← Chapters

အခန်း (၃၁၈)

Vol. 22 Ch. 318

အခန်း (၃၁၈)

Vol. 22 Ch. 318

“ အစီအရင်ခံပါတယ်…”

ရွှစ်…

ဤတစ်ကြိမ်တွင် တောင်ပိုင်းတပ်ဖွဲ့မှ ခေါင်းဆောင် ဖန်ဝူ၏ ရွှင်လန်းတက်ကြွနေသောအသံ ထွက်ပေါ်လာသည်။

“ တောင်ပိုင်းစစ်မြေပြင်မှာ ခေါင်းဆောင် ပင်လယ်သားရဲဘုရင် (၅)ကောင်ကို ရှင်းလင်းပြီးပါပြီ.. ဒါဇင်နဲ့ချီတဲ့ ဘုရင်အဆင့်သားရဲတွေကိုသတ်ဖြတ်ခဲ့ပြီး ကျူးကျော်ခံလိုက်ရတဲ့ ဒေသ(၁၀)ခုကို ပြန်သိမ်းယူပြီးပါပြီ.. လက်ကျန် (၁) ခု (၂) ခု ကျန်သေးပေမယ့် မကြာခင်ပြီးသွားတော့မှာပါ… တောင်ပိုင်းနယ်မြေအတွက် အောင်မြင်မှုကြီးလို့ ဆိုနိုင်ပါတယ်….”

ဖန်ဝူ၏ ကြမ်းရှ ကျယ်လောင်သော အသံက နန်ကျိုး ပင်မ ဌာနချုပ်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

ထိုအသံက လူတိုင်းရင်ထဲ၌ မိုးခြိမ်းသံတစ်ခုအလားပင်။

ဖန်ဝူထံမှ သတင်းအား ကြားလိုက်ပြီးနောက် တပ်မှူးချုပ်၏ မဲမှောင်နေသော မျက်နှာက ပြန်လည်ကြည်လင်လာပြီး မျက်၀န်းများ တောက်ပလာသည်။

ရွှစ်…

လက်ကိုဆန့်ကာ စိတ်ဝိညာဉ်စွမ်းအားထည့်သွင်းပြီး နောက်တစ်ခေါက်ပြန်နားထောင်လိုက်၏။

ရွှစ်…

နောက်တစ်ကြိမ်…

(၃)ကြိမ်တိတိ ပြန်နားထောင်လိုက်၏။

နားထောင်ပြီးနောက် လူတိုင်း၏ မျှော်လင့်ချက်မျက်၀န်းများအောက်တွင် ရွှမ်ဝေ‌ ရှေ့(၂)လှမ်းတိုးလိုက်သည်။

ကျန်နယ်မြေ(၃)ခု၌ အလွန်အခြေအနေဆိုးရွားနေသော်လည်း တောင်ပိုင်းနယ်မြေက ခြားနားစွာ အောင်ပွဲဆင်နွှဲနိုင်ခဲ့သည်။

ဖန်ဝူ၏ မကြာခင်ပင်လယ်သားရဲများအားလုံး မောင်းထုတ်နိုင်တော့မည် ဟူသော စကားများအရဆိုလျှင် တောင်ပိုင်းတပ်ဖွဲ့က အပြည့်အ၀အောင်မြင်မှုရထားဟန်တူသည်။

၎င်းသာ အမှန်တရားဆိုပါက မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသနည်း…?

ထိုအချက်က နန်ကျိုး၏ အောင်မြင်မှုအတွက် အလွန်အရေးပါသည်။

ထို့နောက် စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်ပြီး တောင်ပိုင်းနယ်မြေမှ စစ်ပွဲရမှတ်များကို စစ်ဆေးရန် တပ်မှုးချုပ်၏ လုပ်ပိုင်ခွင့်ကို တိုက်ရိုက်အသုံးချလိုက်သည်။

တောင်ပိုင်းနယ်မြေမှ စစ်ပွဲရမှတ်ဇယား ပုံရိပ်ယောင်ကိုဖွင့်လိုက်ပြီးနောက် ပထမတစ်ကြိမ် ကြည့်လိုက်၏။

ထို့နောက် ဒုတိယတစ်ကြိမ်ကြည့်လိုက်လျှင် နေရာ၌ပင် တောင့်တင်းသွားခဲ့လေသည်။

အထူးသဖြင့် ၎င်းတို့အကြားမှ တစ်ခုက သူ့အား အလွန်ဖမ်းစားသွား၏။

ဗဟိုသူတော်စင်အကယ်မီမှ နည်းပြဆရာရွှမ်ယီက စစ်ပွဲအမှတ် (၂၃၀၀၀၀)ကျော် ရရှိထားသည်။

တောင်ပိုင်းနယ်မြေရှိ ရမှတ်များအကြား ဒုတိယနေရာတွင်ရှိနေသော ဖန်ဝူပင်လျှင် (၁၄၀၀၀)ကျော်သာရှိပြီး ထို ရွှမ်ယီဆိုသူက အပြတ်အသတ် သာလွန်နေ၏။

ကျန် စစ်မျက်နှာ (၃)ခုတွင် အများဆုံးက (၁)သောင်း ၀န်းကျင်သာရှိပေသည်။

ထို ရွှမ်ယီ….

ပင်လယ်သားရဲ ‌ဘယ်လောက်တောင် သတ်ခဲ့တာလဲ…?

“ ဘယ်လိုလဲ…”

ပင်မထိန်းချုပ်ရေး ဌာနချုပ်မှ တစ်ယောက်က မနေနိုင်တော့ဘဲ မေးလိုက်၏။

ထိုလူစကားကိုကြားပြီးနောက် ကျန်သူများလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

“ ဟုတ်တယ်.. တပ်မှူးချုပ် တောင်ပိုင်းနယ်စပ်မှာ ဘာတွေဖြစ်သွားလဲ ရှင်းပြပေးနိုင်မလား…”

“ ဘာကြောင့်လဲဆိုတာ ရှာမှဖြစ်မယ်.. အဲ့တာက နန်ကျိုးအတွက် အဓိကပြောင်းလဲမှုတွေကို သယ်ဆောင်လာတာမျိုးဖြစ်နိုင်တယ်…”

လူတိုင်း စိတ်အားထက်သန်နေကြ၏။

နန်ကျိုးမှ ကျန်နယ်စပ်(၃)ခုလုံးတွင် အခြေအနေဆိုးနေသော်လည်း တောင်ပိုင်းနယ်စပ်က အဘယ်ကြောင့် ကွက်ပြီးအောင်မြင်ခဲ့ရသနည်း။

လူတိုင်း အဖြေကိုသိချင်နေကြသည်။

“ အင်း….”

ရွှမ်ဝေက အသက်ရှုလိုက်ပြီး ဖြည်းညှင်းစွာဖြင့်

“ ဗဟိုသူတော်စင်အကယ်ဒမီက ရွှမ်ယီ… လူသားဘုရင်အဆင့် နံပါတ်(၉)…”

“ သူ့ တစ်ယောက်တည်းစွမ်းအားက နန်ကျိုးရဲ့ ဘယ်စစ်မျက်နှာနဲ့မဆို ယှဉ်နိုင်တယ်… သူရဲ့ စစ်ပွဲရမှတ်က အမှတ်တွေအားလုံးပေါင်းရဲ့ တစ်၀က်လောက်ရှိတယ်…. သိန်းဂဏန်းရောက်နေပြီ….”

“ လူသားဘုရင်အဆင့်ကို သတ်ရင်ရမယ့် အမှတ်က (၁၀၀၀)ဖြစ်ပြီး ၊ မူလဘုရင်အဆင့်ဆို (၁၀၀)ရမယ်… သေချာပေါက် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်နဲ့ အောက်အဆင့်တွေဆီက အမှတ်တွေပေါင်းမှဖြစ်နိုင်မယ်… ဒါဆို…..”

တပ်မှူးချုပ် ရွှမ်ဝေ အံ့အားသင့်နေသောမျက်၀န်းများဖြင့် အသက်ပြင်းပြင်းရှိုက်လိုက်၏။

ကျန်လူများလည်း တုန်လှုပ်သွားကြသည်။

စဉ်းစားကြည့်လိုက်လျှင် သိန်း သန်းနှင့် ချီသော ပင်လယ်သားရဲများ တောင်ပိုင်းနယ်စပ်ကိုသိမ်းတော့မည့်အချိန်တွင် ရွှမ်ယီနှင့် တွေ့ပြီး စစ်ပွဲအမှတ်များအဖြစ် ပြောင်းလဲသွားဟန်ရသည်။

စစ်ပွဲနယ်မြေတစ်ခု၏ အခြေအနေက လူတစ်ယောက်တည်စွမ်းအားဖြင့် ပြောင်းလဲသွားခြင်းပေလော။

ကောင်းကင်ဘုရင်မှသာ ထိုသို့လုပ်နိုင်လိမ့်မည်။

ပင်မထိန်းချုပ်ရေး ဌာနမှ လူတိုင်း ထိတ်လန့်အံ့သြနေကြ၏။

ထိုအချိန်တွင် တောင်ပိုင်းနယ်‌စပ်၌ လူသားများ အောင်ပွဲခံနေကြလေသည်။

သို့သော် ရွှမ်ယီက အဖြူရောင်၀တ်စုံအား ၀တ်ဆင်ထားပြီး လူအုပ်နှင့် ဝေးရာ၌ တစ်ယောက်တည်းရှိနေ၏။ ထို့နောက် ကောင်းကင်သို့ ပျံတက်လိုက်ပြီး အဆုံးမဲ့ပင်လယ်သို့ တိတ်တဆိတ်ဦးတည်လိုက်သည်။

ယခင်က ငါးစာချလိုက်သည့်ကိစ္စအား ရုတ်သိမ်းချိန်တန်ချေပြီ။

…..

နန်ကျိုး တောင်ပိုင်း နယ်စပ် တစ်နေရာတွင်…

ရွှမ်ယီက လူအုပ်နှင့် ဝေးရာတွင်ရှိနေခဲ့ပြီး မည်သူမှမရိပ်မိခင် အမှောင်ထုထဲ၌ လေဟာနယ်အား ခွဲလျက် လျှပ်တစ်ပြတ်အတွင်း အဆုံးမဲ့ပင်လယ်သို့ ရောက်သွားခဲ့သည်။

အဆုံးမဲ့ပင်လယ်ကြီးအတွင်း၌ လှိုင်းလုံးကြီးများက အလွန်ခမ်းနားစွာ လူးလွန့်လှုပ်ရှားနေ၏။ ပင်လယ်သားရဲများ တောင်ပိုင်းတိုက်ကြီးသို့ ကျူးကျော်ရာတွင် အဆုံးမဲ့ပင်လယ်ကြီး တစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီး အလွန်အန္တရာယ်များလျက်ရှိသည်။

ရွှမ်ယီက အဆုံးမဲ့ပင်လယ်အထက် ကောင်းကင်ယံ၌ လက်နောက်ပစ်ကာရပ်နေ၏။

အဆုံးမဲ့ ပင်လယ်၏ နက်ရှိုင်းသော အရပ်ဒေသ၌ လင်းလက်နေသော ရင်းနှီးသည့် အင်ချည်အရွယ် အရှိန်အဝါအား ခံစားမိလိုက်ပြီး မျက်၀န်းများတောက်ပသွားသည်။

ရွှမ်ယီ၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ပွင့်ဖြစ်ပေါ်လာ‌သည်။

ဘုန်း…

လက်ဝှေ့ယမ်းလိုက်ရာ ရှေ့မှ လေဟာနယ်က အက်ကွဲသွားပြီး ၀င်ရောက် ပျောက်ကွယ်သွားသည်။

…..

ထိုအချိန်တွင် ထိတ်လန့်နေသော မျက်၀န်းများနှင့် ပုံရိပ်တစ်ခုက အဆုံးမဲ့ပင်လယ်အတွင်းမှ သားရဲမျိုးနွယ်စုများအား ဆက်တိုက်ဖြတ်ကျော်ပြီး ပြေးလွှားနေ၏။

ထိုပုံရိပ်က ပင်လယ်သားရဲ တော်၀င်မျိုးနွယ်မှ မြင့်မြတ်အဆင့်၀င် ရှန်တောင်ဖြစ်ပေသည်။

ရွှမ်ယီ၏ ဓားချက်အောက်မှ အသက်ရှင်လွတ်မြောက်ရန် ကိုယ်ပွားများ ထုတ်ဖော်အသုံးပြုခဲ့ရရုံမျှမက ဒဏ်ရာပြင်းထန်စွာလည်းရရှိခဲ့သေး၏။

ထိုဓားချက်အား ပြန်လည်တွေးမိတိုင်း ရှန်တောင် ကတုန်ကယင်ဖြစ်နေဆဲပင်။

သန်မာသူများအား ဤမတိုင်ခင်က မတွေ့ဖူးခြင်းမဟုတ်ပေ။ မြင့်မြတ်အဆင့်မှ နံပါတ်(၁)နှင့်ပင် ယှဉ်တိုက်ဖူး၏။

သူ မြင့်မြတ်အဆင့်မှ နံပါတ်(၁)အား ရှုံးနိမ့်ခဲ့ပြီးနောက် ဂုဏ်သတင်းနှင့် ကိုက်ညီသည်ဟု ခံစားခဲ့ရသည်။ ဘယ်တော့မှ အဆုံးထိရောက်အောင် မတက်နိုင်သည့် မြင့်မားသော တောင်ကြီးတစ်လုံးအလားပင်။

အစပိုင်းတွင် ထိုလူက လူသားဘုရင်အဆင့်၌ ပြိုင်းဘက်ကင်းဟု ထင်မှတ်ခဲ့သည်။

သို့သော် ထိုအတွေးများက ရွှမ်ယီနှင့် မတွေ့ခင်အထိသာဖြစ်၏။

ထိုလူနှင့် တိုက်ခိုက်ခဲ့စဉ်က ဒဏ်ရာအနည်းငယ်သာရခဲ့သော်လည်း ရွှမ်ယီ၏ ဓားချက်က ပြင်းထန်သော သေခြင်းအငွေ့အသက်အား ခံစားမိစေခဲ့သည်။

ထို သေခြင်းအငွေ့အသက်က ခေါင်းမွေးများထောင်သွားစေသည်အထိ ကြောက်မက်ဖွယ်ကောင်းလှသည်။

ရှန်တောင်အနေဖြင့် တောင်ပိုင်းနယ်စပ်မှ ပင်လယ်သားရဲများအား ချန်မထားခဲ့လိုပေ။

သို့သော် ၎င်းတို့အား ချန်ထားပြီး ပြေးမှ ဖြစ်လိမ့်မည်။

သို့မဟုတ်ပါက သူ သေကိုသေမည်ဖြစ်၏။

အနည်းဆုံး ထွက်ပြေးလွတ်မြောက်ပါက အဆုံးမဲ့ပင်လယ်သို့ သတင်းပြန်ပို့နိုင်လိမ့်မည်။

နန်ကျိုးတွင် ရွှမ်ယီရှိနေပါက သူတို့ မြင့်မြတ်မျိုးနွယ်အနေဖြင့် အောင်ပွဲဆင်နွှဲနိုင်ရန် အလွန်ခက်ခဲမည်ဖြစ်၏။

ထိုသို့သော လူမျိုးအား ကောင်းကင်ဘုရင်အဆင့်တစ်ယောက်စေလွှတ်ပြီး တစ်ချက်တည်း သတ်ပစ်မှ ဖြစ်မည်။

မဟုတ်ရင် နောင်တရရန် အလွန်နောက်ကျသွားပေလိမ့်မည်။

ရှန်တောင်၏ ငွေရောင်ဆံနွယ်များက ဖရိုဖရဲဖြစ်နေပြီး တစ်ကိုယ်လုံး သွေးများ စိုရွှဲနေသည်။ သူ့ မျက်၀န်းများထဲ၌ သတ်ဖြတ်လိုစိတ်များ‌ပြည့်နေပြီး တဖြည်းဖြည်း ခြေလှမ်းများ ပိုမြန်လာခဲ့သည်။

သူက မြင့်မြတ်ခန်းမသို့ ၀င်ရောက်လိုနေ၏။ ဘိုးဘေးများ စစ်ပွဲမှ ပြန်လာပါက ဤကိစ္စက သတင်းပို့ရမည်။

…….

All Chapters