပြင် ထိုလူ ထွက်ပြေးရန် သုံးသွားခဲ့သည့် လျှို့ဝှက်နည်းစနစ်က ထူးခြားသည်ဖြစ်ရာ လိုက်မဖမ်းလိုတော့ချေ။
အတမင်တကာ လွှတ်ပေးလိုက်ခြင်းဖြစ်၏။
အမှန်တွင် ရှန်တောင်အား နေရာ၌ ချက်ချင်းသတ်ဖြတ်လိုက်လျှင်လည်း သိပ်ပြီး အကျိုးမရှိချေ။ လွှတ်ပေးလိုက်ခြင်းက ၎င်းအား ငါးစာအဖြစ်သုံးပြီး နောက်ထပ် တော်၀င် ပင်လယ်သားရဲများအား မျှားခေါ်နိုင်သည်။
ရွှမ်ယီ လုပ်ချင်သည့်အရာက…
ငါးကြီးများအား တစ်စုတစ်စည်းတည်း ဖမ်းလိုခြင်းပင်။
ရှန်တောင်ထွက်ပြေးသွားပြီးနောက် ထိုနေရာမှ ပင်လယ်သားရဲများ အလွန်တုန်လှုပ် ခြောက်ခြားသွား၏။
ထို အဖြူ၀တ်လူငယ်က မြင့်မြတ်အဆင့်ဇယားမှ ပါရမီရှင်အား အနိုင်ယူနိုင်မည်ဟု လုံး၀ မထင်ထားခဲ့ချေ။
သူတို့ အကြီးအကဲက အရိုး(၃)ချောင်းအား စတေးပြီးမှ ပြင်းထန်သောဒဏ်ရာများဖြင့် လွတ်မြောက်သွားခဲ့သည်။
“ မကောင်းတော့ဘူး…”
ပင်လယ်သားရဲများ အလွန်ကြောက်လန့်နေကြချေပြီ။
ယခင် တိုက်ပွဲများ၌ အမြဲအောင်မြင်ပြီး ဤနေရာ၌ ခြေကုပ်ယူနိုင်ခြင်းက ရှန်တောင်ကြောင့်သာဖြစ်၏။ ယခု ရှန်တောင်မရှိတော့သည်ဖြစ်ရာ သူတို့က ဘာမှမဟုတ်ကြချေ။
လူသားများဘက်တွင်မူ အလွန်သန်မာသူ များစွာရှိနေသေးရုံသာမက အလွန့်အလွန်အစွမ်းထက်သည့် ရွှမ်ယီလည်းရှိနေ၏။
မစခင်ကတည်းက ရှုံးနေသည့် တိုက်ပွဲအား မည်သို့ဆက်တိုက်ရမည်နည်း။